ေက်ာ္ဟိန္း ရဲ႕ စကားတခြန္းေၾကာင့္ ထြန္းအိျႏၵာဗို ဆိုၿပီးျဖစ္လာတဲ့ အကယ္ဒမီ ၃ ဆုရွင္မင္သမီး ထြန္းအိျႏၵာဗိုလ္

အကယ္ဒမီ သံုးဆုရွင္ ထြန္းအိျႏၵာဗို ဆိုတာ? ၁၉၉၀ ေႏွာင္းပိုင္း မ်ားမွစတင္၍ ယေန့အခ်ိန္အထိ ထြန္းအိႁႏၵာဗို မွာ ျမန္မာ့ ရုပ္ရွင္ ၌သာမက ေတးဂီတေလာက၌ပါ အေအာင္ျမင္ဆံုး အမ် ိဳးသမီး အႏုပညာရွင္ မ်ားထဲတြင္တစ္ဦးအပါအဝင္ ျဖစ္ေနဆဲျဖစ္သည္။ ၁၉၆၆ခုႏွစ္ ေမလ ၁ ရက္တြင္ ဖခင္ ဦးခင္ေမာင္သိန္းႏွင့္ မိခင္ေဒၚခင္ျမျမတို့မွ မိုးကုတ္ျမိဳ႕တြင္ေမြးဖြားခဲ့သည္။ ငယ္နာ မည္မွာ မိမိခိုင္ျဖစ္ျပီး အကိုတစ္ဦး၊ ညီမတစ္ဦးရွိသည္။ သူမ၏မိသားစုမွာ ေက်ာက္မ်က္ရတနာလုပ္ငန္းကို လုပ္ ကိုင္ေသာ္လည္း ထြန္းအိႁႏၵာဗို မွာ ငယ္စဥ္ကတည္းက အႏုပညာ ၌သာ ဝါသနာ ပါခဲ့သည္။ ေရွ႔ေန့ဘာသာ (Law) ျဖင့္ ဘြဲ႔ရရွိျဖင့္ Law Major ၏ Queen ျဖစ္ခဲ့ဖူးသည္။

သင္မသိေသးေသာ ထြန္းအိျႏၵာဗို အေႀကာင္း

အသက္ေလးႏွစ္အရြယ္မွစ၍ ျမန္မာသီခ်င္း မ်ားစတင္သီဆို တတ္လာျပီး အသက္ ၁၁ ႏွစ္အရြယ္တြင္ stage မ်ား၌စတင္သီဆိုေဖ်ာ္ေျဖခဲ့သည္။ ၁၉၈၀ ခုႏွစ္ကာလမ်ားတြင္ နာမည္ေက်ာ္ အဆိုေတာ္ ေဇာ္ဝင္ရွိန္ ၏ ရႈိးပြဲ မ်ား၌ ေကာ္နီ၊ ခင္ျမတ္မြန္တို့ႏွင့္အတူ ေနာက္ခံဟာမိုနီအျဖစ္သီဆိုရင္း ေတးဂီတေလာကသို့စတင္ဝင္ေရာက္လာခဲ့သည္။ အဆိုေတာ္ တစ္ဦးအျဖစ္ေအာင္ျမင္မႈရရွိရန္ခက္ခဲေနစဥ္အတြင္း ထြန္းအိႁႏၵာဗိုမွာ မိတ္ေဆြ သူငယ္ခ်င္း မ်ား၏ တိုက္တြန္းမႈအရ ရုပ္ရွင္ ဘက္သို့စတင္ကူး ေျပာင္းရန္ျပင္ဆင္ခဲ့သည္။ သရုပ္ေဆာင္တစ္ဦးအျဖစ္၁၉၉၁ ခုႏွစ္တြင္ စူပါမင္းသား ရန္ေအာင္ႏွင့္ တြဲဖက္၍ ‘ေၾကးစားႏွလံုးသား’ ဗီဒီယို ဇာတ္ကား တြင္ စတင္ သရုပ္ေဆာင္ ခဲ့သည္။

