တခါတုန္းက စီးပြားေရးသမား တစ္ေယာက္ဟာ စီးပြားပ်က္သြားတဲ့အတြက္

ေငြေၾကးအေျမာက္အျမား လိုအပ္ေနခဲ့ပါတယ္။ ဒါ့ေၾကာင့္ အေရးေပၚ

ေငြေၾကးလိုအပ္ေနတဲ့အတြက္ သူဟာ ဟူရႊယ္ယင္လို႔ ေခၚတဲ့ သူေ႒းတစ္ဦးနဲ႔

သြားေရာက္ေတြ႕ဆံုခဲ့ၿပီး သူ႔ရဲ႕ စက္ရံုကို ေလ်ာ့ေစ်းနဲ႔ ေရာင္းခ်ခဲ့ပါတယ္။

ဒါေပမယ့္ ဟူရႊင္ယင္ကေတာ့ ဒုကၡေရာက္တဲ့ သူ႔ကို လ်စ္လ်ဴ ရႈျခင္း လံုးဝမရွိပဲ

ခ်က္ခ်င္းသြားၿပီး စံုစမ္းၾကည့္တဲ့အခါ မွန္ကန္ေၾကာင္း ေတြ႕ရတဲ့အတြက္

ဟူရႊယ္ယင္ဟာ ခ်က္ခ်င္းပဲ ပံုမွန္ေစ်းနဲ႔ ေငြကို ေပးေခ်ခဲ့ပါတယ္။ ဟူရႊယ္ယင္ကို

လာေရာင္းတဲ့ စီးပြားေရးသမားဟာ အံ့ၾသသြားခဲ့ၿပီး ပေဟဋိမ်ားစြာနဲ႔ ဟူရႊယ္ယင္ဟာ

ေလ်ာ့ေစ်းနဲ႔ ရႏိုင္ေပမယ့္ အခြင့္အေရးမယူပဲ ပံုမွန္ေပါက္ေစ်းအတိုင္း ေပးေခ်ခဲ့တဲ့အတြက္ပါ။

ဟူရႊယ္ယင္က ၿပံဳးရင္းနဲ႔ သူ႔ကို ေျပာလိုက္ပါတယ္။

“မင္းစိတ္ခ်ပါ။ မင္းအခု လာေရာင္းတဲ့ စက္ရံုကို ေပါင္တယ္လို႔ပဲ သေဘာထားလိုက္ပါ။

ေရာင္းတယ္လို႔ သေဘာမထားပါနဲ႔။ မင္းေငြရွိလာတဲ့အခ်ိန္ ဘယ္အခ်ိန္မဆို မင္းေရာင္းခဲ့တဲ့

စက္ရံုကို အခုေပးခဲ့တဲ့ ေငြေၾကးတန္ဖိုးတိုင္းပဲ လာေရြးႏိုင္ပါတယ္။” ထိုအခါ စီးပြားေရးသမားဟာ

ေပ်ာ္ရႊင္သြားခဲ့ၿပီး ခ်က္ခ်င္းပဲ စာခ်ဴ ပ္ ခ်ဴ ပ္ဆိုခဲ့ၿပီး ဟူရႊယ္ယင္ကို ေက်းဇူးတင္ေၾကာင္းေျပာၿပီး ျပန္လာခဲ့ပါတယ္။

စီးပြားေရးသမား ျပန္သြားတဲ့အခါ ဟူရႊယ္ယင္ရဲ႕ ဝန္ထမ္းေတြဟာ နားမလည္စြာနဲ႔

ဟူရႊယ္ယင္ကို ေမးၾကပါတယ္။ “ပါးစပ္နားေရာက္လာတဲ့ ထမင္းလုပ္ကိုမွ ဘာလို႔ပုတ္ခ်လိုက္တာလဲ

သူေ႒းရယ္။ ဘာလို႔ ရလာတဲ့ အခြင့္အေရးကို မယူပဲနဲ႔ ေအာက္ေစ်းနဲ႔ လာေရာင္းတဲ့ စက္ရံုကို

