ခ်ိဳးႏွိမ္အႏုိင္က်င့္ခံခဲ့ရတဲ့ ဘ၀မွ ကေလးအထူးကုဆရာဝန္ ျဖစ္ေအာင္ႀကိဳးစားခဲ့သူ

ခ်ိဳးႏွိမ္အႏုိင္က်င့္ေလ့ရွိတဲ့ အေလ့အထဟာ ေရွးယခင္ကတည္းက လက္ဆင့္ကမ္းလာခဲ့တာလုိ႔ ေျပာလုိ႔ရပါတယ္။ ေရွးယခင္ကတည္းက သိပ္ကို ႐ုပ္ဆုိးတဲ့သူ၊ အလြန္ဝတဲ့သူ၊ အလြန္ပိန္တဲ့သူ၊ ေရာဂါဘယထူေျပာသူ၊ ကုိယ္လက္အဂၤါ မစုံလင္တဲ့သူေတြဆုိရင္ အလကားပဲတင္း ေျပာင္ေျပာင္တင္းတင္း စေနာက္အႏုိင္က်င့္လုိ႔ရတယ္လုိ႔ လူေတြက ထင္ေနၾကပါတယ္။

အႏုိင္က်င့္ႏွိပ္စက္သူေတြဟာ ေက်ာင္းမွာ၊ ရပ္ကြက္ထဲမွာ၊ အလုပ္မွာ၊ လူမႈကြန္ယက္ေပၚမွာ ေနရာအသီးသီးမွာ ရွိေနႏုိင္ပါတယ္။ အႏုိင္က်င့္ႏွိပ္စက္ခံရသူေတြရဲ႕ စိတ္ထဲမွာေတာ့ ကာလရွည္နာက်င္မႈေၾကာင့္ တစ္ခ်ိဳ႕ဆုိ စိတ္ညစ္လြန္းလုိ႔ မိမိကုိယ္ကုိ သတ္ေသတာမ်ိဳးေတြေတာင္ ရွိခဲ့ပါတယ္။ လူသားခ်င္းစာနာေထာက္ထားမႈ မရွိသူေတြေၾကာင့္ ဒီလုိ အဖုိးတန္အသက္ေတြ ဆုံး႐ႈံးေနဦးမွာပါဘဲ။

အခုလည္း Michael Goodman ဟာ Treacher Collins syndrome ဆုိတဲ့ေရာဂါကို ခံစားခဲ့ရလုိ႔ ငယ္ငယ္ကတည္းက မ်က္ႏွာပုံပ်က္ပန္းပ်က္ ျဖစ္ေနခဲ့သူပါ။ ဒီလုိ ႐ုပ္ဆုိးတာကုိပင္ အတန္းေဖာ္ေတြက သူ႕ကိုပဲ ဦးတည္စေနာက္တာကို ခံခဲ့ရၿပီး၊ တစ္ခါတေလ ဆုိးဆုိးရြားရြား ႐ုိက္ႏွက္ခံရတာမ်ိဳးေတာင္ ရွိတယ္လုိ႔ ဆုိပါတယ္။

ၿပီးခဲ့တဲ့ႏွစ္က သူ႕ျဖစ္ရပ္နဲ႔ဆင္တူတဲ့ Wonder လုိ႔ အမည္ရတဲ့ ဇာတ္ကားႀကီးကလည္း ဝက္ဝက္ကြဲေအာင္ျမင္ခဲ့ပါတယ္။ ဒီဇာတ္ကားမွာ ပါဝင္တဲ့ ဇာတ္ဝင္ခန္းေတြဟာ Michael နဲ႔ (၇၅)%အထိ တုိက္ဆုိင္တယ္လုိ႔ သူက ေျပာပါတယ္။ ဒီဖာတ္ကားထဲမွာထက္ေတာင္ သူ႕လုိ ႐ုပ္ပ်က္ဆင္းပ်က္သမားေတြဟာ အႏွိပ္စက္ခံခဲ့ရတယ္လုိ႔ သူက ဆုိပါတယ္။

