‘ငယ္ကြၽန္’ဇာတ္ကား သမၼတ႐ံု မွာ ျပခြင့္မရလုိ႔ မ်က္ရည္က်တဲ့ ဒါ႐ိုက္တာဝင္းထြန္းထြန္း…

‘ငယ္ကြၽန္’ ႐ုပ္ရွင္ဇာတ္ ကားကို ႀကိဳတင္ျပင္ဆင္မႈမ်ားျဖင့္ ႀကိဳးစား႐ိုက္ကူးထားေသာ္လည္း သမၼတ႐ံုတြင္ ႐ံုတင္ခြင့္မရေသာ ေၾကာင့္ မ်က္ရည္က်ရသည္အထိ ခံစားခဲ့ရေၾကာင္း ဒါ႐ိုက္တာဝင္း ထြန္းထြန္းက ေျပာသည္။
‘‘႐ုပ္ရွင္ဆုိတာ ဒါ႐ိုက္တာ က ေမြးထားတဲ့သားသမီးပါ။ ကိုယ္ေမြးထားတဲ့သားသမီး လူပံု အလယ္မွာ ဒီလို႐ံုမ်ိဳးမတက္ရ ဘူးဆိုေတာ့ ေမြးတဲ့အေဖ အသံုး မက်လို႔ေပါ့။ အဲဒါ ဂုဏ္သိကၡာပဲ’’ ဟု ဒါ႐ိုက္တာဝင္းထြန္းထြန္းက ေျပာၾကားသည္။

‘ငယ္ကြၽန္’ဇာတ္ကားကို ယခင္ဇာတ္ကားမ်ားထက္ ႀကိဳတင္ျပင္ဆင္မႈမ်ား အေသအခ်ာျပဳလုပ္႐ိုက္ကူးထားေသာေၾကာင့္ ဇာတ္ကားေကာင္းတစ္ကားျဖစ္ သည္ကို အာမခံေၾကာင္း ၎က ေျပာၾကားသည္။

ယင္းဇာတ္ကားကို ဇန္နဝါရီ ၂၆ ရက္တြင္ စတင္႐ံုတင္ျပသ မည္ျဖစ္ၿပီး သမၼတ႐ုပ္ရွင္႐ံု၌ ႐ံုတင္ခြင့္မရဘဲ B ႐ံုတြဲျဖစ္သည့္ ေရွ႕ေဆာင္႐ံုတြဲမွသာ ႐ံုတင္ခြင့္ ရရွိမည္ျဖစ္သည္။

‘‘ကြၽန္ေတာ့္ကားေတြ ႐ံု မတင္တာ ငါးႏွစ္၊ ေျခာက္ႏွစ္ ေလာက္ရွိၿပီ။ အထူးသျဖင့္ သမၼတ႐ံုမွာ မျပတာဆို ေျခာက္ႏွစ္ ေလာက္ရွိၿပီ။ ဒီကားလည္း မျပရ ဘူး။ ဒါေပမဲ့ ကံေကာင္းစြာနဲ႔ ဦးေဇာ္မင္းကတစ္ခ်က္ကူညီလို႔ ေရွ႕ေဆာင္မွာ ျပခြင့္ရတာ။ ေရွ႕ ေဆာင္တင္ၿပီဆိုမွ တျခား႐ံုေတြ ကလည္း ရတာ။ အခက္အခဲအ မ်ားႀကီးရွိပါတယ္။ ဘယ္ေလာက္ ႀကိဳးစားႀကိဳးစား ေသေအာင္လုပ္၊ ျပတဲ့႐ံုမရွိဘူး’’ဟု ႐ံုတင္ရန္ အ ခက္အခဲေတြ႕ရပံုကို ဒါ႐ိုက္တာ ဝင္းထြန္းထြန္းက ေျပာၾကား သည္။

‘ငယ္ကြၽန္’ဇာတ္ကားတြင္ လူမင္း၊ ေအာင္ရဲလင္း၊ စိုးျမတ္ သူဇာႏွင့္ ေရႊမႈံရတီတုိ႔ အဓိက ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒါ႐ိုက္တာဝင္းထြန္းထြန္း၏ ထံုးစံအ တိုင္း ဒရာမာအမ်ိဳးအစားျဖစ္ သည္။

လက္ရွိ ႐ံုတင္စနစ္တြင္ ျပသသည့္ ႐ုပ္ရွင္ဇာတ္ကားမ်ားကို ႐ံုပိုင္ရွင္မ်ားက ဇာတ္ကားမ်ား ၾကည့္႐ႈ၍ A, B, C ႐ံုတြဲမ်ား သတ္မွတ္ကာ ျပသေနျခင္းျဖစ္ ေၾကာင္း ျမန္မာႏုိင္ငံ႐ုပ္ရွင္အ စည္းအ႐ံုး ဒုဥကၠ႒ ဦးေအးၾကဴ ေလးက ေျပာၾကားသည္။

သမၼတ႐ုပ္ရွင္႐ံုတြင္ ႐ံုတင္ ခြင့္မရေသာေၾကာင့္ အႏုပညာ သမားတစ္ဦးအေနျဖင့္ ဂုဏ္ သိကၡာထိခိုက္ေၾကာင္း ခံစားရၿပီး ႐ုပ္ရွင္အစည္းအ႐ံုးကလည္း အႏု ပညာသမားမ်ားအခ်င္းခ်င္း ကိုယ္ခ်င္းစာေပးရန္ လိုအပ္ေၾကာင္း ၎က ဆုိသည္။ ထို႔ေၾကာင့္ မင္းသားခုနစ္ဦး ပါဝင္႐ိုက္ကူးထား သည့္ ‘ဝိညာဥ္စိမ္း’ ဇာတ္ကား ႐ံုတင္ခြင့္ရရန္ ဆက္လက္ႀကိဳး စားမည္ျဖစ္ၿပီး ယင္းဇာတ္ကား ကို သမၼတ႐ံုတြင္ ႐ံုတင္ခြင့္ ရ၊ မရဆက္လက္ေစာင့္ၾကည့္ႀကိဳးစားမည္ျဖစ္ေၾကာင္း ဒါ႐ိုက္တာဝင္း ထြန္းထြန္းက ေျပာၾကားသည္။

