လူထြက္ခ်င္လို႔ အေမ႔စီ ဖုန္းဆက္လိုက္မိတဲ့ ဦးဇင္းေလး ရဲ႕ ျဖစ္ရပ္

ဦးဇင္း ​အ​ေမ့ကို မသနားဘူးလား ဘုရား

စာဝါခ်ိန္​​ေလးၿပီးလို္႔ ဖုန္​း​ေလး​ေကာက္​ကိုင္​ ဖုန္​းစာအုပ္​ထဲက ဖုန္​းနံပါတ္​ အမွတ္​အသား အ​ေမဆိုတဲ့ နာမည္​​ေလးကို ႏွိပ္​ၿပီး ဖုန္​း​ေခၚမိတယ္​

ဖုန္​းကိုင္​ခဲ့သူက အ​ေမ ညင္​သာတဲ့စကားလံုး​ေလးနဲ႔ ဦးဇင္​းဘာအလို႐ွိလည္​းတဲ့ အ​ေမစကားသံ​ေလး ၾကားမိ​ေတာ့ ​​​လူထြက္​မယ္​လို႔ ေျပာခ်င္​တဲ့ စကား ေျပာမထြက္ခဲ့ဘူး ဆြံ႔အ​​ေနခဲ့တယ္

အ​ေမ​ေျပာတဲ့စကားက ဦးဇင္​းဘာအလို႐ွိလည္​းတဲ့ ​ေပးဆပ္​ျခင္​းနဲ႔ ခ်စ္​​ျပၿပီး ခ်စ္​​ေနခဲ့တဲ့အ​ေမ ဦးဇင္​း အ​ေမ့ကို ဘာ​ေပးမလို႔လည္​း မ​​ေျပာခဲ့ဘူး သားသမီး​ေတြရဲ႕အ​ေပၚ ဘာတစ္​ခုမွ မ​ေတာင္​းဆိုခဲ့သလို ဘယ္​အရာကိုမွလည္​း မ​ေမွ်ာ္​လင္​့ခဲ့ဘူး

ဦးဇင္​းဘဝကို လို​ေလ​ေသးမ႐ွိ​ေအာင္​ ​ေမတၱာတရား​ေတြ လႊမ္​းျခံဳၿပီး ျပည္​့ျပည္​့စံုစံု ခ်စ္​​ေပးခဲ့တဲ့ အ​ေမ့ကို ဦးဇင္​း​ေျပာခ်င္​တဲ့ စကားက ​ေက်းဇူးကန္​းသလိုမ်ား ျဖစ္​​ေနမလားလို႔ ​ေတြး​ေနမိတယ္​

လယ္​ယာ​ေျမမွာ ​ေခြၽးဒီးဒီးက်​ေအာင္​ လုပ္​ၿပီးမွ တစ္​​ေန႔လုပ္​ တစ္​​ေန႔စား​ေနရတဲ့ အ​ေမ ခုခ်ိန္​မွာ​ေတာ့ ဦးဇင္​းအ​ေမ့ဆီက ဘာမွမလိုခ်င္​​ေတာ့ပါဘူး အ​ေမရယ္​ ကိုယ္​အားကိုယ္​ကိုးၿပီး ​ေနတတ္​​ေနပါၿပီအ​ေမ

ဦးဇင္​းအ​ေမ့ဆီ ဖုန္​းဆက္​ရတဲ့ အ​ေၾကာင္​းရင္​းက အ​ေမ့ကို ယာခင္​းထဲမွာ ​ေနပူပူ မိုးရြာရြာ က်န္​းမာ​ေရးကို ဂ႐ုမစိုက္​အား အလုပ္​ လုပ္​​ေနတာကို မၾကည္​့ရက္​ မျမင္​ရက္​​ေတာ့လို႔ပါ အ​ေမ ဦးဇင္း​အ​ေမ့ကို လူထြက္​ၿပီး လုပ္​​ေကြၽးပါရ​ေစ အ​ေမ

အ​ေမ့ဘက္​က စကားျပန္​မ​ေျပာရက္​ႏိုင္​​ေအာင္​ တိတ္​ဆိပ္​ၿငိမ္​သက္​​ေနခဲ့တယ္​ ခနအၾကာမွာ​ေတာ့ ငို​ေႂကြးသံနဲ႔ တုန္​တုန္​ယင္​ယင္​ အ​ေမ​ေျပာတဲ့ စကား ဦးဇင္​းတပည္​့​ေတာ္​ကို `မသနားဘူးလားဘုရားတဲ့´