ပံုမွန္ေစ်းနဲ႔ ေပးဝယ္လိုက္ရတာလဲ” လို႔ ေမးၾကပါတယ္။

ဟူရႊယ္ယင္ဟာ ဒီအခါမွာ လက္ဖက္ရည္ တငံုေသာက္ၿပီးေတာ့ သူ႔အလုပ္သမားေတြကို

သူ႔ငယ္စဥ္ဘဝအေၾကာင္းကို ေျပာျပခဲ့ပါတယ္။

“ငါငယ္စဥ္ဘဝတုန္းက ငါဟာ ဆိုင္တဆိုင္ရဲ႕ အလုပ္သမားေလး တစ္ေယာက္ေပါ့ကြာ။

ဆိုင္သူေ႒းအတြက္ ေနရာတကာလွည့္ၿပီး အေၾကြးေတာင္းေပးရတာေပါ့ကြာ။ တခါေတာ့

အေၾကြးေတာင္းမယ့္အိမ္ကို အသြားမွာ မိုးမိပါေလေရာ။ လမ္းေဘးနားက သူစိမ္းတစ္ေယာက္လဲ

မိုးေတြစိုရႊဲေနတာေပါ့။ အေတာ္ပဲ။ အဲ့ဒီေန႔မွာ ငါလဲ ကိုယ္နဲ႔မကြာ ေဆာင္ထားတဲ့

ထီးတေခ်ာင္းပါလာတာနဲ႔ သူ႔ေဆာင္းရေအာင္ဆိုၿပီး ထီးမိုးေပးခဲ့တယ္။”

“မိုးရြာတဲ့အခါတိုင္းမွာ ငါဟာ အၿမဲလိုလို သူစိမ္းေတြကို ထီးငွားေပးခဲ့ေလ့ ရွိတယ္။ ေနာက္ေတာ့

အဲ့လမ္းထဲက လူတိုင္းလိုလိုနဲ႔ ငါလည္း ခင္မင္ခဲ့တာေပါ့ကြာ။ တခါတေလ ငါထီးယူလာဖို႔

ေမ့ခဲ့ရင္ေတာင္ ေၾကာက္စရာမလိုေတာ့ဖူး ဘာလ္ု႔ိလဲဆိုေတာ့ ငါကူညီေပးခဲ့တဲ့ လူေတြက

ငါ့ထီးလိုတဲ့အခါမွာ ျပန္ကူညီေပးခဲ့ၾကတယ္။”

ဟူရႊယ္ယင္ဟာ ၿပံဳးရင္းနဲ႔ ေျပာလိုက္ပါတယ္။

“မင္းတို႔ သူမ်ားေတြအေပၚမွာ ေစတနာထားရင္ သူမ်ားေတြကလည္း မင္းတို႔အေပၚမွာ

ေစတနာ ေရာင္ျပန္ဟပ္လိမ့္မယ္။ ခုနက လာခဲ့တဲ့ စီပြားေရးသမားရဲ႕ စက္ရံုေတြဟာ

သူ႔ဘိုးဘြားေခတ္ကတည္းက စုလာတဲ့ အေမြျဖစ္နိင္တယ္။ ငါသာ ေအာက္ေစ်းနဲ႔ ယူခဲ့ရင္

သူတသက္လံုး ျပန္မထူေထာင္ ႏိုင္ပဲေနလိမ့္မယ္။ ဒါဟာ ဝယ္တာမဟုတ္ဖူး။ သူ႔ကို

ကယ္တင္တာပါ။ ေနာက္ဆို သူနဲ႔လဲ မိတ္ေဆြျဖစ္သြားလိမ့္မယ္။ ကိုယ့္ေစတနာလဲ

သူသိသြားတာေပါ့။ ဘယ္သူမဆို အခက္အခဲဆိုတာ ႀကံဳႏိုင္တာပဲေလ။ ကူညီႏိုင္ရင္ေတာ့ ကူညီေပးလိုက္ပါ။”

အားလံုးဟာ သူေျပာတာကို နားေထာင္ၿပီးတဲ့ေနာက္မွာ ၿငိမ္သက္ကုန္တယ္။ ေနာက္ေတာ့

စီးပြားေရးသမားဟာ သူေပါင္ႏွံထားတဲ့ စက္ရံုကို ျပန္လာေရြးခဲ့တယ္။ ဟူရႊယ္ယင္နဲ႔လည္း

သစၥာရွိတဲ့ လက္ေဖာ္ကိုင္ဖက္တစ္ဦး ျဖစ္လာခဲ့ပါတယ္။ ဒီအျဖစ္အပ်က္ေတြ ၿပီးတဲ့ေနာက္မွာေတာ့

