အခက္ခဲၾကံဳေတြ႔လာတိုင္း ႏြားလိုမက်င္႔ပဲ က်ြဲလိုက်င္႔ပါ

ကၽြန္ေတာ္ဟာ အေမရိကန္ႏိုင္ငံ ေကာ္လိုရာဒိုျပည္နယ္အလယ္ပိုင္းက ဘူလ္ဒါရြာေလးမွာ ျကီးျပင္းခဲ့ပါတယ္။ ေကာ္လိုရာဒိုနယ္ေျမဟာ လွပတဲ့ ေက်ာက္ေတာင္ႀကီးေတြရွိတာေၾကာင့္ ရႈခင္းလွပလို႔ နာမည္ေက်ာ္ၾကားပါတယ္။ ေက်ာက္ေတာင္ေတြၾကားမွာ စိမ္းလန္းၿပီး က်ယ္ျပန္႔တဲ့ ျမက္ခင္းလြင္ျပင္ႀကီးေတြ ရွိတယ္။ ႏြားစားက်က္လုပ္လို႔ ေနရာေကာင္းလို႔ အဲဒီမွာ ကၽြဲေတြေရာ၊ ႏြားေတြေရာ ေတြ႕ရတယ္။ ကမာၻေပၚမွာ ကၽြဲအုပ္နဲ႔ ႏြားအုပ္ကိုအတူတူ ေတြ႕ရတာ ဒီတေနရာထဲ ရွိပါတယ္။

အဲဒါေၾကာင့္ ကၽြန္ေတာ္ဟာ ကၽြဲေတြနဲ႔ ႏြားေတြရဲ႕ သဘာဝကို ေသေသခ်ာခ်ာ ေလ့လာခြင့္ရခဲ့တယ္။ အဲဒီအထဲက ေလျပင္းမုန္တိုက္ရင္ သူတို႔ရဲ႕ တံု႔ျပန္ပံု မတူၾကတာပါ။

အေနာက္ဖက္ကေန မုန္တိုင္းလာၿပီဆိုတာနဲ႔ ႏြားအုပ္ႀကီးဟာ အေရွ႕ဖက္ကို ေျပးၾကတယ္။ ႏြားဆိုတာက အေျပးသန္ၾကတာမွာ မဟုတ္ဘူး။ ဒါေၾကာင့္ မုန္တိုင္းဟာ ခဏနဲ႔ သူတို႔ကို မွီလာတယ္။မုန္တိုင္းရဲ႕ ေလျပင္းဟာ ႏြားေတြကို ကစင့္ကရဲ လြင့္စင္သြားေစတယ္။ဒါေၾကာင့္ တခ်ိဳ႕ႏြားေတြဟာ က်ိဳးပဲ့ ဒဏ္ရာရကုန္ၾကတယ္။

ကြ်ဲေတြက်ေတာ့ အဲဒီလို မဟုတ္ဘူး။ အေနာက္ဖက္က လာေနတဲ့ မုန္တိုင္းကို အားလံုးဟာ ရပ္ၿပီး ေစာင့္ေနၾကတယ္။ #မုန္တိုင္းအနားကိုေရာက္ၿပီဆိုမွမုန္တိုင္းတည့္တည့္ဆီကိုအတင္းေျပးၾကတယ္။ ဒါေၾကာင့္ သူတို႔ဟာ မုန္တိုင္းေအာက္မွာ ၾကာၾကာမမိလိုက္ဘဲ ခဏနဲ႔ မုန္တိုင္းေအာက္က လြတ္သြားၾကတယ္။ အဲဒီခဏေလးကို ႀကိတ္မွိတ္ေနလိုက္ေတာ့ ခဏပဲ ေဝဒနာခံစားရတယ္။

ကၽြန္ေတာ္တို႔ဟာ ျပႆ နာတစ္ခုခုနဲ႔ ၾကံဳလာရင္ အဲဒီကိစၥကိုပဲ ေတြးေနတယ္။ စိတ္ပူတယ္။ ေသာကေရာက္တယ္။ ကံေကာင္းရင္ ျပႆ နာ အလိုလို ေပ်ာက္ကြယ္သြားမယ္လို႔ ထင္ေနတယ္။ မေပ်ာက္လို႔ ၾကာလာေတာ့ စိတ္ဆင္းရဲေဝဒနာခံစားေနရတယ္။ အဲဒါ ေကာ္လိုရာဒိုက ႏြားေတြလိုပါပဲ။ မုန္တိုင္းနဲ႔ ေဝးရာဆီကို ေျပးလို႔ မုန္တိုင္းေအာက္မွာ ၾကာၾကာမိေနတယ္။ ျပႆ နာကို မေျဖရွင္းခ်င္လို႔ အခ်ိန္ဆြဲေနမယ္၊ ျပႆ နာနဲ႔ ေဝးရာကို ထြက္ေျပးေပေနမယ္ဆိုရင္ ျပႆ နာဟာ ေနာက္က လိုက္လာမွာပါ။ ျပႆ နာက ဒုကၡေပးေနမွာပါ။

ျပႆ နာဆိုတာ ျဖစ္လာရင္ ေအာင္းထားလို႔ မေကာင္းဘူး။ ျပႆ နာဆိုတာ သူ႔ အလိုလို ေပ်ာက္သြားတာမ်ိဳး မဟုတ္ဘူး။ ေပ်ာက္သြားတယ္ဆိုရင္ အဲဒါျပႆ နာ မဟုတ္ဘူး။ ဒါေၾကာင့္ ကၽြဲေတြ မုန္တိုင္းကို တည့္တည့္ဝင္တိုးလို႔ မုန္တိုင္းနဲ႔ ခဏပဲ မိၿပီး ေဝဒနာမခံစားရသလို ျပႆ နာကို မေရွာင္ပဲ ျမန္ျမန္ထက္ထက္ ေျဖရွင္းလိုက္ရင္ စိတ္ညစ္၊ စိတ္ဆင္းရဲ ေသာကေဝဒနာကို ၾကာရွည္ခံစားရမွာ မဟုတ္ပါဘူး။

