မိခင်အား ဦးခေါင်းနောက်စေ့ ပွင့်ထွက်အောင် ပေါက်ပြားဖြင့်ခုတ်ပြီး မီးရှို့အလောင်းဖျောက်ခဲ့သူ

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ၁၆၀၀ အချိန်တွင် မိုင်းဆတ်မြို့နယ် နားဘော်ခိုင် ကျေးရွာနေ ဦးကျအီ၏ တောင်ယာတဲ၌ ဦးကျအီ၏ဇနီး ဒေါ်နာထော(၅၆)နှစ်နှင့်

သားဖြစ်သူ ယားဖူ(၂၂)နှစ်တို့သည် ဟင်းချက်ခိုင်းသည့်ကိစ္စနှင့်ပတ်သက်ပြီး စကားများရန်ဖြစ်ရာ ယားဖူမှ ပေါက်ပြားဖြင့်ခုတ်ခဲ့သဖြင့်

ဒေါ်နာထောတွင် ဦးခေါင်းနောက်စေ့ ပွင့်ထွက်၊ ယာဂျိုင်းအောက်/ တံတောင်ဆစ်/ ခြေထောက် ပြတ်ရှဒဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးနေခဲ့ပြီး ယားဖူမှ တောင်ယာအား မီးရှို့ခဲ့သောကြောင့်ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ၂၀၁၅ အချိန်တွင် ယားဖူ အား မိုင်းခုတ် နယ်မြေရဲစခန်းမှ (ပ)၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၃၆/၂၀၁(လူသတ်မှု/ မီးရှို့မှု/ အလောင်း ဖျောက်ဖျက်မှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Ministry of Home Affairs, Myanmar

Unicode





Ministry of Home Affairs, Myanmar