Unicode ျဖင့္ ဖတ္ရန္

‘ငယ်ကျွန်’ ရုပ်ရှင်ဇာတ် ကားကို ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးစားရိုက်ကူးထားသော်လည်း သမ္မတရုံတွင် ရုံတင်ခွင့်မရသော ကြောင့် မျက်ရည်ကျရသည်အထိ ခံစားခဲ့ရကြောင်း ဒါရိုက်တာဝင်း ထွန်းထွန်းက ပြောသည်။
‘‘ရုပ်ရှင်ဆိုတာ ဒါရိုက်တာ က မွေးထားတဲ့သားသမီးပါ။ ကိုယ်မွေးထားတဲ့သားသမီး လူပုံ အလယ်မှာ ဒီလိုရုံမျိုးမတက်ရ ဘူးဆိုတော့ မွေးတဲ့အဖေ အသုံး မကျလို့ပေါ့။ အဲဒါ ဂုဏ်သိက္ခာပဲ’’ ဟု ဒါရိုက်တာဝင်းထွန်းထွန်းက ပြောကြားသည်။

‘ငယ်ကျွန်’ဇာတ်ကားကို ယခင်ဇာတ်ကားများထက် ကြိုတင်ပြင်ဆင်မှုများ အသေအချာပြုလုပ်ရိုက်ကူးထားသောကြောင့် ဇာတ်ကားကောင်းတစ်ကားဖြစ် သည်ကို အာမခံကြောင်း ၎င်းက ပြောကြားသည်။

ယင်းဇာတ်ကားကို ဇန်နဝါရီ ၂၆ ရက်တွင် စတင်ရုံတင်ပြသ မည်ဖြစ်ပြီး သမ္မတရုပ်ရှင်ရုံ၌ ရုံတင်ခွင့်မရဘဲ B ရုံတွဲဖြစ်သည့် ရှေ့ဆောင်ရုံတွဲမှသာ ရုံတင်ခွင့် ရရှိမည်ဖြစ်သည်။

‘‘ကျွန်တော့်ကားတွေ ရုံ မတင်တာ ငါးနှစ်၊ ခြောက်နှစ် လောက်ရှိပြီ။ အထူးသဖြင့် သမ္မတရုံမှာ မပြတာဆို ခြောက်နှစ် လောက်ရှိပြီ။ ဒီကားလည်း မပြရ ဘူး။ ဒါပေမဲ့ ကံကောင်းစွာနဲ့ ဦးဇော်မင်းကတစ်ချက်ကူညီလို့ ရှေ့ဆောင်မှာ ပြခွင့်ရတာ။ ရှေ့ ဆောင်တင်ပြီဆိုမှ တခြားရုံတွေ ကလည်း ရတာ။ အခက်အခဲအ များကြီးရှိပါတယ်။ ဘယ်လောက် ကြိုးစားကြိုးစား သေအောင်လုပ်၊ ပြတဲ့ရုံမရှိဘူး’’ဟု ရုံတင်ရန် အ ခက်အခဲတွေ့ရပုံကို ဒါရိုက်တာ ဝင်းထွန်းထွန်းက ပြောကြား သည်။

‘ငယ်ကျွန်’ဇာတ်ကားတွင် လူမင်း၊ အောင်ရဲလင်း၊ စိုးမြတ် သူဇာနှင့် ရွှေမှုံရတီတို့ အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာဝင်းထွန်းထွန်း၏ ထုံးစံအ တိုင်း ဒရာမာအမျိုးအစားဖြစ် သည်။

လက်ရှိ ရုံတင်စနစ်တွင် ပြသသည့် ရုပ်ရှင်ဇာတ်ကားများကို ရုံပိုင်ရှင်များက ဇာတ်ကားများ ကြည့်ရှု၍ A, B, C ရုံတွဲများ သတ်မှတ်ကာ ပြသနေခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အ စည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူ လေးက ပြောကြားသည်။

သမ္မတရုပ်ရှင်ရုံတွင် ရုံတင် ခွင့်မရသောကြောင့် အနုပညာ သမားတစ်ဦးအနေဖြင့် ဂုဏ် သိက္ခာထိခိုက်ကြောင်း ခံစားရပြီး ရုပ်ရှင်အစည်းအရုံးကလည်း အနု ပညာသမားများအချင်းချင်း ကိုယ်ချင်းစာပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။ ထို့ကြောင့် မင်းသားခုနစ်ဦး ပါဝင်ရိုက်ကူးထား သည့် ‘ဝိညာဉ်စိမ်း’ ဇာတ်ကား ရုံတင်ခွင့်ရရန် ဆက်လက်ကြိုး စားမည်ဖြစ်ပြီး ယင်းဇာတ်ကား ကို သမ္မတရုံတွင် ရုံတင်ခွင့် ရ၊ မရဆက်လက်စောင့်ကြည့်ကြိုးစားမည်ဖြစ်ကြောင်း ဒါရိုက်တာဝင်း ထွန်းထွန်းက ပြောကြားသည်။