အိမ္ေထာင္ေရး တြင္ နားလည္မႈႏွင့္ ေငြေရးေၾကးေရး ပါ အဓိကက်တယ္လို႔ေျပာတဲ့ ေျပတီဦး

အႏုပညာ ကိုခ်စ္ၾကတဲ့သူအခ်င္းခ်င္း အိမ္ေထာင္ တစ္ခုကိုထူေထာင္ထားၾကျခင္းေၾကာင့္ ႏွစ္ဦးစလုံး နားလည္မႈအျပည့္အဝနဲ႔ မိသားစု ကမာၻကို တည္ေဆာက္ထားၾကတယ္လို႔ သ႐ုပ္ေဆာင္ အကယ္ဒမီ ေျပတီဦး က ေျပာဆိုလာပါတယ္။“ႏွစ္ေယာက္စလုံးက အႏုပညာ ကိုခ်စ္ၾကပါတယ္။ ဒီ အႏုပညာ နဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး ရပ္တည္ေနၾကတယ္။ ဒီေတာ့ ႏွစ္ေယာက္စလုံးက အႏုပညာ ေလာကအေၾကာင္းကို သိၾကတယ္

။ ဒီေတာ့ အေထြအထူးေျပာဆိုစရာမလိုေတာ့ဘူးေပါ့။ လင္မယား ဆိုတာက တစ္ခါတစ္ရံ ကေတာက္ကဆေတာ့ ျဖစ္တတ္ၾကပါတယ္။ သူဘာလို႔ ဒါကိုမႀကိဳက္လဲ။ ကိုယ္သိရင္ ေနာက္ဆို သူမႀကိဳက္တာကိုမလုပ္နဲ႔၊ ေရွာင္ေပါ့။ သူလည္း ကိုယ္မႀကိဳက္တာကို မလုပ္နဲ႔ေပါ့။ တစ္အိမ္တည္းမွာေနေနၾကတဲ့ လင္မယား ေတြ အထင္အျမင္၊ အယူအဆေတြလြဲေနမယ္ဆိုရင္ ဘယ္လိုေနၾကမလဲ။ အခုဆိုရင္ သားသမီး ေတြရလာၾကေတာ့ ကိုယ္ေတြရဲ႕အေျပာအဆို၊ အျပဳအမူေတြကအစ သတိထားရတယ္ေလ”လို႔ ေျပတီဦးကေျပာပါတယ္။

အိမ္ေထာင္ေရး တြင္ နားလည္မႈေပးႏိုင္ေသာ္လည္း ေငြေၾကးမျပည့္စုံပါက အဆင္ေျပႏိုင္မည္မဟုတ္ေၾကာင္း ေျပတီဦးက ေျပာပါတယ္။ “မိဘက လက္ဦးဆရာမို႔ေပါ့။ အိမ္ေထာင္တစ္ခုမွာ နားလည္မႈက အဓိကပါပဲ။ ေငြေရးေၾကးေရး အဆင္ေျပမွ၊ ခ်စ္ၾကမွ၊ နားလည္မႈကိုတည္ေဆာက္ထားႏိုင္ၾကမွာေလ။ ခ်စ္ၾကၿပီး ေငြေၾကးမျပည့္စုံရင္လည္း ျဖတ္သန္းၾကရမယ့္မိသားစုဘဝက အဆင္ေျပမွာမဟုတ္ပါဘူး။ နားလည္မႈေတြ ဘယ္ေလာက္ပဲရွိရွိ အခ်ိန္တန္ရင္ ေငြေၾကး မျပည့္စုံေတာ့ အဆင္ေျပၾကမွာမဟုတ္ဘူးေလ။ ဒီေတာ့ နားလည္မႈေတြလည္းရွိ၊ အခ်စ္ကလည္းပါေနမယ္။ ေငြေရးေၾကးေရး ကလည္း အတန္အသင့္အဆင္ေျပၾကရင္ မိသားစု ဘဝကိုတည္ေဆာက္တဲ့အခါမွာ တျဖည္းျဖည္းနဲ႔အားလုံးအဆင္ေျပလာမွာပါပဲ၊ စီးပြားေရးကအစေပါ့”လို႔ ေျပတီဦး

အႏုပညာကိုခ်စ္ၾကတဲ့သူအခ်င္းခ်င္း အိမ္ေထာင္တစ္ခုကိုထူေထာင္ထားၾကျခင္းေၾကာင့္ ႏွစ္ဦးစလုံး နားလည္မႈအျပည့္အဝနဲ႔ မိသားစုကမာၻကို တည္ေဆာက္ထားၾကတယ္လို႔ သ႐ုပ္ေဆာင္ အကယ္ဒမီ ေျပတီဦးက ေျပာဆိုလာပါတယ္။“ႏွစ္ေယာက္စလုံးက အႏုပညာကိုခ်စ္ၾကပါတယ္။ ဒီအႏုပညာနဲ႔ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး ရပ္တည္ေနၾကတယ္။ ဒီေတာ့ ႏွစ္ေယာက္စလုံးက အႏုပညာေလာကအေၾကာင္းကို သိၾကတယ္

