သေသွားတဲ့မိန်းကလေးက လက်ချောင်းတွေလှုပ်နေခဲ့တဲ့ခြောက်ခြားစရာအဖြစ်





===============================

Credit myanmar load

အခေါင်းထဲကလူသေမိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းတွေလှုပ်နေခဲ့တဲ့ ကြောက်စရာအဖြစ်အပျက်ကို ဗီဒီယိုတစ်ခုမှာတွေ့ခဲ့ရပါတယ်။ ဗီဒီယိုဟာ တောင်(သို့)အလယ်ပိုင်းအမေရိကန်နိုင်ငံမှာ ဖြစ်ပွားခဲ့တယ်လို့ယူဆရပါတယ်။

ထိုထူးဆန်းတဲ့အဖြစ်အပျက်ကို ကျန်ရစ်သူမိသားစုကလည်း တွေ့မြင်ခဲ့ကြပြီးတဲ့နောက် ကောင်မလေးသေဆုံးတယ်ဆိုတာကို မိသားစုကလက်ခံနိုင်ဘူးလို့သိရပါတယ်။ ကောင်မလေးက သေဆုံးသွားခဲ့တာ(၂၄)နာရီကျော်နေပြီဖြစ်ပါတယ်။

အခေါင်းထဲက ကောင်မလေးကတော့ Isis Mendez ဖြစ်ပြီး သူမရဲ့အသက်နဲ့ နေထိုင်ခဲ့ရာအရပ်ဒေသတို့ကိုအခုထိမသိရှိရသေးပါဘူး။ သေလွန်ပြီးတဲ့အခါမှ ကိုယ်အင်္ဂါတွေလှုပ်တယ်ဆိုတာ ဖြစ်လေ့ဖြစ်ထမရှိတာကြောင့် ထူးဆန်းလျက်ရှိနေပါတယ်။

ယခုလိုလူသေအလောင်းတွေဖျတ်ခနဲလှုပ်ရှားရတဲ့အကြောင်းရင်းဟာ အကြောတွေလျင်မြန်စွာတောင့်တင်းသွားတာကြောင့် ကြွက်သားတွေဖျတ်ခနဲရုန်းခြင်းဖြစ်ပြီး အသက်ပြန်ရှင်လာတဲ့ပုံစံ ထင်ယောင်ထင်မှားဖြစ်စေကြောင်း သိရှိရပါတယ်။ တခါတလေ ဦးနှောက်သေတဲ့သူတွေတောင်မှာ ကျောရိုးမကြီးဟာ ကြွက်သားငယ်လေးတွေ ကျုံ့နိုင်ဆန့်နိုင်မှုကိုဖြစ်စေတဲ့ နာ့ဗ်ကြောတွေထုတ်လွှတ်ပေးတယ်လို့သိရပါတယ်။

===============================

Credit myanmar load