အားလံုးဟာ ဟူရႊယ္ယင္ရဲ႕ ေျဖာင့္မတ္မွန္ကန္မႈကို သိသြားခဲ့ၾကၿပီးေနာက္ အရင္က

ပိုၿပီး ေလးစားလာၾကတယ္။ ဟူရႊယ္ယင္ရဲ႕ စီးပြားေရးဟာလဲ ပိုေကာင္းလာခဲ့ၿပီး

ဘယ္အခ်ိန္မဆို သူ႔ကို ကူညီလိုသူေတြလဲ ေပါမ်ားလာပါတယ္ၿပီး စီးပြားေရးသမားမ်ားစြာဟာလဲ

သူနဲ႔အတူတူ လုပ္ငန္းမ်ားကို လုပ္ေဆာင္လာၾကပါတယ္။

Crdit#

< unicode version >

တခါတုန်းက စီးပွားရေးသမား တစ်ယောက်ဟာ စီးပွားပျက်သွားတဲ့အတွက်

ငွေကြေးအမြောက်အမြား လိုအပ်နေခဲ့ပါတယ်။ ဒါ့ကြောင့် အရေးပေါ်

ငွေကြေးလိုအပ်နေတဲ့အတွက် သူဟာ ဟူရွှယ်ယင်လို့ ခေါ်တဲ့ သူဋ္ဌေးတစ်ဦးနဲ့

သွားရောက်တွေ့ဆုံခဲ့ပြီး သူ့ရဲ့ စက်ရုံကို လျော့စျေးနဲ့ ရောင်းချခဲ့ပါတယ်။

ဒါပေမယ့် ဟူရွှင်ယင်ကတော့ ဒုက္ခရောက်တဲ့ သူ့ကို လျစ်လျူ ရှုခြင်း လုံးဝမရှိပဲ

ချက်ချင်းသွားပြီး စုံစမ်းကြည့်တဲ့အခါ မှန်ကန်ကြောင်း တွေ့ရတဲ့အတွက်

ဟူရွှယ်ယင်ဟာ ချက်ချင်းပဲ ပုံမှန်စျေးနဲ့ ငွေကို ပေးချေခဲ့ပါတယ်။ ဟူရွှယ်ယင်ကို

လာရောင်းတဲ့ စီးပွားရေးသမားဟာ အံ့သြသွားခဲ့ပြီး ပဟေဋိများစွာနဲ့ ဟူရွှယ်ယင်ဟာ

လျော့စျေးနဲ့ ရနိုင်ပေမယ့် အခွင့်အရေးမယူပဲ ပုံမှန်ပေါက်စျေးအတိုင်း ပေးချေခဲ့တဲ့အတွက်ပါ။

ဟူရွှယ်ယင်က ပြုံးရင်းနဲ့ သူ့ကို ပြောလိုက်ပါတယ်။

“မင်းစိတ်ချပါ။ မင်းအခု လာရောင်းတဲ့ စက်ရုံကို ပေါင်တယ်လို့ပဲ သဘောထားလိုက်ပါ။

ရောင်းတယ်လို့ သဘောမထားပါနဲ့။ မင်းငွေရှိလာတဲ့အချိန် ဘယ်အချိန်မဆို မင်းရောင်းခဲ့တဲ့

စက်ရုံကို အခုပေးခဲ့တဲ့ ငွေကြေးတန်ဖိုးတိုင်းပဲ လာရွေးနိုင်ပါတယ်။” ထိုအခါ စီးပွားရေးသမားဟာ

ပျော်ရွှင်သွားခဲ့ပြီး ချက်ချင်းပဲ စာချူ ပ် ချူ ပ်ဆိုခဲ့ပြီး ဟူရွှယ်ယင်ကို ကျေးဇူးတင်ကြောင်းပြောပြီး ပြန်လာခဲ့ပါတယ်။

စီးပွားရေးသမား ပြန်သွားတဲ့အခါ ဟူရွှယ်ယင်ရဲ့ ဝန်ထမ်းတွေဟာ နားမလည်စွာနဲ့

ဟူရွှယ်ယင်ကို မေးကြပါတယ်။ “ပါးစပ်နားရောက်လာတဲ့ ထမင်းလုပ်ကိုမှ ဘာလို့ပုတ်ချလိုက်တာလဲ

သူဋ္ဌေးရယ်။ ဘာလို့ ရလာတဲ့ အခွင့်အရေးကို မယူပဲနဲ့ အောက်စျေးနဲ့ လာရောင်းတဲ့ စက်ရုံကို

