ဇလံုေတာင္ တက္မယ္ဆိုရင္ စင္းလံုးငွါးျဖစ္သြားေအာင္ဖန္တီးတတ္တဲ႔ ေတာင္တက္ကားအသင္းကိုေတာ့ သတိထား

ဒီျပသနာေလးကိုမ်က္ႏွာနာစရာေလးေတြ႐ွိေနတာေၾကာင့္မေရးပဲေနမလို႔ေတြးထားေပမယ့္ ေတာ္ေတာ္ေလးနာမည္ထြက္လာတာေရာ ကိုယ့္pageထဲကခရီးသြားေတြ ဂ်င္းမမိေစခ်င္တာေၾကာင့္ေရာ မ်က္ႏွာပ်က္ခံၿပီးေျပာခ်င္ပါတယ္။ကနန္းေဒသဖြံ႕ျဖိဳးေရးခရီးစဥ္ေလးသြားရင္းနဲ႔ ဇလံုေတာင္ကိုပါလွည့္ဝင္ျဖစ္ခဲ့ပါတယ္။ခ႐ိုင္ကေနၿပီးကူညီေပးမယ့္အေၾကာင္းေျပာေပမယ့္ ကိုယ့္Team ကလူေတြအကုန္လံုးက သာမန္ခရီးသည္ေတြအတိုင္းပဲသြားခ်င္တာေၾကာင့္ ကိုယ့္အစီအစဥ္နဲ႔ကိုယ္သြားခဲ့ၾကပါတယ္။ေတာင္တက္ကားေတြ႐ွိတဲ့ CBTစခန္းကိုေရာက္ေတာ့ ညေန၄နာရီေလာက္ပါ။ေတာင္တက္ခက တစ္ဦးကိုအတက္ ၃၀၀၀ အဆင္း၃၀၀၀ေပးရပါတယ္။

ကြၽန္ေတာ္တို႔အဖြဲ႔က၆ေယာက္ပါ။ဗန္းေမာက္ၿမိဳ႕ျမင့္ျမတ္ေသြးလႉ႐ွင္အသင္းဥကၠ႒ကိုယ္တိုင္က ကားဂိတ္ကိုဖုန္းဆက္ၿပီးကြၽန္ေတာ္တို္အဖြဲ႔တက္မယ့္အေၾကာင္းေျပာေပးထားပါေသးတယ္။ကြၽန္ေတာ္တို႔CBTေရာက္ေတာ့ကားအသင္းကေမးပါတယ္။ကားစင္းလံုးငွါးတက္မွာလား ႐ိုး႐ိုးတက္မွာလားေပါ့။ေစ်းေမးေတာ့စင္းလံုးငွါးရင္ ၄၅၀၀၀ေပးရပါတယ္။႐ိုး႐ိုးတက္မယ္ဆိုရင္ေတာ့လူ၁၅ေယာက္ျပည့္ေအာင္ေစာင့္ရမယ္ေပါ့။ကြၽန္ေတာ္တို႔လည္း႐ိုး႐ိုးတက္မယ္ပဲေျပာလိုက္တယ္။အဲျပသနာကအဲ့မွာစတာပါပဲ။ပထမကေတာ့ ေနာက္ထပ္၅ေယာက္ေလာက္ရရင္ထြက္မယ္ေပါ့။တကယ္တမ္းသူတို႔ရဲ႕စနစ္က လူ၅ေယာက္အထက္႐ွိရင္ ခရီးသည္ကိုတစ္နာရီပဲေစာင့္ခြင့္႐ွိပါတယ္။လူမျပည့္ရင္လည္း တက္ရပါတယ္။လိုတာကိုေတာ့ဂိတ္ကဆိုက္ေပးရပါတယ္။ညေန၅နာရီခြဲေက်ာ္တဲ့အခါမွာေတာ့ ဂိတ္ကလာေျပာပါတယ္။

