ဗီယက်နမ် ယူ-၂၃ ဘောလုံး အသင်းရဲ့ အိမ်ပြန် ခရီးကို ဗိယက်နမ် နိုင်ငံသားတို့ မိုင် ၂၀ နီးပါး ရှည်လျားတဲ့ လူတန်းကြီးဖြင့် စောင့်ကြိုခဲ့…

ဗိယက်နမ် နိုင်ငံ ဘောလုံး သမိုင်းရဲ့ အမြင့်ဆုံး မှတ်တိုင် ဖြစ်တဲ့ အာရှဖလား ( ယူ-၂၃ ) ဗိုလ်လုပွဲ ကို တက် ရောက် နိုင်ခဲ့ပြီး ဥဇဘက် ကစ္စတန် အသင်း ကို အချိန်ပို ဒုတိယပိုင်း ပေးဂိုး ဖြင့် ရှုံးနိမ့်ကာ ဒုတိယ ဆု ရရှိ ခဲ့တဲ့ ဗိယက်နမ် ယူ-၂၃ အသင်း သား တွေ ဟာ မိခင် နိုင်ငံ ကို ပြန်လည် ရောက် ရှိ လာခဲ့ ကြပါပီ ။ နိုင်ငံ့ ဂုဏ် ကို ဆောင် ခဲ့ကြတဲ့ မျိုးဆက်သစ် လူငယ် ကစား သမားလေးတွေ အတွက် ဗိယက်နမ် နိုင်ငံ သား တွေဟာ လေဆိပ် က နေ မြို့လယ်ခန်းမ ဆီ သွားရာ လမ်းတစ်လျောက် မှာ စီတန်းပြီး သူရဲကောင်းလေး တွေကို ကြိုဆို ခဲ့ကြ ပါတယ် ။

ဗိယက်နမ် ယူ-၂၃ အသင်း ဟာ ၀န်ကြီးဖြစ် သူ နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ် မှာ ကာတာ အသင်း ကို အနိုင် ရပြီး ချိန်မှာလည်း ၀န်ကြီး ငုယင်ရှန်ပတ် က ဖုန်းခေါ်ဆိုပြီး ဂုဏ်ယူကြောင်း ပြောဆို ခဲ့တယ်လို့ သိရပါ တယ် ။

ဥဇဘက်ကစ္စတန် အသင်းနဲ့ ဗိုလ်လုပွဲ မကစားမီ မှာ ဗိယက်နမ် သမ္မတ ထရန်တိုင်ကွမ်း က ယူ-၂၃ အသင်း သား အားလုံးကို နိုင်ငံရဲ့ ပထမဆင့် ဂုဏ်ထူးဆောင် ၀န်ထမ်းကောင်း ဆုတံဆိပ် ချီးမြှင့်ပေးအပ် ဖို့ ဆုံးဖြတ် ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် အသင်းအတွက် စွမ်းဆောင် ရည်ကောင်းတွေ ပြသခဲ့တဲ့ ဂိုးသမားလေး Bui Tien Dung နဲ့ ကွင်းလယ် ကစားသမား Nguyen Quang Hai တို့ကိုလည်း တတိယဆင့် ဂုဏ်ထူးဆောင် ၀န်ထမ်းကောင်း ဆုတံဆိပ်တွေ ချီးမြှင့် ပေးသွားမယ် လို့ သိရ ပါတယ် ။

Home Life Style Sports
Life StyleSports

ဗီယက်နမ် ယူ-၂၃ အသင်းရဲ့ အိမ်ပြန် ခရီးကို ဗိယက်နမ် နိုင်ငံသားတို့ မိုင် ၂၀ နီးပါး ရှည်လျားတဲ့ လူတန်းကြီးဖြင့် စောင့်ကြိုခဲ့
By Author A – January 28, 2018 0338

ဗိယက်နမ် နိုင်ငံ ဘောလုံး သမိုင်းရဲ့ အမြင့်ဆုံး မှတ်တိုင် ဖြစ်တဲ့ အာရှဖလား ( ယူ-၂၃ ) ဗိုလ်လုပွဲ ကို တက် ရောက် နိုင်ခဲ့ပြီး ဥဇဘက် ကစ္စတန် အသင်း ကို အချိန်ပို ဒုတိယပိုင်း ပေးဂိုး ဖြင့် ရှုံးနိမ့်ကာ ဒုတိယ ဆု ရရှိ ခဲ့တဲ့ ဗိယက်နမ် ယူ-၂၃ အသင်း သား တွေ ဟာ မိခင် နိုင်ငံ ကို ပြန်လည် ရောက် ရှိ လာခဲ့ ကြပါပီ ။ နိုင်ငံ့ ဂုဏ် ကို ဆောင် ခဲ့ကြတဲ့ မျိုးဆက်သစ် လူငယ် ကစား သမားလေးတွေ အတွက် ဗိယက်နမ် နိုင်ငံ သား တွေဟာ လေဆိပ် က နေ မြို့လယ်ခန်းမ ဆီ သွားရာ လမ်းတစ်လျောက် မှာ စီတန်းပြီး သူရဲကောင်းလေး တွေကို ကြိုဆို ခဲ့ကြ ပါတယ် ။

