ဒါအခ်က္ေတြေၾကာင့္ ျမတ္ဗုဒၶကို ကြ်န္ေတာ္တို႔ အရမ္းေလးစားမိသြားတာပါ

ဗုဒၶကို ကြ်န္ေတာ္ အရမ္းေလးစားပါတယ္။

ဘာေၾကာင့္လည္း ဆိုေတာ့ …………

ဗုဒၶဟာ ဒီကမ ၻာေျမၾကီးကို သူပိုင္တယ္လို႔ မၾကြားခ့ဲပါဘူး။

သူ႔ကို ကိုးကြယ္ရင္ ………

ဆုလဒ္ေတြ ေပးမယ္လို႔ မစည္းရုံးခ့ဲပါဘူး။

သူ႔ကို မရွိ္ခိုး မကိုးကြယ္ရင္ ………

ငရဲျပည္ ပို႔ျပစ္မယ္လို႔ မျခိမ္းေျခာက္ခ့ဲပါဘူး။

သူ႔ကို ရွိခိုးျခင္းထက္ စရဏပိုင္း ေကာင္းမြန္ျခင္းဟာ………

ပိုျမတ္တယ္လို႔ ျပတ္ျပတ္သားသား ေျပာၾကားခ့ဲသူပါ။

“သူေျပာတ့ဲအတိုင္းကို အလြယ္တကူ မ်က္စိမွိတ္ မယုံလိုက္ပါနဲ႔လို႔ ” ရဲရဲေတာက္ ေျပာၾကားခ့ဲသူပါ။

သူေဟာၾကားတ့ဲ အမွန္တရားေတြဟာ သူပိုင္တာ မဟုတ္ပါဘူး သဘာဝအမွန္တရားေတြသာ ျဖစ္တယ္လို႔ ေပၚေပၚတင္တင္ ေဟာၾကားခ့ဲသူပါ။

သူရ႐ွိတ့ဲ ဘုရားအျဖစ္ကိုလည္း သူတစ္ေယာက္တည္း ေမာင္ပိုင္ စီးထားတာမ်ိဳး မဟုတ္ဘဲ

” ဘုရားျဖစ္ခ်င္ရင္ လူသားတိုင္း ၾကိဳးစားလို႔ရတယ္ ” ဆိုတ့ဲ နည္းမွန္ လမ္းမွန္တစ္ခုကို စိတ္သေဘာထားၾကီးျမတ္စြာနဲ႔ ခ်ျပခ့ဲသူပါ။

လြတ္လပ္စြာ ေတြးေခၚခြင့္ လြတ္လပ္စြာ ေျပာဆိုေနထိုင္ခြင့္ လြတ္လပ္စြာ ယုံၾကည္ခြင့္ဆိုတ့ဲ ဒီမိုကေရစီ သေဘာတရားေတြကို ေျပာၾကားခဲတ့ဲ ပထမဆုံးေသာ ဘာသာေရးေခါင္းေဆာင္ တစ္ေယာက္ပါ။

” ကိုယ္ေကာင္းတာလုပ္ရင္ ေကာင္းက်ိဳးခံစားရမယ္ မေကာင္းတာလုပ္ရင္ မေကာင္းက်ိဳး ခံစားရမယ္။ ”

မိမိရဲ့ ေကာင္းက်ိဳး ဆိုးက်ိဳး ရလဒ္ေတြဟာ မိမိရဲ့ အတိတ္ ပစၥဳပၸန္ကာလေတြရဲ့ လုပ္ရပ္ေၾကာင့္ ျဖစ္တယ္။

မည္သူ တစ္ဦးတစ္ေယာက္ကမွ ဖန္တီးစီရင္ေနတာမဟုတ္ဘူးလို႔ အေၾကာင္းတရားေၾကာင့္ အက်ိဳးတရား ျဖစ္ရျခင္းကို ေျပာၾကားခ့ဲတ့ဲ တစ္ဦးတည္းေသာ ဘာသာေရး ေခါင္းေဆာင္တစ္ေယာက္ပါ။

