မေကြးၿမိဳ႕မွာ လူဦးေရ ၃၄၀၀ ေက်ာ္နဲ႔ ျမန္မာ့ေျမပံု ပံုေဖာ္မႈ ကမ႓ာေက်ာ္ ဂင္းနစ္စံခ်ိန္တင္မတင္ ၄၈ နာရီအတြင္း သိရေတာ့မယ္။ တယ္လီေနာျမန္မာရဲ႕ ႀကိဳးစားမႈပါ

လူဦးေရ(၃၅၀၀)ခန္႔ျဖင့္ ျမန္မာႏိုင္ငံေျမပံုအား ပံုေဖာ္၍ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ရန္ ႀကိဳးပမ္းမႈျပဳလုပ္

မေကြး ၁၂ ေဖေဖာ္ဝါရီ

(၇၁)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔တြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ ေဒသခံမ်ားအပါအဝင္ လူဦးေရ (၃၅၀၀)ခန္႔ျဖင့္ ျမန္မာႏိုင္ငံ ေျမပံုအားပံုေဖာ္၍ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ႏိုင္ရန္ ႀကိဳးပမ္းမႈတစ္ရပ္ ျပဳလုပ္ျခင္းကို မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕ ခရိုင္အားကစားကြင္း၌ ေဖေဖာ္ဝါရီ ၁၂ရက္ (ျပည္ေထာင္စုေန႔) မနက္ပိုင္းတြင္ Telenor Myanmar က ဦးေဆာင္ျပဳလုပ္ခ့ဲေၾကာင္း သိရွိရသည္။

မေကြးခရိုင္ အားကစားကြင္းအတြင္းတြင္ အလ်ား (၂၃၄)ေပ၊ အနံ (၁၀၆)ေပ(စတုရန္းေပ ၂၄၈၀၄) အတြင္း လူအင္အား ၃၅၀၀ ျဖင့္ ျမန္မာႏိုင္ငံ ေျမပံုသဏၭာန္ ပံုေဖာ္ကာ (၆)မိနစ္ ၿငိမ္သက္၍ ႏိုင္ငံေတာ္သီခ်င္းႏွင္႔အတူ ပံုေဖာ္ျခင္းအား ႏွစ္ႀကိမ္ ေဆာင္ရြက္ျခင္း ျပဳလုပ္ခ့ဲသည္။

Telenor Myanmar Ltd ၏ External Communication ျဖစ္သူ မန္ေနဂ်ာ ေရႊယင္းမာဦးက
“မေကြးၿမိဳ႕မွာ လုပ္ရတဲ့ အေၾကာင္းအခ်က္ေတြ အမ်ားႀကီးရိွတဲ့အထဲက အဓိကကေတာ့ ႏုိင္ငံရဲ႕ လြတ္လပ္ေရး ဗိသုကာႀကီး ဗိုလ္ခ်ဳပ္ေအာင္ဆန္း ေမြးရပ္ေျမ နတ္ေမာက္ၿမိဳ႕၏ တိုင္းၿမိဳ႕ႀကီး ျဖစ္တာေၾကာင္႔ မေကြးၿမိဳ႕ကို ေရြးခ်ယ္လုပ္ရတာျဖစ္ၿပီး ျပည္ေထာင္စုေန႔ အထိမ္းအမွတ္အေနနဲ႔ လုပ္တာလည္း ျဖစ္ပါတယ္”ဟု ေျပာၾကားခဲ့သည္။

မေကြးၿမိဳ႕တြင္ ျပဳလုပ္ေသာ ကမာၻ႔ဂင္းနစ္စံခ်ိန္တင္ပဲြသို႔ မေကြးတိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳ၊ သယံဇာတ၊ လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန ဝန္ႀကီး ဦးျမင့္ေဇာ္၊ လူမႈေရးဝန္ႀကီး ေဒါက္တာ ခင္ေမာင္ေအးႏွင့္ Telenor Myanmar Ltd မွ တာဝန္ရွိသူမ်ားက ဖဲႀကိဳးျဖတ္ ဖြင့္လွစ္ေပးခ့ဲသည္။

