ေမ်ာလြင့္သြားတဲ့ “ရိုးသားေျဖာင့္မတ္ျခင္း”

“ေတာ္ထက္”တဲ့လူတစ္ေယာက္က “ရိုးသားေျဖာင့္မတ္ျခင္း”

ကို ေရထဲလြတ္ခ်စြန္႔ပစ္ခဲ့တယ္။

“ရိုးသားေျဖာင့္မတ္ျခင္း”ဟာ ကူးရင္းခတ္ရင္း ကၽြန္းငယ္ေလးတစ္ခုေပၚ

ေရာက္လာခဲ့တယ္။ “ရိုးသားေျဖာင့္မတ္ျခင္း”ဟာ

သဲေသာင္ျပင္မွာအနားယူရင္း တစ္ေယာက္ေယာက္လာရင္

အကူအညီေတာင္းဖို႔ ေစာင့္ေနခဲ့တယ္။

တေအာင့္ၾကာေတာ့ အေဝးကေန သီခ်င္းသံတစ္သံလြင့္လာတာကို

သူၾကားလိုက္မိတယ္။ သူခ်က္ခ်င္းထရပ္ၿပီး အသံလာရာဆီၾကည့္လိုက္ေတာ့

ေလွငယ္ေလးတစ္စီး သူ႔ဘက္ကိုဦးတည္ၿပီး ေလွာ္ခတ္လာတာကို ေတြ႔လိုက္တယ္။

ေလွရဲ႕အလံေပၚမွာ “ေပ်ာ္ရႊင္ျခင္း”လို႔ ေရးထားတာကို ေတြ႔ေတာ့ “ရိုးသားေျဖာင့္မတ္ျခင္း” က လွမ္းေအာ္တယ္။

“ေပ်ာ္ရႊင္ျခင္းေရ… ေပ်ာ္ရႊင္ျခင္းေရ.. ငါ ရိုးေျဖာင့္ျခင္းပါ။ ငါ့ကို ေလွႀကံဳစီးခြင့္ျပဳပါ”

“ရိုးေျဖာင့္ျခင္း” အကူအညီေတာင္းတာကို “ေပ်ာ္ရႊင္ျခင္း”ကၾကားေတာ့ ရယ္ၿပီး …

“ဟား.. ဘယ္ျဖစ္မလဲ! ရိုးသားေျဖာင့္မတ္ျခင္းရွိရင္ ငါဘယ္ေပ်ာ္ေတာ့မလဲ? ဒီေလာကမွာ

ၾကည့္စမ္း.. အမွန္တရားေတြေျပာလို႔ မေပ်ာ္ရႊင္ရတဲ့လူေတြ အမ်ားႀကီး။

ေဆာရီးပဲ.. နင့္ကိုငါ မကယ္ႏိုင္ဘူး”

ေျပာေျပာဆိုဆို “ေပ်ာ္ရႊင္ျခင္း”ထြက္သြားခဲ့တယ္။ ေပ်ာ္ရႊင္ျခင္းထြက္သြားေတာ့

“ေနရာ”ဆိုသူေရာက္လာျပန္တယ္။ ေနရာကိုေတြ႔ေတာ့ ရိုးေျဖာင့္ျခင္းက

“ေနရာ.. ေနရာ.. ငါ ရိုးေျဖာင့္ျခင္းပါ။ ငါ့ကို နင့္ေလွနဲ႔အတူ ကမ္းကပ္ခြင့္ေပးပါ”

