တာလီဘန္အၾကမ္းဖက္ မ်ားဖ်က္ဆီး ခဲ့ သည့္ ဗုဒၶ႐ုပ္ပြားေတာ္ပံုေတာ္ ကို ဆလိုက္မီးျဖင့္ ပံုေ ဖာ္ျပသ

တာလီဘန္အၾကမ္းဖက္ မ်ားဖ်က္ဆီး ခဲ့ သည့္ ဗုဒၶ႐ုပ္ပြားေတာ္ပံုေတာ္ ကို ဆလိုက္မီးျဖင့္ ပံုေ ဖာ္ျပသ

လြန္ခဲ့တဲ့ ၁၄ နွစ္က အာဖဂန္နစၥတန္ႏိုင္ငံမွာ ဗံုးခြဲ ဖ်က္ဆီးခံခဲ့ရတဲ့ ဗုဒၶ႐ုပ္ပြားေတာ္ႀကီးေတြရဲ႕ ေ
နရာမွာ ဆလိုက္မီးနဲ႔ ႐ုပ္ပြားေတာ္ပံုေတာ္ကို ျပန္ေဖာ္ပဲြတခုကို ဇြန္ ၆ ရက္နဲ႔ ၇ ရက္ေန႔ေတြ

က က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။

ဒီပဲြေလးကို တ႐ုတ္ဇနီးေမာင္ႏွံ ၂ ဦးက ဦးေဆာင္စီစဥ္ခဲ့ၾကတာပါ။ ဆလိုက္မီးေရာင္နဲ႔ ဗုဒၶ႐ုပ္ပြားေတာ္ပံုေတြ ၈ နာရီၾကာ ပံုေဖာ္ျပသခဲ့ၾကတာမွာ အာဖဂန္ေဒသခံေတြ ျပန္လည္ေတြ့ျမင္ခဲ့ၾကရၿပီး ျမဴးတူးေပ်ာ္ရႊင္စြာ ကခုန္ခဲ့ၾက ပါတယ္။

“ဒါဟာ သမိုင္း၀င္မယ့္ လုပ္ေဆာင္မႈတခုပါပဲ။ ဘယ္လိုပဲျဖစ္ျဖစ္၊ က်ေနာ္တို့သမိုင္းမွာ ဒီ ပံုေတာ္ေတြ ရွိခဲ့တာကို ျပန္ၿပီး အမွတ္ရေစတယ္။ တာလီဘန္ေတြ ဖ်က္ဆီးလိုက္လို႔ ဒီသမိုင္း၀င္ ႐ုပ္ပြားေတာ္ေတြ ဘယ္လိုမွ ျပန္မရနိုင္ေတာ့ေပမယ့္ ဒီေနရာမွာ ႏွစ္ေပါင္းမ်ားစြာ ရွိခဲ့တာကို ျပန္အမွတ္ရမိပါတယ္။”

ပဲြအၿပီးမွာ သံုးစဲြခဲ့တဲ့ စက္ပစၥည္းေတြအားလံုးကို တ႐ုတ္ဇနီးေမာင္ႏံွက ေဒသခံယဥ္ေက်းမႈအေမြအႏွစ္ ထိန္းသိမ္းေရးဌာနကို လွဴဒါန္းခဲ့ၾကၿပီး နွစ္စဥ္ မတ္လမွာ အခုလို ဆင္းတုေတာ္ပံုေတာ္ေတြကို ဆလိုက္မီးထိုးပဲြကို က်င္းပသြားဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။

၂၀၀၁ ခုနွစ္ မတ္လထဲမွာ တာလီဘန္ေတြ ဒိုင္းနမိုက္ေတြနဲ႔ ေဖာက္ခဲြဖ်က္ဆီးလိုက္တဲ့ ဆင္းတုေတာ္အေသးဟာ ေအဒီ ၅၀၇ ခုနွစ္က တည္ေဆာက္ခဲ့ၿပီး ဆင္းတုေတာ္အႀကီးကေတာ့ ေအဒီ ၅၅၄ မွာ ေတာင္နံရံကို တြင္းၿပီး တည္ေဆာက္ထားခဲ့တာပါ။