ဆက္လက္၍ ကိုကိုနဲ႔ပဲေနခ်င္တယ္ (၁၉၉၂) ၊ ရင္လႈိင္းခတ္သံ (၁၉၉၂) ၊ အမုန္းလိပ္ျပာ (၁၉၉၃) မိုးယံသို့လြင့္ပ်ံေသာ (၁၉၉၃)၊ အရာရာမင္းပါေမ(၁၉၉၄) စသည့္ ဗီဒီယိုဇာတ္ကားမ်ားျဖင့္ လူသိမ်ားလာခဲ့သည္။ မင္းသမီး တစ္ေယာက္အျဖစ္ အထိုက္အေလ်ာက္ေအာင္ ျမင္မႈရျပီးသည့္အခ်ိန္က်မွ ေတးဂီတေလာက၌ ေနရာတခုရရွိေအာင္ျပန္လည္ၾကိဳးစားသည့္အေနျဖင့္ ၁၉၉၃ခုႏွစ္ တြင္ ‘မင္းအတြက္ပဲ’ တစ္ကိုယ္ေတာ္ အယ္ဘမ္ ကိုပထမဆံုးအၾကိမ္ထုတ္ေဝခဲ့သည္။ မင္းအတြက္ပဲ စီးရီးသည္အထူးေအာင္ျမင္မႈရရွိခဲ့ျပီး ျမန္မာေခတ္ေပၚေတးဂီတေလာကတြင္ ‘ထြန္းအိႁႏၵာဗို’ ဟူ၍ နာမည္တ စ္လံုးကိုခိုင္ခိုင္မာ မာထူေထာင္ေပးခဲ့သည္။

ထြန္းအိႁႏၵာဗို ၏ သရုပ္ေဆာ င္ပိုင္းအေစာပိုင္းကာလတြင္ စူပါစတား မင္းသမီး မို့မို့ျမင့္ေအာင္ႏွင့္ ခပ္ဆင္ဆင္တူသည့္ မင္းသမီး ဟု ပရိသတ္ မ်ားကသတ္မွတ္ခဲ့ၾကသည္။ သူမကိုယ္တိုင္လည္း မင္းသမီး မျဖစ္ခင္ကပင္ မို့မို့ျမင့္ေအာင္ ၏ ပရိသတ္ ျဖစ္ခဲ့ေသာေၾကာင့္ မို့မို့ျမင့္ေအာင္ နွင့္ဆင္တူသည္ဟု အေျပာခံရသည္ကို ဂုဏ္ယူေနခဲ့သည္။ ထြန္းအိႁႏၵာဗို ၏ အေစာပိုင္းကာလဇာတ္ကားအမ်ားစုတြင္ မို့မို့ျမင့္ေအာင္ ၏အိုက္တင္အတိုင္းတု ပသရုပ္ေဆာင္သည္ကိုေတြ႔ႏုိင္သည္။ သို့ေသာ္ ေက်ာ္ဟိန္းက ‘သူမ်ား၏အမူအရာကို တုပရင္ထိပ္ဆံုးကိုဘယ္ ေတာ့မွမေရာက္ႏုိင္ဘူး၊ ဒုတိယလူသည္ ပထမ မျဖစ္ႏုိင္ဘူး’ ဟုဆို၍ ထြန္းအိႁႏၵာ၏အမူအရာကိုေျပာင္းလဲပစ္ရန္ ရန္တိုက္တြန္းခဲ့သည္။