သူ႔ရဲ့ တစ္ေန႔တာ ကာလပတ္လုံးမွာ သူတားျမစ္ခ့ဲတ့ဲ တရားေတြကို သူကိုယ္တိုင္လည္း လုံျခံဳခ့ဲပါတယ္။

အဲဒါေၾကာင့္ ကြ်န္ေတာ္ဟာ ဗုဒၶကို အရမ္းေလးစားပါတယ္။အရမ္းၾကည္ညိဳပါတယ္။

သူေဟာၾကားခ့ဲတ့ဲ ျငိမ္းခ်မ္းေရးတရားေတာ္ေတြဟာ အခုအခ်ိန္ထိ မွန္ကန္ေနတုန္းပါ။ လိုက္နာက်င့္သုံးေနတုန္းပါပဲ။

ဒီေန႔ ကမ ၻာၾကီး ျငိမ္းခ်မ္းေအာင္ ဗုဒၶတရားေတြထဲမွာ နည္းလမ္းေတြရွိပါတယ္။

ဗုဒၶက်င့္ၾကံခ့ဲတ့ဲ ဝိပသာနာ တရားေတြဟာလည္း ဗုဒၶခ်မွတ္ခ့ဲတ့ဲ နည္းလမ္းေတြအတိုင္း လက္ေတြ႔က်င့္ၾကံၾကည့္ရင္ စိတ္ရဲ့ ျငိမ္းခ်မ္းျခင္းကို အမွန္တစ္ကယ္ ရွာေတြ႔နိုင္တယ္ဆိုတာ ဘာသာျခားေတြေတာင္ လက္ခံေနၾကပါတယ္။

ဝိပသာနာတရားစခန္းေတြမွာ ဖန္ဆင္းရွင္ဝါဒကို ယုံၾကည္တ့ဲ ဘာသာျခားေတြအမ်ားၾကီး လက္ေတြ႔ လာေရာက္က်င့္ၾကံအားထုတ္ေနၾကတာ အမ်ားၾကီးရွိပါတယ္။

ဗုဒၶဟာ ၾကြားဝါမႈေတြ စည္ရံုးမႈေတြ ခ်ဳပ္ခ်ယ္မႈေတြ မလုပ္ခ့ဲပါပဲနဲ႔ သူ႔စကားေတြကို ယုံၾကည္စြာ လိုက္နာက်င့္သုံးေနၾကတ့ဲ ဗုဒၶဘာသာဝင္ေတြ ယေန႔အထိ အမ်ားၾကီးရွိေနဆဲျဖစ္တာကို ကြ်န္ေတာ္ အင္မတန္မွကို ဂုဏ္ယူမိပါတယ္။

အခုေတာ့ ဗုဒၶမရွိေတာ့တာ ႏွစ္ေပါင္း (၂၅၀၀) ေက်ာ္သြားပါျပီ။ အင္အားအၾကီးဆုံး ဘာသာၾကီးေလးခုထဲမွာ ပါဝင္ေနတာကို အ့ံၾသခ်ီးက်ဴးလို႔ကို မဆုံးနိုင္ေတာ့ပါဘူး။

ဗုဒၶရဲ့ သြန္သင္ဆုံးမမႈေတြက စာအုပ္ေတြမ်ားမ်ားဖတ္ျပီး ဆင္ျခင္သုံ႔သပ္ၾကည့္ေလ ပိုျပီးမွန္တယ္ဆိုတာ သိလာပါတယ္။

