သမီးေလးေႀကာင့္ တစ္အိမ္သားလုံး လြမ္းက်န္ရစ္ခဲ့ရတဲ့ လင္းဇာနည္ေဇာ္တုိ႕မိသားစု

တစ္ခ်ိန္က ႐ုပ္ရွင္ေလာကမွာ အကယ္ဒမီဆုဆြတ္ခူးထားတဲ့ ၀ါရင့္သ႐ုပ္ေဆာင္ လင္းဇာနည္ေဇာ္ကေတာ့ Single Mother တစ္ေယာက္အျဖစ္ သမီးေလးကို ျပဳစုပ်ိဳးေထာင္ေပးေနသူျဖစ္ပါတယ္။

အႏုပညာလႈပ္ရွားမႈေတြနည္းသြားေပမယ့္လည္း လူမႈကြန္ရက္မွာ သူမရဲ႕ လႈပ္ရွားမႈပုံရိပ္ေလးေတြကို အၿမဲမျပတ္မွ်ေဝေပးေနတာမို႔ ပရိသတ္အားေပးမႈေတြ ဒီေန႔ထိ ရရွိေနဆဲျဖစ္ပါတယ္။

ၾသစီကေန ျမန္မာျပည္ကို ခြင့္ျပန္လာတဲ့ သမီးျဖစ္သူျမဴလင္းကိုကို တစ္ေယာက္ မေန႔က ပညာေတာ္သင္ျပန္သြားရေတာ့မွာမို႔ တစ္မိသားစုလုံးလိုက္လံႏႈတ္ဆက္ရင္း ၀မ္းနည္းက်န္ရစ္ခဲ့ပုံေတြကို လင္းဇာနည္ေဇာ္က သူမရဲ႕ ေဖ့ဘုတ္အေကာင့္မွာ မွ်ေဝထားပါတယ္။

” ေအာ္~ ဒီေန႔ပဲျပန္သြားတယ္

ဘယ္လိုပဲသတိကပ္ကပ္

အသိကလြတ္လြတ္သြား

ေနရထိုင္ရမသက္သာပါလား ” လို႔ ရင္နင့္ဖြယ္ရင္ဖြင့္ထားပါတယ္။

ခ်စ္စရာေကာင္းၿပီး လိမၼာေရးျခားရွိတဲ့ သမီးေလးကို ပိုင္ဆိုင္ထားရတဲ့အတြက္ အရမ္းကံေကာင္းသလို သမီးျဖစ္သူ ျမဴလင္းဟာ တစ္အိမ္လုံးရဲ႕ အခ်စ္ေတာ္ေလးျဖစ္ေနတာပါ။

ဒါ့ေၾကာင့္ ျမဴလင္းေလးဟာ ေလဆိပ္မသြားခင္မွာ မိသားစုဝင္ေတြအားလုံးကို ႏႈတ္ဆက္ၿပီး ပညာေတြသင္ဖို႔ တိုင္းတစ္ပါးကို ျပန္သြားၿပီျဖစ္ပါတယ္။

ေမေမ လင္းဇာနည္ေဇာ္ ကေတာ့ တစ္ဦးတည္းေသာသမီးေလးကို မခြဲခ်င္ပဲ ခြဲခြာရဦးမွာမို႔ အေတာ္ေလးစိတ္မေကာင္းျဖစ္ေနပုံရပါတယ္။သူမတို႔သားအမိေလးရဲ႕ တစ္ဦးအေပၚတစ္ဦးထားတဲ့ ခ်စ္ျခင္းေမတၱာေတြကို ဓာတ္ပုံေလးၾကည့္လိုက္တာနဲ႔ ပရိသတ္ေတြကိုပါ ထပ္တူထပ္မွ်စိတ္မေကာင္းျဖစ္ေစမွာေသခ်ာပါတယ္။

သူမတို႔ တစ္အိမ္သားလုံး ရဲ႕ ၀မ္းနည္းေနတဲ့ ျမင္ကြင္းေလးကို အတိုင္းသားေတြ႕ျမင္ရပါတယ္။