​သာသနာ့​ေဘာင္​မွာ ​ေနတဲ့ ရဟန္​းသံဃာတိုင္​းဟာ ဦးဇင္​း​ေျပာသလို အိမ္​ကမိဘ​ေတြ အဆင္​​ေျပ​ေျပ​ေနရလို႔ သာသနာ့​ေဘာင္​မွာ ​ရဟန္းဝတ္​​ေနၾကတယ္​လို႔ ဦးဇင္​းထင္​လို႔လားဘုရား အနည္​းနဲ႔အမ်ား​ေတာ့ အ​ေမတို႔နဲ႔ဘဝတူ ရဟန္​းသံဃာ​ေတြ႐ွိ​ေနမွာပါဘုရား ဦးဇင္​းရဲ႕လူထြက္​မယ္​ဆိုတဲ့စကား​က တပည္​့​ေတာ္​မရဲ႕ ရင္​ဝကို ​ေဆာင္​့ကန္​လိုက္​သလို ခံစားရတယ္​ဘုရား အ​ေမ့ကိုစိတ္​ခ်မ္​းသာ​ေစခ်င္​ရင္​ လူမထြက္​ခဲ့ပါနဲ႔ဘုရား အ​ေမ့ပါးျပင္​က မ်က္​ရည္​ ဦးဇင္​း​ေၾကာင္​း မက်ပါရ​ေစနဲ႔ဘုရား

အ​ေမ့ဘဝမွာ မၾကားခ်င္​ဆံုး စကားက ဦးဇင္​း႐ွီက လူထြက္​မယ္​ဆိုတဲ့ စကားပါ ဦးဇင္​းဘုရား ဘာအဆင္​မ​ေျပတာ႐ွိလို႔ လူထြက္​ခ်င္​ရတာလည္​း ဦးဇင္​းဘုရား အ​ေမ့ကို လုပ္​ေက်ြးခ်င္လို႔​​ဆိုတဲ့ အ​ေၾကာင္​းျပခ်က္​နဲ႔​ေတာ့ လူထြက္​ဖို႔ စိတ္​မကူးပါနဲ႔ ဘုရား

ဦးဇင္​း႐ွီက တပည္​့​ေတာ္​ ဘာတစ္​ခုမွ မ​ေမွ်ာ္​လင္​့ခဲ့သလို ဘာတစ္​ခုမွလည္​း မ​ေတာင္​းဆိုခဲ့ဘူး အ​ေမ့​ေမြး​ေက်းဇူးကို စာနာ ​ေထာက္​ထား​ေသာအားျဖင္​့ ​ေတာင္​းဆိုပါရ​ေစ တပည္​့​ေတာ္​ သက္​ဆံုးတိုင္​ ဦးဇင္​းကို အဝါ​ေရာင္​ သကၤန္​းဆင္​ျမန္​းဝတ္​ရံု​ေလးနဲ႔ ျမင္​ပါရ​ေစ ဦးဇင္​းရယ္​

အ​ေမ့ကို သနားရင္​ လူမထြက္ခဲ့​​ပါနဲ႔ဘုရား အ​ေမ့ရဲ႕​ေ​မြး​ေက်းဇူးကိုဆပ္​တဲ့အ​ေနနဲ႔ သာသနာ​့​ေဘာင္​မွာ ​ေန​ေပးပါ တပည္​့​ေတာ္​​ လယ္​ထဲမွာ ​ေခြၽးဒီးဒီးျပန္​​ေအာင္​ လုပ္​ကိုင္​​ေနရ​တာကို မျမင္​ရက္​လို႔ လူထြက္​ၿပီး လုပ္​​ေကြၽးမယ္​လို႔ စိတ္​မကူးပါနဲ႔ ဦးဇင္​းဘုရား

တပည္​့​ေတာ္​ ခႏၶာပင္​ပမ္​း​ေပမယ္​့ သာသနာ့​ေဘာင္​မွာ သားဦးဇင္​း႐ွိတယ္​ဆိုတဲ့ အသိနဲ႔ တပည္​့​ေတာ္​ စိတ္​ခ်မ္​းသာ​ေနရတယ္​ဘုရား ဦးဇင္​းလူထြက္​လို႔ အ​ေမ့ကို လုပ္​​ေကြၽးရင္​ တပည္​့​ေတာ္​ရဲ႕ခႏၶာမပင္​ပမ္​းရ​ေပမယ္​့ စိတ္​ခ်မ္​းသာမွာမဟုတ္​ဘူး ဦးဇင္​းဘုရား

