ခြေမသန်တဲ့ဦးလေးကြီးကို Valentine Giftပေးခဲ့တဲ့ မျိုးကိုကိုစန်း




Unicodeဖြင့်ဖတ်ရန်

မွေးရပ်မြေကိုပြန်ရောက်နေတဲ့ မန္တလာသူလေး မျိုးကိုကိုစန်းကတော့ ခြေမသန်တဲ့ဦးလေးကြီးတစ်ဦးကို Valentine Giftအနေနဲ့ လက်ဆောင်တွေပေးခဲ့တာပါ။ ရုပ်ကလေးလှတဲ့အပြင် စိတ်ထားလေးလည်း ဖြူစင်သူတစ်ဦးဖြစ်တဲ့သူမကတော့ လူသားတိုင်း ချစ်ခင်မှုရဲ့အဓိပ္ပါယ်ကိုခံစားခွင့်ရှိတယ်ဆိုတာကို ပြသခဲ့သူတစ်ဦးမို့ သူမရဲ့စိတ်ဓါတ်လေးကလည်း လေးစားစရာပါ။ မန္တလေးရောက်နေတဲ့ မျိုးကိုကိုစန်းရဲ့ချစ်စရာပုံရိပ်လေးတွေကိုတော့ မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

မျိုးကိုကိုစန်းက သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာတော့ “ဒါ ကိုယ့်ရဲ့ Valentine Gift ရသွားတဲ့သူပေါ့ခြေထောက်မသန်တဲ့ လူကြီး ချောကလက်တွေ ငေးကြည့်နေတာပိုက်ဆံ ၅၀၀၀ရယ် ချောကလက်ရယ် နှင်းဆီပန်းလေးရယ် သူ့လည်း အပေးခံသင့်တာပေါ့နော် တော်တော်ပျော်သွားရှာတယ်” ဆိုပြီးရေးသားထားတာပါ။ ဘယ်သူ့မှမတွေးမိကြတဲ့ အတွေးလေးနဲ့မို့ ဆန်းနေပေမယ့် ပရိသတ်တွေကတော့ သူမကို ပိုပိုပြီးချစ်လာရတာပါနော်။

အေးချမ်းတဲ့မျက်နှာလေးနဲ့ ယဉ်ယဉ်လေးလှတဲ့ Miss International Queen Myanmar 2014 ဆုရှင်တစ်ဦးလဲဖြစ်တဲ့ မန္တလာသူလေး မျိုးကိုကိုစန်းကတော့ တကယ့်မိန်းကလေးတစ်ဦးနဲ့မခြား လှရက်လွန်းသူလေးပါ။ သူမရဲ့ Valentines Dayကတော့ ရှုတင်မှာပဲဖြတ်သန်းသွားမှာပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖြူစင်လွန်းသူလေး မျိုးကိုကိုစန်းကိုချစ်ရင် Share သွားဖို့မမေ့ရဘူးနော်။
Source;Myo Ko Ko San