လို႔ေတာင္းဆိုျပန္တယ္။

ေနရာက ေလွကို အေဝးႀကီးေလွာ္သြားၿပီး… “မျဖစ္ဘူး.. မျဖစ္ဘူး.. နင့္ကို ငါ့ေလွေပၚ

မတင္ႏိုင္ဘူး။ အခုလို ငါ့ေနရာရဖို႔ မလြယ္ခဲ့ဘူး။ နင့္ကိုသာေခၚသြားရင္ ငါ့ေနရာေတာင္

ငါထိန္းထားႏိုင္မွာ မဟုတ္ဘူး” လို႔ဆိုခဲ့တယ္။

ရိုးေျဖာင့္ျခင္းဟာ စိတ္ပ်က္လက္ပ်က္နဲ႔ ေနရာရဲ႕ေနာက္ေက်ာကို ေငးၾကည့္ေနခဲ့တယ္။

သူ႔ရဲ႕အၾကည့္မွာလည္း နားမလည္မႈေတြ၊ ေတြေဝမႈေတြ ေရာယွက္ေနခဲ့တယ္။

ဒီလိုနဲ႔ သူဆက္ေစာင့္ေနခဲ့တယ္။

တေအာင့္ၾကာေတာ့ စည္းခ်က္မညီတဲ့အသံနဲ႔အတူ “ယွဥ္ၿပိဳင္ျခင္း” ေရာက္လာခဲ့တယ္။

ရိုးေျဖာင့္ျခင္းက ဝမ္းသာအားရ ေခၚတယ္။

“ယွဥ္ၿပိဳင္ျခင္းေရ.. ယွဥ္ၿပိဳင္ျခင္း.. နင့္ေလွနဲ႔အတူ ငါလိုက္ခဲ့လို႔ရမလား?”

“မင္း ဘယ္သူလဲ? မင္းကငါတို႔အတြက္ ဘယ္ေလာက္အက်ဳိးအျမတ္ေပးႏိုင္မွာလဲ?”

လုိ႔ ယွဥ္ၿပိဳင္ျခင္းက ျပန္ေမးတယ္။

ရိုးေျဖာင့္ျခင္းက သူဘယ္သူလဲဆိုတာကို မေျပာခ်င္ဘူး။ ေျပာလိုက္ရင္

ေလွနဲ႔မေခၚသြားမွာလဲစိုးတယ္။ ဒါေပမယ့္ ရိုးေျဖာင့္ျခင္းက ရိုးေျဖာင့္ျခင္းပါပဲ။

ေနာက္ေတာ့လဲ “ကၽြန္ေတာ္က ရိုးေျဖာင့္ျခင္းပါ”လို႔ သူေျပာလိုက္တယ္။

“ေအာ္.. မင္းက ရိုးေျဖာင့္ျခင္းကို.. မင္းက ငါ့ကိုသက္သက္ဒုကၡေပးတာနဲ႔

တူမေနဘူးလားကြ? ယွဥ္ၿပိဳင္ျခင္းေတြ ဒီေလာက္မ်ားေနတဲ့အခ်ိန္ ငါတို႔ရဲ႕

မရိုးသားတဲ့ယွဥ္ၿပိဳင္မႈမွာ မင္းပါလာလို႔ ဘယ္ျဖစ္မလဲ?”

ေျပာေျပာဆုိဆို ယွဥ္ၿပိဳင္ျခင္း ထြက္သြားခဲ့တယ္။ ရိုးေျဖာင့္ျခင္းက

ေမွ်ာ္လင့္ခ်က္မဲ့ရင္း မဲ့ေနခ်ိန္မွာ အေဝးကေန အသံတစ္သံကိုၾကားလိုက္တယ္။

“လူေလး.. လာ ေလွေပၚတက္ပါ”

ဆံပင္ျဖဴျဖဴေဖြးေဖြး အဘိုးအိုတစ္ဦးက သူ႔ကိုလွမ္းေခၚလိုက္တယ္။

“အဘိုးက အခ်ိန္ပါ”

“ဘာျဖစ္လို႔ ကၽြန္ေတာ့္ကို ကယ္ရတာလဲ?”

“ရိုးသားေျဖာင့္မတ္ျခင္းဟာ ဘယ္ေလာက္အေရးပါတယ္ဆိုတာ အခ်ိန္ကပဲ သိလို႔ပါ”

