ဆရာကြီးဦးအောင်သင်းရဲ့ မှတ်သားလောက်တဲ့စကား

မင်းတို့ကို ငါက ရွှံ့တုံး တစ်တုံးစီပေးမယ်

မင်းတို့ဘာလုပ်မလဲ

ဆရာကြီးကလည်း ကွာ

ပေးစရာရှားလို့လို့မတွေးနဲ့

မင်းတို့ကို “ရွှံ့တုံးပညာ”ပေးမလို့

တစ်ယောက်က ဟာကွာ

ရွှံ့တုံးကြီးဘာလုပ်ဖို့လဲဆိုပြီး ဒီအတိုင်းထားမယ်

ရွှံတုံးကိုဒီအတိုင်းထားတော့ ရွှံတုံးပဲပေါ့

တစ်ယောက်က လောက်စာလုံးမယ်

ရွှံ့တုံးထက်တော့ လောက်စာလုံးက

ပိုတန်ဖိုးရှိမသွားဘူးလား

ကောင်းပြီ

နောက်တစ်ယောက်က အဲ့ဒီရွှံ့ကို

မြေအိုးလုပ်လိုက်မယ်ကွာ

တန်ဖိုး ပိုကြီးသွားပြီနော်

ကံခြင်းတူရင် ဉာဏ်ရှိသူကသာတယ်

ဉာဏ်ရှိတာခြင်းတူရင်

လေ့လာလိုက်စား ကြိုးစားအားထုတ်သူကသာတယ်

ပညာဆိုတာပိုတယ်မရှိဘူး

ပညာကို ရတဲ့နေရာမှာယူ လိုတဲ့နေရာသုံး

လေ့လာပါ ဆည်းပူးပါ သင်ယူပါ

မင်းတို့တတ်မြောက်သွားတဲ့ပညာ

ဘယ်သူမှ လာခိုးလို့မရဘူး

ဘယ်မှလည်း ပျောက်မသွားနိုင်ဘူး

အချိန်မရွေးထုတ်သုံးလို့ရတယ်

လူတော်တော်များများ ပြောတတ်ကြတယ်

လူတစ်ယောက်အောင်မြင်ပြီဆို

“သြော် ..သူကတော့ ကံကောင်းလိုက်တာနော်”

သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ

ကံကောင်းလိုက်တာနော်လို့

ပြောတဲ့သူမှန်သမျှဟာ

သူဘာလို့အောင်မြင်ရသလဲဆိုတဲ့

အဓိကအချက်ကို မကြည့်တော့ဘူး

သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာ

စိတ်မဝင်စားတော့ဘူး

အဲ့ဒီတော့ ဘာတွေအတုခိုးမလဲ

ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး

တို့ ဂေါတမဘုရား

ကံကောင်းလို့ဘုရားဖြစ်တာမဟုတ်ဘူး

လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း

ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ

ဗိုလ်ချူ ပ်အောင်ဆန်း

တစ်ကမ္ဘာလုံးက လေးစားရတဲ့သူ

ကံကောင်းလို့်ဖြစ်လာတာမဟုတ်ဘူး

သူကြိုးစားခဲ့ရတာ

အလုပ်တွေနဲ့ တစ်ချိန်လုံး နပမ်းလုံးလာခဲ့ရတာ

အောင်မြင်သူတွေကိုအားကျရင်

နောက်ကြောင်းကိုကြည့်ပါ

သူဘာတွေလုပ်ခဲ့လဲ

သူဘယ်လောက်ကြိုးစားခဲ့လဲကြည့်ပါ

ဒါမှ ကိုယ့်အတွက် ပညာ ဗဟုသုတရမှာပေါ့

ကံကောင်းလိုက်တာနော်ဆိုတော့

လမ်းကဆုံးပြီ

ကမ္ဘာ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေကြည့်

ကံကောင်းလို့ချမ်းသာလာတာ

ငါမတွေ့ဖူးဘူး

ဗေဒင်တွေ ယတြာတွေနဲ့

ချမ်းသာလာတာလည်းငါမတွေ့ဖူးဘူး

ဘယ်တန်ခိုးရှင်ကမှ မ.စတာမဟုတ်ဘူး

ကြိုးစားပါ..ကိုယ့်ကိုကိုယ်ယုံကြည်ပါ..အဲ့ဒါတန်ခိုးပဲ

ငါတော့ ကံဆိုးလိုက်တာဆိုရင်

အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့

ငါ..မဖြစ်နိုင်ပါဘူးဆိုရင်

အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး

လုပ်ကြည့်ချင်စိတ်မှမရှိတာ

ငါ..ဖြစ်လောက်ပါတယ်ဆိုရင်

အဲ့ဒီကောင်တစ်ခါတော့ ကြိုးစားကြည့်လိမ့်မယ်

ဖြစ်ဖို့ အလားအလာရှိတယ်

ငါ မဖြစ်သေးတာပါဆိုရင်

အဲ့ဒီကောင် နှစ်ကြိမ်သုံးကြိမ်

ကြိုးစားကြည့်လိမ့်မယ်

ဖြစ်ဖို့နီးစပ်တယ်

ငါ..ဖြစ်ကိုဖြစ်ရမယ်ဆိုရင်

အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ

သူ့မှာထပ်တလဲလဲ ကြိုးစားလိုစိတ်ရှိတယ်

သူ့မှာအောင်မြင်လိုစိတ်ပြင်းထန်တယ်

အောင်မြင်ချင်ရင် ဇွဲရှိရမယ်

ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့ သတ္တိ

လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆို

ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး

စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း

“ငါ.ငယ်ငယ်ကလဲဖူးပါလား

ငါပြန်ထလို့ ခုလိုလမ်းလျှောက်တတ်လာတာပါလား”

ဆိုပြီး ကိုယ့်ခွန်အား ကိုယ်ပြန်မွေး

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့

ဘာမှမလုပ်ရင် ဘာမှမရနိုင်ဘူး

လှိုင်းကြောက်ရင် လှေမစီးနဲ့

ကမ်းစပ်ပဲထိုင်နေ

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်

အလုပ်မရှိရင်စာဖတ်

ဘဝအတွက်

အထောက်အကူအများကြီးရတယ်

အခွင့်အလမ်းမရှိခင်မှာ

အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာ

ကိုယ့်ဘက်က အသင့်ပြင်ထား

Readyလုပ်ထား မောင်းတင်ထား

ဒါအလုပ်ပဲ ။

ဆရားကြီးအား​လေးစားဂါရဝဖြင့်​!

#credit