ဒါေၾကာင့္ ကြ်န္ေတာ္ဟာ ဗုဒၶဘာသာဝင္တစ္ေယာက္္ ျဖစ္ရတာ ဂုဏ္ယူပါတယ္။

ဗုဒၶဘာသာဝင္အသိုင္းအဝိုင္းၾကားမွာ ေမြးဖြားလာရတာကိုလည္း အလြန္ေက်နပ္မိပါတယ္။

( ကြ်န္ေတာ္ ဒီလိုေတြေရးလိုက္တာဟာ သူမ်ားဘာသာကို ထိခိုက္ေစလိုေသာ ဆႏၵမရွိပါဘူး။ Buddha ဘာသာဝင္ တစ္ဦးတစ္ေယာက္ရဲ့ ရိုးရွင္းေသာ ရင္တြင္းခံစားခ်က္ သက္သက္သာျဖစ္ပါတယ္။)

Credit to << >> ဗုဒၶမူၾကိဳ မိုးထက္ေဝ Post မွ ကူးယူေဖၚျပပါသည္။႔

=====================

ဗုဒ္ဓကို ကျွန်တော် အရမ်းလေးစားပါတယ်။

ဘာကြောင့်လည်း ဆိုတော့ …………

ဗုဒ္ဓဟာ ဒီကမ ္ဘာမြေကြီးကို သူပိုင်တယ်လို့ မကြွားခဲ့ပါဘူး။

သူ့ကို ကိုးကွယ်ရင် ………

ဆုလဒ်တွေ ပေးမယ်လို့ မစည်းရုံးခဲ့ပါဘူး။

သူ့ကို မရှိ်ခိုး မကိုးကွယ်ရင် ………

ငရဲပြည် ပို့ပြစ်မယ်လို့ မခြိမ်းခြောက်ခဲ့ပါဘူး။

သူ့ကို ရှိခိုးခြင်းထက် စရဏပိုင်း ကောင်းမွန်ခြင်းဟာ………

ပိုမြတ်တယ်လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့သူပါ။

“သူပြောတဲ့အတိုင်းကို အလွယ်တကူ မျက်စိမှိတ် မယုံလိုက်ပါနဲ့လို့ ” ရဲရဲတောက် ပြောကြားခဲ့သူပါ။

သူဟောကြားတဲ့ အမှန်တရားတွေဟာ သူပိုင်တာ မဟုတ်ပါဘူး သဘာဝအမှန်တရားတွေသာ ဖြစ်တယ်လို့ ပေါ်ပေါ်တင်တင် ဟောကြားခဲ့သူပါ။

သူရရှိတဲ့ ဘုရားအဖြစ်ကိုလည်း သူတစ်ယောက်တည်း မောင်ပိုင် စီးထားတာမျိုး မဟုတ်ဘဲ

” ဘုရားဖြစ်ချင်ရင် လူသားတိုင်း ကြိုးစားလို့ရတယ် ” ဆိုတဲ့ နည်းမှန် လမ်းမှန်တစ်ခုကို စိတ်သဘောထားကြီးမြတ်စွာနဲ့ ချပြခဲ့သူပါ။

လွတ်လပ်စွာ တွေးခေါ်ခွင့် လွတ်လပ်စွာ ပြောဆိုနေထိုင်ခွင့် လွတ်လပ်စွာ ယုံကြည်ခွင့်ဆိုတဲ့ ဒီမိုကရေစီ သဘောတရားတွေကို ပြောကြားခဲတဲ့ ပထမဆုံးသော ဘာသာရေးခေါင်းဆောင် တစ်ယောက်ပါ။

” ကိုယ်ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ် မကောင်းတာလုပ်ရင် မကောင်းကျိုး ခံစားရမယ်။ ”

မိမိရဲ့ ကောင်းကျိုး ဆိုးကျိုး ရလဒ်တွေဟာ မိမိရဲ့ အတိတ် ပစ္စုပ္ပန်ကာလတွေရဲ့ လုပ်ရပ်ကြောင့် ဖြစ်တယ်။

မည်သူ တစ်ဦးတစ်ယောက်ကမှ ဖန်တီးစီရင်နေတာမဟုတ်ဘူးလို့ အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ရခြင်းကို ပြောကြားခဲ့တဲ့ တစ်ဦးတည်းသော ဘာသာရေး ခေါင်းဆောင်တစ်ယောက်ပါ။