လူမျပည့္တဲ့အတြက္ ၃၅၀၀၀ နဲ႔ စင္းလံုးငွါးရမယ္ေပါ့။ကြၽန္ေတာ္တို႔အေနနဲ႔စေရာက္တဲ့အခ်ိန္ထဲကသာ ဂိတ္ပိတ္ခ်ိန္(6)နာရီ ေရာက္လို႔မွလူမျပည့္ရင္ စင္းလံုးငွါးရမယ္ဆိုၿပီးေျပာခဲ့ရင္ ကြၽန္ေတာ္တို႔အျပစ္မေျပာပါဘူး။အဲ့အခ်ိန္မွာအလွည့္က်ထြက္ရမယ့္ကားကအသင့္႐ွိပါတယ္။ဒါေပမယ့္မထြက္ေပးပါဘူး။ကြၽန္ေတာ္တို္႔လည္း ဂ်င္းဆိုတာသိလို႔လံုးဝမေပးႏိုင္ဘူးအလြန္ဆံုးတစ္ေထာင္ထပ္ေပးမယ္ ဒီထက္ပိုမေပးဘူး ဆိုၿပီးျငင္းပါတယ္။အဲ့ေတာ့ ဂိတ္က ေစာင့္ေနတဲ့အလွည့္က်ကားသမားကို မတက္ဘူးတဲ့ ဂိတ္ပိတ္မယ္ ခင္ဗ်ားလည္းျပန္ေတာ့ ဂိတ္ပိတ္ၿပီ ဆိုၿပီးလုပ္ပါေတာ့တယ္။ဒီလိုအေျခအေနျဖစ္လာေတာ့ ကြၽန္ေတာ္လည္းတာဝန္႐ွိသူေတြထံဆက္သြယ္ရပါေတာ့တယ္။

ပထမဆံုးျမင့္ျမတ္ေသြးလွဴ႐ွင္အသင္းဥကၠ႒ကိုဆက္သြယ္ၿပီးေျပာေတာ့ ထိုအကိုကလည္း ခ်က္ခ်င္းပဲဂိတ္ကိုဖုန္းဆက္ေပးပါတယ္။ဒါေပမယ့္ဂိတ္ကလံုးဝမေလ်ာ့ပါဘူး။ဒီအခ်ိန္ဂိတ္မွာ႐ွိတဲ့လူတစ္ေယာက္ကအသံထြက္လာပါတယ္။CBTမွာပဲ အခန္းငွါးအိပ္ၿပီး မနက္မွတက္ၾကေပါ့တဲ့။(ေနာက္ပိုင္း CBTမွလူေတြေျပာေသာေၾကာင့္ တစ္ဦးကို အၿပီးအစီး 15000 ျဖစ္ေၾကာင္းသိရပါတယ္။လူသံုးဦး တဲတစ္လံုးကို 15000 ျဖစ္ေၾကာင္းသိရပာတယ္။Edit)

ကြၽန္ေတာ္တို႔လည္းအဆင္မေျပတာေၾကာင့္ ဒုတိယအဆင့္အေနနဲ႔ ဗန္းေမာက္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉးထံဖုန္းဆက္ၿပီးအေၾကာင္းၾကားပါတယ္။သူကလည္း ဘာစီစဥ္ေပးရမလဲေျပာ႐ွာပါတယ္။ကြၽန္ေတာ္တို႔လည္းအခြင့္ထူးခံၿပီးFOCမလုပ္ခ်င္တာေၾကာင့္ က်န္တာမလိုပါဘူး ပံုမွန္သတ္မွတ္ေၾကးနဲ႔သာအဆင္ေျပေအာင္လုပ္ေပးဖို႔အကူညီေတာင္းလိုက္ပါတယ္။ကြၽန္ေတာ္ဂိတ္ကိုလွမ္းၿပီးဖုန္းဆက္လိုက္ပါမယ္ ဆိုၿပီးဘာမွဆက္မျဖစ္လာေတာ့ပါဘူး။ျမင့္ျမတ္ေသြးလွဴ႐ွင္အသင္းဥကၠ႒ကိုယ္တိုင္လည္း အဆင္ေျပေအာင္စီစဥ္ဖို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးထံသြားေတြ႔ေနေၾကာင္းေျပာလာပါတယ္။

