ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါရွိသူ မ်ား သိထားသင့္ေသာ ေျခေထာက္ က်န္းမာေရး

သင့္မွာ ဆီးခ်ိဳ ေသြးခ်ိဳ ေရာဂါ ရွိရင္ ေျခေထာက္ ကို ၾကည့္႐ႈ စစ္ေဆးၿပီး ေျခေထာက္ အေရျပား ကို အၿမဲ ေျခာက္ ေသြ႕သန္႔စင္ေအာင္ ထားဖို႔ အေရးႀကီး ပါတယ္။

ဒီလိုနည္းေတြနဲ႔ ထိန္းသိမ္းေပးမွ သာ ေျခေထာက္မွာ ကူးစက္ပိုးဝင္ႏိုင္ေျခ ကို ေလ်ာ့က်ေစၿပီး ေျခေထာက္ကို က်န္း မာေနေအာင္ ကာကြယ္ထိန္းသိမ္းရာ ေရာက္ပါတယ္။

(၁) ေျခေထာက္က္ကိိုု ေန႔စဥ္ စစ္ေဆးပါ။

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိသူေတြမွာ နာ့ဗ္ေၾကာထိခိုက္မႈျဖစ္ႏိုင္ေျခ မ်ားတာ ေၾကာင့္ ေျခေထာက္မွာ အနာေတြ၊ အက္ရာေတြရွိရင္ေတာင္ သိဖို႔ ခက္ခဲပါ တယ္။

“ဆီးခ်ိဳေသြးခ်ိဳေရာဂါရွင္ေတြအ ေနနဲ႔ ေျခေထာက္မွာ အက္ရာရွိသလား၊ အေရျပား ေျခာက္ေသြ႕ေနသလား၊

အ ေရာင္ေတြ ေျပာင္းေနသလား၊ အနာရွိ ေနသလားစတဲ့ အေျပာင္းအလဲေတြ ရွိ၊ မရွိ ေန႔စဥ္ စစ္ေဆးသင့္ပါတယ္”လို႔ စတီ ဗင္က ဆိုပါတယ္။

ေျခဖဝါးကို မွန္တစ္ ခ်ပ္နဲ႔ စစ္ေဆးပါ ဒါမွမဟုတ္ သင့္မိသား စုဝင္တစ္ဦးကို ၾကည့္႐ွဴစစ္ေဆးခိုင္းပါ။

(၂)ေရပူစိမ္ျခင္း ေရွာင္ပါ

ဆီးခ်ိဳေရာဂါရွင္ေတြအေနနဲ႔ နာ့ဗ္ ေၾကာထိခိုက္မႈျဖစ္ရင္ ပူလြန္းတဲ့ ေရထဲ မစိမ္သင့္ပါဘူး။

ေျခေထာက္အေရျပား ေတြ ကြာက်တာမ်ိဳး ျဖစ္ႏိုင္လို႔ပါ။

ေရ ရဲ႕ အပူခ်ိန္ကို မစစ္ေဆးဘဲ ေရစိမ္ကန္ ထဲ စိမ္ခ်ိဳးလိုက္ရင္ ေျခေထာက္မွာ အ ပူေလာင္နာနဲ႔ အရည္ၾကည္ဖုေတြ ေပါက္ တတ္ပါတယ္။

ဒါေၾကာင့္ ေရစိမ္ကန္ထဲ က ေရရဲ႕ အပူခ်ိန္ကို သိႏိုင္ဖို႔ လက္တံ ေတာင္နဲ႔ တိုင္းတာစစ္ေဆးၾကည့္ပါ။

(၃) ေျခဗလာျဖင့္ လမ္းမေလွ်ာက္ပါနဲ႔

လမ္းေလွ်ာက္တဲ့အခါတိုင္း ဖိနပ္စီး တာက ေျခေထာက္ေတြကို ကာကြယ္ ရာေရာက္ပါတယ္။

ဖိနပ္မပါဘဲ လမ္း ေလွ်ာက္ပါက ဖန္စ၊ အမိႈက္သ႐ိုက္၊ အ ခြ်န္အတက္စတာေတြ ကပ္ၿငိၿပီး ေျခ ေထာက္မွာ ေသးငယ္တဲ့ ျပတ္ရွရာ၊ ျခစ္ ရာ၊ ဒဏ္ရာေလးေတြ ျဖစ္တတ္ပါတယ္။

