အင်စတာဂရမ်ပေါ်မှ ပိုပိုရဲ့အလန်းဆုံးပုံရိပ်တွေ

“ချစ်ဖူးခဲ့သမျှ”တေးသီချင်းနဲ့ ပရိသတ်တွေရဲ့အားပေးမှုကိုအခိုင်အမာရရှိခဲ့တဲ့ အဆိုတော်မလေးပိုပိုကတော့ အလွမ်းအဆွေးသီချင်းတွေကို ပိုင်ပိုင်နိုင်နိုင်သီဆိုနိုင်သူတစ်ဦးပါ။ ပရိသတ်တွေစတင်သတိထားမိခဲ့တဲ့ပိုပိုနဲ့ အခုလက်ရှိပိုပိုကတော့လုံးဝကို ကွာခြားသွားပြီး အရမ်းကိုလှလာတာပဲဖြစ်ပါတယ်။ သူမရဲ့အလန်းစားပုံရိပ်တွေကို အင်စတာဂရမ်မှာ ဝေမျှလေ့ရှိတဲ့ ပိုပိုကတော့ အမြဲလိုလိုလေ့ကျင့်ခန်းတွေလုပ်ပြီး မိမိကိုယ်ကိုဂရုစိုက်သူလေးပါ။ ပရိသတ်တွေကသာသူမရဲ့မိသားစုတွေပါလို့ အမြဲပြောလေ့ရှိတဲ့ ပိုပိုရဲ့ရင်ခုန်စရာကောင်းတဲ့ အမိုက်စားပုံရိပ်တွေကိုတော့ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ပိုပိုကတော့ ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာထွက်ရှိမယ့် “နှလုံးသားဒိုင်ယာရီထဲကသီချင်းများ ၂ ” အယ်လ်ဘမ်ထဲမှာ “အချစ်ငိုနေလား” ဆိုတဲ့သီချင်းလေးကိုသီဆိုထားပါတယ်။ လတ်တလောမှာတော့ ဟဲလေးနဲ့ ပိုပိုတို့နှစ်ဦးသီဆိုထားတဲ့ “Marry Me” သီချင်းလေးကလည်း ပရိသတ်ရင်ထဲကိုရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပိုပိုလှလာတဲ့ အဆိုတော်မလေးပိုပိုကိုချစ်ရင်တော့ Share သွားကြပါဦးနော်။

Myint Myat
Source;PoPo’s IG