အောင်ရဲလင်း နဲ့ ဝတ်မှုန်ရွှေရည်တို့ရဲ့ “အနမ်းဝိုင်”





credit Myanmar Load

===========================

 

ယခုနှစ် ၂၀၁၈ ထဲမှာ ရုံတင်ပြသမယ့် “အနမ်းဝိုင်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိထားပြီး လူမှုစာမျက်နှာထက်ပေါ်မှာလည်း ရေပန်းစားလို့နေပါတယ်။ နာမည်ကြီး စာရေးဆရာမဂပုညခင် ရဲ့ လူကြိုက်များတဲ့ ဝတ္ထုကို ပြန်လည်အသက်သွင်းထားတာဖြစ်ပြီး ဒီဇာတ်ကားကြီးကိုတော့ ဒါရိုက်တာ အောင်မြတ် ကရိုက်ကူးခဲ့တာဖြစ်ပါတယ်။

ဒီ ဇာတ်ကားမှာတော့ အနုပညာလောကရဲ့ ထိပ်တန်းသရုပ်ဆောင် ဝါရင့်တွေဖြစ်ကြတဲ့ မင်းဦး စိုးမြတ်သူဇာ မျိုးသန္တာထွန်း တို့နဲ့အတူ ဒိတ်ဒိတ်ကြဲ မင်းသားအောင်ရဲလင်း တို့နဲ့ ထပ်ဆင့်အကယ်ဒမီ ဝတ်မှုန်ရွှေရည်တို့က ပါဝင်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီ ဇာတ်ကားရဲ့ official trailer ဟာလည်း ကြည့်ရှုသူ အရေအတွက် များပြားလို့နေပြီး အနမ်းဝိုင်ဆိုတဲ့ နာမည်နဲ့လိုက်အောင် အောင်ရဲလင်းနဲ့ ဝတ်မှုန်ရွှေရည်တို့ နမ်းကြတဲ့ ဇာတ်ဝင်ခန်းဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားစရာ ဖြစ်လို့နေပါတယ်။

ဒီဇာတ်ကားမှာ ကစ်ကစ်က အောင်ရဲလင်းရဲ့ နဖူးလေးကို ဒါရိုက်တာရဲ့ ဇာတ်လမ်းလိုအပ်ချက်အရ တကယ်နမ်းခဲ့တာဖြစ်ကြောင်း အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားတာကိုလည်း တွေ့ရပါတယ်။ ဒီ ဇာတ်ကားဟာ အချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အခက်အခဲတွေကြားက စစ်မှန်တဲ့အချစ်ကို ဖော်ညွှန်းရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကတော့ ဒီဇာတ်ကားကြီး အမြန်ဆုံး ရုံတင်ဖို့အတွက် မျှော်လင့်နေကြတယ်လို့ သိရပါတယ်။

Photo Source: အနမ်းဝိုင် page

credit Myanmar Load