ချစ်သူလေးကို ဂုဏ်ပြုလိုက်တဲ့ ရွှေထူး










သတင်းအရင်းမြစ် :

 

 

 

 

 

လူငယ်တို့ရဲ့ အချစ်တော် အဆိုတော် ရွှေထူးကတော့ သူရေးတဲ့ ဆိုတဲ့ သီချင်းတွေ နာမည်ကြီးရုံတင်မကဘဲ သူ့ရဲ့ အချစ်ရေးဟာလည်း နာမည်ကြီးလှပါတယ် ။

အထူးသဖြင့် ကျော်ကြားသူတွေထဲ တွေ့ရနည်းတဲ့ LDRS Relation ကို ကြာရှည်စွာ သစ္စာရှိရှိနဲ့ ခိုင်ခိုင်မြဲမြဲ လက်တွဲထားခဲ့တာမို့ ရွှေထူးရဲ့ အချစ်ကိုလည်း သူ့ပရိတ်သတ်တွေက လေးစားကြတာပါ ။ ခုချိန်မှာတော့ သြစတြေးလျမှာ ကျောင်းတတ်နေတဲ့ သူ့ချစ်သူလေးကို ဂုဏ်ပြုရမယ့် အကြောင်းရှိလာပါပြီ ။

ချစ်သူလေးက ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားပြီး ဘွဲ့အပ်နှင်းခံခဲ့ရပြီမို့ ရွှေထူးက Congratulation My Girl လို့ ဂုဏ်ပြုစကား ဆိုခဲ့တာပါ ။

ဘွဲ့ရရှိသွားပြီ ဖြစ်တဲ့ ရွှေထူးရဲ့ ချစ်သူလေး ယမင်းဦးကလည်း

” Thanks a lot everyone for coming today

အများကြီးမပြောတတ်ဘူး

အားလုံးကိုကျေးဇူးတင်ပါတယ်

My evening was perfect becoz of you guys ” လို့ ကျေးဇူးတင်စကားဆိုထားပါသေးတယ် ။

သူတို့နှစ်ယောက်ကတော့ LDRS စုံတွဲတွေကြားက အားကျစရာစုံတွဲလေးတစ်တွဲ ဖြစ်လို့နေတော့တာပါပဲ ။ သူတို့နှစ်ယောက်ကို ချစ်တဲ့ပရိတ်သတ်တွေ ရှိရင်ပြောသွားခဲ့လေနော် …

သတင်းအရင်းမြစ် :