တတြတ္တြတ္ဆဲဆိုေအာ္ေငါက္ ဆံုးမတတ္တဲ႔အေဖ ႏွင္႔လဲ ခဏခဏ ဖုန္းဆက္ေပးပါ

သားဂ်ီး ေဟ်ာင့္ မင္းအိမ္က ဖုန္းလာေနတယ္´
`မင္း ကိုင္လိုက္ကြာ အေမဆိုေျပာမယ္
ဘိုးေတာ္ဆို မ႐ွိဘူးေျပာလိုက္
အာရံုေနာက္လို႔ မကိုင္ခ်င္ဘူး´

ေအးပါကြာဟ်ာင့္ ေရာ့မင္းအေမတဲ့

`ေအး ေအး ေပး´
`ဟယ္လို သားလား´
အားမ႐ွိတဲ့ အေမအသံက အရမ္းသိသာလြန္ေနတယ္
`အေမ ေနမေကာင္းလို႔လား´
`အေမ ကေနေကာင္းပါတယ္ မင္းအေဖကေတာ့
မနက္က ဆံုးပီသားးးး ….. ´

အေမ ဆက္မေျပာႏိုင္လို႔
ငိုပီး႐ိႈက္လိုက္တဲ့ အသံက
ကြၽန္ေတာ္ရင္ဘက္ထဲ ေတာ္”ေအာင့္သြားတယ္

`သား ဒီေန႔ျပန္လာခဲ့ ေရာက္မွပဲအေမ
ေျပာျပေတာ့မယ္´
ဆိုပီး အေမဖုန္းခ်သြား ပင္မဲ့
ကြၽန္ေတာ္ဖုန္းကို ကိုင္ထားမိတယ္
ေနာင္တေတြကို မ်က္ရည္ေတြနဲ႔ေရာပီး ။

လမ္းထိပ္က pco ကို ဖုန္းဆက္တိုင္း
အေျပးလာကိုင္တဲ့ ေမာေနတဲ့ အေဖအသံကိုမွ
အားမနာမိပဲ အေမေခၚေပးပါလားလို႔
ေျပာမိတယ္ ကြၽန္ေတာ္ ….
`အေဖ ေနေကာင္းလားလို႔´ ေမးခြင့္ မရေတာ့ဘူး။

ငယ္ငယ္က ေမေမကို
စက္ဘီးေလးလိုခ်င္တယ္ ေျပာမိလ႔ို
ႏွစ္ရက္ေလာက္အိမ္ကေပ်ာက္သြားတဲ့ `ေဖေဖ´
စက္ဘီးေလးတြန္းပီး ျပန္လာတာျမင္ေတာ့ ဘယ္လို႐ွာခဲ့လဲ တစ္ခြန္း မေမးမိပဲ
ေမေမကိုပဲ ဖက္ပီးေပ်ာ္ခဲ့တဲ့ ကြၽန္ေတာ္ ….
`ေက်းဇူးတင္ပါတယ္ ေဖေဖ´ လို႔ေျပာခြင့္ မရေတာ့ဘူး။

မိဘ ဆရာ ကေတာ့ပြဲအတြက္
ညစ္ပတ္ေနတဲ့ ေဖေဖကို မေခၚခ်င္တာနဲ႔
ေမေမပါရင္ ရတယ္လို႔ လိမ္ခဲ့တုန္းက
ျပံဳးျပံဳးႀကီး ၾကည့္ေနခဲ့တဲ့ ေဖေဖ ….
`ေဖေဖအျပံဳးေတြ´ထပ္ျမင္ခြင့္ မ႐ွိေတာ့ဘူး။

ေခါက္ဆြဲေၾကာ္ေလး တစ္ပြဲဝယ္လာပီး
`ေဖေဖမႀကိဳက္ဖူး င့သားစား´လို႔ ေျပာတုန္းက
ေဖေဖ လိမ္ခဲ့တာကို
မသိသလို ေနခဲ့တဲ့ ကြၽန္ေတာ္ ….
`မရဘူးကြာ ေဖေဖလည္းစား´လို႔ေျပာခြင့္ မရေတာ့ဘူး။

ကြၽန္ေတာ္ေမြးတုန္းက
`ငါသား အေခ်ာကြ´ ဆိုပီးကေနတဲ့ ေဖေဖ
ေမေမ ေျပာျပတယ္ ဆိုပင္မဲ့
မ်က္လံုးထဲက ေဖ်ာက္မရဘူး မေန႔ကလိုပဲ …။

ဆုေတာင္တိုင္းသာ ျပည့္ရင္
တစ္ရက္ေလာက္ေလးပဲ ေဖေဖ ျပန္လာခဲ့ေပး
ေဖေဖကိုအရမ္းခ်စ္တယ္ ေျပာပီး
ဖက္ထားေပးခ်င္လို႔ပါ …………….

