ဘ၀ေဟာင္းကေဆြမ်ိဳးေတြေရာက္လာခဲ့တဲ့ နႏၵာလႈိင္တို႔အလွဴပြဲ

နာမည္ေက်ာ္သ႐ုပ္ေဆာင္မင္းသမီးတစ္ဦးျဖစ္ခဲ့တဲ့ အကယ္ဒမီနႏၵာလွိုင္တစ္ေယာက္ သူမရဲ့ခင္ပြန္းျဖစ္သူေမြးေန႔မွာ ေမာ္တင္စြန္းေစတီေတာ္ကိုထီးတင္ပြဲအလွူျပဳလုပ္ခဲ့ပါတယ္။ တကယ္ကိုအလွူေရစက္လက္နဲ႔မကြာပါပဲ။ လိုက္ဖက္လြန္းၿပီး ၾကည့္ရတာၾကည္ႏူးစရာ ေကာင္းတဲ့ မိသားစုေလးပါပဲ။ ဝတီ ရတီနဲ႔ နဒီဆိုတဲ့ ခ်စ္စဖြယ္ကစ္ကစ္တုတ္တုတ္ သမီးေလးသုံးေယာက္ကိုပိုင္ဆိုင္ထားၿပီး ယခုခ်ိန္ထိ တစ္ေယာက္အေပၚ တစ္ေယာက္ ခ်စ္ျခင္းမျပယ္ေသးပဲ ၾကင္ၾကင္နာနာနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေရႊလက္တြဲေနတဲ့ ခ်စ္စဖြယ္ ဇနီးေမာင္ႏွံႏွစ္ဦးပဲျဖစ္ပါတယ္။ ဒီကေန႔ဟာ သူမခင္ပြန္းရဲ့ အသက္ ေလ့ဆယ့္တစ္ႏွစ္ျပည့္ တဲ့ ေမြးေန႔ပြဲေလးပဲျဖစ္ပါတယ္။ ေမြးေန႔အႀကိဳတစ္ရက္မွာပဲ ေမာ္တင္စြန္းေစတီေတာ္ကို ထီးေတာင္တင္အလွူပြဲျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။ မြန္ျမတ္လွတဲ့အလွူေလးမို႔ သာဓုေခၚ ထိုက္ပါတယ္ ပရိတ္သတ္ႀကီးေရ။

နႏၵာလွိုင္က Facebook မွာ သူမရဲ့ခ်စ္လွစြာေသာခင္ပြန္းရဲ့ ေမြးေန႔ပြဲေလးအတြက္ ” Happy birthday! ပါေယာက်ာ္းေရ 41 ႏွစ္ျပည့္ၿပီေနာ္ ဘဝရဲ့က်န္ရွိေနတဲ့အခ်ိန္တိုင္းကို စိတ္ခ်မ္း သာကိုယ္ခ်မ္းသာနဲ႔ျဖတ္သန္းနိုင္ပါေစ ” ဆိုၿပီး ေမြးေန႔ဆုေတာင္းေလးေရးေပးထားတာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ 2017 တုန္းက မိသားစုေတြ ဘန္ေကာက္ကိုခရီးထြက္တုန္းက ခင္ပြန္း ျဖစ္သူက သူမကိုခ်ီပင့္ကာ ႏွစ္ေယာက္သားျပဳံးေပ်ာ္ေနတဲ့ ပုံရိပ္ေလးက ပရိတ္သတ္ေတြ ၾကားမွာ ေရပန္းစားခဲ့ပါေသးတယ္။ အတူတူရွိတဲ့အခ်ိန္ေတြ ပိုမိုမ်ားလာတဲ့အမၽွ ခ်စ္တဲ့ အခ်စ္ေတြကလည္း ပိုမိုတိုးပြားလာခဲ့ၿပီး ခ်စ္စဖြယ္သမီးေလးသုံးေယာက္နဲ႔အတူ ေပ်ာ္ရႊင္ စရာေကာင္းတဲ့ မိသားစုေလးကိုလည္း တည္ေဆာက္ထားနိုင္ခဲ့ပါတယ္။

သူမတို႔မိသားစုရဲ့ ေမာင္တင္စြန္းေစတီေတာ္ထီးတင္ပြဲကပုံရိပ္ေလးေတြက တကယ္ကို ၾကည္ႏူးစရာေကာင္းလွပါတယ္ ပရိတ္သတ္ႀကီးေရ။ သူမတို႔အလွူပြဲမွာ ဘဝအဆက္ဆက္က ေဆြမ်ိဳးေတြလာေရာက္ၾကတာေၾကာင့္ သူမကငိုခ်င္သလိုလိုျဖစ္တယ္ဆိုၿပီး Facebook မွာ စာတင္ခဲ့ပါေသးတယ္။ ” အမ်ိဳးေတြလာတယ္ထင္တယ္ စိတ္ထဲဝမ္းနည္းေနတယ္ ” ဆိုၿပီး စာတင္ထားခဲ့တာျဖစ္ပါတယ္။ အလွူတစ္ခုျပဳၿပီဆို ကိုယ္နဲ႔ဆက္ႏြယ္ခဲ့သူေတြဟာ သာဓုေခၚ ဆိုဖို႔ေရာက္လာတာေတြ ရွိတတ္တဲ့အတြက္ သူမတို႔အလွူေလးမွာလည္း ေရာက္လာခဲ့ၾကပုံ ပါပဲ။ အလွူျပဳေနတဲ့ ပုံရိပ္ေလးေတြကို ပရိတ္သတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါ တယ္။