သူ့ရဲ့ တစ်နေ့တာ ကာလပတ်လုံးမှာ သူတားမြစ်ခဲ့တဲ့ တရားတွေကို သူကိုယ်တိုင်လည်း လုံခြုံခဲ့ပါတယ်။

အဲဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓကို အရမ်းလေးစားပါတယ်။အရမ်းကြည်ညိုပါတယ်။

သူဟောကြားခဲ့တဲ့ ငြိမ်းချမ်းရေးတရားတော်တွေဟာ အခုအချိန်ထိ မှန်ကန်နေတုန်းပါ။ လိုက်နာကျင့်သုံးနေတုန်းပါပဲ။

ဒီနေ့ ကမ ္ဘာကြီး ငြိမ်းချမ်းအောင် ဗုဒ္ဓတရားတွေထဲမှာ နည်းလမ်းတွေရှိပါတယ်။

ဗုဒ္ဓကျင့်ကြံခဲ့တဲ့ ဝိပသာနာ တရားတွေဟာလည်း ဗုဒ္ဓချမှတ်ခဲ့တဲ့ နည်းလမ်းတွေအတိုင်း လက်တွေ့ကျင့်ကြံကြည့်ရင် စိတ်ရဲ့ ငြိမ်းချမ်းခြင်းကို အမှန်တစ်ကယ် ရှာတွေ့နိုင်တယ်ဆိုတာ ဘာသာခြားတွေတောင် လက်ခံနေကြပါတယ်။

ဝိပသာနာတရားစခန်းတွေမှာ ဖန်ဆင်းရှင်ဝါဒကို ယုံကြည်တဲ့ ဘာသာခြားတွေအများကြီး လက်တွေ့ လာရောက်ကျင့်ကြံအားထုတ်နေကြတာ အများကြီးရှိပါတယ်။

ဗုဒ္ဓဟာ ကြွားဝါမှုတွေ စည်ရုံးမှုတွေ ချုပ်ချယ်မှုတွေ မလုပ်ခဲ့ပါပဲနဲ့ သူ့စကားတွေကို ယုံကြည်စွာ လိုက်နာကျင့်သုံးနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ ယနေ့အထိ အများကြီးရှိနေဆဲဖြစ်တာကို ကျွန်တော် အင်မတန်မှကို ဂုဏ်ယူမိပါတယ်။

အခုတော့ ဗုဒ္ဓမရှိတော့တာ နှစ်ပေါင်း (၂၅၀၀) ကျော်သွားပါပြီ။ အင်အားအကြီးဆုံး ဘာသာကြီးလေးခုထဲမှာ ပါဝင်နေတာကို အ့ံသြချီးကျူးလို့ကို မဆုံးနိုင်တော့ပါဘူး။

ဗုဒ္ဓရဲ့ သွန်သင်ဆုံးမမှုတွေက စာအုပ်တွေများများဖတ်ပြီး ဆင်ခြင်သုံ့သပ်ကြည့်လေ ပိုပြီးမှန်တယ်ဆိုတာ သိလာပါတယ်။

ဒါကြောင့် ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက်် ဖြစ်ရတာ ဂုဏ်ယူပါတယ်။

ဗုဒ္ဓဘာသာဝင်အသိုင်းအဝိုင်းကြားမှာ မွေးဖွားလာရတာကိုလည်း အလွန်ကျေနပ်မိပါတယ်။

( ကျွန်တော် ဒီလိုတွေရေးလိုက်တာဟာ သူများဘာသာကို ထိခိုက်စေလိုသော ဆန္ဒမရှိပါဘူး။ Buddha ဘာသာဝင် တစ်ဦးတစ်ယောက်ရဲ့ ရိုးရှင်းသော ရင်တွင်းခံစားချက် သက်သက်သာဖြစ်ပါတယ်။)

Credit to << >> ဗုဒ္ဓမူကြို မိုးထက်ဝေ Post မှ ကူးယူဖေါ်ပြပါသည်။့