တစ္ရက္ကို သိန္း ၂၀၀ ေလာက္ အျမတ္၀င္ေငြရွိတဲ့ သူေဌးေလးရဲ႕ ခ်စ္သူ ရံုး၀န္ထမ္း ေကာင္မေလး

တကယ္ခ်စ္တဲ့သူဆိုတာ

တကယ္ခ်စ္တ့ဲသူဆိုတာ …….တစ္ခါတုန္းက ေကာင္မေလးတစ္ေယာက္ ရွိတယ္။

သူမက အျမဲတမ္း သူ႔ခ်စ္သူ သူေဌးေလးအေၾကာင္းသူငယ္ခ်င္းေတြကို ဂုဏ္ယူစြာ ေျပာတတ္တာေပါ့။

“‘နင္သိလား ငါ့ကိုကိုရဲ႕ ကုမၸဏီက တစ္ရက္အျမတ္အစြန္း သိန္း၂၀၀, ၃၀၀ အထက္မွာပဲငါတို႔တြဲလာတာ ခုဆို (၁)ႏွစ္ေက်ာ္ျပီ။

သူက ငါ့ကို ခ်စ္တယ္လို႔ အျမဲေျပာတာအဲ့စကားနဲ႔တင္ ငါက တစ္ေန႔တစ္ေန႔ အေမာ ေျပေနတာေပါ့”။

သိပ္မၾကာပါဘူး၊ ေကာင္မေလးက ရုတ္တရက္ရံုး၀န္ထမ္း ေကာင္ေလးနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လက္ထပ္သြားတယ္။

သူေဌးေလး ျဖစ္သူက အရမ္းကို ေဒါသေတြထြက္ေနခဲ့တာေပါ့။

သူ႔လို အဆင့္နဲ႔ ရည္းစားျဖစ္ျပီးမွ ဘာမွမဟုတ္တ့ဲေကာင္နဲ႔ ယူသြားလို႔ဆိုျပီး။

တစ္ေန႔မွာေတာ့ ေကာင္မေလးန႔ဲ ေကာင္မေလးသူငယ္ခ်င္းတို႔ ျပန္ဆံုၾကတာေပါ့။ျပန္ဆံုတဲ့အခ်ိန္ သူငယ္ခ်င္းေတြက နားမလည္တဲ့ပံုစံနဲ႔ေကာင္မေလးကို ေမးခြန္းထုတ္ၾကတယ္။ေမးခြန္းေတြကလဲ စံုေနတာေပါ့။

ေကာင္မေလးက ရီရီေမာေမာနဲ႔ငါနင္တို႔ကို ေျပာျပမယ္။

” ငါ သူေဌးေလးနဲ႔ ခ်စ္သူ ျဖစ္တဲ့အခ်ိန္မွာ ရံုး၀န္ထမ္းေကာင္ေလးက လာႀကိဳက္ေတာ့ ငါကအရမ္းေဒါသထြက္ခဲ့တာ အမွန္ပါ။

ဒါေပမယ့္ေလ…

Valentine day ေရာက္လာတဲ့ေန႔မွာ..

ထံုးစံအတိုင္း တစ္ရက္ ၀င္ေငြ သိန္း၂၀၀ အထက္မွာ ရွိတဲ့

သူေဌးေလးဆီက သူ႔တစ္ရက္၀င္ေငြရဲ႕ (၁၀)ပံု(၁)ပံု

(၂)သိန္းတန္ ပစၥည္းတစ္ခု မေရာက္လာခဲ့ဘူး။အရင္တစ္ႏွစ္ကလိုပဲ message တစ္ေစာင္ပဲ ပို႔ခဲ့တယ္။

ရံုး၀န္ထမ္း ေကာင္ေလးက သူ႔တစ္လ၀င္ေငြ (၁)သိန္းခြဲမွာငါလိုခ်င္တ့ဲ cosmetic ေလးနဲ႔ ပန္းစည္းေလးအိမ္ထိလာပို႔ေပးတယ္။သူ႔လစာ (၃)ပုံ (၁)ပံုနဲ႔ ငါ့ကိုအသိအမွတ္ျပဳတယ္ဟ။

ဒါေတြပဲ မဟုတ္ပါဘူး။

ငါ သင္တန္းက အျပန္ အေကာင္းစားကား စီးျပီးေနပူပူ မိုးရြာရြာ ကားထဲမွာ ေဆာင္းရာသီအျမဲေရာက္ေနတဲ့သူက ငါ့ကို တစ္ပတ္တစ္ခါေတာင္သင္တန္းလာမႀကိဳခဲ့ဘူး။

