မႏၱေလးက ေကာင္မေလးကို V Day လက္ေဆာင္ ကိုယ္တိုင္သြားေပးခဲ့တဲ့ စိုင္းစိုင္းခမ္းလိႈင္

မႏၱေလးက ေကာင္မေလးကို V Day လက္ေဆာင္ ကိုယ္တိုင္သြားေပးခဲ့တဲ့ စိုင္းစိုင္းခမ္းလိႈင္

စိုင္းစိုင္းကေတာ့ Valentine ေန႕ေလးမွာ ပရိသတ္ေတြကို အံ့ၾသေအာင္ လုပ္လိုက္ပါၿပီ။ စိုင္းစိုင္းက Valentine ေန႕ေလးမွာ Valentine လက္ေဆာင္ကို ကိုယ္တုိင္ကိုယ္က် သြားေပးခဲ့တာ ေတြ႕ရပါတယ္။

သူသြားေပးခဲ့တဲ့ ေကာင္မေလးက ရန္ကုန္က မဟုတ္ပါဘူး ။ မႏၱေလးက ေကာင္မေလး တစ္ေယာက္ကို Valentine လက္ေဆာင္သြားေပးခဲ့တာ ျဖစ္ပါတယ္။

စိုင္းစိုင္းရဲ႕ လက္ေဆာင္ကို ရသြားတဲ့ ေကာင္မေလးကလည္း သူမရဲ႕ ေဖ့စ္ဘြတ္မွာ ယခုလိုေလး ေရးသားထားတာေတြ႕ရပါတယ္။
“Perfect Valentines Day!!!!!!

Love u Bae G” ဆိုၿပီး ေျပာထားတာပါ။ သူမအတြက္ကေတာ့ ခ်စ္သူမ်ားေန႕ေလးဟာ လံုးဝကို ၿပီးျပည့္စံုသြားၿပီ ျဖစ္ပါတယ္။

စိုင္းစိုင္းက သူရဲ႕ ပရိသတ္ကို Valentineလက္ေဆာင္နဲ႕ Surprise တိုက္လိုက္တာပါ။ အရုပ္ႀကီးေတြ ေဘာလံုးေတြနဲ႕ စိုင္းစိုင္းႏႈတ္ခမ္း နီေလးေတြကို ထည့္ထားတဲ့ ျခင္းေလးကို လက္ေဆာင္ေပးခဲ့တာေတြ႕ရပါတယ္။စိုင္းစိုင္းဟာ မိန္းကေလး ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိထားသူျဖစ္ပါတယ္။

ဒီေန႕ (ေဖေဖာ္ဝါရီ ၁၄ရက္)မွာ စိုင္စိုင္းရဲ႕ SAI Sexy and Intelligent Valentine’s Day ရိႈးေလးကို ျပည့္သူရင္ျပင္တြင္ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

၁၉၇၉ ခုႏွစ္ မွာ ေမြးဖြားခဲ့တဲ့ စိုင္းစိုင္းခမ္းလႈိင္ဟာ ၂၀၀၀ ျပည့္ႏွစ္မွာ ေခ်ာကလက္ေရာင္ေရခဲအိမ္မက္ ေတးစီးရီးကို ထြက္ရွိခဲ့ကာ ၂၀၀၁ ခုႏွစ္မွာ သူငယ္ခ်င္း မ်ားစြာအေခြ၊ ၂၀၀၃ ခုႏွစ္မွာ ေဖေဖာ္ဝါရီ မွတ္တမ္း၊ ၂၀၀၄ ခုႏွစ္မွာ Sai Sai Live Show နဲ႕ ၂၀၀၅ခုႏွစ္မွာ စိုင္းစုိင္းဟုေခၚသည္၊ ၂၀၀၇ခုႏွစ္မွာ Sai Sai Birthday ၊ 2009ခုႏွစ္မွာ Ever ေဂၚလီ၊ ၂၀၁၂ခုႏွစ္မွာ ဒိတ္ဒိတ္က်ဲ စတဲ့ ေတးစီးရီးမ်ားနဲ႕ အတြဲေခြမ်ားစြာမွာလည္း ပါဝင္သီဆိုထားသူ တစ္ဦးလည္း ျဖစ္ပါတယ္။

