ဖိနပ္တိုက္စားရတဲ႔ ဘ၀မွ သမၼတျဖစ္ခဲ႔သူ

၁၉၄၅ ခုနွစ္ ေအာက္တိုဘာ ၂၇ ရက္ေန႔မွာ ဆင္းရဲသား လယ္သမား မိသားစုဟာ ေကာင္ေလး တစ္ေယာက္ကို ေမြးဖြားခဲ့ပါတယ္…
ဆင္းရဲလြန္းတာေၾကာင့္ ေကာင္ေလးဟာ ၄ နွစ္သား အရြယ္ကတည္းက လမ္းေပၚမွာ ေျမပဲဆံလိုက္ေရာင္းခဲ့ရတယ္… ဒါေတာင္ အစားနပ္မွန္မွန္ သူမစားခဲ့ရသလို အ၀တ္အထည္ လံုလံုေလာက္ေလာက္လည္း မ၀တ္ဆင္ခဲ့ရပါဘူး… ေက်ာင္းစတက္စအရြယ္မွာ ေကာင္ေလးဟာ ေက်ာင္းအားလပ္ခ်ိန္တိုင္းအေဖာ္သူငယ္ခ်င္းနွစ္ေယာက္နဲ႔ဖိနပ္လိုက္တိုက္ခဲ့ပါတယ္…အကယ္၍ ဖိနပ္တိုက္တဲ့သူ မရွိရင္ သူတို႔အငတ္ခံေနၾကရပါတယ္…

ေကာင္ေလး ၁၂ နွစ္အရြယ္ေရာက္စဥ္တစ္ညမွာ ပင္းမင္းဆိုင္က သူေဌးတစ္ဦး ဖိနပ္လာတိုက္ ပါတယ္… ေကာင္ေလး နဲ႔ အေဖာ္ေတြဟာ သူ႔ထက္ငါ ဖိနပ္တိုက္ရဖို႔ သူေဌးဆီ ၀ိုင္းအံုသြားခဲ့ၾကတယ္… ေကာင္ေလး ၃ေယာက္ရဲ့ ေတာင့္တေနတဲ့ မ်က္၀န္းအစံုကိုၾကည့္ျပီး သူေဌးဆံုးျဖတ္ရခက္ေနပါတယ္…

ေနာက္ဆံုးေတာ့သူေဌးကအေၾကြေစ့ ၂ ေစ့ကိုထုတ္ျပီး“ဖိနပ္တိုက္ခ ၂ က်ပ္ေပးမယ္…ဘယ္သူဖိနပ္တိုက္ေပးမလဲ” ဆိုျပီးေမးပါတယ္…ဖိနပ္ တစ္ခါတိုက္မွ ျပား ၂၀ ပဲရတာ အခု ၁၀ ဆေလာက္ ပိုရမယ္ဆိုေတာ့ ေကာင္ေလး ၃ ေယာက္ရဲ့ မ်က္၀န္းေတြဟာ အေရာင္ေတြလင္းလက္ သြားေတာ့တာေပါ့… တစ္ေယာက္က

“က်ေနာ္တိုက္ပါရေစ.. မနက္ကတည္းက အစာမစားရေသးပါဘူး…
စားဖို႔ ပိုက္ဆံမွ မရရင္ က်ေနာ္ ဆာျပီးေသသြားနိုင္တယ္…” ဆိုျပီး ေျပာေလရဲ႕… ေနာက္တစ္ေယာက္ကလည္း

“က်ေနာ္တို႔အိမ္မွာအစာျပတ္ေနတာ၃ရက္ရွိသြားပါျပီ…
အေမကလည္း ေနမေကာင္းဘူး…အိမ္အတြက္က်ေနာ္စားစရာ၀ယ္ျပန္ေပးရမွာ…ဒီလိုမွ မဟုတ္ရင္ ညအိမ္ျပန္ေရာက္ရင္ က်ေနာ္အရိုက္ခံရေတာ့မယ္” ဆိုျပီးေျပာရွာပါတယ္…

ဒီအခ်ိန္မွာ ေနာက္ဆံုး က်န္ေနတဲ့ ေကာင္ေလးက သူေဌးလက္ထဲက ပိုက္ဆံကိုၾကည့္ျပီး ခဏစဥ္းစားတယ္.ျပီးေတာ့

