မိန္းကေလးမ်ား လ်စ္လ်ဴရႈထားမိတဲ့ ေဟာ္မႈန္းမမွ်တမႈလကၡဏာမ်ား…

ကၽြန္မတို႕မိန္းကေလးေတြက ေဟာ္မုန္းမမွ်တ မႈေၾကာင့္ျဖစ္လာတဲ့ စိတ္ဖိစီးမႈ ၊ စိတ္ျငစ္ျငဴးမႈေတြကို သိၾကေပမယ့္ဘယ္လို လကၡဏာေတြ ကေဟာ္မုန္းမမွ်တမႈ ကိုျပသလဲ ဆိုတာေတာ့ မစဥ္းစားဘဲ လ်စ္လ်ဴရႈထားၾကပါတယ္။

ေဟာ္မုန္းက တက္လိုက္က် လိုက္ျဖစ္ေနခ်ိန္မွာ စိတ္တိုလြယ္ျခင္း၊ စိတ္ခံစားမႈမေကာင္းျခင္း ၊ ေမာပန္းႏြမ္းနယ္ျခင္း ၊ ဝက္ျခံထြက္လာျခင္းတို႕ျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္မွာ ေဟာ္မုန္းမညီမွ်မႈျဖစ္ေစတဲ့ လကၡဏာရပ္ေတြက ဘာေတြလဲၾကည့္ရေအာင္

၁။ အိပ္ခ်ိန္ကစဥ္႕ကလ်ားျဖစ္ျခင္း

မိန္းကေလးမ်ား ရာသီ ဓမၼတာ မလာခင္ progesterone hormone (သားအိမ္မွာ သေႏၶသား မတည္ႏိုင္ေစရန္ျပင္ဆင္ ေပးျပီးေနာက္ထပ္ သားဥျဖစ္ေပၚေစမႈ ကိုတားဆီးေပး ေသာေဟာ္မုန္း) ျမင့္တက္လာတာေၾကာင့္ ေတာ္ရံု အိပ္မေပ်ာ္ပါဘူး။

၂။ စိတ္လႈပ္ရွားမႈ ႏွင့္စိတ္ဖိစီးမႈ

မိန္းကေလးမ်ား ရာသီမလာခင္ ဒါမွမဟုတ္ ေသြးဆံုးခ်ိန္မွာ စိတ္ခံစားမႈ အေျပာင္းအလဲ ျဖစ္ေနျပီး စိတ္ဖိစီးမႈ ျမင့္မားေနတာက ေဟာ္မုန္းမညီမွ်တာ ကိုျပသေနတာပါ။

၃။ ဝက္ျခံေပ်ာက္ကင္းရန္ၾကာျခင္း

ဝက္ျခံေတြ ပံုမွန္ထြက္ေနတယ္ဆိုတာ ေဟာ္မုန္း မညီမွ်လို႕ပါ။ ရာသီဓမၼတာ မလာခင္ ဝက္ျခံထြက္တာက ဒီအေၾကာင္းအရာနဲ႕သက္ဆိုင္ပါတယ္။

၄။ ကိုယ္အေလးခ်ိန္တက္ျခင္းႏွင့္ ဗိုက္ေခါက္အဆီထြက္ျခင္း

ေဟာ္မုန္းေတြက ကိုယ္အေလးခ်ိန္ႏွင့္ ဆက္စပ္မႈ ရွိတာေၾကာင့္ ေဟာ္မုန္း မညီမွ်တာက ဝိတ္က်ဖို႕ခဲယဥ္းေစပါတယ္။ ဝိတ္က်ဖို႕ခဲယဥ္းေတာ့ ဗိုက္ေခါက္အဆီလည္း ထြက္ျပီေပါ့။

၅။ ေခၽြးထြက္မ်ားျခင္း

ပံုမွန္မဟုတ္ဘဲ ေခၽြးထြက္မ်ားတာက ေဟာ္မုန္းမညီမွ် တာကိုျပသေနတဲ့ လကၡဏာတစ္ရပ္ပါ။ ေဟာ္မုန္းက သင့္ခႏၶာကိုယ္ အပူခ်ိန္ကို ထိန္းခ်ဳပ္ေပးပါတယ္။ ေဟာ္မုန္း မညီမွ်ဘူးဆိုရင္ ေခၽြးထြက္လည္းမ်ားလာပါတယ္။

