ရွားေစာင္းလက္ပက္ကို အိမ္မွာ ဘယ္လိုစိုက္မလဲ

ရွားေစာင္းလက္ပက္ဆိုတာကေတာ့ က်န္းမာေရးအတြက္ေရာ အလွအပအတြက္ပါ အသံုး၀င္ရံုမက အိမ္မွာစိုက္ပ်ိဳးထားရင္လည္း မ်က္စိပသာတ ေအးပါတယ္။

ရွားေစာင္းလက္ပက္မွာ Antioxidant (ဓါတ္တိုးဆန္႔က်င္ပစၥည္း) ေတြပါ၀င္လို႔ အရြယ္တင္ႏုပ်ိဳေစသလို ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစလို႔ ဘက္တီးရီးယားပိုးမႊားေတြ၀င္ေရာက္ျခင္းကေန ကာကြယ္ေပးပါတယ္။

ဒါ့အျပင္ ၀က္ၿခံ၊ အသားအေရေျခာက္တာ စတဲ့ အေရျပားဆိုင္ရ ျပႆနာေတြအတြက္လည္း ေကာင္းမြန္တာမို႔ အလွအပႀကိဳက္သူတို႔ရဲ့ အေဖာ္မြန္ပါပဲ။

ပ်ိဳးပင္စိုက္မယ္

ရွားေစာင္းလက္ပက္ပ်ိဳးပင္ကို သဲ၊ အုန္နီခဲအက်ိဳး၊ မီးေသြး စတာေတြကို ေျမႀကီးထဲမွာ အနည္းငယ္ေရာၿပီး စိုက္ပိ်ဳးေပးပါ။ (သစ္ေဆြးေတြေတာ့ မပါပါေစနဲ႔၊ အျမစ္ေတြကိုထိခိုက္ႏိုင္ပါတယ္။)

ေႏြရာသီအတြင္းမွာလည္း ေရမၾကာခဏေလာင္းေပးစရာမလိုပါဘူး။ ညဖက္ေတြမွာက်တဲ့ဆီးႏွင္းေတြကို အရြက္ေတြက သိုေလွာင္ထားႏိုင္လို႔ပါ။

ရွားေစာင္းလက္ပက္ကို အပူခ်ိန္နိမ့္တဲ့ေနရာမွာစိုက္ပ်ိဳးသင့္ပါတယ္။ စႀကၤ ံမွာ (သို႔) ေအးတဲ့အခန္းထဲမွာ ထားသင့္ပါတယ္။ တခါတေလမွာ ႏိုက္ထရိုဂ်င္နဲ႔ သတၱဳဓါတ္ေတြပါ၀င္တဲ့ ေျမၾသဇာကို အသံုးျပဳႏိုင္ပါတယ္။

အပင္ကိုေရႊ႕စိုက္တဲ့ေနရာမွာ တစ္ပင္တည္း သီးသန္႔ေရႊ႕စိုက္မယ္ဆိုရင္ ၅ ႏွစ္သားေလာက္အရြယ္မွာ ေရႊ႕စိုက္တာက အေကာင္းဆံုးပါပဲ။

ရွားေစာင္းလက္ပက္ကိုေရႊ႕စိုက္ရာမွာ ေျခာက္ေသြ႕တဲ့ေျမဆီလႊာမွာမစုိက္ရသလို ေရလည္းမေလာင္းရပါဘူး။ အပင္ကိုေရႊ႕စိုက္မယ္ဆိုရင္ အျမစ္ကိုေသခ်ာႏႈတ္ၿပီး ေျမႀကီးကိုသန္႔စင္ေပးပါ။ အနာဆာရွိတဲ့ အျမစ္ေတြကို ဖယ္ရွားေပးၿပီး သစ္ရႈးေတြကို မထိခိုက္မိေအာင္ဂရုစိုက္ပါ။မေကာင္းတဲ့ အျမစ္ကိုျဖတ္ထုတ္ရာမွာ သစ္ရႈးေတြမထိခိုက္ေစဖို႔ ကပ္ေၾကးထက္ထက္ကို အသံုးျပဳႏိုင္ပါတယ္။

အပင္ကိုစိုက္ၿပီးရင္ ၅ ရက္ (သို႕) ၆ ရက္ေလာက္ေရမေလာင္းပါနဲ႔။ အပင္စိုက္ထားတဲ့အိုးကိုလည္း ေနရိပ္တဲ့ေနရာမွာထားပါ။ အပင္ရွင္သန္လာပါလိမ့္မယ္။

အေစ့ကိုစိုက္မယ္

ရွားေစာင္းလက္ပက္ကို ေဖေဖာ္၀ါရီ (သို႕) မတ္လ အပူခ်ိန္ ၂၁°C မွာ စတင္ပ်ိဳးၾကဲစိုက္ပ်ိဳးသင့္ပါတယ္။ သဲ၊ မီးေသြး ၊ အုတ္နီခဲအက်ိဳး စတာေတြကိုေရာၿပီး အသံုးျပဳသင့္ပါတယ္။ အပင္ေပါက္လာလို႔ အရြက္ ၂ ရြက္ေလာက္ထြက္လာၿပီဆိုရင္ အိုးထဲမွာ ေရႊ႕စိုက္လို႔ရပါၿပီ။