သူဟာ အႏုိင္က်င့္လြန္းမက အႏုိင္က်င့္ခံခဲ့ရေတာ့ အလယ္တန္းေက်ာင္းသားဘဝမွာ ေတာ္ေတာ္ေလး ရွက္တတ္တဲ့ ခံစားမႈကုိ ခံစားေနရပါၿပီ။ ဒါေၾကာင့္ မိမိကုိယ္ကုိ သတ္ေသဖုိ႔ ႏွစ္ႀကိမ္အထိ ေသေၾကာင္းႀကံစည္ခဲ့ေပမယ့္ အထမေျမာက္ခဲ့ပါဘူး။ ဒီလုိ အထမေျမာက္ခဲ့ျခင္းကလည္း Michael ကုိ ကံေကာင္းေစခဲ့ပါတယ္။

သူ အသက္ဆက္ရွင္မယ္လုိ႔ ဆုံးျဖတ္ခဲ့ၿပီး မခံခ်င္စိတ္နဲ႔ ႀကိဳးစားခဲ့ရာမွာ Michael ဟာ ေဆးတကၠသုိလ္ဝင္ခြင့္ ရရွိခဲ့ပါတယ္။ သူဟာ ကေလးအထူးကုဆရာဝန္အျဖစ္ ဘဝကို ရပ္တည္ခဲ့ပါတယ္။ သူဟာ ကုိယ့္႐ုပ္သြင္ကို မေျပာင္းလဲႏုိင္ခဲ့ေပမယ့္ ကိုယ့္အတြင္းစိတ္ကိုေတာ့ ေျပာင္းလဲႏုိင္ခဲ့သူပါ။ ဒါေတာင္ စကားက ဗလုံးဗေထြးမုိ႔ ေတာ္႐ုံကေလးရွင္ေတြက သူတုိ႔ကေလးေတြကို လာေရာက္ျပသျခင္း မရွိၾကပါဘူး။

သုိေပမယ့္ ေနာက္ပုိင္းမွာ သူ႕ရဲ႕ႀကိဳးစားမႈနဲ႔ ေဆးကုသမႈမွာ ဂုဏ္သတင္းေက်ာ္ၾကားခဲ့ၿပီး မိဘေတြရဲ႕ ယုံၾကည္မႈကို ခံခဲ့ရပါတယ္။ အခုဆုိ Michael ဟာ အသက္(၃၇)ႏွစ္ ရွိေနပါၿပီ။ သူဟာ ၾကင္နာမႈနဲ႔သာ အလုပ္လုပ္ၿပီး၊ မည္သူ႕ကိုအေပၚမဆုိ ေစတနာအျပည့္နဲ႔ ဆက္ဆံပါတယ္။ သူက ” စကားလုံးေတြက နာက်င္ေစပါတယ္ … ဒီေတာ့ ၾကင္နာမႈဆုိတာ စကားလုံးေတြနဲ႔ ေျပာစရာမလုိဘူး … ၾကင္နာမႈကုိပဲ ေရြးခ်ယ္ပါ “လုိ႔ ေျပာခဲ့ပါတယ္။

နတ္စည္ေတာ္ (Shwemom)

source : goodinsideus.com

===========================

ချိုးနှိမ်အနိုင်ကျင့်လေ့ရှိတဲ့ အလေ့အထဟာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာခဲ့တာလို့ ပြောလို့ရပါတယ်။ ရှေးယခင်ကတည်းက သိပ်ကို ရုပ်ဆိုးတဲ့သူ၊ အလွန်ဝတဲ့သူ၊ အလွန်ပိန်တဲ့သူ၊ ရောဂါဘယထူပြောသူ၊ ကိုယ်လက်အင်္ဂါ မစုံလင်တဲ့သူတွေဆိုရင် အလကားပဲတင်း ပြောင်ပြောင်တင်းတင်း စနောက်အနိုင်ကျင့်လို့ရတယ်လို့ လူတွေက ထင်နေကြပါတယ်။

အနိုင်ကျင့်နှိပ်စက်သူတွေဟာ ကျောင်းမှာ၊ ရပ်ကွက်ထဲမှာ၊ အလုပ်မှာ၊ လူမှုကွန်ယက်ပေါ်မှာ နေရာအသီးသီးမှာ ရှိနေနိုင်ပါတယ်။ အနိုင်ကျင့်နှိပ်စက်ခံရသူတွေရဲ့ စိတ်ထဲမှာတော့ ကာလရှည်နာကျင်မှုကြောင့် တစ်ချို့ဆို စိတ်ညစ်လွန်းလို့ မိမိကိုယ်ကို သတ်သေတာမျိုးတွေတောင် ရှိခဲ့ပါတယ်။ လူသားချင်းစာနာထောက်ထားမှု မရှိသူတွေကြောင့် ဒီလို အဖိုးတန်အသက်တွေ ဆုံးရှုံးနေဦးမှာပါဘဲ။