ပုံမှန်စျေးနဲ့ ပေးဝယ်လိုက်ရတာလဲ” လို့ မေးကြပါတယ်။

ဟူရွှယ်ယင်ဟာ ဒီအခါမှာ လက်ဖက်ရည် တငုံသောက်ပြီးတော့ သူ့အလုပ်သမားတွေကို

သူ့ငယ်စဉ်ဘဝအကြောင်းကို ပြောပြခဲ့ပါတယ်။

“ငါငယ်စဉ်ဘဝတုန်းက ငါဟာ ဆိုင်တဆိုင်ရဲ့ အလုပ်သမားလေး တစ်ယောက်ပေါ့ကွာ။

ဆိုင်သူဋ္ဌေးအတွက် နေရာတကာလှည့်ပြီး အကြွေးတောင်းပေးရတာပေါ့ကွာ။ တခါတော့

အကြွေးတောင်းမယ့်အိမ်ကို အသွားမှာ မိုးမိပါလေရော။ လမ်းဘေးနားက သူစိမ်းတစ်ယောက်လဲ

မိုးတွေစိုရွှဲနေတာပေါ့။ အတော်ပဲ။ အဲ့ဒီနေ့မှာ ငါလဲ ကိုယ်နဲ့မကွာ ဆောင်ထားတဲ့

ထီးတချောင်းပါလာတာနဲ့ သူ့ဆောင်းရအောင်ဆိုပြီး ထီးမိုးပေးခဲ့တယ်။”

“မိုးရွာတဲ့အခါတိုင်းမှာ ငါဟာ အမြဲလိုလို သူစိမ်းတွေကို ထီးငှားပေးခဲ့လေ့ ရှိတယ်။ နောက်တော့

အဲ့လမ်းထဲက လူတိုင်းလိုလိုနဲ့ ငါလည်း ခင်မင်ခဲ့တာပေါ့ကွာ။ တခါတလေ ငါထီးယူလာဖို့

မေ့ခဲ့ရင်တောင် ကြောက်စရာမလိုတော့ဖူး ဘာလ်ု့ိလဲဆိုတော့ ငါကူညီပေးခဲ့တဲ့ လူတွေက

ငါ့ထီးလိုတဲ့အခါမှာ ပြန်ကူညီပေးခဲ့ကြတယ်။”

ဟူရွှယ်ယင်ဟာ ပြံုးရင်းနဲ့ ပြောလိုက်ပါတယ်။

“မင်းတို့ သူများတွေအပေါ်မှာ စေတနာထားရင် သူများတွေကလည်း မင်းတို့အပေါ်မှာ

စေတနာ ရောင်ပြန်ဟပ်လိမ့်မယ်။ ခုနက လာခဲ့တဲ့ စီပွားရေးသမားရဲ့ စက်ရုံတွေဟာ

သူ့ဘိုးဘွားခေတ်ကတည်းက စုလာတဲ့ အမွေဖြစ်နိင်တယ်။ ငါသာ အောက်စျေးနဲ့ ယူခဲ့ရင်

သူတသက်လုံး ပြန်မထူထောင် နိုင်ပဲနေလိမ့်မယ်။ ဒါဟာ ဝယ်တာမဟုတ်ဖူး။ သူ့ကို

ကယ်တင်တာပါ။ နောက်ဆို သူနဲ့လဲ မိတ်ဆွေဖြစ်သွားလိမ့်မယ်။ ကိုယ့်စေတနာလဲ

သူသိသွားတာပေါ့။ ဘယ်သူမဆို အခက်အခဲဆိုတာ ကြံုနိုင်တာပဲလေ။ ကူညီနိုင်ရင်တော့ ကူညီပေးလိုက်ပါ။”

အားလုံးဟာ သူပြောတာကို နားထောင်ပြီးတဲ့နောက်မှာ ငြိမ်သက်ကုန်တယ်။ နောက်တော့

စီးပွားရေးသမားဟာ သူပေါင်နှံထားတဲ့ စက်ရုံကို ပြန်လာရွေးခဲ့တယ်။ ဟူရွှယ်ယင်နဲ့လည်း

သစ္စာရှိတဲ့ လက်ဖော်ကိုင်ဖက်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေ ပြီးတဲ့နောက်မှာတော့

အားလုံးဟာ ဟူရွှယ်ယင်ရဲ့ ဖြောင့်မတ်မှန်ကန်မှုကို သိသွားခဲ့ကြပြီးနောက် အရင်က

ပိုပြီး လေးစားလာကြတယ်။ ဟူရွှယ်ယင်ရဲ့ စီးပွားရေးဟာလဲ ပိုကောင်းလာခဲ့ပြီး

ဘယ်အချိန်မဆို သူ့ကို ကူညီလိုသူတွေလဲ ပေါများလာပါတယ်ပြီး စီးပွားရေးသမားများစွာဟာလဲ

သူနဲ့အတူတူ လုပ်ငန်းများကို လုပ်ဆောင်လာကြပါတယ်။

Crdit#