ကျန်းမာရေးမကောင်းလို့ အမောဖောက်နေတဲ့ လူရွှင်တော် ဦးမန်းဝင်း
နာမည်ကျော် ဟာသသရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့တဲ့ လူရွှင်တော် ဦးမန်းဝင်းကတော့ ကျန်းမာရေးမကောင်းတော့လို့ ဆေးရုံတက်နေရပြီး အမောဖောက်နေကြောင်း သူမရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းက ဖေ့စ်ဘွက်စာမျက်နှာမှာ ရေးသားပြီး ပရိတ်သတ်တွေကို ပြောပြထားပါတယ်။ ဦးမန်းဝင်းက အသက်အရွယ်ရလာပြီဖြစ်တာကြောင့် ကျန်းမာရေးက ချူချာခဲ့ပြီဖြစ်ပါတယ်။
ကြည်ဖြူမန်းဝင်းက သူမရဲ့ ဖေ့စ်ဘွက်စာမျက်နှာမှာ ဒီရက် ထဲမှာ အ ဖေ တော် တော် မော နေတယ် ။စိတ် တွေညစ် နေတယ် ။အား ပေးကြပါဦး သူငယ် ချင် းတို့ရယ် ။ ဆိုပြီး မနေ့ ဖေဖော်ဝါရီ ၂၂ ရက်ကပဲ ရေးသားထားတာ ဖြစ်ပါတယ်။ သူမကလည်း အနုပညာအလုပ်တွေ လုပ်နေတာ ဖြစ်ပါတယ်
ဟာသသရုပ်ဆောင် မန်းဝင်းက လူရွှင်တော်နေရာမှာလည်း ပရိတ်သတ်နှစ်သက် အားပေးမှုရရှိထားသလို ရုပ်ရှင်နဲ့ ဗွီဒီယိုဇာတ်ကားများစွာမှာလည်း ပါဝင်သရုပ်ဆောင်ထားသူ ဝါရင့်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခုတော့ ကျန်းမာရေးမကောင်းတော့လို့ သရုပ်ဆောင်လေကနဲ့ ဝေးလာတာ ဖြစ်ပါတယ်။
Credit-Pannpwint