From Pannpwint
—————————————-
ကောင်လေးက ကောင်မလေးကို လတစ်ချိန်က ဦးကျော်ဟိန်းရဲ့ နိမိတ်ပြစကားကို ပြန်ပြောပြလိုက်တဲ့ရဲမင်းပိုင်
ဖိုက်တင် သရုပ်ဆောင် ရဲမင်းပိုင်ကတော့ တစ်ချိန်တုန်းက ရိုက်ကွင်းတစ်ခုမှာ မင်းသားကြီးကျော်ဟိန်း သိူ့့ုပြေခဲ့တဲ့ နိမိတ်ပြစကားတစ်ခုကို ပရိတ်သတ်တွေဆီ ပြန်လည် မျှဝေလိုက်ပါတယ်။ သူကိုယ်အတိုင်အသုံးပြုတဲ့ ဖေ့စ်ဘွက်စာမျက်နှာကနေ ဦးကျော်ဟိန်းပြောခဲ့တဲ့စကားကို ပြန်လည် ပြောပြလိုက်တာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၈၃ ခုနှစ်က အချစ်သီရီ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားရိုက်နေတုန်းမှာ သာမန်သရုပ်ဆောင်အဖြစ်နဲ့ ပါဝင်ခဲ့စဉ်က ဦးကျော်ဟိန်းက စကားလေးတစ်ခွန်းပြောခဲ့ဖူးပါတယ်။ မင်း လူကြမ်းမလုပ်နဲ့ကွာ မင်းက မင်းသားဖြစ်မှာ လို့ ပြောခဲ့တယ်လို့ ရဲမင်းပိုင်က ပြောပါတယ်။ ထိုစကားနဲ့အတူ ဓာတ်ပုံဟောင်းလေးတစ်ပုံကိုလည်ညး တင်ထားတာ တွေ့ရပါတယ်။ ဓာတ်ပုံထဲမှာတော့ ကျော်ဟိန်း၊ ဆရာကြီး မြတ်ရှင်နဲ့ ရဲမင်းပိုင်တို့ကို တွေ့ရပါတယ်။
ရဲမင်းပိုင်က ခုလောလောဆယ်တော့ အမေရိကန်နိုင်ငံကနေ မြန်မာပြည်ကို အလုပ်အတွက်ရော ပရိတ်သတ်နဲ့တွေ့ဖို့ပါ ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူက အရင်လိုဖိုက်တင်ကားတွေ ပြန်ရိုက်ဖို့ အားသန်နေပါတယ်။ ထုတ်လုပ်ရေးသာရှိမယ်ဆိုရင် ရိုက်ကူးသွားမယ်လို့လည်း ပြောပါတယ်။ သူက မြန်မာပြည်နဲ့ ၁၄ နှစ်ခန့် ဝေးကွာခဲ့တာလည်း ဖြစ်ပါတယ်။
From Pannpwint