“ဒီဘာမီယန္ ဗုဒၶဆင္းတုေတာ္ေတြေနရာမွာ မီးေရာင္နဲ႔ပဲ ျပန္ေဖာ္ျပနိုင္ခဲ့ေပမယ့္ အနည္းဆံုးေတာ့ ဒီေနရာမွာ အဖိုးမျဖတ္နိုင္တဲ့ ဘာသာေရးနဲ႔ ယဥ္ေက်းမႈအေမြအႏွစ္ေတြ နွစ္ေပါင္းမ်ားစြာ ဒီေနရာမွာ ရွိခဲ့ၾကတယ္။ ဒါေတြကို က်မတို့ ဆလိုက္မီးနဲ႔ ထိုးျပပံုေဖာ္ခဲ့ၾကတာဟာ ဒီက်မတို့ရဲ႕ ယဥ္ေက်းအေမြအႏွစ္ေတြနဲ႔ က်မတို့ရဲ့ လူသားသမိုင္းကို ဘယ္ေလာက္တန္ဖိုးထားတယ္ဆိုတာ လူေတြ သိရွိၾကလိမ့္မယ္လို့ ေမွ်ာ္လင့္ပါတယ္။”

——————————–

拉登为预演911下令炸毁巴米扬大佛

လွန်ခဲ့တဲ့ ၁၄ နှစ်က အာဖဂန်နစ္စတန်နိုင်ငံမှာ ဗုံးခွဲ ဖျက်ဆီးခံခဲ့ရတဲ့ ဗုဒ္ဓရုပ်ပွားတော်ကြီးတွေရဲ့ ေ
နရာမှာ ဆလိုက်မီးနဲ့ ရုပ်ပွားတော်ပုံတော်ကို ပြန်ဖော်ပွဲတခုကို ဇွန် ၆ ရက်နဲ့ ရ ရက်နေ့တွေ

က ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဒီပွဲလေးကို တရုတ်ဇနီးမောင်နှံ ၂ ဦးက ဦးဆောင်စီစဉ်ခဲ့ကြတာပါ။ ဆလိုက်မီးရောင်နဲ့ ဗုဒ္ဓရုပ်ပွားတော်ပုံတွေ ၈ နာရီကြာ ပုံဖော်ပြသခဲ့ကြတာမှာ အာဖဂန်ဒေသခံတွေ ပြန်လည်တွေ့မြင်ခဲ့ကြရပြီး မြူးတူးပျော်ရွှင်စွာ ကခုန်ခဲ့ကြ ပါတယ်။

“ဒါဟာ သမိုင်းဝင်မယ့် လုပ်ဆောင်မှုတခုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ကျနော်တို့သမိုင်းမှာ ဒီ ပုံတော်တွေ ရှိခဲ့တာကို ပြန်ပြီး အမှတ်ရစေတယ်။ တာလီဘန်တွေ ဖျက်ဆီးလိုက်လို့ ဒီသမိုင်းဝင် ရုပ်ပွားတော်တွေ ဘယ်လိုမှ ပြန်မရနိုင်တော့ပေမယ့် ဒီနေရာမှာ နှစ်ပေါင်းများစွာ ရှိခဲ့တာကို ပြန်အမှတ်ရမိပါတယ်။”

ပွဲအပြီးမှာ သုံးစွဲခဲ့တဲ့ စက်ပစ္စည်းတွေအားလုံးကို တရုတ်ဇနီးမောင်နှံက ဒေသခံယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဌာနကို လှူဒါန်းခဲ့ကြပြီး နှစ်စဉ် မတ်လမှာ အခုလို ဆင်းတုတော်ပုံတော်တွေကို ဆလိုက်မီးထိုးပွဲကို ကျင်းပသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
၂၀၀၁ ခုနှစ် မတ်လထဲမှာ တာလီဘန်တွေ ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲဖျက်ဆီးလိုက်တဲ့ ဆင်းတုတော်အသေးဟာ အေဒီ ၅၀၇ ခုနှစ်က တည်ဆောက်ခဲ့ပြီး ဆင်းတုတော်အကြီးကတော့ အေဒီ ၅၅၄ မှာ တောင်နံရံကို တွင်းပြီး တည်ဆောက်ထားခဲ့တာပါ။

“ဒီဘာမီယန် ဗုဒ္ဓဆင်းတုတော်တွေနေရာမှာ မီးရောင်နဲ့ပဲ ပြန်ဖော်ပြနိုင်ခဲ့ပေမယ့် အနည်းဆုံးတော့ ဒီနေရာမှာ အဖိုးမဖြတ်နိုင်တဲ့ ဘာသာရေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ နှစ်ပေါင်းများစွာ ဒီနေရာမှာ ရှိခဲ့ကြတယ်။ ဒါတွေကို ကျမတို့ ဆလိုက်မီးနဲ့ ထိုးပြပုံဖော်ခဲ့ကြတာဟာ ဒီကျမတို့ရဲ့ ယဉ်ကျေးအမွေအနှစ်တွေနဲ့ ကျမတို့ရဲ့ လူသားသမိုင်းကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ လူတွေ သိရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

Categories: Featured / by Shwe Wiki

Post Author: Shwe Wiki