CREDIT Myfood myanmar

=========================

ရှားစောင်းလက်ပက်ဆိုတာကတော့ ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အသုံးဝင်ရုံမက အိမ်မှာစိုက်ပျိုးထားရင်လည်း မျက်စိပသာတ အေးပါတယ်။

ရှားစောင်းလက်ပက်မှာ Antioxidant (ဓါတ်တိုးဆန့်ကျင်ပစ္စည်း) တွေပါ၀င်လို့ အရွယ်တင်နုပျိုစေသလို ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေလို့ ဘက်တီးရီးယားပိုးမွှားတွေဝင်ရောက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

ဒါ့အပြင် ၀က်ခြံ၊ အသားအရေခြောက်တာ စတဲ့ အရေပြားဆိုင်ရ ပြဿနာတွေအတွက်လည်း ကောင်းမွန်တာမို့ အလှအပကြိုက်သူတို့ရဲ့ အဖော်မွန်ပါပဲ။

ပျိုးပင်စိုက်မယ်

ရှားစောင်းလက်ပက်ပျိုးပင်ကို သဲ၊ အုန်နီခဲအကျိုး၊ မီးသွေး စတာတွေကို မြေကြီးထဲမှာ အနည်းငယ်ရောပြီး စိုက်ပျိုးပေးပါ။ (သစ်ဆွေးတွေတော့ မပါပါစေနဲ့၊ အမြစ်တွေကိုထိခိုက်နိုင်ပါတယ်။)

နွေရာသီအတွင်းမှာလည်း ရေမကြာခဏလောင်းပေးစရာမလိုပါဘူး။ ညဖက်တွေမှာကျတဲ့ဆီးနှင်းတွေကို အရွက်တွေက သိုလှောင်ထားနိုင်လို့ပါ။

ရှားစောင်းလက်ပက်ကို အပူချိန်နိမ့်တဲ့နေရာမှာစိုက်ပျိုးသင့်ပါတယ်။ စင်္ကြ ံမှာ (သို့) အေးတဲ့အခန်းထဲမှာ ထားသင့်ပါတယ်။ တခါတလေမှာ နိုက်ထရိုဂျင်နဲ့ သတ္တုဓါတ်တွေပါ၀င်တဲ့ မြေသြဇာကို အသုံးပြုနိုင်ပါတယ်။

အပင်ကိုရွှေ့စိုက်တဲ့နေရာမှာ တစ်ပင်တည်း သီးသန့်ရွှေ့စိုက်မယ်ဆိုရင် ၅ နှစ်သားလောက်အရွယ်မှာ ရွှေ့စိုက်တာက အကောင်းဆုံးပါပဲ။

ရှားစောင်းလက်ပက်ကိုရွှေ့စိုက်ရာမှာ ခြောက်သွေ့တဲ့မြေဆီလွှာမှာမစိုက်ရသလို ရေလည်းမလောင်းရပါဘူး။ အပင်ကိုရွှေ့စိုက်မယ်ဆိုရင် အမြစ်ကိုသေချာနှုတ်ပြီး မြေကြီးကိုသန့်စင်ပေးပါ။ အနာဆာရှိတဲ့ အမြစ်တွေကို ဖယ်ရှားပေးပြီး သစ်ရှုးတွေကို မထိခိုက်မိအောင်ဂရုစိုက်ပါ။မကောင်းတဲ့ အမြစ်ကိုဖြတ်ထုတ်ရာမှာ သစ်ရှုးတွေမထိခိုက်စေဖို့ ကပ်ကြေးထက်ထက်ကို အသုံးပြုနိုင်ပါတယ်။

အပင်ကိုစိုက်ပြီးရင် ၅ ရက် (သို့) ၆ ရက်လောက်ရေမလောင်းပါနဲ့။ အပင်စိုက်ထားတဲ့အိုးကိုလည်း နေရိပ်တဲ့နေရာမှာထားပါ။ အပင်ရှင်သန်လာပါလိမ့်မယ်။

အစေ့ကိုစိုက်မယ်

ရှားစောင်းလက်ပက်ကို ဖေဖော်ဝါရီ (သို့) မတ်လ အပူချိန် ၂၁°C မှာ စတင်ပျိုးကြဲစိုက်ပျိုးသင့်ပါတယ်။ သဲ၊ မီးသွေး ၊ အုတ်နီခဲအကျိုး စတာတွေကိုရောပြီး အသုံးပြုသင့်ပါတယ်။ အပင်ပေါက်လာလို့ အရွက် ၂ ရွက်လောက်ထွက်လာပြီဆိုရင် အိုးထဲမှာ ရွှေ့စိုက်လို့ရပါပြီ။

CREDIT Myfood myanmar