၆။ ေမာပန္းႏြမ္းနယ္ျခင္း

သင္က ေမာပန္းႏြမ္းနယ္မႈ ကိုၾကာရွည္ ခံစား ေနရတယ္ ဆိုရင္ ဒါက သင့္ရဲ႕ thyroid ေဟာ္မုန္း မညီမွ်တာ ကိုေျပာတာပါ။ အိပ္ေရးပ်က္ျခင္း ၊ စိတ္ဖိစီးမႈ မ်ားျခင္း ဒါမွမဟုတ္ ရာသီဓမၼတာ စက္ဝန္ းေၾကာင့္လည္း နာတာရွည္ ေမာပန္းႏြမ္းနယ္မႈ ကိုျဖစ္ေစပါတယ္။

၇။ မွတ္ဥာဏ္ခ်ိဳ႕ယြင္းျခင္း

ပစၥည္းေတြ ဘယ္နားထား မိလဲေမ့တတ္ ေနျပီဆိုရင္ ဒါကေဟာ္မုန္း မညီမွ်မႈေၾကာင့္ပါ။ အမ်ိဳးသမီးမ်ား ေသြးဆံုး မီးယပ္ကိုင္ တဲ့အခ်ိန္မွာ ေဟာ္မုန္းပမာဏ ေလ်ာ့သြားတဲ့ အတြက္ မွတ္ဥာဏ္ခ်ိဳ႕ယြင္းျခင္း ၊ရႈပ္ေထြးျခင္းတို႕ျဖစ္ေစပါတယ္။

၈။ ေခါင္းကိုက္ျခင္း ႏွင့္ ေခါင္းထိုးျခင္း

ေဟာ္မုန္းအတက္ အက်မမွန္ျခင္းက ေခါင္းကိုက္ျခင္း ျဖစ္ေစႏိုင္ပါတယ္။စိတ္ဖိစီးမႈ ၊ေမာပန္းႏြမ္းနယ္မႈေၾကာင့္လည္း ေခါင္းကိုက္ႏိုင္ပါတယ္။

၉။ အသားနီျမန္းျခင္း

အသားနီျမန္းျခင္းႏွင့္ညဘက္ေခၽြးထြက္မ်ားျခင္းက ေဟာ္မုန္းမညီမွ်မႈကိုျပေနပါတယ္။အသားနီျမန္းျခင္းက မီးယပ္ေသြးဆံုးျခင္းနဲ႕လည္းဆက္စပ္ေနပါတယ္။

၁၀။ ရာသီမမွန္ျခင္း

ရာသီ ပံုမွန္မလာဘဲ တစ္လႏွင့္ တစ္လ ေက်ာ္သြားတယ္ဆိုရင္ လည္းေဟာ္မုန္းမညီမွ်ျခင္းကိုျပသရာေရာက္ပါတယ္။
Unicode ဖြင့်ဖတ်ရန်

ကျွန်မတို့မိန်းကလေးတွေက ဟော်မုန်းမမျှတ မှုကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှု ၊ စိတ်ငြစ်ငြူးမှုတွေကို သိကြပေမယ့်ဘယ်လို လက္ခဏာတွေ ကဟော်မုန်းမမျှတမှု ကိုပြသလဲ ဆိုတာတော့ မစဉ်းစားဘဲ လျစ်လျူရှုထားကြပါတယ်။

ဟော်မုန်းက တက်လိုက်ကျ လိုက်ဖြစ်နေချိန်မှာ စိတ်တိုလွယ်ခြင်း၊ စိတ်ခံစားမှုမကောင်းခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ဝက်ခြံထွက်လာခြင်းတို့ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်မှာ ဟော်မုန်းမညီမျှမှုဖြစ်စေတဲ့ လက္ခဏာရပ်တွေက ဘာတွေလဲကြည့်ရအောင်

၁။ အိပ်ချိန်ကစဉ့်ကလျားဖြစ်ခြင်း

မိန်းကလေးများ ရာသီ ဓမ္မတာ မလာခင် progesterone hormone (သားအိမ်မှာ သန္ဓေသား မတည်နိုင်စေရန်ပြင်ဆင် ပေးပြီးနောက်ထပ် သားဥဖြစ်ပေါ်စေမှု ကိုတားဆီးပေး သောဟော်မုန်း) မြင့်တက်လာတာကြောင့် တော်ရုံ အိပ်မပျော်ပါဘူး။