ရံုး၀န္ထမ္း ေကာင္ေလးက ေနပူပူ မိုးရြာရြာထီးေလးတေခ်ာင္နဲ႕ အံတုျပီး သူ႔ရံုးကေန ငါ့သင္တန္းကိုလူတန္းစားမေရြးတဲ့ဘတ္(စ္) ကားစီးျပီး အျမဲလာႀကိဳအိမ္ပို႔ေပးတယ္။

တစ္ေယာက္ထဲ အိမ္ျပန္ရမွာထက္ စာရင္ ေဘးနားမွာလူတစ္ေယာက္ ရွိေတာ့ အားကိုးစရာ တစ္ခုလို႔ခံစားရတာေတာ့ အမွန္ပဲ။

မိန္းမေတြရဲ႕ အိပ္မက္က ပိုက္ဆံရွိတဲ့သူနဲ႔ယူျပီးဘ၀ကို ပူပင္မူမရွိ ျဖတ္သန္းခ်င္ၾကတာပါ။

ရံုး၀န္ထမ္း ေကာင္ေလးအေပၚမွာ ခံစားခ်က္ တစ္ခုရွိလာေတာ့ငါသူေဌးေလးကို ဆံုးရွံဳးရမွာေၾကာက္လာတယ္။

အဲ့ဒါနဲ႔ ငါ သူေဌးေလးကို စကားတစ္ခု ေမးၾကည့္မိတယ္။

“ငါတို႔ ဘယ္ခ်ိန္ေလာက္ လက္ထပ္ၾကမလဲလို႕”။အဲ့ခ်ိန္မွာ ငါ့ကို ျပန္ေျဖတဲ့အေျဖက“ေစာပါေသးတယ္တဲ့”။

ပိုက္ဆံရွိတဲ့သူနဲ႔ ႀကိဳက္ရတာ နာမည္သာ ရွိတာဘာမ်ားအက်ိဳးအျမတ္ရခဲ့လဲ အခါအခါ ေတြးမိတာ အမွန္ပဲ အလြန္ဆံုး ဆိုင္ေကာင္းေကာင္းမွ ႏွစ္ေယာက္အတူတူ အစားအေသာက္ ထိုင္စားရတဲ့အစားတစ္လုပ္ေလာက္ကိုေတာ့ ငါ မက္ေမာေနစရာအေၾကာင္း မရွိဘူး။

ငါ ရံုး၀န္ထမ္း ေကာင္ေလးကိုလဲ ထပ္တူေမးခြန္းေမးခဲ့တယ္။

“တကယ္လို႔ ကြ်န္မကသာ ရွင့္အခ်စ္ကို လက္ခံရင္ဘယ္ေတာ့ေလာက္ မိသားဖသားပီပီေတာင္းရမ္းယူမွာလဲ”

အဲ့ေတာ့ သူေျဖတာက“သူ႔ကို အခ်ိန္တစ္ႏွစ္ပဲ ေပးပါ”တ့ဲ မဂၤလာေဆာင္တဲ့အခ်ိန္ခမ္းခမ္းနားနားမဟုတ္ေတာင္ တင့္တင့္တယ္တယ္ေလးသူေဆာင္ေပးခ်င္တယ္တဲ့”။

ငါက (၆)လပဲေစာင့္ေပးခဲ့တယ္။

ငါ ကုမၸဏီ တစ္ခုမွာ (၆)လ အလုပ္၀င္လုပ္ျပီးပိုက္ဆံတူတူ စုၾကတယ္။

သူနဲ႔ အတူတူ ရွိတဲ့အခ်ိန္ေတြတိုင္း ငါက နတ္သမီးတစ္ပါးလိုပဲ ခံစားရတယ္။ သူေဌးေလးနဲ႔တြဲတုန္းက ကိုယ့္ဘာသာကြ်န္တစ္ေယာက္လိုပဲ။

ပိုက္ဆံဆိုတာ ေနရာတကာတိုင္း အေရးမပါဘူးဆိုတာငါနားလည္လာတယ္။

အနီေရာင္ ေကာ္ေဇာ္ အထပ္ထပ္နဲ႔ လူအမ်ားေရွ႕မွာခမ္းခမ္းနားနား မဂၤလာေဆာင္ဖို႔ အိမ္မက္အႀကီးႀကီး မက္ခဲ့ဖူးတယ္။