မၾကာခင္မွာလည္း သူ႕ရဲ႕ ေနာက္ထပ္အေခြအသစ္ထြက္ဖို႕အတြက္ ျပင္ဆင္ေနတယ္လို႕ သိရပါတယ္။

Photo : Sai Sai FB

============================

မန္တလေးက ကောင်မလေးကို V Day လက်ဆောင် ကိုယ်တိုင်သွားပေးခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းကတော့ Valentine နေ့လေးမှာ ပရိသတ်တွေကို အံ့သြအောင် လုပ်လိုက်ပါပြီ။ စိုင်းစိုင်းက Valentine နေ့လေးမှာ Valentine လက်ဆောင်ကို ကိုယ်တိုင်ကိုယ်ကျ သွားပေးခဲ့တာ တွေ့ရပါတယ်။

သူသွားပေးခဲ့တဲ့ ကောင်မလေးက ရန်ကုန်က မဟုတ်ပါဘူး ။ မန္တလေးက ကောင်မလေး တစ်ယောက်ကို Valentine လက်ဆောင်သွားပေးခဲ့တာ ဖြစ်ပါတယ်။

စိုင်းစိုင်းရဲ့ လက်ဆောင်ကို ရသွားတဲ့ ကောင်မလေးကလည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလိုလေး ရေးသားထားတာတွေ့ရပါတယ်။
“Perfect Valentines Day!!!!!!

Love u Bae G” ဆိုပြီး ပြောထားတာပါ။ သူမအတွက်ကတော့ ချစ်သူများနေ့လေးဟာ လုံးဝကို ပြီးပြည့်စုံသွားပြီ ဖြစ်ပါတယ်။

စိုင်းစိုင်းက သူရဲ့ ပရိသတ်ကို Valentineလက်ဆောင်နဲ့ Surprise တိုက်လိုက်တာပါ။ အရုပ်ကြီးတွေ ဘောလုံးတွေနဲ့ စိုင်းစိုင်းနှုတ်ခမ်း နီလေးတွေကို ထည့်ထားတဲ့ ခြင်းလေးကို လက်ဆောင်ပေးခဲ့တာတွေ့ရပါတယ်။စိုင်းစိုင်းဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားသူဖြစ်ပါတယ်။

ဒီနေ့ (ဖေဖော်ဝါရီ ၁၄ရက်)မှာ စိုင်စိုင်းရဲ့ SAI Sexy and Intelligent Valentine’s Day ရှိုးလေးကို ပြည့်သူရင်ပြင်တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ် မှာ မွေးဖွားခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ပြည့်နှစ်မှာ ချောကလက်ရောင်ရေခဲအိမ်မက် တေးစီးရီးကို ထွက်ရှိခဲ့ကာ ၂၀၀၁ ခုနှစ်မှာ သူငယ်ချင်း များစွာအခွေ၊ ၂၀၀၃ ခုနှစ်မှာ ဖေဖော်ဝါရီ မှတ်တမ်း၊ ၂၀၀၄ ခုနှစ်မှာ Sai Sai Live Show နဲ့ ၂၀၀၅ခုနှစ်မှာ စိုင်းစိုင်းဟုခေါ်သည်၊ ၂၀၀၇ခုနှစ်မှာ Sai Sai Birthday ၊ 2009ခုနှစ်မှာ Ever ဂေါ်လီ၊ ၂၀၁၂ခုနှစ်မှာ ဒိတ်ဒိတ်ကျဲ စတဲ့ တေးစီးရီးများနဲ့ အတွဲခွေများစွာမှာလည်း ပါဝင်သီဆိုထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။

မကြာခင်မှာလည်း သူ့ရဲ့ နောက်ထပ်အခွေအသစ်ထွက်ဖို့အတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo : Sai Sai FB