ေက်ာ္ဟိန္း ၏ စကားအတိုင္းပင္သူမသည္ သရုပ္ေဆာင္ပိုင္းေရာ ဖက္ရွင္ပိုင္း ပါ အျခား မင္းသမီး မ်ားႏွင့္ လံုးဝမတူေအာင္ စတင္ခြဲထြက္ခဲ့သည္။ ထိုေခတ္ မင္းသမီး အမ်ားစုက ဆံပင္ရွည္ရွည္ထား၍ျမန္မာဆန္ဆန္ဝတ္စားေနခ်ိန္ ထြန္းအိႁႏၵာဗိုက အေနာက္တိုင္းဆန္ဆန္ ဆံပင္ပံုစံမ်ား ဖက္ရွင္မ်ားျဖင့္ ထိုးေဖာက္ဝင္ေရာက္လာသည္။ ျခား မင္းသမီး မ်ားကရုိးသားသိမ္ ေမြ႔ေသာအသနားခံဇာတ္ရုပ္မ်ား သရုပ္ေဆာင္ေနခ်ိန္ သူမက ဂ်စ္ကန္ကန္ႏုိင္ေသာ အထက္စီးဆန္ေသာ ဇာတ္ရုပ္မ်ားေရြးခ်ယ္ သရုပ္ေဆာင္ ခဲ့သည္။

အထူးသျဖင့္စာေရးဆရာမလြန္းထားထား၏ ဇာတ္ရုပ္ အမာမ်ားကို ေဒြး နွင့္ ထြန္းအိႁႏၵာဗို တို့က အမ်ားဆံုးသရုပ္ေဆာင္ၾကသည္။ လြန္ထားထား၏ နာမည္ေက်ာ္ ဝတၳဳ ကို ပံုေဖာ္ရုိက္ကူးသည့္မာယာရထား ရုပ္ရွင္တြင္ ထြန္းအိႁႏၵာဗို ၏ နက္နက္ႏြယ္ အျဖစ္ ဗီလိန္ ဇာတ္ရုပ္ ကို ပီျပင္ေအာင္သရုပ္ေဆာင္ခဲ့မႈ ေၾကာင့္ပရိသတ္ အထူးလက္ခံအားေပးခဲ့ၾကသည္။ ထြန္းအိႁႏၵာဗို သည္ ျမန္မာ့ရုပ္ရွင္ႏွင့္ဖက္ရွင္ေရစီးေၾကာင္းကိုတစ္ေခတ္ဆန္းေစခဲ့သည့္ မင္းသမီးဟု မီဒီယာအမ်ားစုကသတ္မွတ္ၾကသည္။ ၁၉၉၀ ေႏွာင္းပိုင္းအေရာက္တြင္ထြန္းအိႁႏၵာဗို၏ သီခ်င္းဗီစီဒီမ်ား ၊ ရုပ္ရွင္ကားမ်ား၌ေတြ႔ရေလ့ရွိေသာ အဆင္အျပင္မ်ား ၊ ကိုယ္ပိုင္ဟန္ပန္အမူအရာမ်ားမွာ ျမန္မာ့ အမ် ိဳးသမီးထု ကို အေတာ္ပင္လႊမ္းမိုးႏုိင္ခဲ့သည္။

၁၉၉၄ခုႏွစ္တြင္သူငယ္ခ်င္းလို့ပဲဆက္၍ ေခၚမယ္ ခိုင္ ရုပ္ရွင္ကား ၌ မို့မို့ျမင့္ေအာင္၏ ညီမ ႏုိင္ ဇာတ္ေကာင္ေနရာကပါဝင္ခဲ့သည္။ ထိုႏွစ္မွာပင္ ေက်ာ္သူ၊မို့မို့ျမင့္ေအာင္ႏွင့္တြဲဖက္၍ ပန္းအိပ္မက္ ရုပ္ရွင္ကား၌ ဒုတိယေနရာကသရုပ္ေဆာင္ခဲ့ျပန္သည္။ ဇာတ္ကားႏွစ္ကားလံုးတြင္ သူမ၏ idol ျဖစ္သည့္ မို့မို့ျမင့္ေအာင္ႏွင့္ တြဲဖက္ရုိက္ကူးရသည့္အတြက္ အလြန္ေပ်ာ္ရႊင္မိေၾကာင္း ၊ မို့မို့ျမင့္ေအာင္ေလာက္ မလွသလို အိုက္တင္ပိုင္း၌လည္း လိုအပ္ခ်က္မ်ားရွိေသးသည့္အတြက္ ပရိသတ္မ်ား ျဖည့္စြက္ၾကည့္ေပးၾကပါရန္ ထြန္းအိႁႏၵာဗိုက ထိုေခတ္အင္တာဗ်ဴ းတစ္ခုတြင္ေျဖဆိုဖူးသည္။ဗီဒီယို ဇာတ္ ကားမ်ားျဖင့္ေအာင္ျမင္မႈရရွိျပီး ရုပ္ရွင္ ဇာတ္ကား မ်ားစြာ၌ေခါင္းေဆာင္မင္းသမီးအျဖစ္ သရုပ္ေဆာင္ခဲ့ရာ ၁၉၉၉ခုႏွစ္တြင္ ေႏွာင္းတေျမ့ေျမ့ ရုပ္ရွင္ကားျဖင့္ သူမဘဝ၏ ပထမဦးဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ အကယ္ဒမီဆုကို ရရွိခဲ့သည္။