“ဒီကေန႔ျပည္ေထာင္စုေန႔ဟာ ျမန္မာႏိုင္ငံရဲ႕ေန႔ထူးေန႔ျမတ္ျဖစ္ၿပီး အဲဒီေန႔ရက္မွာ လူဦးေရအမ်ားအျပားနဲ႔ ျမန္မာႏိုင္ငံေျမပံုသဏၭာန္ပံုေဖာ္ၿပီး ဂင္းနစ္ကမာၻ႔စံခ်ိန္သစ္တစ္ခုကို တယ္လီေနာျမန္မာက ဦးေဆာင္ၿပီး ျမန္မာႏိုင္ငံအတြက္ သမိုင္းမွတ္တမ္းဝင္ေအာင္ ေဆာင္ရြက္ၾကတဲ့ ေဆာင္ရြက္မႈျဖစ္ပါတယ္။ ႏိုင္ငံအတြင္း မွီတင္းေနထိုင္ၾကတဲ႔ တိုင္းရင္းသားအားလံုး စုစည္းခိုင္မာမႈအေနနဲ႔ ေဖာ္က်ဴးတဲ႔ လုပ္ေဆာင္ခ်က္တစ္ခုကို မေကြးတိုင္းေဒသႀကီးမွာ လက္ခံေဆာင္ရြက္ႏိုင္တဲ႔အတြက္ ဝမ္းေျမာက္ရပါတယ္။

မေကြးတိုင္းေဒသႀကီးကို ကမာၻ႔အလယ္မွာ ပိုမိုထင္ရွားလာေစမွာျဖစ္တယ္လို႔လည္း ယံုၾကည္ပါတယ္” ဟုမေကြးတိုင္းေဒသႀကီး အစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ေဒါက္တာ ေအာင္မိုးညိဳက ေျပာၾကားသည္။

၂၀၁၆ခုႏွစ္ စက္တင္ဘာလတြင္ ကမာၻ႔ ဂင္းနစ္ စံခ်ိန္ကို အာဖရိကတိုက္ ေျမပံုအား လူဦးေရ (၈၁၁) ဦးျဖင္႔ ပံုေဖာ္၍ ေနာက္ဆံုးတင္ထားခဲ႔ျခင္းျဖစ္ၿပီး ယင္းစံခ်ိန္အား ခ်ိဳးႏိုင္ရန္အတြက္ မေကြးတိုင္းေဒသႀကီး မေကြးၿမိဳ႕တြင္ ျမန္မာႏိုင္ငံေျမပံုကို လူဦးေရ(၃၅၀၀)ခန္႔ျဖင္႔ ပံုေဖာ္ႏိုင္ခဲ႔ျခင္းျဖစ္သည္ဟု ဦးစီးေဆာင္ရြက္ေနေသာ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။

ျမန္မာႏိုင္ငံအတြက္ သမိုင္းမွတ္တမ္းဝင္ေအာင္ ေဆာင္ရြက္ က်င္းပသည့္ ပြဲသို႔
မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒၊ တိုင္းေဒသႀကီးအစိုးရအဖဲြ႔ဝန္ႀကီးမ်ား၊ တိုင္း လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ တိုင္းအဆင့္ဌာနဆိုင္ရာတာဝန္ရိွသူမ်ား တက္ေရာက္ၿပီး ျမန္မာႏိုင္ငံေျမပံုကို ပံုေဖာ္ႏိုင္ရန္အတြက္ မေကြးၿမိဳ႕ရွိ တကၠသိုလ္မ်ားႏွင္႔ ေက်ာင္းအသီးသီးမ်ားမွ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၊ မေကြးၿမိဳ႕ေပၚမွ ေဒသခံမ်ားအျပင္ ေက်းလက္ေဒသမ်ားမွ ေဒသခံမ်ား၊ အျခားစိတ္ပါဝင္စားသူမ်ားႏွင္႔ Telenor Myanmar မွ ဝန္ထမ္းမ်ား ပါဝင္ခ့ဲၾကသည္ဟု သိရသည္။

ဟံသာလင္း – Myanmar Digital news

=========================

လူဦးရေ(၃၅၀၀)ခန့်ဖြင့် မြန်မာနိုင်ငံမြေပုံအား ပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းမှုပြုလုပ်