ေျခေထာက္နာ့ဗ္ေၾကာထိခိုက္ေနရင္ ကူး စက္ပိုးဝင္ေနရင္ေတာင္ သိႏိုင္ဖို႔ မလြယ္ ပါဘူး။

ဒါေၾကာင့္ အိမ္ထဲမွာေနရင္ေတာင္ အိမ္တြင္းစီးဖိနပ္ကို စီးထားသင့္ပါတယ္။

(၄) ေျခေထာက္အေရျပား ေျခာက္ ေသြြ႕ေနပါေစ

ေျခေထာက္ကို ေျခာက္ေသြ႕ေအာင္ ထားတာက တစ္ကိုယ္ေရသန္႔ရွင္းေရး နည္းလမ္းတစ္ရပ္ျဖစ္ပါတယ္။

ေျခ ေခ်ာင္းၾကားေနရာက အလြန္က်ပ္ေန တာေၾကာင့္ အေရျပားက စိုစြတ္ၿပီး ပ်က္ စီးကာ ကူးစက္ပိုးဝင္ႏိုင္ေျခ မ်ားပါတယ္။

ဒါေၾကာင့္ ေျခေထာက္ကို ေဆးေၾကာ သန္႔စင္ၿပီးခ်ိန္မွာ မ်က္ႏွာသုတ္ပဝါနဲ႔ သုတ္ေပးပါ။

ေျခအိတ္ေတြ၊ ဖိနပ္ေတြက စိုစြတ္ေနရင္ ခ်က္ခ်င္းခြ်တ္ထားပါ။ ေျခ ေခ်ာင္းၾကားေနရာမွာ ေျခာက္ေသြ႕ကြဲ အက္မႈ မျဖစ္ေစဖို႔ အစိုဓာတ္ထိန္းခရင္မ္ ခပ္ပါးပါး လိမ္းေပးထားႏိုင္ပါတယ္။

(၅) ေျခေထာက္ျပႆနာ ကုိခ်က္ျခင္း ကုသပါ

ေျခေထာက္ အသားမာတက္တာ၊ အဖုေပါက္တာ၊ ေျခမအနာျဖစ္တာ၊ အ ရည္ၾကည္ဖုေပါက္တာစတဲ့ အေရျပား ျပႆနာေတြအားလံုးကို ခ်က္ခ်င္းကုသ မႈ ခံယူပါ။

ဒီအနာေတြက ကုသမႈမခံယူ ဘဲ ပစ္ထားရင္ ပိုးဝင္ႏိုင္ေျခ ျမင့္မားပါ တယ္။

(၆) အထူးဖိနပ္ကုိစီးပါ

ေျခေထာက္အတြက္ သက္ေသာင့္ သက္သာရွိၿပီး ေလဝင္ေလထြက္ေကာင္း ေစတဲ့ ဖိနပ္မ်ိဳးကို ေရြးစီးသင့္ပါတယ္။

ဒီလို ဖိနပ္မ်ိဳးကို စီးတာေၾကာင့္ ေျခ ေထာက္အေပၚကို ဖိအားသက္ေရာက္မႈ ေလ်ာ့က်ေစပါတယ္။

(၇) ေျခေထာက္ အေပၚ ဖိအားနည္းသည့္ ေလ့က်င့္ခန္းလုပ္ပါ

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိသူေတြအ ေနနဲ႔ ေလ့က်င့္ခန္းလုပ္တာေၾကာင့္ ေရာ ဂါသက္သာေစပါတယ္။

ဒါေပမဲ့ ကခုန္ရ တာ၊ ႀကိဳးခုန္တာတို႔လို ေလ့က်င့္ခန္းမ်ိဳး က ေျခေထာက္ကို ဖိအားသက္ေရာက္ ေစႏိုင္ပါတယ္။