ညေန၆နာရီေက်ာ္လာေတာ့ မေစာင့္ႏိုင္ေတာ့တာနဲ႔ အဆင္မေျပရင္ ခ႐ိုင္ကိုလွမ္းၿပီးအကူညီေတာင္းရမယ့္အေၾကာင္း ေျပာေတာ့မွ ဂိတ္ကအခ်င္းခ်င္းျပန္ၿငိၾကပါတယ္။ေနာက္ဆံုးျမင့္ျမတ္ေသြးလွဴ႐ွင္အသင္းဥကၠ႒က တစ္ေယာက္ကို၄၀၀၀နဲ႔ပဲတက္လို႔ရေအာင္စီစဥ္ေပးထားတယ္ေျပာပါတယ္။ကြၽန္ေတာ့္အထင္လိုေငြကို ဥကၠ႒ကစိုက္ေပးလိုက္ရတယ္ထင္ပါတယ္။ဒီလိုနဲ႔ပဲအဆင္မေျပမႈမ်ားစြာနဲ႔ညေန ၆နာရီ၁၅မွေတာင္တက္ခဲ့ရပါတယ္။

ဒီေနရာမွာကြၽန္ေတာ္ေထာက္ျပခ်င္တာက

1.ဂိတ္ရဲ႕စည္းကမ္းေတြကို ေျပာင္းခ်င္သလိုေျပာင္းလို႔ရလား။ကိုယ့္ျခံထဲကၾကက္ကိုယ္ႀကိဳက္သလိုခ်က္စားစားေၾကာ္စားစားဆိုၿပီးလုပ္လို႔ရလား။ခရီးသည္ေတြျမင္သာေအာင္ စည္းကမ္းခ်က္ေတြကို ဘာလို႔မထားတာလဲ။

2.ေတာင္တက္လမ္းကအရမ္းအနၱရာယ္မ်ားတဲ့အတြက္ သူတို႔ဆီကကားေတြနဲ႔ပဲအတက္ခံတယ္။ဒါေပမယ့္ကားရဲ႕ၾကံ့ခိုင္မႈနဲ႔လံုျခံဳမႈကိုဂ႐ုစိုက္စစ္ေဆးမယ့္အဖြဲ႔မ႐ွိဘူး။Driverမျပင္ရင္ ဘယ္သူမွအေရးမယူဘူး။အဲ့ေတာ့ျဖစ္လာမွသာကံဆိုးသူထိေပါ့။

3.CBTမွာအိပ္ခိုင္းတဲ့ကိစၥ။စင္းလံုးငွါးျဖစ္သြားေအာင္ဖန္တီးတယ္။မငွါးရင္အိပ္စရာCBTပဲ႐ွိတယ္။အဲ့ေတာ့တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္။ကားနဲ႔ဂ်င္းမရရင္း CBTနဲ႔ဂ်င္းမယ္ေပါ့။လက္ဝါးခ်င္း႐ိုက္ထားသလိုျဖစ္ေနတယ္။ဒါကေတာ့ကိုယ့္အေတြးပါ သေဘာ႐ိုးနဲ႔ေျပာတာလည္းျဖစ္ႏိုင္ပါတယ္။

4.ကြၽန္ေတာ္တို႔အဖြဲ႔ဆိုတာ ဖိတ္ခံထားရၿပီးေဒသဖြံ႔ၿဖိဳးေရးလာတဲ့သူေတြမို႔တာဝန္႐ွိသူေတြနဲ႔အဆက္အသြယ္႐ွိေနတာေၾကာင့္အဆင္ေျပခဲ့တာပါ။ကိုယ္ေတြေနရာမွာ႐ိုး႐ိုးခရီးသည္ေတြဆိုဘယ္ေလာက္ဒုကၡေရာက္မလဲ။