မကွေး ၁၂ ဖေဖော်ဝါရီ

(၇၁)နှစ်မြောက် ပြည်ထောင်စုနေ့တွင် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံများအပါအဝင် လူဦးရေ (၃၅၀၀)ခန့်ဖြင့် မြန်မာနိုင်ငံ မြေပုံအားပုံဖော်၍ ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းမှုတစ်ရပ် ပြုလုပ်ခြင်းကို မကွေးတိုင်းဒေသကြီး မကွေးမြို့ ခရိုင်အားကစားကွင်း၌ ဖေဖော်ဝါရီ ၁၂ရက် (ပြည်ထောင်စုနေ့) မနက်ပိုင်းတွင် Telenor Myanmar က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မကွေးခရိုင် အားကစားကွင်းအတွင်းတွင် အလျား (၂၃၄)ပေ၊ အနံ (၁၀၆)ပေ(စတုရန်းပေ ၂၄၈၀၄) အတွင်း လူအင်အား ၃၅၀၀ ဖြင့် မြန်မာနိုင်ငံ မြေပုံသဏ္ဌာန် ပုံဖော်ကာ (၆)မိနစ် ငြိမ်သက်၍ နိုင်ငံတော်သီချင်းနှင့်အတူ ပုံဖော်ခြင်းအား နှစ်ကြိမ် ဆောင်ရွက်ခြင်း ပြုလုပ်ခဲ့သည်။

Telenor Myanmar Ltd ၏ External Communication ဖြစ်သူ မန်နေဂျာ ရွှေယင်းမာဦးက
“မကွေးမြို့မှာ လုပ်ရတဲ့ အကြောင်းအချက်တွေ အများကြီးရှိတဲ့အထဲက အဓိကကတော့ နိုင်ငံရဲ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးရပ်မြေ နတ်မောက်မြို့၏ တိုင်းမြို့ကြီး ဖြစ်တာကြောင့် မကွေးမြို့ကို ရွေးချယ်လုပ်ရတာဖြစ်ပြီး ပြည်ထောင်စုနေ့ အထိမ်းအမှတ်အနေနဲ့ လုပ်တာလည်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။

မကွေးမြို့တွင် ပြုလုပ်သော ကမ္ဘာ့ဂင်းနစ်စံချိန်တင်ပွဲသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ သယံဇာတ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးမြင့်ဇော်၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေးနှင့် Telenor Myanmar Ltd မှ တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

“ဒီကနေ့ပြည်ထောင်စုနေ့ဟာ မြန်မာနိုင်ငံရဲ့နေ့ထူးနေ့မြတ်ဖြစ်ပြီး အဲဒီနေ့ရက်မှာ လူဦးရေအများအပြားနဲ့ မြန်မာနိုင်ငံမြေပုံသဏ္ဌာန်ပုံဖော်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်သစ်တစ်ခုကို တယ်လီနောမြန်မာက ဦးဆောင်ပြီး မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တမ်းဝင်အောင် ဆောင်ရွက်ကြတဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး စုစည်းခိုင်မာမှုအနေနဲ့ ဖော်ကျူးတဲ့ လုပ်ဆောင်ချက်တစ်ခုကို မကွေးတိုင်းဒေသကြီးမှာ လက်ခံဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းမြောက်ရပါတယ်။

မကွေးတိုင်းဒေသကြီးကို ကမ္ဘာ့အလယ်မှာ ပိုမိုထင်ရှားလာစေမှာဖြစ်တယ်လို့လည်း ယုံကြည်ပါတယ်” ဟုမကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။

၂၀၁၆ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ ဂင်းနစ် စံချိန်ကို အာဖရိကတိုက် မြေပုံအား လူဦးရေ (၈၁၁) ဦးဖြင့် ပုံဖော်၍ နောက်ဆုံးတင်ထားခဲ့ခြင်းဖြစ်ပြီး ယင်းစံချိန်အား ချိုးနိုင်ရန်အတွက် မကွေးတိုင်းဒေသကြီး မကွေးမြို့တွင် မြန်မာနိုင်ငံမြေပုံကို လူဦးရေ(၃၅၀၀)ခန့်ဖြင့် ပုံဖော်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ဦးစီးဆောင်ရွက်နေသော တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြန်မာနိုင်ငံအတွက် သမိုင်းမှတ်တမ်းဝင်အောင် ဆောင်ရွက် ကျင်းပသည့် ပွဲသို့
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ပြီး မြန်မာနိုင်ငံမြေပုံကို ပုံဖော်နိုင်ရန်အတွက် မကွေးမြို့ရှိ တက္ကသိုလ်များနှင့် ကျောင်းအသီးသီးများမှ ကျောင်းသူ၊ ကျောင်းသားများ၊ မကွေးမြို့ပေါ်မှ ဒေသခံများအပြင် ကျေးလက်ဒေသများမှ ဒေသခံများ၊ အခြားစိတ်ပါဝင်စားသူများနှင့် Telenor Myanmar မှ ဝန်ထမ်းများ ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ဟံသာလင်း – Myanmar Digital news