ပရိသတ္မ်ား ၊ မီဒီယာ မ်ားက အိမ္ေထာင္ေရး ဒရာမ ဇာတ္ကား ‘ရင္ထဲကေဆာင္းရာသီ’ ျဖင့္ အကယ္ဒမီ တစ္ၾကိဳေပးခဲ့ေသာ္လည္း ေႏွာင္းတေျမ့ေျမ့ျဖင္ မေမ်ွာ္လင့္ဘဲ အကယ္ဒမီ ရသြားသည့္အတြက္ သရုပ္ေဆာင္ မေကာင္းဘဲရသြားသလို ခံစားခဲ့မိသည္ဟု ထြန္းအိႁႏၵာဗို က၂၀၁၆ ခုႏွစ္ Lets Talk အစီအစဥ္တြင္ ျပန္လည္ေျပာျပခဲ့သည္။ေႏွာင္းတေျမ့ေျမ့ ဇာတ္ကားသည္ ထြန္းအိႁႏၵာဗို ၏သရုပ္ေဆာင္ လမ္းေၾကာင္းတြင္ မွတ္တိုင္တစ္ခုစိုက္ ထူေပးခဲ့သလို ရင္ထဲကေဆာင္းရာသီ ဇာတ္ကား သည္သူမအားအႏုပညာ အရည္အေသြးျပည့္ဝေသာထိပ္တန္း ေခါင္းေဆာင္မင္းသမီးတစ္လက္အျဖစ္ ခိုင္ခိုင္မာမာထူ ေထာင္ေပးခဲ့ေသာ ဇာတ္ကားျဖစ္သည္။

မင္းသမီး အျဖစ္ေအာင္ျမင္မႈရရွိေနခ်ိန္ တစ္ဖက္တြင္လည္း အိပ္မက္ညမ်ား ၊ ရည္းစားဦး စသည့္ ေတးစီးရီးမ်ားမွာ ပရိသတ္မ်ားအၾကား ေရပန္းစားေအာင္ျမင္ခဲ့သည္။ ၁၉၉၉ ခုႏွစ္တြင္1999 အမည္ရွိေတးအယ္ဘမ္ထုတ္ေဝခဲ့ျပီး ေရာင္းအားအေကာင္းဆံုးေတးစီးရီးတစ္ခုျဖစ္ခဲ့သည္။

ထိုကာလတေလ်ွာက္ ထြန္းအိႁႏၵာဗို မွာ ရုပ္ရွင္ေရာ ေတးဂီတဘက္၌ပါ ၾကီးမားေသာ ေအာင္ျမင္မႈ ရရွိေနခ်ိန္ျဖစ္သည္။ ေအာင္ျမင္မႈအျမင့္ဆံုးအခ်ိန္တြင္ ေတးသံရွင္ မ်ိဴ းေက်ာ့ျမိဳင္ႏွင္ ့ခ်စ္ၾကိဳးသြယ္ခဲ့ၾကျပီး မၾကာမီပင္ႏွစ္ဦးတူသေဘာတူလမ္းခြဲခဲ့သည္။ထြန္းအိႁႏၵာဗိုႏွင့္မ်ိဴ းေက်ာ့ျမိဳင္တို့ လမ္းမခြဲ မီအေခ်အတင္း စကားမ်ားၾကသည့္ အသံဖိုင္ မွာ ထိုေခတ္ကျပည္သူမ်ားအၾကား အေတာ္ပင္ ဂယက္ထသြားေသးသည္။