၂။ စိတ်လှုပ်ရှားမှု နှင့်စိတ်ဖိစီးမှု

မိန်းကလေးများ ရာသီမလာခင် ဒါမှမဟုတ် သွေးဆုံးချိန်မှာ စိတ်ခံစားမှု အပြောင်းအလဲ ဖြစ်နေပြီး စိတ်ဖိစီးမှု မြင့်မားနေတာက ဟော်မုန်းမညီမျှတာ ကိုပြသနေတာပါ။

၃။ ဝက်ခြံပျောက်ကင်းရန်ကြာခြင်း

ဝက်ခြံတွေ ပုံမှန်ထွက်နေတယ်ဆိုတာ ဟော်မုန်း မညီမျှလို့ပါ။ ရာသီဓမ္မတာ မလာခင် ဝက်ခြံထွက်တာက ဒီအကြောင်းအရာနဲ့သက်ဆိုင်ပါတယ်။

၄။ ကိုယ်အလေးချိန်တက်ခြင်းနှင့် ဗိုက်ခေါက်အဆီထွက်ခြင်း

ဟော်မုန်းတွေက ကိုယ်အလေးချိန်နှင့် ဆက်စပ်မှု ရှိတာကြောင့် ဟော်မုန်း မညီမျှတာက ဝိတ်ကျဖို့ခဲယဉ်းစေပါတယ်။ ဝိတ်ကျဖို့ခဲယဉ်းတော့ ဗိုက်ခေါက်အဆီလည်း ထွက်ပြီပေါ့။

၅။ ချွေးထွက်များခြင်း

ပုံမှန်မဟုတ်ဘဲ ချွေးထွက်များတာက ဟော်မုန်းမညီမျှ တာကိုပြသနေတဲ့ လက္ခဏာတစ်ရပ်ပါ။ ဟော်မုန်းက သင့်ခန္ဓာကိုယ် အပူချိန်ကို ထိန်းချုပ်ပေးပါတယ်။ ဟော်မုန်း မညီမျှဘူးဆိုရင် ချွေးထွက်လည်းများလာပါတယ်။

၆။ မောပန်းနွမ်းနယ်ခြင်း

သင်က မောပန်းနွမ်းနယ်မှု ကိုကြာရှည် ခံစား နေရတယ် ဆိုရင် ဒါက သင့်ရဲ့ thyroid ဟော်မုန်း မညီမျှတာ ကိုပြောတာပါ။ အိပ်ရေးပျက်ခြင်း ၊ စိတ်ဖိစီးမှု များခြင်း ဒါမှမဟုတ် ရာသီဓမ္မတာ စက်ဝန် းကြောင့်လည်း နာတာရှည် မောပန်းနွမ်းနယ်မှု ကိုဖြစ်စေပါတယ်။

၇။ မှတ်ဉာဏ်ချို့ယွင်းခြင်း

ပစ္စည်းတွေ ဘယ်နားထား မိလဲမေ့တတ် နေပြီဆိုရင် ဒါကဟော်မုန်း မညီမျှမှုကြောင့်ပါ။ အမျိုးသမီးများ သွေးဆုံး မီးယပ်ကိုင် တဲ့အချိန်မှာ ဟော်မုန်းပမာဏ လျော့သွားတဲ့ အတွက် မှတ်ဉာဏ်ချို့ယွင်းခြင်း ၊ရှုပ်ထွေးခြင်းတို့ဖြစ်စေပါတယ်။

၈။ ခေါင်းကိုက်ခြင်း နှင့် ခေါင်းထိုးခြင်း

ဟော်မုန်းအတက် အကျမမှန်ခြင်းက ခေါင်းကိုက်ခြင်း ဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးမှု ၊မောပန်းနွမ်းနယ်မှုကြောင့်လည်း ခေါင်းကိုက်နိုင်ပါတယ်။

၉။ အသားနီမြန်းခြင်း

အသားနီမြန်းခြင်းနှင့်ညဘက်ချွေးထွက်များခြင်းက ဟော်မုန်းမညီမျှမှုကိုပြနေပါတယ်။အသားနီမြန်းခြင်းက မီးယပ်သွေးဆုံးခြင်းနဲ့လည်းဆက်စပ်နေပါတယ်။

၁၀။ ရာသီမမှန်ခြင်း

ရာသီ ပုံမှန်မလာဘဲ တစ်လနှင့် တစ်လ ကျော်သွားတယ်ဆိုရင် လည်းဟော်မုန်းမညီမျှခြင်းကိုပြသရာရောက်ပါတယ်။
Credit: May Moe (ရိုးရာေလး)