တင်ဇာမော်ရဲ့ ၅ လအတွင်း ပေါင် ၄၀ ကျအောင် ဝိတ်ချနည်း
– တင်ဇာမော်
Unicode
အဆိုတော် မတင်ဇာမော်ရဲ့ ၅ လ အတွင်း ပေါင်ချိန် ၄၀ လောက် ကျအောင် ကြိုးစားခဲ့တဲ့ နည်းလမ်းလေးကို ထပ်ဆင် ပြန်လည် မျှဝေပေးလိုက်ရပါတယ်။
“ကိုင်းးးး အစားထိန်းတာ တစ်ခုထဲနဲ့ ၅လနီးပါးအတွင်း လေ့ကျင့်ခန်းမလို ပိန်ဆေးမလို ပဲ ဝိတ်ကျနိုင် တယ်ဆိုတာယုံပြီလားးး ဒီဇင်ဘာလလယ်၂၀၁၃ မှာ
ပေါင်ချိန်၁၆၀ နီးပါးကနေ မေလလယ်၂၀၁၄ မှာ ၁၂၃ပေါင်ကျန်တယ် ဆက်ကြိုးစားမယ်ဗျိုး နောက်ထပ်၁၀ပေါင်လောက်ကျရင်တော်ပြီ
နည်းလေးပါ ရေးပေးပါရစေ တချို့တွေ ကမေးလို့။ ဒီမှာပဲ ထပ်ရေးလိုက်ပြီနော် တွဲပြီး တခါထဲတွေ့အောင်။
၁။ ဆန် ဂျုံ အာလူး ရှောင်၊ ဒါပေမဲ့ သိပ်စားချင်ရင် တစ်ပတ်လုံးမှာ ၃ခါလောက်ပဲ နဲနဲ လေးစား
၂။ အသီးအနှံ များများပြုတ်သောက် ဆီနဲနဲ နဲ့သုတ်စား
၃။ ဆီကြော်စာ လုံးဝရှောင်
၄။ ဆီများအသား ငါးကလွဲ ရင် ရှောင် ကြက် ကို အရေခွံ မစားနဲ့
၅။ တတ်နိင်သမျှ အပြင်စာ၊ နှမြောစာ၊ အားနာစာ ရှောင်
၆။ ဗိုက်ဆာမှ အဆာပြေရုံ စား နဲနဲ စီ ခဏခဏ စား
၇။ မနက်ကနေညအိပ်ရာဝင်တဲ့ထိ သံပုရာသီး ၁ လုံး သို့ ၂လုံး ရေနွေးပူပူ ထဲညှစ် အခွံမပစ်ပဲ စိမ်သောက် ပျားရည် နဲနဲထဲ့ချင်လဲရတယ်
၈။ အရမ်းအရေးအကြီးဆုံးအချက် အစာအိမ် မထိအောင် လုံးဝအဆာမခံပါနဲ့ စားရမယ့် အချိန် ဆာမယ့် အချိန်မှာ စားသင့်တာ ကို လိုတာထပ်ပိုမစားပဲ
ဆာတိုင်း မျှတပြီး စားဖို့အရေးကြီးပါတယ် ၊ ဒီအစီစဉ်မှာ အငတ်ခံစရာမလို စားသင့်တာစားဖို့ သတိချပ်ပါ
၉။ Ready mix tea coffee မသောက်ပဲ အိမ်ဖျော်
သကြားလဘက်ရည်ဇွန်းဝက်နဲ့ အဆီထုတ်နို့ပဲသုံး အချိုကြိုက်ရင် သကြားအစား
sweetner သုံး”
– တင်ဇာမော်
Credit-pthonlinemedia