အသက္ (၁၀၅)ႏွစ္အထိ ႀကိဳးနဲ႔အျမင့္တက္ႏုိင္ေနတဲ့အဖိုးအိုရဲ႕ က်န္းမာေရးလွ်ိဳ႕ဝွက္ခ်က္

ဘယ္အသက္အရြယ္မ်ိဳးအတြက္မဆို တုန္လွဳပ္ဖြယ္ျဖစ္တဲ့ ႀကိဳးနဲ႔အျမင့္တက္ျခင္းကို အသက္ (၁၀၅)ႏွစ္အရြယ္ Jack Reynolds ဆိုတဲ့ အဖိုးအိုက ျပဳလုပ္ႏုိင္တာ အလြန္အံ့အားသင့္စရာပဲျဖစ္ပါတယ္။ ၄င္းအဖိုးအိုဟာ လမ္းေလွ်ာက္ဖို႔ လွည္းကို အသံုးျပဳရေပမယ့္လည္း ႀကိဳးနဲ႔ အျမင့္တြယ္တက္ျခင္းကို (၃)ႀကိမ္တိုင္ ေအာင္ျမင္စြာ စြမ္းေဆာင္ႏုိင္ခဲ့တဲ့အျပင္ ကမၻာ့အသက္ႀကီးဆံုး ႐ိုလာကိုစတာစီးသူစံခ်ိန္လည္း တင္ထားပါတယ္္။

သူ႔ရဲ႕ က်န္းမာေရးလွ်ိဳ႕ဝွက္ခ်က္ေတြကေတာ့ အေျခခံအခ်က္အေတြျဖစ္တဲ့ တက္ၾကြစြာေနထိုင္ျခင္း၊ ေလေကာင္းေလသန္႔႐ွဴျခင္း၊ မိသားစုရဲ႕ ေႏြးေထြးစြာေစာင့္ေရွာက္မွဳကို ရရိွျခင္းတို႔အျပင္ အျခားအဓိကအခ်က္ကေတာ့ ဝီစကီပံုမွန္ေသာက္ျခင္းပဲျဖစ္ပါတယ္။ သူဟာ နံနက္တိုင္း လက္ဖက္ရည္ထဲမွာ ဝီစကီထည့္ေသာက္ျပီး ညတိုင္းသံပုရာရည္ထဲမွာ ရစ္ငွက္ကို ထည့္ေသာက္ပါတယ္။

တိုက္တန္းနစ္သေဘၤာနစ္ျမဳပ္ခဲ့တဲ့ (၁၉၁၂)ခုႏွစ္မွာ ေမြးဖြားခဲ့သူ Jack ဟာ အသက္ (၁၀၂)တုန္းက ေရခဲပံုးစိန္ေခၚမွဳကို ျပဳလုပ္ခဲ့တဲ့ အသက္ႀကီးဆံုးသူျဖစ္ခဲ့ပါတယ္။ အေပၚပိုင္းမွာ ဘာမွမဝတ္္ခဲ့ဘဲ ေဘာင္းဘီတိုေလးသာဝတ္ျပီး ေရခဲပံုးကို ေခါင္းေပၚေလာင္းခ်ခဲ့တာပါ။

အသက္ (၁၀၀)စျပည့္ကတည္းက သည္းထိတ္ရင္ဖိုစီးစရာေတြကို စတင္စီးခဲ့ျပီး ျပီးခဲ့တဲ့ႏွစ္က ေယာ့႐ိွဳင္းယားရိွ Flamingo Land ကစားကြင္းမွာ ႐ိုလာကိုစတာစီးခဲ့ရာ ကမၻာ့အသက္ႀကီးဆံုး ႐ိုလာကိုစတာစီးသူအျဖစ္ ဂင္းနစ္စံခ်ိန္တင္ခဲ့ပါတယ္။

Jack အသက္ (၁၀၄)ႏွစ္ျပည့္တဲ့အခါမွာ သူ႔နာမည္ကို သူ႔ရဲ႕ ညာဘက္လက္ေမာင္းမွာ တက္တူးထိုးခဲ့ပါတယ္။ ျပီးခဲ့တဲ့ ဇန္နဝါရီလ (၁၄)ရက္ေန႔မွာေတာ့ Jack ဟာ ႀကိဳးနဲ႔ နံရံအျမင့္ကို တက္ျခင္းကို (၃)ႀကိမ္ ေအာင္ျမင္စြာ လုပ္ေဆာင္ႏုိင္ခဲ့ျပီး ႀကိဳးစားအားထုတ္မွဳ၊ ေလေကာင္းေလသန္႔၊ ငယ္ရြယ္တဲ့သားေျမးျမစ္ေတြရိွတဲ့ မိသားစုနဲ႔ ဝီစကီတို႔ဟာ သူ႔ကို အခုလို က်န္းမာတက္ၾကြေနေစတဲ့ အခ်က္ေတြပဲျဖစ္ပါတယ္။