အဲ့အိမ္မက္တစ္ခုအတြက္နဲ႔ လက္ေတြ႕ကို ငါလဲလွယ္ဖို႔ေလာက္ထိ ငါမမိုက္မဲပါဘူး။

အခုလဲ ဘုန္းေတာ္ႀကီး (၅)ပါးေရွ႕မွာ လက္အုပ္ခ်ီျပီးကိုယ့္ကို တကယ္ခ်စ္တဲ့သူနဲ႔ မဂၤလာေဆာင္ရတာအရမ္းေပ်ာ္ရႊင္ခဲ့ရတာအမွန္ပဲ။

သူေဌးေလးက ငါသူနဲ႔ လမ္းခြဲတ့ဲအခ်ိန္မွာ သူ႔လိုလူတစ္ေယာက္ဆီ ငါ မျဖစ္မေန ျပန္လာမယ္ထင္ေနတာ။

လူေတာ့ ျပန္မေရာက္ဘူး၊ မဂၤလာဖိတ္စာေတာ့ေရာက္ေအာင္ ပို႔လိုက္တယ္။

အဲ့ဖိတ္စာအတြက္ အံ့အားသင့္တာ ငါလက္ခံႏိုင္ပါတယ္။

ငါ့မဂၤလာေဆာင္ မလာတာလဲ ပိုေကာင္းတယ္ဆိုေပမယ့္။

(၂)ႏွစ္နီးပါး တြဲလာတဲ့ သူနဲ႔ ခ်စ္လာတဲ့ ေကာင္မေလးတစ္ေယာက္ မဂၤလာေဆာင္ကို အသိအမွတ္ျပဳတာတစ္ခုေတာင္ မေရာက္လာဘူး။

(၅)ေထာင္တန္တစ္ရြက္ေတာင္ အသိအမွတ္မျပဳႏိုင္တဲ့သူေဌးက ငါ့အတြက္ေတာ့ ဆင္းရဲတ့ဲ သူတစ္ေယာက္နဲ႔ဘာမွမကြာဘူးေလ။

@@လူတစ္ေယာက္က ခ်မ္းသာတာ ကိုယ့္အတြက္ဘာတခုမွအက်ိဳးမျပဳရင္ သူဟာ ကိုယ့္အတြက္ ဆင္းရဲသူပါပဲ@@။

**လူတစ္ေယာက္က ထမင္းတစ္ပန္းကန္စာ ခ်မ္းသာလို႔ကိုယ့္ကို တစ္၀က္ခြဲေကြ်းရင္ သူက ကိုယ့္အတြက္အရမ္းခ်မ္းသာတဲ့သူ ဆိုတာပါပဲ**

ငါ နားလည္လိုက္လို႔ ငါအခုလို ဆံုးျဖတ္လိုက္တာပါ”

ခင္မင္ေလးစားလွ်က္

#Credit to-#ခြန္သူရိန္မင္း(လမ္းျပၾကယ္)ေတာင္ႀကီး

==========================================

တကယ်ချစ်တဲ့သူဆိုတာ

တကယ်ချစ်တဲ့သူဆိုတာ …….တစ်ခါတုန်းက ကောင်မလေးတစ်ယောက် ရှိတယ်။

သူမက အမြဲတမ်း သူ့ချစ်သူ သူဌေးလေးအကြောင်းသူငယ်ချင်းတွေကို ဂုဏ်ယူစွာ ပြောတတ်တာပေါ့။

“‘နင်သိလား ငါ့ကိုကိုရဲ့ ကုမ္ပဏီက တစ်ရက်အမြတ်အစွန်း သိန်း၂၀၀, ၃၀၀ အထက်မှာပဲငါတို့တွဲလာတာ ခုဆို (၁)နှစ်ကျော်ပြီ။

သူက ငါ့ကို ချစ်တယ်လို့ အမြဲပြောတာအဲ့စကားနဲ့တင် ငါက တစ်နေ့တစ်နေ့ အမော ပြေနေတာပေါ့”။

သိပ်မကြာပါဘူး၊ ကောင်မလေးက ရုတ်တရက်ရုံးဝန်ထမ်း ကောင်လေးနဲ့ ပျော်ပျော်ရွှင်ရွှင်လက်ထပ်သွားတယ်။

သူဌေးလေး ဖြစ်သူက အရမ်းကို ဒေါသတွေထွက်နေခဲ့တာပေါ့။

သူ့လို အဆင့်နဲ့ ရည်းစားဖြစ်ပြီးမှ ဘာမှမဟုတ်တဲ့ကောင်နဲ့ ယူသွားလို့ဆိုပြီး။

တစ်နေ့မှာတော့ ကောင်မလေးနဲ့ ကောင်မလေးသူငယ်ချင်းတို့ ပြန်ဆုံကြတာပေါ့။ပြန်ဆုံတဲ့အချိန် သူငယ်ချင်းတွေက နားမလည်တဲ့ပုံစံနဲ့ကောင်မလေးကို မေးခွန်းထုတ်ကြတယ်။မေးခွန်းတွေကလဲ စုံနေတာပေါ့။