သို့ေသာ္ေနာက္ပိုင္းတြင္လက္ရွိ ခင္ပြန္း ျဖစ္သူ ကိုေအာင္မင္းထြန္းႏွင့္ လက္ထပ္ခဲ့ျပီး ေပ်ာ္ရႊင္စရာအိမ္ ေထာင္တစ္ခုကိုတည္ေဆာက္ႏုိင္ခဲ့သည္။၂၀၀၀ ကာလအတြင္း မို့မို့ျမင့္ေအာင္ မွာ အနုပညာ လႈပ္ရွာမႈနည္းေနျပီး ေမသန္းႏု မွာ အေမ ဇာတ္ရုပ္ မ်ား၌ စတင္သရုပ္ေဆာင္ေနျပီးျဖစ္ေသာ္လည္း ထြန္းအိႁႏၵာဗိုမွာ ေခါင္းေဆာင္ မင္းသမီး တစ္လက္အျဖစ္ ထက္ထက္မိုးဦး ၊ နႏၵာလႈိင္စသည့္ ေနာင္တက္မင္းသမီးမ်ားႏွင့္အျပိဳင္ ဇာတ္ကား မ်ားစြာ၌ သရုပ္ေဆာင္ေနဆဲျဖစ္သည္။ ထို့အျပင္ ၂၀၀၀ ဆယ္စုႏွစ္၏ အထင္ကရဇာတ္ကားမ်ားျဖစ္ေသာ အေမ့ႏုိ့ဖိုး ၊ တစ္ခါကဧရာဝတီညမ်ား မိုးကုပ္စက္ဝိုင္းကိုေက်ာ္လြန္၍ စသည့္ ဇာတ္ကား မ်ား၌လည္းပါဝင္ သရုပ္ေဆာင္ ထားသည္။ ထို့အျပင္၂၀၀၃ ခုႏွစ္တြင္ ဒိုင္ယာရီ တစ္ကိုယ္ေတာ္ Live Show က်င္းပခဲ့ျပီးျမန္မာ့ေတးဂီတ ေလာကတြင္စံခ်ိန္သစ္တင္ရေလာက္ေအာင္ လက္မွတ္ေရာင္းခ်မႈအမ်ားဆံုးႏွင့္ ဝင္ေငြအမ်ား ဆံုးရရွိေသာ Concert တစ္ခုျဖစ္ခဲ့သည္။

အဆိုပါ Live Show ကို အေခြအျဖစ္ ျပန္လည္ေရာင္းခ်ရာတြင္လည္းအခ်ပ္ေရေပါင္းသန္းႏွင့္ခ်ီ၍ ေရာင္းခ်ရသည့္အျပင္ ထိုႏွစ္၏City FM ဆုေပးပြဲတြင္ေရာင္းအားအေကာင္းဆံုး ေတးအယ္ဘမ္ဆုႏွင့္ ေရပန္းအစားဆံုးအမ်ိဴ းသမီးေတးသံရွင္ဆုရရွိခဲ့သည္ ။၂၀၀၃ ခုႏွစ္တြင္ အေမ့ႏုိ့ဖိုးရုပ္ရွင္ကားျဖင့္ ဒုတိယအၾကိမ္ အမ်ိဴးသမီးဇတ္ေဆာင္ဆုရရွိသည္။ ဆက္လက္၍ ၂၀၀၅ခုႏွစ္တြင္ မိုးကုတ္စက္ဝိုင္းကိုေက်ာ္လြန္၍ ဇာတ္ကားျဖင့္ တတိယအၾကိမ္ အမ်ိဴ းသမီးဇာတ္ေဆာင္ဆုရရွိသည္။မိုးကုတ္စက္ဝိုင္းကိုေက်ာ္လြန္၍ ရုပ္ရွင္တြင္ ပညာတတ္ စိတၱဇ ေရာဂါေဝဒနာရွင္တစ္ဦးအျဖစ္ သရုပ္ေဆာင္ဟန္မွာျမန္မာ့ရုပ္ရွင္၏ အေကာင္းဆံုးသရုပ္ေဆာင္ခ်က္မ်ားအနက္ တစ္ခု အပါအဝင္ျဖစ္သလို အလြန္ခက္ ခဲေသာ ဇာတ္ရုပ္တစ္ခုဟုလည္း ရုပ္ရွင္ပညာရွင္အမ်ားစု္ကသတ္မွတ္ၾကသည္။