ဗိယက်နမ် ယူ-၂၃ အသင်း ဟာ ၀န်ကြီးဖြစ် သူ နဲ့ တွေ့ဆုံသွားမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ် မှာ ကာတာ အသင်း ကို အနိုင် ရပြီး ချိန်မှာလည်း ၀န်ကြီး ငုယင်ရှန်ပတ် က ဖုန်းခေါ်ဆိုပြီး ဂုဏ်ယူကြောင်း ပြောဆို ခဲ့တယ်လို့ သိရပါ တယ် ။

ဥဇဘက်ကစ္စတန် အသင်းနဲ့ ဗိုလ်လုပွဲ မကစားမီ မှာ ဗိယက်နမ် သမ္မတ ထရန်တိုင်ကွမ်း က ယူ-၂၃ အသင်း သား အားလုံးကို နိုင်ငံရဲ့ ပထမဆင့် ဂုဏ်ထူးဆောင် ၀န်ထမ်းကောင်း ဆုတံဆိပ် ချီးမြှင့်ပေးအပ် ဖို့ ဆုံးဖြတ် ခဲ့တယ် လို့ သိရ ပါတယ် ။ ဒါ့အပြင် အသင်းအတွက် စွမ်းဆောင် ရည်ကောင်းတွေ ပြသခဲ့တဲ့ ဂိုးသမားလေး Bui Tien Dung နဲ့ ကွင်းလယ် ကစားသမား Nguyen Quang Hai တို့ကိုလည်း တတိယဆင့် ဂုဏ်ထူးဆောင် ၀န်ထမ်းကောင်း ဆုတံဆိပ်တွေ ချီးမြှင့် ပေးသွားမယ် လို့ သိရ ပါတယ် ။

ဗိယက်နမ် အသင်းသားတွေ ဟာ ၀န်ကြီး နဲ့ တွေ့ဆုံ အပြီးမှာ တခဲနက် အားပေးခဲ့တဲ့ ပရိသတ်တွေ နဲ့ အတူ My Dinh ကွင်းကြီး ထဲမှာ အောင်ပွဲခံ အခမ်းအနား ပြုလုပ် သွားမယ် လို့ သတင်း ရရှိ ပါတယ် ။

ဗိယက်နမ် တို့ ဟာ အာရှ ရဲ့ အင်အားကြီး ဘောလုံး အသင်းတွေ ဖြစ်ကြတဲ့ သြစတြေးလျ ၊ အီရတ် နဲ့ ကာတာ တို့ကို ဖြတ်ကျော်ကာ ဗိုလ်လု ပွဲ အထိ တက်လှမ်း နိုင် ခဲ့တာ ဖြစ် ပါတယ် ။ ဗိယက်နမ် ဟာ ဘောလုံး ပြိုင်ပွဲ သမိုင်းတစ် လျောက် ပထမဆုံး အကြိမ် ဗိုလ်လုပွဲ ကို တက်ရောက် နိုင်ခဲ့ တာ ဖြစ်ပြီး ဗိယက်နမ် နိုင်ငံ အတွင်း မှာ သဲသဲလှုပ်လှုပ် အောင်ပွဲ ခံခဲ့ ကြပါတယ် ဗိုလ်လုပွဲ ကျင်းပချိန်မှာလည်း ဗိယက်နမ် နိုင်ငံ ရဲ့ ဘောလုံးကွင်းကြီး အတွင်းမှာ ပရိသတ်ပေါင်း သိန်းချီ ပြီး လာရောက် ကာ တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့် ရှု အားပေးခဲ့ကြပြီး ရှုံးနိမ့်ခဲ့လင့် ကစား နိုင်ငံရဲ့ ဘောလုံး သမိုင်းအတွက် အကြီးမားဆုံး အောင်မြင်မှု ကို ယူဆောင် ပေး ခဲ့တဲ့ လူငယ်လေးတွေ အတွက် ဂုဏ်ယူဝမ်း မြောက် ခဲ့ကြ ပါတယ် ။

ဗိယက်နမ် ဒုတိယ အားကစား ၀န်ကြီးကတော့ လူငယ်လေးတွေ ဟာ ဗိုလ်လုပွဲ မကစားမီ ကတည်းကပင် အောင်မြင် မှုတွေကို ယူဆောင် ထားခဲ့ပြီးပါ့ပီ လို့ ပြောဆို သွားခဲ့ သလို နည်းပြ ဖြစ်သူ ကိုရီးယား နိုင်ငံသား ပတ်ဟန်ဆိုး အပါအ၀င် ကစားသမား အားလုံး ကို နိုင်ငံရဲ့ ဂုဏ်ထူးဆောင် ၀န်ထမ်း ဆုတံဆိပ်တွေ ကိုလည်းပေးအပ် ချီးမြှင့် သွားမယ် လို့ သိရ ပါတယ် ။

Ref : V.Express
Photo : V.Express
Credit to SPORTS MYANMAR