အျပန္လမ္းမွာ ေလွေမွာက္ေနတဲ့ ေပ်ာ္ရႊင္ျခင္း၊ ေနရာနဲ႔ ယွဥ္ၿပိဳင္ျခင္းကိုေတြ႔ေတာ့

အဘိုးအိုက သက္ျပင္းရွည္ႀကီးခ်ၿပီး

“အင္း…….. ရိုးသားေျဖာင့္မတ္ျခင္းမရွိရင္ ေပ်ာ္ရႊင္ျခင္းကလည္း ၾကာရွည္မတည္ၿမဲဘူး။

ေနရာလည္း မၿမဲဘူး။ ယွဥ္ၿပိဳင္ျခင္းလည္း က်ရႈံးမွာပဲ”လို႔ ဆိုခဲ့တယ္။

မူရင္း — http://www.zijiu.org/node/88

ႏိုင္းႏိုင္းစေန ဘာသာျပန္သည္။

< unicode version >

“တော်ထက်”တဲ့လူတစ်ယောက်က “ရိုးသားဖြောင့်မတ်ခြင်း”

ကို ရေထဲလွတ်ချစွန့်ပစ်ခဲ့တယ်။

“ရိုးသားဖြောင့်မတ်ခြင်း”ဟာ ကူးရင်းခတ်ရင်း ကျွန်းငယ်လေးတစ်ခုပေါ်

ရောက်လာခဲ့တယ်။ “ရိုးသားဖြောင့်မတ်ခြင်း”ဟာ

သဲသောင်ပြင်မှာအနားယူရင်း တစ်ယောက်ယောက်လာရင်

အကူအညီတောင်းဖို့ စောင့်နေခဲ့တယ်။

တအောင့်ကြာတော့ အဝေးကနေ သီချင်းသံတစ်သံလွင့်လာတာကို

သူကြားလိုက်မိတယ်။ သူချက်ချင်းထရပ်ပြီး အသံလာရာဆီကြည့်လိုက်တော့

လှေငယ်လေးတစ်စီး သူ့ဘက်ကိုဦးတည်ပြီး လှော်ခတ်လာတာကို တွေ့လိုက်တယ်။

လှေရဲ့အလံပေါ်မှာ “ပျော်ရွှင်ခြင်း”လို့ ရေးထားတာကို တွေ့တော့ “ရိုးသားဖြောင့်မတ်ခြင်း” က လှမ်းအော်တယ်။

“ပျော်ရွှင်ခြင်းရေ… ပျော်ရွှင်ခြင်းရေ.. ငါ ရိုးဖြောင့်ခြင်းပါ။ ငါ့ကို လှေကြုံစီးခွင့်ပြုပါ”

“ရိုးဖြောင့်ခြင်း” အကူအညီတောင်းတာကို “ပျော်ရွှင်ခြင်း”ကကြားတော့ ရယ်ပြီး …

“ဟား.. ဘယ်ဖြစ်မလဲ! ရိုးသားဖြောင့်မတ်ခြင်းရှိရင် ငါဘယ်ပျော်တော့မလဲ? ဒီလောကမှာ

ကြည့်စမ်း.. အမှန်တရားတွေပြောလို့ မပျော်ရွှင်ရတဲ့လူတွေ အများကြီး။

ဆောရီးပဲ.. နင့်ကိုငါ မကယ်နိုင်ဘူး”

ပြောပြောဆိုဆို “ပျော်ရွှင်ခြင်း”ထွက်သွားခဲ့တယ်။ ပျော်ရွှင်ခြင်းထွက်သွားတော့

“နေရာ”ဆိုသူရောက်လာပြန်တယ်။ နေရာကိုတွေ့တော့ ရိုးဖြောင့်ခြင်းက

“နေရာ.. နေရာ.. ငါ ရိုးဖြောင့်ခြင်းပါ။ ငါ့ကို နင့်လှေနဲ့အတူ ကမ်းကပ်ခွင့်ပေးပါ”

