ဖခင္ကြယ္လြန္သြားၿပီးေနာက္ ဘဏ္ရွိေငြမ်ား လႊဲေၿပာင္းယူဖို႔ ခက္ခဲခဲ႔တဲ႔ ပဲခူးျမိဳ႕မွ ညီမ ၂ ေယာက္

ဧရာဝတီဘဏ္ ပဲခူး လိပၸ်ာကန္ ဘဏ္ခြဲ တြင္ ေငြစုသူမ်ား သတိထားၾကပါ။ အလြန္ သတိထားသင့္ ျပီး ေငြစု သူ အေပၚ ညစ္ပတ္ေသာ ဘဏ္ ျဖစ္ပါတယ္။က်မကိုယ္တိုင္ ခံစားရေသာ ခံစားခ်က္ကို က်မ လို အမ်ားျပည္သူေတြမခံစားရေအာင္ သိရွိေစခ်င္လို႔ ခုလို ေရးရတာပါ။

က်မ ရဲ႕ ဖခင္ႀကီး က ဧရာဝတီဘဏ္ အပါ အဝင္ ပဲခူးျမိဳ႕ ရွိ ဘဏ္မ်ားမွာ ေငြစုထားပါတယ္။ ဖခင္ႀကီး ေနထိုင္မေ ကာ င္းျဖစ္စဥ္ ဂ်ိဳးသိန္း အထူးကု ေဆးခန္း တြင္ ေဆးကုသ စဥ္ ဖခင္ႀကီး က အသိသတိရွိစဥ္ ဘဏ္တိုင္းမွ ဘဏ္ မန္ေနဂ်ာ မ်ားကို ေမတၱာရပ္ခံ၍ သမီးျဖစ္သူ က်မတို႔ ညီအမ နွစ္ေယာက္ နာမည္ျဖင့္ ေျပာင္း၍ Joint Acc ေျပာင္းဖြင့္ေပးခဲ႔ရာ KBZ နွင့္ တျခားေသာ ဘဏ္ အသီးသီး မွ ဘဏ္ မန္ေနဂ်ာ မ်ားက ေဆးရံုအထိ လိုက္ၾကည့္ေပးျပီး လူနာျဖစ္သူက်မ ဖခင္ႀကီး ၏ သေဘာဆႏၵကို ေလးစား ကာ က်မတို႕ ညီအမ နွစ္ေယာက္ နာမည္ျဖင့္ Joint Acc ေျပာင္းဖြင့္ေပးခဲ႔ပါတယ္။

ဧရာဝတီ ဘဏ္ မန္ေနဂ်ာ ေဒၚမီမီေအာင္ ကို သြားေရာက္၍ အကူအညီေတာင္းကာ ေဆးရံု ကို လိုက္ၾကည္ေပးပါ လို႔ ေျပာေသာ္လည္း က်မတို႔ဘဏ္ က ကားမရွိလို႔ပါ။ လို႔ေျပာပါတယ္။ က်မ က က်မမွာ ကားပါပါတယ္ ဖခင္ႀကီး ကို လိုက္ ၾကည့္ေပးပါ။

တျခားဘဏ္မန္ေနဂ်ာ ေတြ အားလံုး ကူညီေပးလို႔ အဆင္ေျပသြားပါတယ္ အမ တို႔ဘဏ္ပဲက်န္တာမို႔ ကူညီေပးပါ လို႔ ေတာင္းပန္ေျပာဆိုေပမယ့္လည္း က်မရဲ႕ အထက္လူႀကီး က လိုက္မၾကည့္နဲ႔ လို႕ ေျပာပါတယ္။ ေငြအပ္သူေသဆံုးတဲ႕ အခါ မွ အေထာက္အထားျပျပီး ထုတ္ယူပါ။ ၃ ရက္ အတြင္း စုေဆာင္းေငြ နဲ႕ အတူ အတိုးေရာတြက္ခ်က္ထုတ္ေပးပါ့မယ္ လို႔ေျပာျပီး ေသစာရင္း သခ်ိဳင္း ေထာက္ခံစာ နာေရးဖိတ္စာ စတဲ႔ေငြထုတ္တဲ႔ အခါ လိုတဲ႔ အခ်က္ေတြပါတဲ႕ စာရြက္ တရြက္ ကို ေပးပါတယ္။

အဲဒီ အခ်ိန္မွာ က်မ ဖခင္ႀကီး သတိေကာင္းေကာင္းျပန္လည္ေနျပီမို႔ က်မတို႔လည္း မန္ေနဂ်ာ ေဒၚမိမိေအာင္ရဲ႕ စကား က ကိုယ္ခ်င္းစာ တရား မဲ႔စြာ ေျပာတာမို႔ မ်က္ရည္စက္လက္နဲ႔ ညီအမ နွစ္ေယာက္ေဆးရံုကို ျပန္လာခဲ႔ပါတယ္။ ေဆးရံု က ဆင္းျပီး ဖခင္ႀကီး 23.8.17 ေန႔မွာ ကြယ္လြန္ခဲ႔ပါတယ္။