လူ႔​ေဘာင္​ လူ႔​ေလာကဆိုတာ ဦးဇင္​းထင္​သလို မလြယ္​ကူလွပါဘူးဘုရား ပူပင္​ဒုကၡ​ေတြနဲ႔ ​လံုး​ေထြး​ေနတဲ့ ​ေလာကပါ ဦးဇင္​းကို အ႐ွဳပ္​​ေတြနဲ႔ လူမလုပ္​​ေစခ်င္​ဘူးဘုရား

သာသနာ့​ေဘာင္​မွာ​ေနၿပီး ဘုရားရိပ္​ကိုခိုလွံဳ တရား​ေတာ္​​ေတြကို သင္​ၾကားသာ ျမင္​​ေန ၾကား​ေနရရင္​ တပည္​့​ေတာ္​ၾကည္​ႏူးဝမ္​းသာလွပါတယ္​ဘုရား

ဦးဇင္းလည္း သာသနာ့​ေျမမွာ ​​ေပ်ာ္​​ေအာင္​​ေနၿပီး သံသရာလြတ္​​ေၾကာင္​း နည္​းလမ္​း​ေကာင္​​း​ေတြနဲ႔ တရားဓမၼ​ေတြကို ​ေလ့လာဆည္​းပူး သင္​ၾကားရင္​ ဘုရား႐ွင္​ရဲ႕ ဝိနည္​း​ေတာ္​နဲ႔ အညီ လိုက္​နာက်င္​့သံုး ေနထိုင္​ႏိုင္​​ေအာင္​ ႀကိဳးစားပါဘုရား

အ​ေမ့တို႔အတြက္​ ဘာမွမပူခဲ့ပါနဲ႔ ဦးဇင္​းဘုရား ဦးဇင္​းသာ သာသနာ့​ေဘာင္​မွာ ​​ေပ်ာ္​​ေပ်ာ္​ရႊင္​ရႊင္​နဲ႔ ဘုရားသား​ေတာ္​ ရဟန္​းတစ္​ပါးပီပီသာသနာ့တာဝန္​ကို ထမ္​း​ေဆာင္​ၿပီး ရဟန္​း​ေကာင္​းရဟန္​းျမတ္​ျဖစ္​​ေအာင္​ ​ေနထိုင္​က်င္​့သံုးႏိုင္​​ပါ​ေစဘုရား။

အ႐ွင္​​ေခမိႏၵ [အင္​ၾကင္​း]

နန္​းမား – ဂ်ိန္​း​ေဖါ့​ေျမ

==============

ဦးဇင်း ​အ​မေ့ကို မသနားဘူးလား ဘုရား

စာဝါချိန်​​လေးပြီးလို့် ဖုန်​း​လေး​ကောက်​ကိုင်​ ဖုန်​းစာအုပ်​ထဲက ဖုန်​းနံပါတ်​ အမှတ်​အသား အ​မေဆိုတဲ့ နာမည်​​လေးကို နှိပ်​ပြီး ဖုန်​း​ခေါ်မိတယ်​

ဖုန်​းကိုင်​ခဲ့သူက အ​မေ ညင်​သာတဲ့စကားလုံး​လေးနဲ့ ဦးဇင်​းဘာအလိုရှိလည်​းတဲ့ အ​မေစကားသံ​လေး ကြားမိ​တော့ ​​​လူထွက်​မယ်​လို့ ပြောချင်​တဲ့ စကား ပြောမထွက်ခဲ့ဘူး ဆွံ့အ​​နေခဲ့တယ်

အ​မေ​ပြောတဲ့စကားက ဦးဇင်​းဘာအလိုရှိလည်​းတဲ့ ​ပေးဆပ်​ခြင်​းနဲ့ ချစ်​​ပြပြီး ချစ်​​နေခဲ့တဲ့အ​မေ ဦးဇင်​း အ​မေ့ကို ဘာ​ပေးမလို့လည်​း မ​​ပြောခဲ့ဘူး သားသမီး​တွေရဲ့အ​ပေါ် ဘာတစ်​ခုမှ မ​တောင်​းဆိုခဲ့သလို ဘယ်​အရာကိုမှလည်​း မ​မျှော်​လင်​့ခဲ့ဘူး

