

5.2.2018 ည 7:30 pm ကငှါးစီးလာတဲ့ taxi ပါ (6D-6932)မြောက်ဒဂုံ ဆက်သွယ်ရေး မှတ်တိုင်ကနေ ကုန်ပဒေသာ အတွင်းထဲဝင်ပေးပါဆိုပြီးငှားတာပါ ၂၅၀၀ တောင်းပါတယ်














Unicode Version

=============================

ညဘက်Taxi စီးတဲ့မိန်းကလေးတွေအဲ့ဒိကားကိုသတိထားလို့ရအောင်ပါ

5.2.2018 ည 7:30 pm ကငှါးစီးလာတဲ့ taxi ပါ (6D-6932)မြောက်ဒဂုံ ဆက်သွယ်ရေး မှတ်တိုင်ကနေ ကုန်ပဒေသာ အတွင်းထဲဝင်ပေးပါဆိုပြီးငှှားတာပါ ၂၅၀၀ တောင်းပါတယ်

များမှန်းသိပေမယ့် အထုပ်အပိုးတွေလည်းပါတာနဲ့ ငှားလိုက်ပါတယ် တစ်လမ်းလုံး မှောင်တဲ့လမ်းတွေချည်း ရွေးမောင်းပါတယ် ကိုယ်လည်းကြောက်လာတာနဲ့ ကိုယ့်သူငယ်ချင်းဆီ ph ခေါ်တော့ မကြည်သလိုကြည့်ပါတယ်။

ပြီးတော့ကားကိုအရမ်းမောင်းပါတယ် လမ်းထိပ်ရောက်တော့ အဲ့လမ်းလေးချိုးလိုက်ရင် ရောက်ပါပြီဆိုတော့ စပြီးပြဿနာရှာတော့တာပါပဲ ‘နင်ငါ့ကိုလမ်းထိပ်အထိပဲ ငှားလာတာတဲ့’ ကိုယ်မှာလည်း မိန်းကလေးတစ်ယောက်ထဲ အထုပ်အပိုးတွေနဲ့မို့ အိမ်ရှေ့အထိရောက်ချင်လို့ taxi ငှားးစီးတာပါ

အတွင်းနည်းနည်းဝင်ရမယ် လို့လည်းပြောထားပါတယ် အဲ့တာကိုပြဿနာရှာတာပါ စကားပြောတော့လည်း မူးနေတဲ့ပုံစံနဲ့မို့ ကိုယ်လည်းမပြောချင်တော့တာနဲ့ ဦးလေးရပ်လိုက်ပါတော့ဆိုတော့ လမ်းထဲကိုအရမ်းချိုးဝင်ပါတယ်။

ကိုယ်လည်းတော်တော်လန့်နေပါပြီ ထပ်ရပ်ခိုင်းတော့မှ ရပ်ပေးပါတယ် ကားပေါ်ကအမြန်ဆင်းလိုက်တဲ့အထိ လူကိုမကျေမနပ်ပြောဆိုနေတုန်းပါပဲ

ကိုယ်လည်းလမ်းထိပ်ရောက်ပြီဆိုတော့ ကားပေါ်ကဆင်းကာရှိသေး ကားခကိုအော်ကြီးဟစ်ကျယ်တောင်းပါတယ် နောက်ခန်းထဲမှာတင်လာတဲ့ ပစ္စည်းတွေကို အတင်းပစ်ချပါတယ်

တော်တော်လွန်လာတာနဲ့ ကျွန်မလည်း ကားခမရှင်းသေးပဲ အိမ်ကိုလှမ်း ph ဆက်ပြီးခေါ်တော့ အိမ်ကလူတွေရောက်လာတာတောင် လူမိုက်ပုံစံနဲ့ ရန်တွေ့နေတုန်းပါ

“ကျုပ်လည်းဒီနားမှာနေတာ ဘယ်တိုင်တိုင်ဂရုမစိုက်ဘူး”လို့ပြောပါတယ် ရဲစခန်းဖုန်းဆက်မယ်ဆိုတော့မှ ကားပေါ်တက်သွားတာပါ

အမူးပါးပါ တော်တော်လည်းရိုင်းပါတယ် ကိုယ်လည်းတော်တော့်ကို လန့်တာပါ လမ်းမှာသာပြဿနာတက်ရင် မတွေးရဲစရာပါ အိမ်ပြန်ရောက်လို့တော်သေးတယ် taxi စီးတဲ့မိန်းကလေးတွေသတိထားရအောင်ပါ

ကား no. တင်ပေးထားတယ် (6D – 6932)

လူပုံတော့သေချာမရိုက်လိုက်ရဘူး

photo ရိုက်မှန်းသိတော့ပတ်ပြေးနေလို့ပါ

ကောင်းကောင်းမွန်မွန် Taxi ဆရာတွေကိုတော့ အားနာမိပါတယ်ရှင်ဒါပေမယ့် ကိုယ်လည်း Taxi မစီးရဲတော့ပါ

https://www.facebook.com/moe.sat.712714