“တကယ္လို႔ ဒီပိုက္ဆံ ၂ က်ပ္ က်ေနာ္ရခဲ့မယ္ဆိုရင္ သူတို႔နွစ္ေယာက္ကို တစ္ေယာက္ တစ္က်ပ္ ေပးလိုက္ပါ့မယ္” လို႔ေျပာေတာ့ သူေဌး နဲ႔ က်န္အေဖာ္ နွစ္ေယာက္ အံ့အားသင့္သြားၾကပါတယ္..

“သူတို႔က က်ေနာ့္ရဲ့အေကာင္းဆံုးသူငယ္ခ်င္းေတြပါ…
သူတို႔တကယ္ဆာေနၾကတာပါ..က်ေနာ္ကေတာ့ ေန႔လည္တုန္းက ေျမပဲဆံေလး နည္းနည္းစားထားရေတာ့ ဖိနပ္တိုက္ဖို႔ အားရွိေနပါေသးတယ္…သူေဌးဖိနပ္ကိုက်ေနာ္တိုက္ပါရေစ…
သူေဌးေက်နပ္ေစရပါ့မယ္”

ေကာင္ေလးရဲ့စကားေၾကာင့္သူေဌးခံစားသြားရတယ္… ေကာင္ေလးကို ဖိနပ္တိုက္ေစခဲ့ျပီး ေငြ ၂ က်ပ္ကိုေပးလိုက္တယ္… ေကာင္ေလးက ဘာမွမေျပာဘဲ သူ႔အေဖာ္ နွစ္ေယာက္ကို ခ်က္ခ်င္းခြဲေပးလိုက္တယ္…

ရက္အနည္းငယ္အၾကာမွာေတာ့သူေဌးက ေကာင္ေလးကိုရွာျပီး ေက်ာင္းအားလပ္ခ်ိန္တိုင္းမွာသူ႔ပင္းမင္းဆိုင္မွာအလုပ္၀င္ေစပါတယ္…ညစာထမင္းပါေကၽြးခဲ့တယ္…လုပ္အားခနည္းေပမယ့္ ဖိနပ္လိုက္တိုက္တာထက္စာရင္ ပိုအဆင္ေျပခဲ့ပါတယ္… ဒါဟာ ကိုယ့္ထက္ႏြမ္းပါးတဲ့သူကို ကူညီလို႔ ရလာတဲ့ အခြင့္အေရးဆိုတာေကာင္ေလးသိတယ္…

ဒါေၾကာင့္ ေနာင္ေတြမွာလည္း အခက္အခဲရွိသူတိုင္းကို သူတတ္စြမ္းသေလာက္ ကူညီခဲ့ပါတယ္…
ေနာက္ေတာ့ ေကာင္ေလး ဟာ ေက်ာင္းရပ္နားျပီးအလုပ္ရံုမွာအလုပ္သမား၀င္လုပ္ခဲ့ပါတယ္…
အလုပ္သမားေတြအတြက္ အလုပ္သမားအခြင့္အေရးရဖို႔ သူေတာင္းဆိုခဲ့တယ္… အသက္ ၂၁ နွစ္အရြယ္မွာ အလုပ္သမား အသင္းထဲ သူ၀င္ခဲ့တယ္…အသက္ ၄၅ နွစ္မွာ အလုပ္သမားပါတီကို သူတည္ေထာင္ခဲ့တယ္… ၂၀၀၂ ခုနွစ္ ေအာက္တိုဘာလမွာ

“ဒီနိုင္ငံမွာ ရိွတဲ့လူေတြအားလံုး တစ္ေန႔ကိုထမင္းသံုးနပ္ မွန္မွန္စားေစရမယ္…” ဆိုျပီးသူေရြးေကာက္ပြဲ၀င္ခဲ့တယ္…
ျပည္သူအမ်ားရဲ့ ေထာက္ခံမႈကို ရရွိခဲ့ျပီး အဲ့ဒီနိုင္ငံရဲ့ ၃၅ ဦးေျမာက္ သမၼတျဖစ္လာခဲ့တယ္…
အဲ့ဒီနိုင္ငံရဲ့သမိုင္းမွာ ပထမဆံုး အလုပ္သမားကေန သမၼတျဖစ္လာခဲ့သူအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္…