5.စစ္ကိုင္းတိုင္းေဒသက ဖြံံ့႔ၿဖိဳးမႈေနာင့္ေႏွးေနတာေၾကာင့္ ခရီးသြားလာေရးဖြံ႔ၿဖိဳးေရးကို ႏိုင္ငံေတာ္အဆင့္အေနနဲ႔ကို လုပ္ေဆာင္ေနတာပါ။တိုင္းေဒသႀကီးအစိုးရအဖြဲ႔ကပါအာရံုထားၿပီးMediaေတြ၊Travel Bloggerေတြနဲ႔သက္ဆိုင္ရာအဖြဲ႔အစည္းအင္အားအကုန္သံုးၿပီးလုပ္ေဆာင္ေနခ်ိန္မွာ ေဒသဆိုင္ရာအစိုးရအဖြဲ႔ေတြအေနနဲ႔ဂ႐ုတစိုက္ပူးေပါင္းပါဝင္ေပးႏိုင္မႈအားအရမ္းနည္းတယ္လို႔ထင္ပါတယ္။ျမင့္ျမတ္ေသြးလွဴ႐ွင္အသင္းသာမကူညီခဲ့ရင္ကြၽန္ေတာ္တို႔ေတြ ခ႐ိုင္အကူအညီပါယူရမလိုျဖစ္သြားခဲ့ရပါတယ္။

6.ေတာင္တက္ကားအသင္းနဲ႔ပတ္သက္ၿပီးသတင္းဆိုးေတြထြက္ေနတာၾကာပါၿပီ။ေလာေလာဆယ္လည္း အစိုးရခရီးစဥ္နဲ႔ေဒသဖြံ႔ၿဖိဳးေရးလာတဲ့ မဇၨိ်မအဖြဲ႔သားေတြလည္း ဒီလိုပဲၾကံဳေနရေၾကာင္းသိရပါတယ္။
ဒီေတာ့ဒီတိုင္းပဲဆက္သြားေနရင္ ဇလံုေတာင္ခရီးစဥ္ဟာ ဂ်င္းခရီးစဥ္အျဖစ္နဲ႔နာမည္ဆိုးေတြပဲဆက္ထြက္လာဖို႔႐ွိေနပါတယ္။

ဒါေၾကာင့္ ဇလံုေတာင္တက္မယ္ဆိုရင္ ေတာင္တက္ကားဂိတ္ရဲ႕ ဂ်င္းကိစၥကို ဘယ္လိုမ်ိဳးေျဖ႐ွင္းၾကမလဲဆိုတာ တာဝန္႐ွိသူေတြအေနနဲ႔သတိထားမိဖို႔ ဒီအေတြ႔အၾကံဳေလးကိုတင္ေပးလိုက္ပါတယ္။ ✌✌✌

MinnMaw’s Trips

MinnMaw

=========================

ဒီပြသနာလေးကိုမျက်နှာနာစရာလေးတွေရှိနေတာကြောင့်မရေးပဲနေမလို့တွေးထားပေမယ့် တော်တော်လေးနာမည်ထွက်လာတာရော ကိုယ့်pageထဲကခရီးသွားတွေ ဂျင်းမမိစေချင်တာကြောင့်ရော မျက်နှာပျက်ခံပြီးပြောချင်ပါတယ်။ကနန်းဒေသဖွံ့ဖြိုးရေးခရီးစဉ်လေးသွားရင်းနဲ့ ဇလုံတောင်ကိုပါလှည့်ဝင်ဖြစ်ခဲ့ပါတယ်။ခရိုင်ကနေပြီးကူညီပေးမယ့်အကြောင်းပြောပေမယ့် ကိုယ့်Team ကလူတွေအကုန်လုံးက သာမန်ခရီးသည်တွေအတိုင်းပဲသွားချင်တာကြောင့် ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားခဲ့ကြပါတယ်။တောင်တက်ကားတွေရှိတဲ့ CBTစခန်းကိုရောက်တော့ ညနေ၄နာရီလောက်ပါ။တောင်တက်ခက တစ်ဦးကိုအတက် ၃၀၀၀ အဆင်း၃၀၀၀ပေးရပါတယ်။