က်မတို႕လည္းဟဖခင္ႀကီး ေျမခ် အျပီး ဧရာဝတီဘဏ္ ကို 25.8.17 ေန႔ နဲ႕ 28.8.17 ရက္ေန႔တို႔မွာ လိုအပ္တဲ႔ စာရြ က္စာတမ္းေတြနဲ႔အတူ ေလ်ွာက္လႊာတင္ခဲ႔ပါတယ္။ စာရြက္စာတမ္း ေတြကိုလည္း နည္းမ်ိဳးစံု နဲ႔ အမ်ိဳးမ်ိဳးရစ္ပါတယ္။ က်မ တို႔ ညီအမနွစ္ေယာက္ စလံုး က အစိုးရ ဝန္ထမ္းေတြ ျဖစ္တာေၾကာင့္ က်မ က စစ္ကိုင္း အမ က ထားဝယ္ ကို ခြင့္ရက္ေ စ႔ရင္ျပန္ရပါမယ္ လို ေျပာတဲ့ အခါ ဒီ ရက္အတြင္း ရေအာင္ စီစဥ္ေပးပါ့မယ္လို႔ ေျပာျပန္ပါတယ္။

31.8.17 ရက္ေန႔ ညေန ၃ နာရီ မွာ ဘဏ္မန္ေနဂ်ာ ကို Ph ဆက္ေတာ့ ေငြထုတ္ခြင့္မရေသးပါ။ မနက္ဖန္ Ph ျပန္ဆ က္ေပးပါ့မယ္လို႔ ေျပာျပန္ပါတယ္။ 1.9.17 ရက္ေန႔ ဘဏ္ကို သြားေတာ့ အထက္လူႀကီးေတြ ခရီးသြားေနလို႔ လက္မွတ္ မထိုးရေသးလို႔ ပါ လို႔ တမ်ိဳး ေျပာျပန္ပါတယ္။ပုဂၢလိက ဘဏ္ ျဖစ္ျပီး အခ်ိန္ ဒီေလာက္ၾကာၾကာဆြဲေနတာ မရိုးသားဘူး က်မတို႔ကို တမင္ ညစ္ေနသလိုပဲ လို႔ခံစားရလာပါတယ္။

စုေဆာင္းေငြ ကို 1.9.17 ေန႔ထိ လံုးဝ ျပန္မထုတ္ေပးပါ။ ေနာက္တပါတ္မွ က်မ တို႔ေရာက္တဲ႕ ေနရာ ကို ေငြလႊဲေပးပါမ ယ္ လို႔ တမ်ိဳး လိမ္ေျပာျပန္ပါတယ္။ က်မ တို႕ ဖခင္ႀကီး စုေဆာင္းထားေသာေငြ ကို အေမြဆက္ခံခြင့္ရွိေသာ က်မ တို႔ ညီ အမ ေငြ ျပန္ထုတ္တာ ကို နည္းေပါင္းစံု ကလိမ္ကက်စ္က် လိမ္ညာေျပာျပီး ေငြျပန္မထုတ္ေပးပါ။

သိန္းေထာင္ခ်ီစုထားေသာ တျခား ဘဏ္ အသီးသီး မွာ မိနစ္ပိုင္း အတြင္း အားလံုးအဆင္ေျပေအာင္ ကူညီေပးေသာ္ လ ည္း သိန္းရာေက်ာ္သာ စုေဆာင္းေငြ အပ္ထားေသာ ဧရာဝတီဘဏ္ ရဲ႕ မရိုးသားမွု ကလိမ္ကက်စ္က်မွု ယုတ္မာမွာ ကို အမ်ားျပည္သူ သိရွိေအာင္ က်မတို႔လို မခံစားရေအာင္ ခုလို ေရးသားျပျခင္း ျဖစ္ပါတယ္။

ဖခင္ႀကီး၏ေငြစု စာအုပ္နွင့္အတူ က်မ တို႔ ညီအမ ဧရာဝတီဘဏ္ မန္ေနဂ်ာ နွင့္ ေတြ႔ခဲ႔ေသာ အသံဖိုင္ ကိုပါ သက္ေသ အျဖစ္ပူးတြဲ တင္ျပလိုက္ပါတယ္။ ဧရာဝတီဘဏ္ တြင္ ေငြစုထားသူမ်ား သတိထားၾကပါ။ အဝင္သာ လက္ခံျပီး ေငြျပန္ထု တ္လ်ွင္ နည္းေပါင္းစံု ရစ္တတ္တဲ႔ ဧရာဝတီ ဘဏ္ ကို ေဝးေဝး ေရွာင္ၾကပါလို႔ ေျပာပါရေစ။
စံုစမ္းေမးျမန္း နိုင္ပါသည္။