လမ္းေလွ်ာက္တာလို ေလ့က်င့္ခန္းမ်ိဳးက ေျခေထာက္အေပၚ ဖိအားသက္ေရာက္မႈ နည္းေစပါတယ္။ လမ္းေလွ်ာက္မယ္ဆိုရင္ သက္ေသာင့္ သက္သာရွိေစတဲ့ ႐ွဴးဖိနပ္ကို စီးပါ။

(၈) ေဆးလိပ္ျဖတ္ပါ

ေဆးလိပ္ေသာက္တာေၾကာင့္ ဦး ေခါင္းမွ ေျခေထာက္အထိ ထိခိုက္မႈ ျဖစ္ ေစႏိုင္ပါတယ္။ စီးကရက္ထဲက နီကို တင္းဟာ အေရျပားထဲမွာ ေသြးလွည့္ ပတ္မႈကို ၇၀ ရာခိုင္ႏႈန္း ေလ်ာ့က်ေစပါ တယ္။

ေဆးလိပ္ေသာက္ရင္ ေျခေထာက္ မွာ အာဟာရနဲ႔ ေအာက္ဆီဂ်င္ေပါမ်ား တဲ့ ေသြးေတြ ျပတ္လပ္မႈေၾကာင့္ ေျခ ေထာက္က်န္းမာေရးထိခိုက္ကာ ကူးစက္ ပိုးဝင္ႏိုင္ေျခကို ျမင့္မားေစပါတယ္။

(၉) ေသြးတြင္းသၾကားဓာတ္ကုိစစ္ေဆးပါ

ေသြးတြင္းသၾကားဓာတ္ပမာဏနဲ႔ နာ့ဗ္ဆဲလ္ေတြရဲ႕ ထိခိုက္မႈက တိုက္႐ိုက္ ဆက္စပ္မႈ ရွိေနပါတယ္။

ေသြးတြင္းသ ၾကားဓာတ္ကို မထိန္းခ်ဳပ္ႏိုင္တာေၾကာင့္ နာဗ့္ေၾကာထိခိုက္မႈကို ျဖစ္ေစႏိုင္ၿပီး ေျခ ေထာက္မွာ ပိုးဝင္ကူးစက္ႏိုင္ေျခ ျမင့္မား ပါတယ္။

(၁၀) ပံံုမွန္ က်န္းမာေရးစစ္ေဆးမႈခံယူပါ

ဆီးခ်ိဳေသြးခ်ိဳေရာဂါရွိရင္ ကိုယ္အ ေလးခ်ိန္၊ ေသြးတြင္း သၾကားဓာတ္ပမာ ဏ၊ ေသြးဖိအားစတဲ့ အခ်က္အလက္ ေတြကို သိႏိုင္ေအာင္ ပံုမွန္ က်န္းမာေရး စစ္ေဆးမႈ ခံယူဖို႔ လိုပါတယ္။

Unicode >>>

ဆီးချို သွေးချို ရောဂါရှိသူ များ သိထားသင့်သော ခြေထောက် ကျန်းမာရေး

သင့်မှာ ဆီးချို သွေးချို ရောဂါ ရှိရင် ခြေထောက် ကို ကြည့်ရှု စစ်ဆေးပြီး ခြေထောက် အရေပြား ကို အမြဲ ခြောက် သွေ့သန့်စင်အောင် ထားဖို့ အရေးကြီး ပါတယ်။

ဒီလိုနည်းတွေနဲ့ ထိန်းသိမ်းပေးမှ သာ ခြေထောက်မှာ ကူးစက်ပိုးဝင်နိုင်ခြေ ကို လျော့ကျစေပြီး ခြေထောက်ကို ကျန်း မာနေအောင် ကာကွယ်ထိန်းသိမ်းရာ ရောက်ပါတယ်။

(၁) ခြေထောက်က်ကိိုု နေ့စဉ် စစ်ဆေးပါ။

ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ နာ့ဗ်ကြောထိခိုက်မှုဖြစ်နိုင်ခြေ များတာ ကြောင့် ခြေထောက်မှာ အနာတွေ၊ အက်ရာတွေရှိရင်တောင် သိဖို့ ခက်ခဲပါ တယ်။

“ဆီးချိုသွေးချိုရောဂါရှင်တွေအ နေနဲ့ ခြေထောက်မှာ အက်ရာရှိသလား၊ အရေပြား ခြောက်သွေ့နေသလား၊