ကျွန်တော်တို့အဖွဲ့က၆ယောက်ပါ။ဗန်းမောက်မြို့မြင့်မြတ်သွေးလှူရှင်အသင်းဥက္ကဋ္ဌကိုယ်တိုင်က ကားဂိတ်ကိုဖုန်းဆက်ပြီးကျွန်တော်တို်အဖွဲ့တက်မယ့်အကြောင်းပြောပေးထားပါသေးတယ်။ကျွန်တော်တို့CBTရောက်တော့ကားအသင်းကမေးပါတယ်။ကားစင်းလုံးငှါးတက်မှာလား ရိုးရိုးတက်မှာလားပေါ့။စျေးမေးတော့စင်းလုံးငှါးရင် ၄၅၀၀၀ပေးရပါတယ်။ရိုးရိုးတက်မယ်ဆိုရင်တော့လူ၁၅ယောက်ပြည့်အောင်စောင့်ရမယ်ပေါ့။ကျွန်တော်တို့လည်းရိုးရိုးတက်မယ်ပဲပြောလိုက်တယ်။အဲပြသနာကအဲ့မှာစတာပါပဲ။ပထမကတော့ နောက်ထပ်၅ယောက်လောက်ရရင်ထွက်မယ်ပေါ့။တကယ်တမ်းသူတို့ရဲ့စနစ်က လူ၅ယောက်အထက်ရှိရင် ခရီးသည်ကိုတစ်နာရီပဲစောင့်ခွင့်ရှိပါတယ်။လူမပြည့်ရင်လည်း တက်ရပါတယ်။လိုတာကိုတော့ဂိတ်ကဆိုက်ပေးရပါတယ်။ညနေ၅နာရီခွဲကျော်တဲ့အခါမှာတော့ ဂိတ်ကလာပြောပါတယ်။

လူမပြည့်တဲ့အတွက် ၃၅၀၀၀ နဲ့ စင်းလုံးငှါးရမယ်ပေါ့။ကျွန်တော်တို့အနေနဲ့စရောက်တဲ့အချိန်ထဲကသာ ဂိတ်ပိတ်ချိန်(6)နာရီ ရောက်လို့မှလူမပြည့်ရင် စင်းလုံးငှါးရမယ်ဆိုပြီးပြောခဲ့ရင် ကျွန်တော်တို့အပြစ်မပြောပါဘူး။အဲ့အချိန်မှာအလှည့်ကျထွက်ရမယ့်ကားကအသင့်ရှိပါတယ်။ဒါပေမယ့်မထွက်ပေးပါဘူး။ကျွန်တော်တို့်လည်း ဂျင်းဆိုတာသိလို့လုံးဝမပေးနိုင်ဘူးအလွန်ဆုံးတစ်ထောင်ထပ်ပေးမယ် ဒီထက်ပိုမပေးဘူး ဆိုပြီးငြင်းပါတယ်။အဲ့တော့ ဂိတ်က စောင့်နေတဲ့အလှည့်ကျကားသမားကို မတက်ဘူးတဲ့ ဂိတ်ပိတ်မယ် ခင်ဗျားလည်းပြန်တော့ ဂိတ်ပိတ်ပြီ ဆိုပြီးလုပ်ပါတော့တယ်။ဒီလိုအခြေအနေဖြစ်လာတော့ ကျွန်တော်လည်းတာဝန်ရှိသူတွေထံဆက်သွယ်ရပါတော့တယ်။