၂၀၀၆ ခုနွစ္မွာ ဒုတိယအၾကိမ္ သမၼတအျဖစ္ျပန္လည္အေရြးခံခဲ့ရျပီး သူသမၼတသက္တမ္း ၈ နွစ္အတြင္းမွာ သူေျပာခဲ့တဲ့အတိုင္း လက္ေတြ႕အေကာင္အထည္ေဖာ္ခဲ့တယ္… တစ္နိုင္ငံလံုမွာရွိတဲ့ ၉၃% ကေလးငယ္ေတြနဲ႔ ၈၃% အရြယ္ေရာက္ျပီးသူေတြကို တစ္ေန႔သံုးနပ္မွန္ေစခဲ့တဲ့အျပင္ သူ႔ရဲ့ဦးေဆာင္မႈေအာက္မွာ “ျမက္ကိုစားခဲ့တဲ့ ဒိုင္နိုေဆာ ဘ၀ကေန အေမရိကတိုက္ရဲ့ ျခေသၤ့” အျဖစ္ တစ္ကမာၻလံုးရဲ့ ၁၀ နိုင္ငံေျမာက္ စီးပြားေရးနိုင္ငံၾကီးျဖစ္ေစခဲ့တယ္…

သူကေတာ့ တျခားလူမဟုတ္ပါဘူး… ၂၀၁၀ ခုနွစ္ကုန္ပိုင္းမွာ သမၼတအျဖစ္ ရပ္နားခဲ့တဲ့ ဘရာဇီးနိုင္ငံရဲ့ သမၼတေဟာင္း Luiz Inacio Lula da Silva ပဲျဖစ္ပါတယ္…

ဒါေၾကာင့္ဘယ္လိုဘ၀ဘယ္လိုအေျခအေနမ်ိဳးမွာပဲျဖစ္ေနပါေစ…
ကိုယ့္ကိုယ္ကိုဘယ္ေတာ့မွဇြဲမေလွ်ာ့ပါနဲ႔…လူတိုင္းမွာ ေအာင္ျမင္မႈပန္းတိုင္ဆိုတာရွိေနျပီးသားပါ…အဲ့ဒီပန္းတိုင္ကို
ေရာက္ေအာင္ သြားဖို႔ၾကိဳးစားရမွာကသာ မိမိတာ၀န္ျဖစ္ပါတယ္…။

Credit_ Original uploader

============================

၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ဆင်းရဲသား လယ်သမား မိသားစုဟာ ကောင်လေး တစ်ယောက်ကို မွေးဖွားခဲ့ပါတယ်…
ဆင်းရဲလွန်းတာကြောင့် ကောင်လေးဟာ ၄ နှစ်သား အရွယ်ကတည်းက လမ်းပေါ်မှာ မြေပဲဆံလိုက်ရောင်းခဲ့ရတယ်… ဒါတောင် အစားနပ်မှန်မှန် သူမစားခဲ့ရသလို အဝတ်အထည် လုံလုံလောက်လောက်လည်း မဝတ်ဆင်ခဲ့ရပါဘူး… ကျောင်းစတက်စအရွယ်မှာ ကောင်လေးဟာ ကျောင်းအားလပ်ချိန်တိုင်းအဖော်သူငယ်ချင်းနှစ်ယောက်နဲ့ဖိနပ်လိုက်တိုက်ခဲ့ပါတယ်…အကယ်၍ ဖိနပ်တိုက်တဲ့သူ မရှိရင် သူတို့အငတ်ခံနေကြရပါတယ်…

ကောင်လေး ၁၂ နှစ်အရွယ်ရောက်စဉ်တစ်ညမှာ ပင်းမင်းဆိုင်က သူဌေးတစ်ဦး ဖိနပ်လာတိုက် ပါတယ်… ကောင်လေး နဲ့ အဖော်တွေဟာ သူ့ထက်ငါ ဖိနပ်တိုက်ရဖို့ သူဌေးဆီ ၀ိုင်းအုံသွားခဲ့ကြတယ်… ကောင်လေး ၃ယောက်ရဲ့ တောင့်တနေတဲ့ မျက်ဝန်းအစုံကိုကြည့်ပြီး သူဌေးဆုံးဖြတ်ရခက်နေပါတယ်…