က ေျပာပါတယ္။

သားသမီး ေတြနဲ႔ပတ္သက္ၿပီး ဘာျဖစ္ရမယ္ဆိုတဲ့စိတ္မထားဘဲ သူတို႔ျဖစ္ခ်င္တဲ့သေဘာဆႏၵအတိုင္း ေဘးကေန ပံ့ပိုးေပးသြားမယ္လို႔ ဆိုခဲ့တဲ့အျပင္ မိသားစုအတြက္အခ်ိန္ေပးကာ သားသမီးမ်ားနဲ႔အတူေဆာ့ကစားၿပီး ဖခင္ေမတၱာကိုေပးတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

Credit-akhayar

UniCodeဖြင့်ဖတ်ရန်

အိမ်ထောင်ရေးတွင် နားလည်မှုနှင့် ငွေရေးကြေးရေးပါ အဓိကကျတယ်လို့ပြောတဲ့ ပြေတီဦး

အနုပညာကိုချစ်ကြတဲ့သူအချင်းချင်း အိမ်ထောင်တစ်ခုကိုထူထောင်ထားကြခြင်းကြောင့် နှစ်ဦးစလုံး နားလည်မှုအပြည့်အဝနဲ့ မိသားစုကမ္ဘာကို တည်ဆောက်ထားကြတယ်လို့ သရုပ်ဆောင် အကယ်ဒမီ ပြေတီဦးက ပြောဆိုလာပါတယ်။

“နှစ်ယောက်စလုံးက အနုပညာကိုချစ်ကြပါတယ်။ ဒီအနုပညာနဲ့ အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်နေကြတယ်။ ဒီတော့ နှစ်ယောက်စလုံးက အနုပညာလောကအကြောင်းကို သိကြတယ်။ ဒီတော့ အထွေအထူးပြောဆိုစရာမလိုတော့ဘူးပေါ့။ လင်မယားဆိုတာက တစ်ခါတစ်ရံ ကတောက်ကဆတော့ ဖြစ်တတ်ကြပါတယ်။ သူဘာလို့ ဒါကိုမကြိုက်လဲ။ ကိုယ်သိရင် နောက်ဆို သူမကြိုက်တာကိုမလုပ်နဲ့၊ ရှောင်ပေါ့။ သူလည်း ကိုယ်မကြိုက်တာကို မလုပ်နဲ့ပေါ့။ တစ်အိမ်တည်းမှာနေနေကြတဲ့လင်မယားတွေ အထင်အမြင်၊ အယူအဆတွေလွဲနေမယ်ဆိုရင် ဘယ်လိုနေကြမလဲ။ အခုဆိုရင် သားသမီးတွေရလာကြတော့ ကိုယ်တွေရဲ့အပြောအဆို၊ အပြုအမူတွေကအစ သတိထားရတယ်လေ”လို့ ပြေတီဦးကပြောပါတယ်။

အိမ်ထောင်ရေးတွင် နားလည်မှုပေးနိုင်သော်လည်း ငွေကြေးမပြည့်စုံပါက အဆင်ပြေနိုင်မည်မဟုတ်ကြောင်း ပြေတီဦးက ပြောပါတယ်။ “မိဘက လက်ဦးဆရာမို့ပေါ့။ အိမ်ထောင်တစ်ခုမှာ နားလည်မှုက အဓိကပါပဲ။ ငွေရေးကြေးရေးအဆင်ပြေမှ၊ ချစ်ကြမှ၊ နားလည်မှုကိုတည်ဆောက်ထားနိုင်ကြမှာလေ။ ချစ်ကြပြီး ငွေကြေးမပြည့်စုံရင်လည်း ဖြတ်သန်းကြရမယ့်မိသားစုဘဝက အဆင်ပြေမှာမဟုတ်ပါဘူး။ နားလည်မှုတွေ ဘယ်လောက်ပဲရှိရှိ အချိန်တန်ရင် ငွေကြေးမပြည့်စုံတော့ အဆင်ပြေကြမှာမဟုတ်ဘူးလေ။ ဒီတော့ နားလည်မှုတွေလည်းရှိ၊ အချစ်ကလည်းပါနေမယ်။ ငွေရေးကြေးရေးကလည်း အတန်အသင့်အဆင်ပြေကြရင် မိသားစုဘဝကိုတည်ဆောက်တဲ့အခါမှာ တဖြည်းဖြည်းနဲ့အားလုံးအဆင်ပြေလာမှာပါပဲ၊ စီးပွားရေးကအစပေါ့”လို့ ပြေတီဦးက ပြောပါတယ်။

သားသမီးတွေနဲ့ပတ်သက်ပြီး ဘာဖြစ်ရမယ်ဆိုတဲ့စိတ်မထားဘဲ သူတို့ဖြစ်ချင်တဲ့သဘောဆန္ဒအတိုင်း ဘေးကနေ ပံ့ပိုးပေးသွားမယ်လို့ ဆိုခဲ့တဲ့အပြင် မိသားစုအတွက်အချိန်ပေးကာ သားသမီးများနဲ့အတူဆော့ကစားပြီး ဖခင်မေတ္တာကိုပေးတယ်လို့ ပြောဆိုခဲ့ပါတယ်။

Credit-akhayar