Photo – Nandar Hlaing’s FB

credit Myanmar Load

 

==========================

နာမည်ကျော်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ခဲ့တဲ့ အကယ်ဒမီနန္ဒာလှိုင်တစ်ယောက် သူမရဲ့ခင်ပွန်းဖြစ်သူမွေးနေ့မှာ မော်တင်စွန်းစေတီတော်ကိုထီးတင်ပွဲအလှူပြုလုပ်ခဲ့ပါတယ်။ တကယ်ကိုအလှူရေစက်လက်နဲ့မကွာပါပဲ။ လိုက်ဖက်လွန်းပြီး ကြည့်ရတာကြည်နူးစရာ ကောင်းတဲ့ မိသားစုလေးပါပဲ။ ဝတီ ရတီနဲ့ နဒီဆိုတဲ့ ချစ်စဖွယ်ကစ်ကစ်တုတ်တုတ် သမီးလေးသုံးယောက်ကိုပိုင်ဆိုင်ထားပြီး ယခုချိန်ထိ တစ်ယောက်အပေါ် တစ်ယောက် ချစ်ခြင်းမပြယ်သေးပဲ ကြင်ကြင်နာနာနဲ့ ပျော်ပျော်ရွှင်ရွှင် ရွှေလက်တွဲနေတဲ့ ချစ်စဖွယ် ဇနီးမောင်နှံနှစ်ဦးပဲဖြစ်ပါတယ်။ ဒီကနေ့ဟာ သူမခင်ပွန်းရဲ့ အသက် လေ့ဆယ့်တစ်နှစ်ပြည့် တဲ့ မွေးနေ့ပွဲလေးပဲဖြစ်ပါတယ်။ မွေးနေ့အကြိုတစ်ရက်မှာပဲ မော်တင်စွန်းစေတီတော်ကို ထီးတောင်တင်အလှူပွဲပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ မွန်မြတ်လှတဲ့အလှူလေးမို့ သာဓုခေါ် ထိုက်ပါတယ် ပရိတ်သတ်ကြီးရေ။

နန္ဒာလှိုင်က Facebook မှာ သူမရဲ့ချစ်လှစွာသောခင်ပွန်းရဲ့ မွေးနေ့ပွဲလေးအတွက် ” Happy birthday! ပါယောကျာ်းရေ 41 နှစ်ပြည့်ပြီနော် ဘဝရဲ့ကျန်ရှိနေတဲ့အချိန်တိုင်းကို စိတ်ချမ်း သာကိုယ်ချမ်းသာနဲ့ဖြတ်သန်းနိုင်ပါစေ ” ဆိုပြီး မွေးနေ့ဆုတောင်းလေးရေးပေးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ 2017 တုန်းက မိသားစုတွေ ဘန်ကောက်ကိုခရီးထွက်တုန်းက ခင်ပွန်း ဖြစ်သူက သူမကိုချီပင့်ကာ နှစ်ယောက်သားပြုံးပျော်နေတဲ့ ပုံရိပ်လေးက ပရိတ်သတ်တွေ ကြားမှာ ရေပန်းစားခဲ့ပါသေးတယ်။ အတူတူရှိတဲ့အချိန်တွေ ပိုမိုများလာတဲ့အမျှ ချစ်တဲ့ အချစ်တွေကလည်း ပိုမိုတိုးပွားလာခဲ့ပြီး ချစ်စဖွယ်သမီးလေးသုံးယောက်နဲ့အတူ ပျော်ရွှင် စရာကောင်းတဲ့ မိသားစုလေးကိုလည်း တည်ဆောက်ထားနိုင်ခဲ့ပါတယ်။

သူမတို့မိသားစုရဲ့ မောင်တင်စွန်းစေတီတော်ထီးတင်ပွဲကပုံရိပ်လေးတွေက တကယ်ကို ကြည်နူးစရာကောင်းလှပါတယ် ပရိတ်သတ်ကြီးရေ။ သူမတို့အလှူပွဲမှာ ဘဝအဆက်ဆက်က ဆွေမျိုးတွေလာရောက်ကြတာကြောင့် သူမကငိုချင်သလိုလိုဖြစ်တယ်ဆိုပြီး Facebook မှာ စာတင်ခဲ့ပါသေးတယ်။ ” အမျိုးတွေလာတယ်ထင်တယ် စိတ်ထဲဝမ်းနည်းနေတယ် ” ဆိုပြီး စာတင်ထားခဲ့တာဖြစ်ပါတယ်။ အလှူတစ်ခုပြုပြီဆို ကိုယ်နဲ့ဆက်နွယ်ခဲ့သူတွေဟာ သာဓုခေါ် ဆိုဖို့ရောက်လာတာတွေ ရှိတတ်တဲ့အတွက် သူမတို့အလှူလေးမှာလည်း ရောက်လာခဲ့ကြပုံ ပါပဲ။ အလှူပြုနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါ တယ်။

Photo – Nandar Hlaing’s FB

credit Myanmar Load