White (Shwemom)

Ref: Metro UK

=====================

ဘယ်အသက်အရွယ်မျိုးအတွက်မဆို တုန်လှုပ်ဖွယ်ဖြစ်တဲ့ ကြိုးနဲ့အမြင့်တက်ခြင်းကို အသက် (၁၀၅)နှစ်အရွယ် Jack Reynolds ဆိုတဲ့ အဖိုးအိုက ပြုလုပ်နိုင်တာ အလွန်အံ့အားသင့်စရာပဲဖြစ်ပါတယ်။ ၄င်းအဖိုးအိုဟာ လမ်းလျှောက်ဖို့ လှည်းကို အသုံးပြုရပေမယ့်လည်း ကြိုးနဲ့ အမြင့်တွယ်တက်ခြင်းကို (၃)ကြိမ်တိုင် အောင်မြင်စွာ စွမ်းဆောင်နိုင်ခဲ့တဲ့အပြင် ကမ္ဘာ့အသက်ကြီးဆုံး ရိုလာကိုစတာစီးသူစံချိန်လည်း တင်ထားပါတယ််။

သူ့ရဲ့ ကျန်းမာရေးလျှို့ဝှက်ချက်တွေကတော့ အခြေခံအချက်အတွေဖြစ်တဲ့ တက်ကြွစွာနေထိုင်ခြင်း၊ လေကောင်းလေသန့်ရှူခြင်း၊ မိသားစုရဲ့ နွေးထွေးစွာစောင့်ရှောက်မှုကို ရရှိခြင်းတို့အပြင် အခြားအဓိကအချက်ကတော့ ဝီစကီပုံမှန်သောက်ခြင်းပဲဖြစ်ပါတယ်။ သူဟာ နံနက်တိုင်း လက်ဖက်ရည်ထဲမှာ ဝီစကီထည့်သောက်ပြီး ညတိုင်းသံပုရာရည်ထဲမှာ ရစ်ငှက်ကို ထည့်သောက်ပါတယ်။

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်ခဲ့တဲ့ (၁၉၁၂)ခုနှစ်မှာ မွေးဖွားခဲ့သူ Jack ဟာ အသက် (၁၀၂)တုန်းက ရေခဲပုံးစိန်ခေါ်မှုကို ပြုလုပ်ခဲ့တဲ့ အသက်ကြီးဆုံးသူဖြစ်ခဲ့ပါတယ်။ အပေါ်ပိုင်းမှာ ဘာမှမဝတ််ခဲ့ဘဲ ဘောင်းဘီတိုလေးသာဝတ်ပြီး ရေခဲပုံးကို ခေါင်းပေါ်လောင်းချခဲ့တာပါ။

အသက် (၁၀၀)စပြည့်ကတည်းက သည်းထိတ်ရင်ဖိုစီးစရာတွေကို စတင်စီးခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ယော့ရှိုင်းယားရှိ Flamingo Land ကစားကွင်းမှာ ရိုလာကိုစတာစီးခဲ့ရာ ကမ္ဘာ့အသက်ကြီးဆုံး ရိုလာကိုစတာစီးသူအဖြစ် ဂင်းနစ်စံချိန်တင်ခဲ့ပါတယ်။

Jack အသက် (၁၀၄)နှစ်ပြည့်တဲ့အခါမှာ သူ့နာမည်ကို သူ့ရဲ့ ညာဘက်လက်မောင်းမှာ တက်တူးထိုးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၄)ရက်နေ့မှာတော့ Jack ဟာ ကြိုးနဲ့ နံရံအမြင့်ကို တက်ခြင်းကို (၃)ကြိမ် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပြီး ကြိုးစားအားထုတ်မှု၊ လေကောင်းလေသန့်၊ ငယ်ရွယ်တဲ့သားမြေးမြစ်တွေရှိတဲ့ မိသားစုနဲ့ ဝီစကီတို့ဟာ သူ့ကို အခုလို ကျန်းမာတက်ကြွနေစေတဲ့ အချက်တွေပဲဖြစ်ပါတယ်။

White (Shwemom)

Ref: Metro UK