နောက်ဆုံးတော့သူဌေးကအကြွေစေ့ ၂ စေ့ကိုထုတ်ပြီး“ဖိနပ်တိုက်ခ ၂ ကျပ်ပေးမယ်…ဘယ်သူဖိနပ်တိုက်ပေးမလဲ” ဆိုပြီးမေးပါတယ်…ဖိနပ် တစ်ခါတိုက်မှ ပြား ၂၀ ပဲရတာ အခု ၁၀ ဆလောက် ပိုရမယ်ဆိုတော့ ကောင်လေး ၃ ယောက်ရဲ့ မျက်ဝန်းတွေဟာ အရောင်တွေလင်းလက် သွားတော့တာပေါ့… တစ်ယောက်က

“ကျနော်တိုက်ပါရစေ.. မနက်ကတည်းက အစာမစားရသေးပါဘူး…
စားဖို့ ပိုက်ဆံမှ မရရင် ကျနော် ဆာပြီးသေသွားနိုင်တယ်…” ဆိုပြီး ပြောလေရဲ့… နောက်တစ်ယောက်ကလည်း

“ကျနော်တို့အိမ်မှာအစာပြတ်နေတာ၃ရက်ရှိသွားပါပြီ…
အမေကလည်း နေမကောင်းဘူး…အိမ်အတွက်ကျနော်စားစရာဝယ်ပြန်ပေးရမှာ…ဒီလိုမှ မဟုတ်ရင် ညအိမ်ပြန်ရောက်ရင် ကျနော်အရိုက်ခံရတော့မယ်” ဆိုပြီးပြောရှာပါတယ်…

ဒီအချိန်မှာ နောက်ဆုံး ကျန်နေတဲ့ ကောင်လေးက သူဌေးလက်ထဲက ပိုက်ဆံကိုကြည့်ပြီး ခဏစဉ်းစားတယ်.ပြီးတော့

“တကယ်လို့ ဒီပိုက်ဆံ ၂ ကျပ် ကျနော်ရခဲ့မယ်ဆိုရင် သူတို့နှစ်ယောက်ကို တစ်ယောက် တစ်ကျပ် ပေးလိုက်ပါ့မယ်” လို့ပြောတော့ သူဌေး နဲ့ ကျန်အဖော် နှစ်ယောက် အံ့အားသင့်သွားကြပါတယ်..

“သူတို့က ကျနော့်ရဲ့အကောင်းဆုံးသူငယ်ချင်းတွေပါ…
သူတို့တကယ်ဆာနေကြတာပါ..ကျနော်ကတော့ နေ့လည်တုန်းက မြေပဲဆံလေး နည်းနည်းစားထားရတော့ ဖိနပ်တိုက်ဖို့ အားရှိနေပါသေးတယ်…သူဌေးဖိနပ်ကိုကျနော်တိုက်ပါရစေ…
သူဌေးကျေနပ်စေရပါ့မယ်”

ကောင်လေးရဲ့စကားကြောင့်သူဌေးခံစားသွားရတယ်… ကောင်လေးကို ဖိနပ်တိုက်စေခဲ့ပြီး ငွေ ၂ ကျပ်ကိုပေးလိုက်တယ်… ကောင်လေးက ဘာမှမပြောဘဲ သူ့အဖော် နှစ်ယောက်ကို ချက်ချင်းခွဲပေးလိုက်တယ်…

ရက်အနည်းငယ်အကြာမှာတော့သူဌေးက ကောင်လေးကိုရှာပြီး ကျောင်းအားလပ်ချိန်တိုင်းမှာသူ့ပင်းမင်းဆိုင်မှာအလုပ်ဝင်စေပါတယ်…ညစာထမင်းပါကျွေးခဲ့တယ်…လုပ်အားခနည်းပေမယ့် ဖိနပ်လိုက်တိုက်တာထက်စာရင် ပိုအဆင်ပြေခဲ့ပါတယ်… ဒါဟာ ကိုယ့်ထက်နွမ်းပါးတဲ့သူကို ကူညီလို့ ရလာတဲ့ အခွင့်အရေးဆိုတာကောင်လေးသိတယ်…