လို့တောင်းဆိုပြန်တယ်။

နေရာက လှေကို အဝေးကြီးလှော်သွားပြီး… “မဖြစ်ဘူး.. မဖြစ်ဘူး.. နင့်ကို ငါ့လှေပေါ်

မတင်နိုင်ဘူး။ အခုလို ငါ့နေရာရဖို့ မလွယ်ခဲ့ဘူး။ နင့်ကိုသာခေါ်သွားရင် ငါ့နေရာတောင်

ငါထိန်းထားနိုင်မှာ မဟုတ်ဘူး” လို့ဆိုခဲ့တယ်။

ရိုးဖြောင့်ခြင်းဟာ စိတ်ပျက်လက်ပျက်နဲ့ နေရာရဲ့နောက်ကျောကို ငေးကြည့်နေခဲ့တယ်။

သူ့ရဲ့အကြည့်မှာလည်း နားမလည်မှုတွေ၊ တွေဝေမှုတွေ ရောယှက်နေခဲ့တယ်။

ဒီလိုနဲ့ သူဆက်စောင့်နေခဲ့တယ်။

တအောင့်ကြာတော့ စည်းချက်မညီတဲ့အသံနဲ့အတူ “ယှဉ်ပြိုင်ခြင်း” ရောက်လာခဲ့တယ်။

ရိုးဖြောင့်ခြင်းက ဝမ်းသာအားရ ခေါ်တယ်။

“ယှဉ်ပြိုင်ခြင်းရေ.. ယှဉ်ပြိုင်ခြင်း.. နင့်လှေနဲ့အတူ ငါလိုက်ခဲ့လို့ရမလား?”

“မင်း ဘယ်သူလဲ? မင်းကငါတို့အတွက် ဘယ်လောက်အကျိုးအမြတ်ပေးနိုင်မှာလဲ?”

လို့ ယှဉ်ပြိုင်ခြင်းက ပြန်မေးတယ်။

ရိုးဖြောင့်ခြင်းက သူဘယ်သူလဲဆိုတာကို မပြောချင်ဘူး။ ပြောလိုက်ရင်

လှေနဲ့မခေါ်သွားမှာလဲစိုးတယ်။ ဒါပေမယ့် ရိုးဖြောင့်ခြင်းက ရိုးဖြောင့်ခြင်းပါပဲ။

နောက်တော့လဲ “ကျွန်တော်က ရိုးဖြောင့်ခြင်းပါ”လို့ သူပြောလိုက်တယ်။

“အော်.. မင်းက ရိုးဖြောင့်ခြင်းကို.. မင်းက ငါ့ကိုသက်သက်ဒုက္ခပေးတာနဲ့

တူမနေဘူးလားကွ? ယှဉ်ပြိုင်ခြင်းတွေ ဒီလောက်များနေတဲ့အချိန် ငါတို့ရဲ့

မရိုးသားတဲ့ယှဉ်ပြိုင်မှုမှာ မင်းပါလာလို့ ဘယ်ဖြစ်မလဲ?”

ပြောပြောဆိုဆို ယှဉ်ပြိုင်ခြင်း ထွက်သွားခဲ့တယ်။ ရိုးဖြောင့်ခြင်းက

မျှော်လင့်ချက်မဲ့ရင်း မဲ့နေချိန်မှာ အဝေးကနေ အသံတစ်သံကိုကြားလိုက်တယ်။

“လူလေး.. လာ လှေပေါ်တက်ပါ”

ဆံပင်ဖြူဖြူဖွေးဖွေး အဘိုးအိုတစ်ဦးက သူ့ကိုလှမ်းခေါ်လိုက်တယ်။

“အဘိုးက အချိန်ပါ”

“ဘာဖြစ်လို့ ကျွန်တော့်ကို ကယ်ရတာလဲ?”

“ရိုးသားဖြောင့်မတ်ခြင်းဟာ ဘယ်လောက်အရေးပါတယ်ဆိုတာ အချိန်ကပဲ သိလို့ပါ”

အပြန်လမ်းမှာ လှေမှောက်နေတဲ့ ပျော်ရွှင်ခြင်း၊ နေရာနဲ့ ယှဉ်ပြိုင်ခြင်းကိုတွေ့တော့

အဘိုးအိုက သက်ပြင်းရှည်ကြီးချပြီး

“အင်း…….. ရိုးသားဖြောင့်မတ်ခြင်းမရှိရင် ပျော်ရွှင်ခြင်းကလည်း ကြာရှည်မတည်မြဲဘူး။

နေရာလည်း မမြဲဘူး။ ယှဉ်ပြိုင်ခြင်းလည်း ကျရှုံးမှာပဲ”လို့ ဆိုခဲ့တယ်။

မူရင်း — http://www.zijiu.org/node/88

နိုင်းနိုင်းစနေ ဘာသာပြန်သည်။