ေဒၚရႊင္ၾကည္ျပံဳး

09 400413294

09 792205660

Shwinkyi Pyone

Unicode ျဖင့္ဖတ္ရန္

ဧရာဝတီဘဏ် ပဲခူး လိပ္ပျာကန် ဘဏ်ခွဲ တွင် ငွေစုသူများ သတိထားကြပါ။ အလွန် သတိထားသင့် ပြီး ငွေစု သူ အပေါ် ညစ်ပတ်သော ဘဏ် ဖြစ်ပါတယ်။ကျမကိုယ်တိုင် ခံစားရသော ခံစားချက်ကို ကျမ လို အများပြည်သူတွေမခံစားရအောင် သိရှိစေချင်လို့ ခုလို ရေးရတာပါ။

ကျမ ရဲ့ ဖခင်ကြီး က ဧရာဝတီဘဏ် အပါ အဝင် ပဲခူးမြို့ ရှိ ဘဏ်များမှာ ငွေစုထားပါတယ်။ ဖခင်ကြီး နေထိုင်မေ ကာ င်းဖြစ်စဉ် ဂျိုးသိန်း အထူးကု ဆေးခန်း တွင် ဆေးကုသ စဉ် ဖခင်ကြီး က အသိသတိရှိစဉ် ဘဏ်တိုင်းမှ ဘဏ် မန်နေဂျာ များကို မေတ္တာရပ်ခံ၍ သမီးဖြစ်သူ ကျမတို့ ညီအမ နှစ်ယောက် နာမည်ဖြင့် ပြောင်း၍ Joint Acc ပြောင်းဖွင့်ပေးခဲ့ရာ KBZ နှင့် တခြားသော ဘဏ် အသီးသီး မှ ဘဏ် မန်နေဂျာ များက ဆေးရုံအထိ လိုက်ကြည့်ပေးပြီး လူနာဖြစ်သူကျမ ဖခင်ကြီး ၏ သဘောဆန္ဒကို လေးစား ကာ ကျမတို့ ညီအမ နှစ်ယောက် နာမည်ဖြင့် Joint Acc ပြောင်းဖွင့်ပေးခဲ့ပါတယ်။

ဧရာဝတီ ဘဏ် မန်နေဂျာ ဒေါ်မီမီအောင် ကို သွားရောက်၍ အကူအညီတောင်းကာ ဆေးရုံ ကို လိုက်ကြည်ပေးပါ လို့ ပြောသော်လည်း ကျမတို့ဘဏ် က ကားမရှိလို့ပါ။ လို့ပြောပါတယ်။ ကျမ က ကျမမှာ ကားပါပါတယ် ဖခင်ကြီး ကို လိုက် ကြည့်ပေးပါ။

တခြားဘဏ်မန်နေဂျာ တွေ အားလုံး ကူညီပေးလို့ အဆင်ပြေသွားပါတယ် အမ တို့ဘဏ်ပဲကျန်တာမို့ ကူညီပေးပါ လို့ တောင်းပန်ပြောဆိုပေမယ့်လည်း ကျမရဲ့ အထက်လူကြီး က လိုက်မကြည့်နဲ့ လို့ ပြောပါတယ်။ ငွေအပ်သူသေဆုံးတဲ့ အခါ မှ အထောက်အထားပြပြီး ထုတ်ယူပါ။ ၃ ရက် အတွင်း စုဆောင်းငွေ နဲ့ အတူ အတိုးရောတွက်ချက်ထုတ်ပေးပါ့မယ် လို့ပြောပြီး သေစာရင်း သချိုင်း ထောက်ခံစာ နာရေးဖိတ်စာ စတဲ့ငွေထုတ်တဲ့ အခါ လိုတဲ့ အချက်တွေပါတဲ့ စာရွက် တရွက် ကို ပေးပါတယ်။

အဲဒီ အချိန်မှာ ကျမ ဖခင်ကြီး သတိကောင်းကောင်းပြန်လည်နေပြီမို့ ကျမတို့လည်း မန်နေဂျာ ဒေါ်မိမိအောင်ရဲ့ စကား က ကိုယ်ချင်းစာ တရား မဲ့စွာ ပြောတာမို့ မျက်ရည်စက်လက်နဲ့ ညီအမ နှစ်ယောက်ဆေးရုံကို ပြန်လာခဲ့ပါတယ်။ ဆေးရုံ က ဆင်းပြီး ဖခင်ကြီး 23.8.17 နေ့မှာ ကွယ်လွန်ခဲ့ပါတယ်။