အခုလည်း Michael Goodman ဟာ Treacher Collins syndrome ဆိုတဲ့ရောဂါကို ခံစားခဲ့ရလို့ ငယ်ငယ်ကတည်းက မျက်နှာပုံပျက်ပန်းပျက် ဖြစ်နေခဲ့သူပါ။ ဒီလို ရုပ်ဆိုးတာကိုပင် အတန်းဖော်တွေက သူ့ကိုပဲ ဦးတည်စနောက်တာကို ခံခဲ့ရပြီး၊ တစ်ခါတလေ ဆိုးဆိုးရွားရွား ရိုက်နှက်ခံရတာမျိုးတောင် ရှိတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က သူ့ဖြစ်ရပ်နဲ့ဆင်တူတဲ့ Wonder လို့ အမည်ရတဲ့ ဇာတ်ကားကြီးကလည်း ဝက်ဝက်ကွဲအောင်မြင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ ဇာတ်ဝင်ခန်းတွေဟာ Michael နဲ့ (၇၅)%အထိ တိုက်ဆိုင်တယ်လို့ သူက ပြောပါတယ်။ ဒီဖာတ်ကားထဲမှာထက်တောင် သူ့လို ရုပ်ပျက်ဆင်းပျက်သမားတွေဟာ အနှိပ်စက်ခံခဲ့ရတယ်လို့ သူက ဆိုပါတယ်။

သူဟာ အနိုင်ကျင့်လွန်းမက အနိုင်ကျင့်ခံခဲ့ရတော့ အလယ်တန်းကျောင်းသားဘဝမှာ တော်တော်လေး ရှက်တတ်တဲ့ ခံစားမှုကို ခံစားနေရပါပြီ။ ဒါကြောင့် မိမိကိုယ်ကို သတ်သေဖို့ နှစ်ကြိမ်အထိ သေကြောင်းကြံစည်ခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။ ဒီလို အထမမြောက်ခဲ့ခြင်းကလည်း Michael ကို ကံကောင်းစေခဲ့ပါတယ်။

သူ အသက်ဆက်ရှင်မယ်လို့ ဆုံးဖြတ်ခဲ့ပြီး မခံချင်စိတ်နဲ့ ကြိုးစားခဲ့ရာမှာ Michael ဟာ ဆေးတက္ကသိုလ်ဝင်ခွင့် ရရှိခဲ့ပါတယ်။ သူဟာ ကလေးအထူးကုဆရာဝန်အဖြစ် ဘဝကို ရပ်တည်ခဲ့ပါတယ်။ သူဟာ ကိုယ့်ရုပ်သွင်ကို မပြောင်းလဲနိုင်ခဲ့ပေမယ့် ကိုယ့်အတွင်းစိတ်ကိုတော့ ပြောင်းလဲနိုင်ခဲ့သူပါ။ ဒါတောင် စကားက ဗလုံးဗထွေးမို့ တော်ရုံကလေးရှင်တွေက သူတို့ကလေးတွေကို လာရောက်ပြသခြင်း မရှိကြပါဘူး။

သိုပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ကြိုးစားမှုနဲ့ ဆေးကုသမှုမှာ ဂုဏ်သတင်းကျော်ကြားခဲ့ပြီး မိဘတွေရဲ့ ယုံကြည်မှုကို ခံခဲ့ရပါတယ်။ အခုဆို Michael ဟာ အသက်(၃၇)နှစ် ရှိနေပါပြီ။ သူဟာ ကြင်နာမှုနဲ့သာ အလုပ်လုပ်ပြီး၊ မည်သူ့ကိုအပေါ်မဆို စေတနာအပြည့်နဲ့ ဆက်ဆံပါတယ်။ သူက ” စကားလုံးတွေက နာကျင်စေပါတယ် … ဒီတော့ ကြင်နာမှုဆိုတာ စကားလုံးတွေနဲ့ ပြောစရာမလိုဘူး … ကြင်နာမှုကိုပဲ ရွေးချယ်ပါ “လို့ ပြောခဲ့ပါတယ်။

နတ်စည်တော် (Shwemom)

source : goodinsideus.com