အ ရောင်တွေ ပြောင်းနေသလား၊ အနာရှိ နေသလားစတဲ့ အပြောင်းအလဲတွေ ရှိ၊ မရှိ နေ့စဉ် စစ်ဆေးသင့်ပါတယ်”လို့ စတီ ဗင်က ဆိုပါတယ်။

ခြေဖဝါးကို မှန်တစ် ချပ်နဲ့ စစ်ဆေးပါ ဒါမှမဟုတ် သင့်မိသား စုဝင်တစ်ဦးကို ကြည့်ရှူစစ်ဆေးခိုင်းပါ။

(၂)ရေပူစိမ်ခြင်း ရှောင်ပါ

ဆီးချိုရောဂါရှင်တွေအနေနဲ့ နာ့ဗ် ကြောထိခိုက်မှုဖြစ်ရင် ပူလွန်းတဲ့ ရေထဲ မစိမ်သင့်ပါဘူး။

ခြေထောက်အရေပြား တွေ ကွာကျတာမျိုး ဖြစ်နိုင်လို့ပါ။

ရေ ရဲ့ အပူချိန်ကို မစစ်ဆေးဘဲ ရေစိမ်ကန် ထဲ စိမ်ချိုးလိုက်ရင် ခြေထောက်မှာ အ ပူလောင်နာနဲ့ အရည်ကြည်ဖုတွေ ပေါက် တတ်ပါတယ်။

ဒါကြောင့် ရေစိမ်ကန်ထဲ က ရေရဲ့ အပူချိန်ကို သိနိုင်ဖို့ လက်တံ တောင်နဲ့ တိုင်းတာစစ်ဆေးကြည့်ပါ။

(၃) ခြေဗလာဖြင့် လမ်းမလျှောက်ပါနဲ့

လမ်းလျှောက်တဲ့အခါတိုင်း ဖိနပ်စီး တာက ခြေထောက်တွေကို ကာကွယ် ရာရောက်ပါတယ်။

ဖိနပ်မပါဘဲ လမ်း လျှောက်ပါက ဖန်စ၊ အမှိုက်သရိုက်၊ အ ချွန်အတက်စတာတွေ ကပ်ငြိပြီး ခြေ ထောက်မှာ သေးငယ်တဲ့ ပြတ်ရှရာ၊ ခြစ် ရာ၊ ဒဏ်ရာလေးတွေ ဖြစ်တတ်ပါတယ်။

ခြေထောက်နာ့ဗ်ကြောထိခိုက်နေရင် ကူး စက်ပိုးဝင်နေရင်တောင် သိနိုင်ဖို့ မလွယ် ပါဘူး။

ဒါကြောင့် အိမ်ထဲမှာနေရင်တောင် အိမ်တွင်းစီးဖိနပ်ကို စီးထားသင့်ပါတယ်။

(၄) ခြေထောက်အရေပြား ခြောက် သွွေ့နေပါစေ

ခြေထောက်ကို ခြောက်သွေ့အောင် ထားတာက တစ်ကိုယ်ရေသန့်ရှင်းရေး နည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။

ခြေ ချောင်းကြားနေရာက အလွန်ကျပ်နေ တာကြောင့် အရေပြားက စိုစွတ်ပြီး ပျက် စီးကာ ကူးစက်ပိုးဝင်နိုင်ခြေ များပါတယ်။

ဒါကြောင့် ခြေထောက်ကို ဆေးကြော သန့်စင်ပြီးချိန်မှာ မျက်နှာသုတ်ပဝါနဲ့ သုတ်ပေးပါ။

ခြေအိတ်တွေ၊ ဖိနပ်တွေက စိုစွတ်နေရင် ချက်ချင်းချွတ်ထားပါ။ ခြေ ချောင်းကြားနေရာမှာ ခြောက်သွေ့ကွဲ အက်မှု မဖြစ်စေဖို့ အစိုဓာတ်ထိန်းခရင်မ် ခပ်ပါးပါး လိမ်းပေးထားနိုင်ပါတယ်။