ျမဴလင္းေလးအတြက္ ပရိသတ္ႀကီးလည္း ဆုေတာင္းေပးလိုက္ပါဦးေနာ္။

Source : Linzarnizaw fb

Unicode

========================

တစ်ချိန်က ရုပ်ရှင်လောကမှာ အကယ်ဒမီဆုဆွတ်ခူးထားတဲ့ ၀ါရင့်သရုပ်ဆောင် လင်းဇာနည်ဇော်ကတော့ Single Mother တစ်ယောက်အဖြစ် သမီးလေးကို ပြုစုပျိုးထောင်ပေးနေသူဖြစ်ပါတယ်။

အနုပညာလှုပ်ရှားမှုတွေနည်းသွားပေမယ့်လည်း လူမှုကွန်ရက်မှာ သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမပြတ်မျှဝေပေးနေတာမို့ ပရိသတ်အားပေးမှုတွေ ဒီနေ့ထိ ရရှိနေဆဲဖြစ်ပါတယ်။

သြစီကနေ မြန်မာပြည်ကို ခွင့်ပြန်လာတဲ့ သမီးဖြစ်သူမြူလင်းကိုကို တစ်ယောက် မနေ့က ပညာတော်သင်ပြန်သွားရတော့မှာမို့ တစ်မိသားစုလုံးလိုက်လံနှုတ်ဆက်ရင်း ၀မ်းနည်းကျန်ရစ်ခဲ့ပုံတွေကို လင်းဇာနည်ဇော်က သူမရဲ့ ဖေ့ဘုတ်အကောင့်မှာ မျှဝေထားပါတယ်။

” အော်~ ဒီနေ့ပဲပြန်သွားတယ်

ဘယ်လိုပဲသတိကပ်ကပ်

အသိကလွတ်လွတ်သွား

နေရထိုင်ရမသက်သာပါလား ” လို့ ရင်နင့်ဖွယ်ရင်ဖွင့်ထားပါတယ်။

ချစ်စရာကောင်းပြီး လိမ္မာရေးခြားရှိတဲ့ သမီးလေးကို ပိုင်ဆိုင်ထားရတဲ့အတွက် အရမ်းကံကောင်းသလို သမီးဖြစ်သူ မြူလင်းဟာ တစ်အိမ်လုံးရဲ့ အချစ်တော်လေးဖြစ်နေတာပါ။

ဒါ့ကြောင့် မြူလင်းလေးဟာ လေဆိပ်မသွားခင်မှာ မိသားစုဝင်တွေအားလုံးကို နှုတ်ဆက်ပြီး ပညာတွေသင်ဖို့ တိုင်းတစ်ပါးကို ပြန်သွားပြီဖြစ်ပါတယ်။

မေမေ လင်းဇာနည်ဇော် ကတော့ တစ်ဦးတည်းသောသမီးလေးကို မခွဲချင်ပဲ ခွဲခွာရဦးမှာမို့ အတော်လေးစိတ်မကောင်းဖြစ်နေပုံရပါတယ်။သူမတို့သားအမိလေးရဲ့ တစ်ဦးအပေါ်တစ်ဦးထားတဲ့ ချစ်ခြင်းမေတ္တာတွေကို ဓာတ်ပုံလေးကြည့်လိုက်တာနဲ့ ပရိသတ်တွေကိုပါ ထပ်တူထပ်မျှစိတ်မကောင်းဖြစ်စေမှာသေချာပါတယ်။

သူမတို့ တစ်အိမ်သားလုံး ရဲ့ ၀မ်းနည်းနေတဲ့ မြင်ကွင်းလေးကို အတိုင်းသားတွေ့မြင်ရပါတယ်။

မြူလင်းလေးအတွက် ပရိသတ်ကြီးလည်း ဆုတောင်းပေးလိုက်ပါဦးနော်။

Source : Linzarnizaw fb