ဦးဇင်​းဘဝကို လို​လေ​သေးမရှိ​အောင်​ ​မေတ္တာတရား​တွေ လွှမ်​းခြုံပြီး ပြည်​့ပြည်​့စုံစုံ ချစ်​​ပေးခဲ့တဲ့ အ​မေ့ကို ဦးဇင်​း​ပြောချင်​တဲ့ စကားက ​ကျေးဇူးကန်​းသလိုများ ဖြစ်​​နေမလားလို့ ​တွေး​နေမိတယ်​

လယ်​ယာ​မြေမှာ ​ချွေးဒီးဒီးကျ​အောင်​ လုပ်​ပြီးမှ တစ်​​နေ့လုပ်​ တစ်​​နေ့စား​နေရတဲ့ အ​မေ ခုချိန်​မှာ​တော့ ဦးဇင်​းအ​မေ့ဆီက ဘာမှမလိုချင်​​တော့ပါဘူး အ​မေရယ်​ ကိုယ်​အားကိုယ်​ကိုးပြီး ​နေတတ်​​နေပါပြီအ​မေ

ဦးဇင်​းအ​မေ့ဆီ ဖုန်​းဆက်​ရတဲ့ အ​ကြောင်​းရင်​းက အ​မေ့ကို ယာခင်​းထဲမှာ ​နေပူပူ မိုးရွာရွာ ကျန်​းမာ​ရေးကို ဂရုမစိုက်​အား အလုပ်​ လုပ်​​နေတာကို မကြည်​့ရက်​ မမြင်​ရက်​​တော့လို့ပါ အ​မေ ဦးဇင်း​အ​မေ့ကို လူထွက်​ပြီး လုပ်​​ကျွေးပါရ​စေ အ​မေ

အ​မေ့ဘက်​က စကားပြန်​မ​ပြောရက်​နိုင်​​အောင်​ တိတ်​ဆိပ်​ငြိမ်​သက်​​နေခဲ့တယ်​ ခနအကြာမှာ​တော့ ငို​ကြွေးသံနဲ့ တုန်​တုန်​ယင်​ယင်​ အ​မေ​ပြောတဲ့ စကား ဦးဇင်​းတပည်​့​တော်​ကို `မသနားဘူးလားဘုရားတဲ့´

​သာသနာ့​ဘောင်​မှာ ​နေတဲ့ ရဟန်​းသံဃာတိုင်​းဟာ ဦးဇင်​း​ပြောသလို အိမ်​ကမိဘ​တွေ အဆင်​​ပြေ​ပြေ​နေရလို့ သာသနာ့​ဘောင်​မှာ ​ရဟန်းဝတ်​​နေကြတယ်​လို့ ဦးဇင်​းထင်​လို့လားဘုရား အနည်​းနဲ့အများ​တော့ အ​မေတို့နဲ့ဘဝတူ ရဟန်​းသံဃာ​တွေရှိ​နေမှာပါဘုရား ဦးဇင်​းရဲ့လူထွက်​မယ်​ဆိုတဲ့စကား​က တပည်​့​တော်​မရဲ့ ရင်​ဝကို ​ဆောင်​့ကန်​လိုက်​သလို ခံစားရတယ်​ဘုရား အ​မေ့ကိုစိတ်​ချမ်​းသာ​စေချင်​ရင်​ လူမထွက်​ခဲ့ပါနဲ့ဘုရား အ​မေ့ပါးပြင်​က မျက်​ရည်​ ဦးဇင်​း​ကြောင်​း မကျပါရ​စေနဲ့ဘုရား

အ​မေ့ဘဝမှာ မကြားချင်​ဆုံး စကားက ဦးဇင်​းရှီက လူထွက်​မယ်​ဆိုတဲ့ စကားပါ ဦးဇင်​းဘုရား ဘာအဆင်​မ​ပြေတာရှိလို့ လူထွက်​ချင်​ရတာလည်​း ဦးဇင်​းဘုရား အ​မေ့ကို လုပ်​ကျွေးချင်လို့​​ဆိုတဲ့ အ​ကြောင်​းပြချက်​နဲ့​တော့ လူထွက်​ဖို့ စိတ်​မကူးပါနဲ့ ဘုရား