Credit:ဗန္းေမာ္သိန္းေဖ

Unicode

ကျွန်တော်ဟာ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်အလယ်ပိုင်းက ဘူလ်ဒါရွာလေးမှာ ကြီးပြင်းခဲ့ပါတယ်။ ကော်လိုရာဒိုနယ်မြေဟာ လှပတဲ့ ကျောက်တောင်ကြီးတွေရှိတာကြောင့် ရှုခင်းလှပလို့ နာမည်ကျော်ကြားပါတယ်။ ကျောက်တောင်တွေကြားမှာ စိမ်းလန်းပြီး ကျယ်ပြန့်တဲ့ မြက်ခင်းလွင်ပြင်ကြီးတွေ ရှိတယ်။ နွားစားကျက်လုပ်လို့ နေရာကောင်းလို့ အဲဒီမှာ ကျွဲတွေရော၊ နွားတွေရော တွေ့ရတယ်။ ကမ္ဘာပေါ်မှာ ကျွဲအုပ်နဲ့ နွားအုပ်ကိုအတူတူ တွေ့ရတာ ဒီတနေရာထဲ ရှိပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာ ကျွဲတွေနဲ့ နွားတွေရဲ့ သဘာဝကို သေသေချာချာ လေ့လာခွင့်ရခဲ့တယ်။ အဲဒီအထဲက လေပြင်းမုန်တိုက်ရင် သူတို့ရဲ့ တုံ့ပြန်ပုံ မတူကြတာပါ။

အနောက်ဖက်ကနေ မုန်တိုင်းလာပြီဆိုတာနဲ့ နွားအုပ်ကြီးဟာ အရှေ့ဖက်ကို ပြေးကြတယ်။ နွားဆိုတာက အပြေးသန်ကြတာမှာ မဟုတ်ဘူး။ ဒါကြောင့် မုန်တိုင်းဟာ ခဏနဲ့ သူတို့ကို မှီလာတယ်။မုန်တိုင်းရဲ့ လေပြင်းဟာ နွားတွေကို ကစင့်ကရဲ လွင့်စင်သွားစေတယ်။ဒါကြောင့် တချို့နွားတွေဟာ ကျိုးပဲ့ ဒဏ်ရာရကုန်ကြတယ်။

ကျွဲတွေကျတော့ အဲဒီလို မဟုတ်ဘူး။ အနောက်ဖက်က လာနေတဲ့ မုန်တိုင်းကို အားလုံးဟာ ရပ်ပြီး စောင့်နေကြတယ်။ #မုန်တိုင်းအနားကိုရောက်ပြီဆိုမှမုန်တိုင်းတည့်တည့်ဆီကိုအတင်းပြေးကြတယ်။ ဒါကြောင့် သူတို့ဟာ မုန်တိုင်းအောက်မှာ ကြာကြာမမိလိုက်ဘဲ ခဏနဲ့ မုန်တိုင်းအောက်က လွတ်သွားကြတယ်။ အဲဒီခဏလေးကို ကြိတ်မှိတ်နေလိုက်တော့ ခဏပဲ ဝေဒနာခံစားရတယ်။

ကျွန်တော်တို့ဟာ ပြဿ နာတစ်ခုခုနဲ့ ကြုံလာရင် အဲဒီကိစ္စကိုပဲ တွေးနေတယ်။ စိတ်ပူတယ်။ သောကရောက်တယ်။ ကံကောင်းရင် ပြဿ နာ အလိုလို ပျောက်ကွယ်သွားမယ်လို့ ထင်နေတယ်။ မပျောက်လို့ ကြာလာတော့ စိတ်ဆင်းရဲဝေဒနာခံစားနေရတယ်။ အဲဒါ ကော်လိုရာဒိုက နွားတွေလိုပါပဲ။ မုန်တိုင်းနဲ့ ဝေးရာဆီကို ပြေးလို့ မုန်တိုင်းအောက်မှာ ကြာကြာမိနေတယ်။ ပြဿ နာကို မဖြေရှင်းချင်လို့ အချိန်ဆွဲနေမယ်၊ ပြဿ နာနဲ့ ဝေးရာကို ထွက်ပြေးပေနေမယ်ဆိုရင် ပြဿ နာဟာ နောက်က လိုက်လာမှာပါ။ ပြဿ နာက ဒုက္ခပေးနေမှာပါ။

ပြဿ နာဆိုတာ ဖြစ်လာရင် အောင်းထားလို့ မကောင်းဘူး။ ပြဿ နာဆိုတာ သူ့ အလိုလို ပျောက်သွားတာမျိုး မဟုတ်ဘူး။ ပျောက်သွားတယ်ဆိုရင် အဲဒါပြဿ နာ မဟုတ်ဘူး။ ဒါကြောင့် ကျွဲတွေ မုန်တိုင်းကို တည့်တည့်ဝင်တိုးလို့ မုန်တိုင်းနဲ့ ခဏပဲ မိပြီး ဝေဒနာမခံစားရသလို ပြဿ နာကို မရှောင်ပဲ မြန်မြန်ထက်ထက် ဖြေရှင်းလိုက်ရင် စိတ်ညစ်၊ စိတ်ဆင်းရဲ သောကဝေဒနာကို ကြာရှည်ခံစားရမှာ မဟုတ်ပါဘူး။

Credit:ဗန်းမော်သိန်းဖေ