(၅) ခြေထောက်ပြဿနာ ကိုချက်ခြင်း ကုသပါ

ခြေထောက် အသားမာတက်တာ၊ အဖုပေါက်တာ၊ ခြေမအနာဖြစ်တာ၊ အ ရည်ကြည်ဖုပေါက်တာစတဲ့ အရေပြား ပြဿနာတွေအားလုံးကို ချက်ချင်းကုသ မှု ခံယူပါ။

ဒီအနာတွေက ကုသမှုမခံယူ ဘဲ ပစ်ထားရင် ပိုးဝင်နိုင်ခြေ မြင့်မားပါ တယ်။

(၆) အထူးဖိနပ်ကိုစီးပါ

ခြေထောက်အတွက် သက်သောင့် သက်သာရှိပြီး လေဝင်လေထွက်ကောင်း စေတဲ့ ဖိနပ်မျိုးကို ရွေးစီးသင့်ပါတယ်။

ဒီလို ဖိနပ်မျိုးကို စီးတာကြောင့် ခြေ ထောက်အပေါ်ကို ဖိအားသက်ရောက်မှု လျော့ကျစေပါတယ်။

(၇) ခြေထောက် အပေါ် ဖိအားနည်းသည့် လေ့ကျင့်ခန်းလုပ်ပါ

ဆီးချိုသွေးချိုရောဂါရှိသူတွေအ နေနဲ့ လေ့ကျင့်ခန်းလုပ်တာကြောင့် ရော ဂါသက်သာစေပါတယ်။

ဒါပေမဲ့ ကခုန်ရ တာ၊ ကြိုးခုန်တာတို့လို လေ့ကျင့်ခန်းမျိုး က ခြေထောက်ကို ဖိအားသက်ရောက် စေနိုင်ပါတယ်။

လမ်းလျှောက်တာလို လေ့ကျင့်ခန်းမျိုးက ခြေထောက်အပေါ် ဖိအားသက်ရောက်မှု နည်းစေပါတယ်။ လမ်းလျှောက်မယ်ဆိုရင် သက်သောင့် သက်သာရှိစေတဲ့ ရှူးဖိနပ်ကို စီးပါ။

(၈) ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်တာကြောင့် ဦး ခေါင်းမှ ခြေထောက်အထိ ထိခိုက်မှု ဖြစ် စေနိုင်ပါတယ်။ စီးကရက်ထဲက နီကို တင်းဟာ အရေပြားထဲမှာ သွေးလှည့် ပတ်မှုကို ရ၀ ရာခိုင်နှုန်း လျော့ကျစေပါ တယ်။

ဆေးလိပ်သောက်ရင် ခြေထောက် မှာ အာဟာရနဲ့ အောက်ဆီဂျင်ပေါများ တဲ့ သွေးတွေ ပြတ်လပ်မှုကြောင့် ခြေ ထောက်ကျန်းမာရေးထိခိုက်ကာ ကူးစက် ပိုးဝင်နိုင်ခြေကို မြင့်မားစေပါတယ်။

(၉) သွေးတွင်းသကြားဓာတ်ကိုစစ်ဆေးပါ

သွေးတွင်းသကြားဓာတ်ပမာဏနဲ့ နာ့ဗ်ဆဲလ်တွေရဲ့ ထိခိုက်မှုက တိုက်ရိုက် ဆက်စပ်မှု ရှိနေပါတယ်။

သွေးတွင်းသ ကြားဓာတ်ကို မထိန်းချုပ်နိုင်တာကြောင့် နာဗ့်ကြောထိခိုက်မှုကို ဖြစ်စေနိုင်ပြီး ခြေ ထောက်မှာ ပိုးဝင်ကူးစက်နိုင်ခြေ မြင့်မား ပါတယ်။

(၁၀) ပုံံမှန် ကျန်းမာရေးစစ်ဆေးမှုခံယူပါ

ဆီးချိုသွေးချိုရောဂါရှိရင် ကိုယ်အ လေးချိန်၊ သွေးတွင်း သကြားဓာတ်ပမာ ဏ၊ သွေးဖိအားစတဲ့ အချက်အလက် တွေကို သိနိုင်အောင် ပုံမှန် ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုပါတယ်။