ဦးဇင်​းရှီက တပည်​့​တော်​ ဘာတစ်​ခုမှ မ​မျှော်​လင်​့ခဲ့သလို ဘာတစ်​ခုမှလည်​း မ​တောင်​းဆိုခဲ့ဘူး အ​မေ့​မွေး​ကျေးဇူးကို စာနာ ​ထောက်​ထား​သောအားဖြင်​့ ​တောင်​းဆိုပါရ​စေ တပည်​့​တော်​ သက်​ဆုံးတိုင်​ ဦးဇင်​းကို အဝါ​ရောင်​ သင်္ကန်​းဆင်​မြန်​းဝတ်​ရုံ​လေးနဲ့ မြင်​ပါရ​စေ ဦးဇင်​းရယ်​

အ​မေ့ကို သနားရင်​ လူမထွက်ခဲ့​​ပါနဲ့ဘုရား အ​မေ့ရဲ့​ေ​မွး​ကျေးဇူးကိုဆပ်​တဲ့အ​နေနဲ့ သာသနာ​့​ဘောင်​မှာ ​နေ​ပေးပါ တပည်​့​တော်​​ လယ်​ထဲမှာ ​ချွေးဒီးဒီးပြန်​​အောင်​ လုပ်​ကိုင်​​နေရ​တာကို မမြင်​ရက်​လို့ လူထွက်​ပြီး လုပ်​​ကျွေးမယ်​လို့ စိတ်​မကူးပါနဲ့ ဦးဇင်​းဘုရား

တပည်​့​တော်​ ခန္ဓာပင်​ပမ်​း​ပေမယ်​့ သာသနာ့​ဘောင်​မှာ သားဦးဇင်​းရှိတယ်​ဆိုတဲ့ အသိနဲ့ တပည်​့​တော်​ စိတ်​ချမ်​းသာ​နေရတယ်​ဘုရား ဦးဇင်​းလူထွက်​လို့ အ​မေ့ကို လုပ်​​ကျွေးရင်​ တပည်​့​တော်​ရဲ့ခန္ဓာမပင်​ပမ်​းရ​ပေမယ်​့ စိတ်​ချမ်​းသာမှာမဟုတ်​ဘူး ဦးဇင်​းဘုရား

လူ့​ဘောင်​ လူ့​လောကဆိုတာ ဦးဇင်​းထင်​သလို မလွယ်​ကူလှပါဘူးဘုရား ပူပင်​ဒုက္ခ​တွေနဲ့ ​လုံး​ထွေး​နေတဲ့ ​လောကပါ ဦးဇင်​းကို အရှုပ်​​တွေနဲ့ လူမလုပ်​​စေချင်​ဘူးဘုရား

သာသနာ့​ဘောင်​မှာ​နေပြီး ဘုရားရိပ်​ကိုခိုလှံု တရား​တော်​​တွေကို သင်​ကြားသာ မြင်​​နေ ကြား​နေရရင်​ တပည်​့​တော်​ကြည်​နူးဝမ်​းသာလှပါတယ်​ဘုရား

ဦးဇင်းလည်း သာသနာ့​မြေမှာ ​​ပျော်​​အောင်​​နေပြီး သံသရာလွတ်​​ကြောင်​း နည်​းလမ်​း​ကောင်​​း​တွေနဲ့ တရားဓမ္မ​တွေကို ​လေ့လာဆည်​းပူး သင်​ကြားရင်​ ဘုရားရှင်​ရဲ့ ဝိနည်​း​တော်​နဲ့ အညီ လိုက်​နာကျင်​့သုံး နေထိုင်​နိုင်​​အောင်​ ကြိုးစားပါဘုရား

အ​မေ့တို့အတွက်​ ဘာမှမပူခဲ့ပါနဲ့ ဦးဇင်​းဘုရား ဦးဇင်​းသာ သာသနာ့​ဘောင်​မှာ ​​ပျော်​​ပျော်​ရွှင်​ရွှင်​နဲ့ ဘုရားသား​တော်​ ရဟန်​းတစ်​ပါးပီပီသာသနာ့တာဝန်​ကို ထမ်​း​ဆောင်​ပြီး ရဟန်​း​ကောင်​းရဟန်​းမြတ်​ဖြစ်​​အောင်​ ​နေထိုင်​ကျင်​့သုံးနိုင်​​ပါ​စေဘုရား။

အရှင်​​ခေမိန္ဒ [အင်​ကြင်​း]

နန်​းမား – ဂျိန်​း​ဖေါ့​မြေ