ကောင်မလေးက ရီရီမောမောနဲ့ငါနင်တို့ကို ပြောပြမယ်။

” ငါ သူဌေးလေးနဲ့ ချစ်သူ ဖြစ်တဲ့အချိန်မှာ ရုံးဝန်ထမ်းကောင်လေးက လာကြိုက်တော့ ငါကအရမ်းဒေါသထွက်ခဲ့တာ အမှန်ပါ။

ဒါပေမယ့်လေ…

Valentine day ရောက်လာတဲ့နေ့မှာ..

ထုံးစံအတိုင်း တစ်ရက် ၀င်ငွေ သိန်း၂၀၀ အထက်မှာ ရှိတဲ့

သူဌေးလေးဆီက သူ့တစ်ရက်ဝင်ငွေရဲ့ (၁၀)ပုံ(၁)ပုံ

(၂)သိန်းတန် ပစ္စည်းတစ်ခု မရောက်လာခဲ့ဘူး။အရင်တစ်နှစ်ကလိုပဲ message တစ်စောင်ပဲ ပို့ခဲ့တယ်။

ရုံးဝန်ထမ်း ကောင်လေးက သူ့တစ်လဝင်ငွေ (၁)သိန်းခွဲမှာငါလိုချင်တဲ့ cosmetic လေးနဲ့ ပန်းစည်းလေးအိမ်ထိလာပို့ပေးတယ်။သူ့လစာ (၃)ပုံ (၁)ပုံနဲ့ ငါ့ကိုအသိအမှတ်ပြုတယ်ဟ။

ဒါတွေပဲ မဟုတ်ပါဘူး။

ငါ သင်တန်းက အပြန် အကောင်းစားကား စီးပြီးနေပူပူ မိုးရွာရွာ ကားထဲမှာ ဆောင်းရာသီအမြဲရောက်နေတဲ့သူက ငါ့ကို တစ်ပတ်တစ်ခါတောင်သင်တန်းလာမကြိုခဲ့ဘူး။

ရုံးဝန်ထမ်း ကောင်လေးက နေပူပူ မိုးရွာရွာထီးလေးတချောင်နဲ့ အံတုပြီး သူ့ရုံးကနေ ငါ့သင်တန်းကိုလူတန်းစားမရွေးတဲ့ဘတ်(စ်) ကားစီးပြီး အမြဲလာကြိုအိမ်ပို့ပေးတယ်။

တစ်ယောက်ထဲ အိမ်ပြန်ရမှာထက် စာရင် ဘေးနားမှာလူတစ်ယောက် ရှိတော့ အားကိုးစရာ တစ်ခုလို့ခံစားရတာတော့ အမှန်ပဲ။

မိန်းမတွေရဲ့ အိပ်မက်က ပိုက်ဆံရှိတဲ့သူနဲ့ယူပြီးဘဝကို ပူပင်မူမရှိ ဖြတ်သန်းချင်ကြတာပါ။

ရုံးဝန်ထမ်း ကောင်လေးအပေါ်မှာ ခံစားချက် တစ်ခုရှိလာတော့ငါသူဌေးလေးကို ဆုံးရှုံးရမှာကြောက်လာတယ်။

အဲ့ဒါနဲ့ ငါ သူဌေးလေးကို စကားတစ်ခု မေးကြည့်မိတယ်။

“ငါတို့ ဘယ်ချိန်လောက် လက်ထပ်ကြမလဲလို့”။အဲ့ချိန်မှာ ငါ့ကို ပြန်ဖြေတဲ့အဖြေက“စောပါသေးတယ်တဲ့”။

ပိုက်ဆံရှိတဲ့သူနဲ့ ကြိုက်ရတာ နာမည်သာ ရှိတာဘာများအကျိုးအမြတ်ရခဲ့လဲ အခါအခါ တွေးမိတာ အမှန်ပဲ အလွန်ဆုံး ဆိုင်ကောင်းကောင်းမှ နှစ်ယောက်အတူတူ အစားအသောက် ထိုင်စားရတဲ့အစားတစ်လုပ်လောက်ကိုတော့ ငါ မက်မောနေစရာအကြောင်း မရှိဘူး။