ပထမဆုံးမြင့်မြတ်သွေးလှူရှင်အသင်းဥက္ကဋ္ဌကိုဆက်သွယ်ပြီးပြောတော့ ထိုအကိုကလည်း ချက်ချင်းပဲဂိတ်ကိုဖုန်းဆက်ပေးပါတယ်။ဒါပေမယ့်ဂိတ်ကလုံးဝမလျော့ပါဘူး။ဒီအချိန်ဂိတ်မှာရှိတဲ့လူတစ်ယောက်ကအသံထွက်လာပါတယ်။CBTမှာပဲ အခန်းငှါးအိပ်ပြီး မနက်မှတက်ကြပေါ့တဲ့။(နောက်ပိုင်း CBTမှလူတွေပြောသောကြောင့် တစ်ဦးကို အပြီးအစီး 15000 ဖြစ်ကြောင်းသိရပါတယ်။လူသုံးဦး တဲတစ်လုံးကို 15000 ဖြစ်ကြောင်းသိရပာတယ်။Edit)

ကျွန်တော်တို့လည်းအဆင်မပြေတာကြောင့် ဒုတိယအဆင့်အနေနဲ့ ဗန်းမောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးထံဖုန်းဆက်ပြီးအကြောင်းကြားပါတယ်။သူကလည်း ဘာစီစဉ်ပေးရမလဲပြောရှာပါတယ်။ကျွန်တော်တို့လည်းအခွင့်ထူးခံပြီးFOCမလုပ်ချင်တာကြောင့် ကျန်တာမလိုပါဘူး ပုံမှန်သတ်မှတ်ကြေးနဲ့သာအဆင်ပြေအောင်လုပ်ပေးဖို့အကူညီတောင်းလိုက်ပါတယ်။ကျွန်တော်ဂိတ်ကိုလှမ်းပြီးဖုန်းဆက်လိုက်ပါမယ် ဆိုပြီးဘာမှဆက်မဖြစ်လာတော့ပါဘူး။မြင့်မြတ်သွေးလှူရှင်အသင်းဥက္ကဋ္ဌကိုယ်တိုင်လည်း အဆင်ပြေအောင်စီစဉ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးထံသွားတွေ့နေကြောင်းပြောလာပါတယ်။

ညနေ၆နာရီကျော်လာတော့ မစောင့်နိုင်တော့တာနဲ့ အဆင်မပြေရင် ခရိုင်ကိုလှမ်းပြီးအကူညီတောင်းရမယ့်အကြောင်း ပြောတော့မှ ဂိတ်ကအချင်းချင်းပြန်ငြိကြပါတယ်။နောက်ဆုံးမြင့်မြတ်သွေးလှူရှင်အသင်းဥက္ကဋ္ဌက တစ်ယောက်ကို၄၀၀၀နဲ့ပဲတက်လို့ရအောင်စီစဉ်ပေးထားတယ်ပြောပါတယ်။ကျွန်တော့်အထင်လိုငွေကို ဥက္ကဋ္ဌကစိုက်ပေးလိုက်ရတယ်ထင်ပါတယ်။ဒီလိုနဲ့ပဲအဆင်မပြေမှုများစွာနဲ့ညနေ ၆နာရီ၁၅မှတောင်တက်ခဲ့ရပါတယ်။

ဒီနေရာမှာကျွန်တော်ထောက်ပြချင်တာက

1.ဂိတ်ရဲ့စည်းကမ်းတွေကို ပြောင်းချင်သလိုပြောင်းလို့ရလား။ကိုယ့်ခြံထဲကကြက်ကိုယ်ကြိုက်သလိုချက်စားစားကြော်စားစားဆိုပြီးလုပ်လို့ရလား။ခရီးသည်တွေမြင်သာအောင် စည်းကမ်းချက်တွေကို ဘာလို့မထားတာလဲ။

2.တောင်တက်လမ်းကအရမ်းအန္တရာယ်များတဲ့အတွက် သူတို့ဆီကကားတွေနဲ့ပဲအတက်ခံတယ်။ဒါပေမယ့်ကားရဲ့ကြံ့ခိုင်မှုနဲ့လုံခြုံမှုကိုဂရုစိုက်စစ်ဆေးမယ့်အဖွဲ့မရှိဘူး။Driverမပြင်ရင် ဘယ်သူမှအရေးမယူဘူး။အဲ့တော့ဖြစ်လာမှသာကံဆိုးသူထိပေါ့။

