မယုံနိုင်လောက်အောင် ပုံစံပြောင်းသွားတဲ့ ပရဟိတမင်းသမီလေး ခိုင်နှင်းဝေ

မင်းသမီးချော ခိုင်နှင်းဝေကတော့ ပရိသတ်ကြီးကို မျက်လှည့်ပြလိုက်ပါတယ်။ အရင်မြင်နေကျ သူမရဲ့ ပုံစံနဲ့ လုံးဝကွဲထွက်နေတဲ့ စတိုင်သစ်၊ ပုံစံသစ်တစ်မျိုး ပြောင်းလဲခဲ့တာပါ။ လူမှားသွားရလောက်အောင် ဘာဘီအရုပ်မလေးလို ပြောင်းလဲသွားတာပါ။

ဆံပင်ကာလာနဲ့ရှေ့ကိုချထားတဲ့ စတိုင်လေးရယ်၊ Natural ပုံစံ ပြင်ဆင်ထားတဲ့ မိတ်ကပ်၊ ၀တ်ထားတဲ့ အ၀တ်အစား အားလုံးက လုံးဝလိုက်ဖက်နေတာပါ။ ခိုင်နှင်းဝေက ပုံလေးတွေကို စာရေးဆရာမ မာရင်ရင်ရဲ့စာသားနဲ့ အတူ တင်ထားတာပါ။ ဒီပုံလေးကတော့ Cele Chit Chat အစီအစဉ် ရိုက်ကူးရေးလုပ်တုန်းက ပုံလေးတွေပါ။

ခိုင်နှင်းဝေကတော့ အနုပညာအလုပ်တွေတင်မဟုတ်ပဲ သူမတတ်နိုင်တဲ့ ဘက်ကနေ၊ တက်နိုင်သလောက် ပရဟိတအလုပ်တွေကို လုပ်ကိုင်ပေးနေသူပါ။ တလောကလည်း အရိုးကင်ဆာရောဂါခံစားနေရတဲ့ သမီးလေးကို သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ခိုင်နှင်းဝေက သနားစရာကောင်းတဲ့ ကလေးငယ်ကို ဆေးကုသဖို့ ထောက်ပံ့ပေးနေတာလို့ သိရပါတယ်။

from ခိုင်နှင်းဝေရဲ့ FB