ဒါကြောင့် နောင်တွေမှာလည်း အခက်အခဲရှိသူတိုင်းကို သူတတ်စွမ်းသလောက် ကူညီခဲ့ပါတယ်…
နောက်တော့ ကောင်လေး ဟာ ကျောင်းရပ်နားပြီးအလုပ်ရုံမှာအလုပ်သမားဝင်လုပ်ခဲ့ပါတယ်…
အလုပ်သမားတွေအတွက် အလုပ်သမားအခွင့်အရေးရဖို့ သူတောင်းဆိုခဲ့တယ်… အသက် ၂၁ နှစ်အရွယ်မှာ အလုပ်သမား အသင်းထဲ သူဝင်ခဲ့တယ်…အသက် ၄၅ နှစ်မှာ အလုပ်သမားပါတီကို သူတည်ထောင်ခဲ့တယ်… ၂၀၀၂ ခုနှစ် အောက်တိုဘာလမှာ

“ဒီနိုင်ငံမှာ ရှိတဲ့လူတွေအားလုံး တစ်နေ့ကိုထမင်းသုံးနပ် မှန်မှန်စားစေရမယ်…” ဆိုပြီးသူရွေးကောက်ပွဲဝင်ခဲ့တယ်…
ပြည်သူအများရဲ့ ထောက်ခံမှုကို ရရှိခဲ့ပြီး အဲ့ဒီနိုင်ငံရဲ့ ၃၅ ဦးမြောက် သမ္မတဖြစ်လာခဲ့တယ်…
အဲ့ဒီနိုင်ငံရဲ့သမိုင်းမှာ ပထမဆုံး အလုပ်သမားကနေ သမ္မတဖြစ်လာခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်…

၂၀၀၆ ခုနှစ်မှာ ဒုတိယအကြိမ် သမ္မတအဖြစ်ပြန်လည်အရွေးခံခဲ့ရပြီး သူသမ္မတသက်တမ်း ၈ နှစ်အတွင်းမှာ သူပြောခဲ့တဲ့အတိုင်း လက်တွေ့အကောင်အထည်ဖော်ခဲ့တယ်… တစ်နိုင်ငံလုံမှာရှိတဲ့ ၉၃% ကလေးငယ်တွေနဲ့ ၈၃% အရွယ်ရောက်ပြီးသူတွေကို တစ်နေ့သုံးနပ်မှန်စေခဲ့တဲ့အပြင် သူ့ရဲ့ဦးဆောင်မှုအောက်မှာ “မြက်ကိုစားခဲ့တဲ့ ဒိုင်နိုဆော ဘဝကနေ အမေရိကတိုက်ရဲ့ ခြင်္သေ့” အဖြစ် တစ်ကမ္ဘာလုံးရဲ့ ၁၀ နိုင်ငံမြောက် စီးပွားရေးနိုင်ငံကြီးဖြစ်စေခဲ့တယ်…

သူကတော့ တခြားလူမဟုတ်ပါဘူး… ၂၀၁၀ ခုနှစ်ကုန်ပိုင်းမှာ သမ္မတအဖြစ် ရပ်နားခဲ့တဲ့ ဘရာဇီးနိုင်ငံရဲ့ သမ္မတဟောင်း Luiz Inacio Lula da Silva ပဲဖြစ်ပါတယ်…

ဒါကြောင့်ဘယ်လိုဘဝဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်နေပါစေ…
ကိုယ့်ကိုယ်ကိုဘယ်တော့မှဇွဲမလျှော့ပါနဲ့…လူတိုင်းမှာ အောင်မြင်မှုပန်းတိုင်ဆိုတာရှိနေပြီးသားပါ…အဲ့ဒီပန်းတိုင်ကို
ရောက်အောင် သွားဖို့ကြိုးစားရမှာကသာ မိမိတာဝန်ဖြစ်ပါတယ်…။

Credit_ Original uploade