ၾကည့္ရႈသူေတြ သေဘာက်ခဲ့ၾကတဲ့ အဆုိေတာ္လင္း္လင္းရဲ႕ေ၀ဖန္မႈ

ျမန္မာႏုိင္ငံရဲ႕ ဒိတ္ဒိတ္ၾကဲ အဆုိေတာ္ လင္းလင္း ၊ က်ားေပါက္ ၊ ရန္ရန္ခ်မ္း ၊ နီနီခင္ေဇာ္တုိ႕ ဒုိင္အျဖစ္ပါ၀င္ထားၾကတဲ့ The Voice Myanmar သီခ်င္းဆုိၿပိဳင္ပဲြႀကီးမွာ အႏုိင္ရသူက ဆုေၾကးေငြ သိန္(၂၀၀)ကို ရရွိမယ့္အျပင္

ကမာၻေက်ာ္ UNIVERSAL Music Production နဲ႕ တစ္ကုိယ္ေတာ္ေတးစီရီးကို ထုတ္ခြင့္ရမွာျဖစ္ပါတယ္။ ဒီၿပိဳင္ပဲြကိုေတာ့ MRTV-4 မွ တနဂၤေႏြေန႔ ည၉နာရီမွာ ထုတ္လႊင့္ျပသေနတယ္လုိ႕သိရပါတယ္။

ဒီသီခ်င္းဆုိၿပိဳင္ပဲြမွာ ပါ၀င္ထားတဲ့ ဒုိင္ေတြကလည္း ၀ါရင့္အဆုိေတာ္ႀကီးမ်ားျဖစ္ၾကတဲ့အျပင္ ပရိသတ္ေတြရဲ႕ အားေပးမႈ၊ ေလးစားမႈေတြကို ရရွိထားၾကတဲ့ ဒုိင္ေတြပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ပရိသတ္ေတြက ဒီဒုိင္ေလးေယာက္ရဲ႕မွတ္ခ်က္ေတြကို စိတ္၀င္တစား ေစာင့္ေမွ်ာ္ေနတာျဖစ္ပါတယ္။

ဒီၿပိဳင္ပဲြရဲ႕ ဒုိင္ျဖစ္တဲ့ လင္းလင္းက ၿပိဳင္ပဲြ၀င္တစ္ေယာက္ကုိအကဲျဖတ္ေပးရာမွာ ကုိယ္တုိင္စင္ေပၚတက္ၿပီး ၿပိဳင္ပဲြ၀င္နဲ႕အတူ ျပင္ေပးခ်င္တဲ့ေနရာထိေရာက္ေအာင္ သီခ်င္ျပန္ဆုိရင္း သင္ေပးသြားခဲ့တာပဲျဖစ္ပါတယ္။

လင္းလင္းရဲ႕ေစတနာအျပည့္နဲ႕မွားေနတဲ့ေနရာကို ကုိယ္တုိင္စင္ေပၚတက္ၿပီးသင္ၾကားျပသသြားတဲ့ပုံကို ပရိသတ္ေတြအားလုံး အႀကိဳက္ေတြ႔ခဲ့ပါတယ္။

ဒီၿပိဳင္ပဲြမွ လာၿပိဳင္ၾကတဲ့ တစ္ခ်ိဳ႕ၿပိဳင္ပဲြ၀င္ေတြဟာ ဒုိင္ေတြကို ေလးစားလို႔ လာၿပိဳင္ၿဖစ္ခဲ႔တာလို႔လည္း သိရပါတယ္။

Credit to The Voice Myanmar

Unicode

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အဆိုတော် လင်းလင်း ၊ ကျားပေါက် ၊ ရန်ရန်ချမ်း ၊ နီနီခင်ဇော်တို့ ဒိုင်အဖြစ်ပါ၀င်ထားကြတဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကြီးမှာ အနိုင်ရသူက ဆုကြေးငွေ သိန်(၂၀၀)ကို ရရှိမယ့်အပြင်

ကမ္ဘာကျော် UNIVERSAL Music Production နဲ့ တစ်ကိုယ်တော်တေးစီရီးကို ထုတ်ခွင့်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲကိုတော့ MRTV-4 မှ တနင်္ဂနွေနေ့ ည၉နာရီမှာ ထုတ်လွှင့်ပြသနေတယ်လို့သိရပါတယ်။

ဒီသီချင်းဆိုပြိုင်ပွဲမှာ ပါ၀င်ထားတဲ့ ဒိုင်တွေကလည်း ၀ါရင့်အဆိုတော်ကြီးများဖြစ်ကြတဲ့အပြင် ပရိသတ်တွေရဲ့ အားပေးမှု၊ လေးစားမှုတွေကို ရရှိထားကြတဲ့ ဒိုင်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေက ဒီဒိုင်လေးယောက်ရဲ့မှတ်ချက်တွေကို စိတ်ဝင်တစား စောင့်မျှော်နေတာဖြစ်ပါတယ်။

ဒီပြိုင်ပွဲရဲ့ ဒိုင်ဖြစ်တဲ့ လင်းလင်းက ပြိုင်ပွဲဝင်တစ်ယောက်ကိုအကဲဖြတ်ပေးရာမှာ ကိုယ်တိုင်စင်ပေါ်တက်ပြီး ပြိုင်ပွဲဝင်နဲ့အတူ ပြင်ပေးချင်တဲ့နေရာထိရောက်အောင် သီချင်ပြန်ဆိုရင်း သင်ပေးသွားခဲ့တာပဲဖြစ်ပါတယ်။

လင်းလင်းရဲ့စေတနာအပြည့်နဲ့မှားနေတဲ့နေရာကို ကိုယ်တိုင်စင်ပေါ်တက်ပြီးသင်ကြားပြသသွားတဲ့ပုံကို ပရိသတ်တွေအားလုံး အကြိုက်တွေ့ခဲ့ပါတယ်။

ဒီပြိုင်ပွဲမှ လာပြိုင်ကြတဲ့ တစ်ချို့ပြိုင်ပွဲဝင်တွေဟာ ဒိုင်တွေကို လေးစားလို့ လာပြိုင်ဖြစ်ခဲ့တာလို့လည်း သိရပါတယ်။

Credit to The Voice Myanmar