ကျမတို့လည်းဟဖခင်ကြီး မြေချ အပြီး ဧရာဝတီဘဏ် ကို 25.8.17 နေ့ နဲ့ 28.8.17 ရက်နေ့တို့မှာ လိုအပ်တဲ့ စာရွ က်စာတမ်းတွေနဲ့အတူ လျှောက်လွှာတင်ခဲ့ပါတယ်။ စာရွက်စာတမ်း တွေကိုလည်း နည်းမျိုးစုံ နဲ့ အမျိုးမျိုးရစ်ပါတယ်။ ကျမ တို့ ညီအမနှစ်ယောက် စလုံး က အစိုးရ ဝန်ထမ်းတွေ ဖြစ်တာကြောင့် ကျမ က စစ်ကိုင်း အမ က ထားဝယ် ကို ခွင့်ရက်ေ စ့ရင်ပြန်ရပါမယ် လို ပြောတဲ့ အခါ ဒီ ရက်အတွင်း ရအောင် စီစဉ်ပေးပါ့မယ်လို့ ပြောပြန်ပါတယ်။

31.8.17 ရက်နေ့ ညနေ ၃ နာရီ မှာ ဘဏ်မန်နေဂျာ ကို Ph ဆက်တော့ ငွေထုတ်ခွင့်မရသေးပါ။ မနက်ဖန် Ph ပြန်ဆ က်ပေးပါ့မယ်လို့ ပြောပြန်ပါတယ်။ 1.9.17 ရက်နေ့ ဘဏ်ကို သွားတော့ အထက်လူကြီးတွေ ခရီးသွားနေလို့ လက်မှတ် မထိုးရသေးလို့ ပါ လို့ တမျိုး ပြောပြန်ပါတယ်။ပုဂ္ဂလိက ဘဏ် ဖြစ်ပြီး အချိန် ဒီလောက်ကြာကြာဆွဲနေတာ မရိုးသားဘူး ကျမတို့ကို တမင် ညစ်နေသလိုပဲ လို့ခံစားရလာပါတယ်။

စုဆောင်းငွေ ကို 1.9.17 နေ့ထိ လုံးဝ ပြန်မထုတ်ပေးပါ။ နောက်တပါတ်မှ ကျမ တို့ရောက်တဲ့ နေရာ ကို ငွေလွှဲပေးပါမ ယ် လို့ တမျိုး လိမ်ပြောပြန်ပါတယ်။ ကျမ တို့ ဖခင်ကြီး စုဆောင်းထားသောငွေ ကို အမွေဆက်ခံခွင့်ရှိသော ကျမ တို့ ညီ အမ ငွေ ပြန်ထုတ်တာ ကို နည်းပေါင်းစုံ ကလိမ်ကကျစ်ကျ လိမ်ညာပြောပြီး ငွေပြန်မထုတ်ပေးပါ။

သိန်းထောင်ချီစုထားသော တခြား ဘဏ် အသီးသီး မှာ မိနစ်ပိုင်း အတွင်း အားလုံးအဆင်ပြေအောင် ကူညီပေးသော် လ ည်း သိန်းရာကျော်သာ စုဆောင်းငွေ အပ်ထားသော ဧရာဝတီဘဏ် ရဲ့ မရိုးသားမှု ကလိမ်ကကျစ်ကျမှု ယုတ်မာမှာ ကို အများပြည်သူ သိရှိအောင် ကျမတို့လို မခံစားရအောင် ခုလို ရေးသားပြခြင်း ဖြစ်ပါတယ်။

ဖခင်ကြီး၏ငွေစု စာအုပ်နှင့်အတူ ကျမ တို့ ညီအမ ဧရာဝတီဘဏ် မန်နေဂျာ နှင့် တွေ့ခဲ့သော အသံဖိုင် ကိုပါ သက်သေ အဖြစ်ပူးတွဲ တင်ပြလိုက်ပါတယ်။ ဧရာဝတီဘဏ် တွင် ငွေစုထားသူများ သတိထားကြပါ။ အဝင်သာ လက်ခံပြီး ငွေပြန်ထု တ်လျှင် နည်းပေါင်းစုံ ရစ်တတ်တဲ့ ဧရာဝတီ ဘဏ် ကို ဝေးဝေး ရှောင်ကြပါလို့ ပြောပါရစေ။
စုံစမ်းမေးမြန်း နိုင်ပါသည်။

ဒေါ်ရွှင်ကြည်ပြုံး

09 400413294

09 792205660

Shwinkyi Pyone