၂၀၀၀ ေႏွာင္းပိုင္းမွစ၍ ၂၀၁၀ ဆယ္စုႏွစ္အတြင္းတြင္သဘာဝမင္းသမီးတလက္ အျဖစ္ကူးေျပာင္းခဲ့ျပီးေက်ာက္စက္ေရ၊ ၾကိဳးတန္း၊ ေနဝင္အိပ္တန္း တက္ အစရွိသည့္ ေအာင္ျမင္ေသာ ဇာတ္ကားမ်ားစြာ၌ သရုပ္ေဆာင္ခဲ့ျပီး မ်ိဴးဆက္သစ္အႏုပညာရွင္မ်ား၏ ေလးစားစံျပဳရေသာ ဝါရင့္မင္းသမီးၾကီးတစ္လက္္အျဖစ္တည္ ရွိေနဆဲျဖစ္သည္။

ထြန္းအိႁႏၵာဗိုသည္ ျမန္မာ့အႏုပညာေလာက၏ လႊမ္းမိုးမႈအရွိဆံုးႏွင့္ အထူးခ်ြန္ဆံုးအမ်ိဴးသမီးစူပါစတားမ်ားအနက္ တစ္ဦးအပါအဝင္ျဖစ္သည္။ သရုပ္ေဆာင္ ပိုင္း၌သာမက ေတးဂီတေလာက၌ပါ ေအာင္ျမင္မႈခိုင္ခိုင္မာမာစိုက္ထူထားႏုိင္သည့္အျပင္အမ်ားႏွင့္မတူေသာကိုယ္ပိုင္စတိုင္ ကိုယ္ပိုင္ဟန္မ်ားျဖင့္ ထိုးေဖာက္ဝင္ေရာက္လာသူလည္းျဖစ္သည္။ သူမ၏ ရုပ္ရွင္ကားမ်ား၌သာမက အျပင္ေလာက၌ပါ ေတြ႔ရေလ့ရွိေသာ ယံုၾကည္မႈျမင့္မားေသာ ပညာတတ္မိန္းမတစ္ဦးအျဖစ္ မွန္တယ္ ထင္ရာကိုရဲဝံ့စြာလုပ္ကိုင္တတ္မႈ ၊ professional ဆန္ေသာျပဳမူေျပာဆိုဆက္ဆံမႈမ်ားေၾကာင့္ ပညာတတ္အမ်ိဴ း သမီးအမ်ားစု၏ idol တစ္ဦးလည္းျဖစ္သည္။
မ်ိဴ းဆက္သစ္အႏုပညာရွင္မ်ား၏ ေလးစားအတုယူျခင္းခံရေသာ အႏုပညာရွင္တစ္ဦးျဖစ္သလို သူမ၏ အပ်ိဴ စင္ဘဝ၌သာမက အိမ္ေထာင္သည္ဘဝ၊ မိခင္ဘဝတိုင္ေအာင္ရွည္လ်ားလွေသာ ေအာင္ျမင္မႈမ်ားေၾကာင့္ ျမန္မာ့အႏုပညာေလာက၏ Evergreen ဟု သတ္မွတ္ခံထားရသူလည္း ျဖစ္သည္။ထြန္းအိႁႏၵာဗို၏ ေအာင္ျမင္မႈအျမင့္ဆံုးအခ်ိန္၌ျမန္မာ့ရုပ္ရွင္ေလာက၏ သရုပ္ေဆာင္ေၾကးအျမင့္ဆံုးမင္းသမီးျဖစ္သလို ဇာတ္ဂ်ီးအမ်ားဆံုး မင္းသမီးမ်ားတြင္လည္းတစ္ဦးအပါအဝင္ျဖစ္သည္။ ထြန္းအိႁႏၵာဗို၏အား သာခ်က္မွာမတူညီေသာ ဇာတ္ရုပ္ေပါင္းမ်ားစြာကိုသဘာဝႏွင့္အနီးစပ္ဆံုးပံုေဖာ္သရုပ္ေဆာင္ႏုိင္သလို ထူးျခားေသာဇာတ္ရုပ္မ်ားကိုလည္း စိန္ေခၚသရုပ္ေဆာင္ေလ့ရွိသည္။ သူမ၏ ၾကာရွည္ေသာေအာင္ျမင္မႈသက္တမ္း၊ပရိသတ္အေပၚလႊမ္းမိုးမႈ ၊ ထူးျခားေသာ အႏုပညာအရည္အေသြးမ်ားေၾကာင့္ ထြန္းအိႁႏၵာဗိုမွာလည္း ျမန္မာ့ရုပ္ရွင္ေရာ ဂီတဘက္၌ပါ မွတ္တမ္းတင္အပ္သည့္ အႏုပညာရွင္တစ္ဦးျဖစ္သည္။