ငါ ရုံးဝန်ထမ်း ကောင်လေးကိုလဲ ထပ်တူမေးခွန်းမေးခဲ့တယ်။

“တကယ်လို့ ကျွန်မကသာ ရှင့်အချစ်ကို လက်ခံရင်ဘယ်တော့လောက် မိသားဖသားပီပီတောင်းရမ်းယူမှာလဲ”

အဲ့တော့ သူဖြေတာက“သူ့ကို အချိန်တစ်နှစ်ပဲ ပေးပါ”တဲ့ မင်္ဂလာဆောင်တဲ့အချိန်ခမ်းခမ်းနားနားမဟုတ်တောင် တင့်တင့်တယ်တယ်လေးသူဆောင်ပေးချင်တယ်တဲ့”။

ငါက (၆)လပဲစောင့်ပေးခဲ့တယ်။

ငါ ကုမ္ပဏီ တစ်ခုမှာ (၆)လ အလုပ်ဝင်လုပ်ပြီးပိုက်ဆံတူတူ စုကြတယ်။

သူနဲ့ အတူတူ ရှိတဲ့အချိန်တွေတိုင်း ငါက နတ်သမီးတစ်ပါးလိုပဲ ခံစားရတယ်။ သူဌေးလေးနဲ့တွဲတုန်းက ကိုယ့်ဘာသာကျွန်တစ်ယောက်လိုပဲ။

ပိုက်ဆံဆိုတာ နေရာတကာတိုင်း အရေးမပါဘူးဆိုတာငါနားလည်လာတယ်။

အနီရောင် ကော်ဇော် အထပ်ထပ်နဲ့ လူအများရှေ့မှာခမ်းခမ်းနားနား မင်္ဂလာဆောင်ဖို့ အိမ်မက်အကြီးကြီး မက်ခဲ့ဖူးတယ်။

အဲ့အိမ်မက်တစ်ခုအတွက်နဲ့ လက်တွေ့ကို ငါလဲလှယ်ဖို့လောက်ထိ ငါမမိုက်မဲပါဘူး။

အခုလဲ ဘုန်းတော်ကြီး (၅)ပါးရှေ့မှာ လက်အုပ်ချီပြီးကိုယ့်ကို တကယ်ချစ်တဲ့သူနဲ့ မင်္ဂလာဆောင်ရတာအရမ်းပျော်ရွှင်ခဲ့ရတာအမှန်ပဲ။

သူဌေးလေးက ငါသူနဲ့ လမ်းခွဲတဲ့အချိန်မှာ သူ့လိုလူတစ်ယောက်ဆီ ငါ မဖြစ်မနေ ပြန်လာမယ်ထင်နေတာ။

လူတော့ ပြန်မရောက်ဘူး၊ မင်္ဂလာဖိတ်စာတော့ရောက်အောင် ပို့လိုက်တယ်။

အဲ့ဖိတ်စာအတွက် အံ့အားသင့်တာ ငါလက်ခံနိုင်ပါတယ်။

ငါ့မင်္ဂလာဆောင် မလာတာလဲ ပိုကောင်းတယ်ဆိုပေမယ့်။

(၂)နှစ်နီးပါး တွဲလာတဲ့ သူနဲ့ ချစ်လာတဲ့ ကောင်မလေးတစ်ယောက် မင်္ဂလာဆောင်ကို အသိအမှတ်ပြုတာတစ်ခုတောင် မရောက်လာဘူး။

(၅)ထောင်တန်တစ်ရွက်တောင် အသိအမှတ်မပြုနိုင်တဲ့သူဌေးက ငါ့အတွက်တော့ ဆင်းရဲတဲ့ သူတစ်ယောက်နဲ့ဘာမှမကွာဘူးလေ။

@@လူတစ်ယောက်က ချမ်းသာတာ ကိုယ့်အတွက်ဘာတခုမှအကျိုးမပြုရင် သူဟာ ကိုယ့်အတွက် ဆင်းရဲသူပါပဲ@@။

**လူတစ်ယောက်က ထမင်းတစ်ပန်းကန်စာ ချမ်းသာလို့ကိုယ့်ကို တစ်ဝက်ခွဲကျွေးရင် သူက ကိုယ့်အတွက်အရမ်းချမ်းသာတဲ့သူ ဆိုတာပါပဲ**

ငါ နားလည်လိုက်လို့ ငါအခုလို ဆုံးဖြတ်လိုက်တာပါ”

ခင်မင်လေးစားလျှက်

#Credit to-#ခွန်သူရိန်မင်း(လမ်းပြကြယ်)တောင်ကြီး