မၾကားေတာ့တဲ့ ေဖေဖအတြက္
`သားေတာင္းပန္ပါတယ္´
လို႔ ေအာ္ေျပာလိုက္တယ္ ………

အေဖကို မခ်စ္ခဲ့တဲ့
ခပ္ဆိုးဆိုး ဂ်စ္ပစီတစ္ေယာက္ …….

Credit လမ္းျပၾကယ္

Unicode

`သားဂျီး ဟျောင့် မင်းအိမ်က ဖုန်းလာနေတယ်´
`မင်း ကိုင်လိုက်ကွာ အမေဆိုပြောမယ်
ဘိုးတော်ဆို မရှိဘူးပြောလိုက်
အာရုံနောက်လို့ မကိုင်ချင်ဘူး´

အေးပါကွာဟျောင့်ရော့မင်းအမေတဲ့

`အေး အေး ပေး´
`ဟယ်လို သားလား´
အားမရှိတဲ့ အမေအသံက အရမ်းသိသာလွန်နေတယ်
`အမေ နေမကောင်းလို့လား´
`အမေ ကနေကောင်းပါတယ် မင်းအဖေကတော့
မနက်က ဆုံးပီသားးးး ….. ´

အမေ ဆက်မပြောနိုင်လို့
ငိုပီးရှိုက်လိုက်တဲ့ အသံက
ကျွန်တော်ရင်ဘက်ထဲ တော်”အောင့်သွားတယ်

`သား ဒီနေ့ပြန်လာခဲ့ ရောက်မှပဲအမေ
ပြောပြတော့မယ်´
ဆိုပီး အမေဖုန်းချသွား ပင်မဲ့
ကျွန်တော်ဖုန်းကို ကိုင်ထားမိတယ်
နောင်တတွေကို မျက်ရည်တွေနဲ့ရောပီး ။

လမ်းထိပ်က pco ကို ဖုန်းဆက်တိုင်း
အပြေးလာကိုင်တဲ့ မောနေတဲ့ အဖေအသံကိုမှ
အားမနာမိပဲ အမေခေါ်ပေးပါလားလို့
ပြောမိတယ် ကျွန်တော် ….
`အဖေ နေကောင်းလားလို့´ မေးခွင့် မရတော့ဘူး။

ငယ်ငယ်က မေမေကို
စက်ဘီးလေးလိုချင်တယ် ပြောမိလိ့ု
နှစ်ရက်လောက်အိမ်ကပျောက်သွားတဲ့ `ဖေဖေ´
စက်ဘီးလေးတွန်းပီး ပြန်လာတာမြင်တော့ ဘယ်လိုရှာခဲ့လဲ တစ်ခွန်း မမေးမိပဲ
မေမေကိုပဲ ဖက်ပီးပျော်ခဲ့တဲ့ ကျွန်တော် ….
`ကျေးဇူးတင်ပါတယ် ဖေဖေ´ လို့ပြောခွင့် မရတော့ဘူး။

မိဘ ဆရာ ကတော့ပွဲအတွက်
ညစ်ပတ်နေတဲ့ ဖေဖေကို မခေါ်ချင်တာနဲ့
မေမေပါရင် ရတယ်လို့ လိမ်ခဲ့တုန်းက
ပြုံးပြံုးကြီး ကြည့်နေခဲ့တဲ့ ဖေဖေ ….
`ဖေဖေအပြံုးတွေ´ထပ်မြင်ခွင့် မရှိတော့ဘူး။

ခေါက်ဆွဲကြော်လေး တစ်ပွဲဝယ်လာပီး
`ဖေဖေမကြိုက်ဖူး င့သားစား´လို့ ပြောတုန်းက
ဖေဖေ လိမ်ခဲ့တာကို
မသိသလို နေခဲ့တဲ့ ကျွန်တော် ….
`မရဘူးကွာ ဖေဖေလည်းစား´လို့ပြောခွင့် မရတော့ဘူး။

ကျွန်တော်မွေးတုန်းက
`ငါသား အချောကွ´ ဆိုပီးကနေတဲ့ ဖေဖေ
မေမေ ပြောပြတယ် ဆိုပင်မဲ့
မျက်လုံးထဲက ဖျောက်မရဘူး မနေ့ကလိုပဲ …။

ဆုတောင်တိုင်းသာ ပြည့်ရင်
တစ်ရက်လောက်လေးပဲ ဖေဖေ ပြန်လာခဲ့ပေး
ဖေဖေကိုအရမ်းချစ်တယ် ပြောပီး
ဖက်ထားပေးချင်လို့ပါ …………….

မကြားတော့တဲ့ ဖေဖေအတွက်
`သားတောင်းပန်ပါတယ်´
လို့ အော်ပြောလိုက်တယ် ………

အဖေကို မချစ်ခဲ့တဲ့
ခပ်ဆိုးဆိုး ဂျစ်ပစီတစ်ယောက် …….

Credit လမ်းပြကြယ်