ထြန္းအိႁႏၵာဗို၏ အႏုပညာသက္တမ္းတစ္ေလ်ွာက္ရုိက္ကူးခဲ့ေသာ ရုပ္ရွင္ကားမ်ား

၁၉၉၄- သူငယ္ခ်င္းလို့ပဲ ဆက္၍ေခၚမည္ခိုင္
( ေက်ာ္သူ မို့မို့ျမင့္ေအာင္ ထြန္းအိႁႏၵာဗို )

– ပန္းအိပ္မက္
( ေက်ာ္သူ မို့မို့ျမင့္ေအာင္ ထြန္းအိႁႏၵာဗို )

၁၉၉၅- ကိုကိုေကာလိပ္ဂ်င္
( ေက်ာ္ရဲေအာင္ ထြန္းအိႁႏၵာဗို )

၁၉၉၆- သိပ္ခ်စ္တယ္ဒီက
( စိုးသူ ရန္ေအာင္ ေမသဥၨာဦး ထြန္းအိႁႏၵာဗို )

၁၉၉၇- ေၾကမြသြားေသာ တိမ္တိုက္မ်ားအေၾကာင္း
( ေဒြး ခ် ိဳ ျပံဳး ထြန္းအိႁႏၵာဗို )

– သူတို့ေခတ္ႏွင့္ သူတို့အရြယ္( ေက်ာ္သူ ရန္ေအာင္ ရဲေအာင္ ေက်ာ္ရဲေအာင္ လြင္မိုး
မို့မို့ျမင့္ေအာင္ ေမသန္းႏု စိုးျမတ္သူဇာ ထြန္းအိႁႏၵာဗို
ထက္ထက္မိုးဦး )

– ရင္ခြင္နန္းေတာ္ ( ေဒြး ထြန္းအိႁႏၵာဗို နႏၵာလႈိင္ )

၁၉၉၈- မာယာရထား
( လြင္မိုး ထြန္းအိႁႏၵာဗို နႏၵာလႈိင္ )

– က်ြန္ေတာ္ က်ြန္မတို့သည္
(ထြန္းအိႁႏၵာဗို မ် ိဳးသႏၲာထြန္း ရီေဝယံ အိႁႏၵာေက်ာ္ဇင္)

– ညမင္းသား
( ရန္ေအာင္ ထြန္းအိႁႏၵာဗို )

– မိန္းမနