မိဘေတြမရွိေတာ့ေပမယ့္ေမာင္ငယ္ေလးေတြကိုရင္အုပ္မကြာေစာင့္ေရွာက္ေနတဲ့ေကာင္မေလး

သူငယ္ခ်င္းေတြနဲ႔အတူ ေပ်ာ္ေပ်ာ္ပါးပါးေဆာ့ကစားၿပီး ပညာသင္ၾကားခြင့္ရဖို႔ဟာ ကေလးတိုင္းရဲ႕အခြင့္အေရးပဲျဖစ္ပါတယ္။ ဒါေပမယ့္ ယခုေတြ႔ရမယ့္ အသက္(၁၀)ႏွစ္အရြယ္ကေလးမေလး Xiao Ying အတြက္ေတာ့ ေဆာ့ကစားခ်ိန္ေတာင္မရွိပဲ အိမ္ဗာဟီရကိစၥေတြနဲ႔ ေမာင္ငယ္ေလးေတြကသာအဓိကက်ပါတယ္။

သူတို႔မိသားစုမွာ ဖခင္ကေသသြားတဲ့အျပင္ မိခင္ကစြန္႔ခြာသြားတာေၾကာင့္ မိသားစုတာ၀န္က သူမေခါင္းေပၚေရာက္ရွိလာတာပါ။ ကေလးမေလးဟာ သူ႔ေမာင္ေလးေတြနဲ႔အတူ Nantang ကရြာငယ္ေလးတစ္ရြာမွာေနထိုင္ပါတယ္။ အိမ္မွာသူမက ထမင္းဟင္းခ်က္ျပဳတ္ရတဲ့အျပင္ အိမ္မႈကိစၥေတြကိုအကုန္လုပ္ရပါတယ္။

ၿပီးခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္က သူမရဲ႕ဖခင္ဟာကင္ဆာေရာဂါနဲ႔ေသဆံုးသြားခဲ့ၿပီး ကိုယ္လြတ္ရုန္းခ်င္တဲ့မိခင္ဟာ သူတို႔ေမာင္ႏွမေတြကိုထားၿပီးထြက္ေျပးသြားခဲ့တာျဖစ္ပါတယ္။ ကေလးမေလးဟာ ဘ၀ကိုခက္ခက္ခဲခဲရုန္းကန္ေနရေပမယ့္ ေမာင္ငယ္ေလးေတြအေပၚမွာေတာ့ ၀တၱရားမပ်က္ကြက္ခဲ့ပါဘူး။

သူမရဲ႕ဦးေလးက ေမာင္ေတြကိုေမြးစားမယ့္သူဆီေပးပစ္ဖို႔ ေျပာခဲ့ေပမယ့္ သူမက လက္မခံခဲ့တာျဖစ္ပါတယ္။ ကေလးေတြကို သြားတိုက္တာကစလို႔ကိစၥေလးေတြကေန ေက်ာင္းမွာစာၾကိဳးစားဖို႔သူမက သြန္သင္ေလ့ရွိပါတယ္။

အခုအခါမွာ ေမာင္ႏွမသံုးေယာက္က ဦးေလးျဖစ္သူအိမ္မွာအတူတူေနထိုင္ၾကပါတယ္။ ေန႔စဥ္ေန႔တုိင္း ေရခပ္၊ ထမင္းခ်က္၊ အ၀တ္ေလွ်ာ္အလုပ္ေတြအျပင္ အျခားအိမ္မႈကိစၥေတြကို လုပ္ေနရတဲ့ၾကားထဲက ေက်ာင္းမွာစာေတာ္သူစံျပမိန္းကေလးတစ္ဦးျဖစ္ေၾကာင္းလည္းသိရပါတယ္။

ကေလးမေလးရဲ႕စိတ္မေကာင္းဖြယ္အျဖစ္အပ်က္ကို သိရတဲ့သူမရဲ႕ေက်ာင္းက သူမအတြက္အလွဴေငြေတြေကာက္ခံေပးတဲ့အေၾကာင္းနဲ႔ အလွဴရွင္အေပါင္းက သူမေက်ာင္းစရိတ္အျပင္ ေန႔စဥ္လိုအပ္တဲ့ကုန္က်စရိတ္ေတြပါ လွဴဒါန္းၾကေၾကာင္းသိရွိရပါတယ္။

လင္းလင္း(ShweMom)

========================

မိဘတွေမရှိတော့ပေမယ့်မောင်ငယ်လေးတွေကိုရင်အုပ်မကွာစောင့်ရှောက်နေတဲ့ကောင်မလေး

သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးဆော့ကစားပြီး ပညာသင်ကြားခွင့်ရဖို့ဟာ ကလေးတိုင်းရဲ့အခွင့်အရေးပဲဖြစ်ပါတယ်။ ဒါပေမယ့် ယခုတွေ့ရမယ့် အသက်(၁၀)နှစ်အရွယ်ကလေးမလေး Xiao Ying အတွက်တော့ ဆော့ကစားချိန်တောင်မရှိပဲ အိမ်ဗာဟီရကိစ္စတွေနဲ့ မောင်ငယ်လေးတွေကသာအဓိကကျပါတယ်။

သူတို့မိသားစုမှာ ဖခင်ကသေသွားတဲ့အပြင် မိခင်ကစွန့်ခွာသွားတာကြောင့် မိသားစုတာဝန်က သူမခေါင်းပေါ်ရောက်ရှိလာတာပါ။ ကလေးမလေးဟာ သူ့မောင်လေးတွေနဲ့အတူ Nantang ကရွာငယ်လေးတစ်ရွာမှာနေထိုင်ပါတယ်။ အိမ်မှာသူမက ထမင်းဟင်းချက်ပြုတ်ရတဲ့အပြင် အိမ်မှုကိစ္စတွေကိုအကုန်လုပ်ရပါတယ်။

ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်က သူမရဲ့ဖခင်ဟာကင်ဆာရောဂါနဲ့သေဆုံးသွားခဲ့ပြီး ကိုယ်လွတ်ရုန်းချင်တဲ့မိခင်ဟာ သူတို့မောင်နှမတွေကိုထားပြီးထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ ကလေးမလေးဟာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပေမယ့် မောင်ငယ်လေးတွေအပေါ်မှာတော့ ၀တ္တရားမပျက်ကွက်ခဲ့ပါဘူး။

သူမရဲ့ဦးလေးက မောင်တွေကိုမွေးစားမယ့်သူဆီပေးပစ်ဖို့ ပြောခဲ့ပေမယ့် သူမက လက်မခံခဲ့တာဖြစ်ပါတယ်။ ကလေးတွေကို သွားတိုက်တာကစလို့ကိစ္စလေးတွေကနေ ကျောင်းမှာစာကြိုးစားဖို့သူမက သွန်သင်လေ့ရှိပါတယ်။

အခုအခါမှာ မောင်နှမသုံးယောက်က ဦးလေးဖြစ်သူအိမ်မှာအတူတူနေထိုင်ကြပါတယ်။ နေ့စဉ်နေ့တိုင်း ရေခပ်၊ ထမင်းချက်၊ အဝတ်လျှော်အလုပ်တွေအပြင် အခြားအိမ်မှုကိစ္စတွေကို လုပ်နေရတဲ့ကြားထဲက ကျောင်းမှာစာတော်သူစံပြမိန်းကလေးတစ်ဦးဖြစ်ကြောင်းလည်းသိရပါတယ်။

ကလေးမလေးရဲ့စိတ်မကောင်းဖွယ်အဖြစ်အပျက်ကို သိရတဲ့သူမရဲ့ကျောင်းက သူမအတွက်အလှူငွေတွေကောက်ခံပေးတဲ့အကြောင်းနဲ့ အလှူရှင်အပေါင်းက သူမကျောင်းစရိတ်အပြင် နေ့စဉ်လိုအပ်တဲ့ကုန်ကျစရိတ်တွေပါ လှူဒါန်းကြကြောင်းသိရှိရပါတယ်။

လင်းလင်း(ShweMom)