3.CBTမှာအိပ်ခိုင်းတဲ့ကိစ္စ။စင်းလုံးငှါးဖြစ်သွားအောင်ဖန်တီးတယ်။မငှါးရင်အိပ်စရာCBTပဲရှိတယ်။အဲ့တော့တစ်ချက်ခုတ်နှစ်ချက်ပြတ်။ကားနဲ့ဂျင်းမရရင်း CBTနဲ့ဂျင်းမယ်ပေါ့။လက်ဝါးချင်းရိုက်ထားသလိုဖြစ်နေတယ်။ဒါကတော့ကိုယ့်အတွေးပါ သဘောရိုးနဲ့ပြောတာလည်းဖြစ်နိုင်ပါတယ်။

4.ကျွန်တော်တို့အဖွဲ့ဆိုတာ ဖိတ်ခံထားရပြီးဒေသဖွံ့ဖြိုးရေးလာတဲ့သူတွေမို့တာဝန်ရှိသူတွေနဲ့အဆက်အသွယ်ရှိနေတာကြောင့်အဆင်ပြေခဲ့တာပါ။ကိုယ်တွေနေရာမှာရိုးရိုးခရီးသည်တွေဆိုဘယ်လောက်ဒုက္ခရောက်မလဲ။

5.စစ်ကိုင်းတိုင်းဒေသက ဖွံံ့့ဖြိုးမှုနောင့်နှေးနေတာကြောင့် ခရီးသွားလာရေးဖွံ့ဖြိုးရေးကို နိုင်ငံတော်အဆင့်အနေနဲ့ကို လုပ်ဆောင်နေတာပါ။တိုင်းဒေသကြီးအစိုးရအဖွဲ့ကပါအာရုံထားပြီးMediaတွေ၊Travel Bloggerတွေနဲ့သက်ဆိုင်ရာအဖွဲ့အစည်းအင်အားအကုန်သုံးပြီးလုပ်ဆောင်နေချိန်မှာ ဒေသဆိုင်ရာအစိုးရအဖွဲ့တွေအနေနဲ့ဂရုတစိုက်ပူးပေါင်းပါဝင်ပေးနိုင်မှုအားအရမ်းနည်းတယ်လို့ထင်ပါတယ်။မြင့်မြတ်သွေးလှူရှင်အသင်းသာမကူညီခဲ့ရင်ကျွန်တော်တို့တွေ ခရိုင်အကူအညီပါယူရမလိုဖြစ်သွားခဲ့ရပါတယ်။

6.တောင်တက်ကားအသင်းနဲ့ပတ်သက်ပြီးသတင်းဆိုးတွေထွက်နေတာကြာပါပြီ။လောလောဆယ်လည်း အစိုးရခရီးစဉ်နဲ့ဒေသဖွံ့ဖြိုးရေးလာတဲ့ မဇ္ဇျိမအဖွဲ့သားတွေလည်း ဒီလိုပဲကြံုနေရကြောင်းသိရပါတယ်။
ဒီတော့ဒီတိုင်းပဲဆက်သွားနေရင် ဇလုံတောင်ခရီးစဉ်ဟာ ဂျင်းခရီးစဉ်အဖြစ်နဲ့နာမည်ဆိုးတွေပဲဆက်ထွက်လာဖို့ရှိနေပါတယ်။

ဒါကြောင့် ဇလုံတောင်တက်မယ်ဆိုရင် တောင်တက်ကားဂိတ်ရဲ့ ဂျင်းကိစ္စကို ဘယ်လိုမျိုးဖြေရှင်းကြမလဲဆိုတာ တာဝန်ရှိသူတွေအနေနဲ့သတိထားမိဖို့ ဒီအတွေ့အကြံုလေးကိုတင်ပေးလိုက်ပါတယ်။ ✌✌✌

MinnMaw’s Trips

MinnMaw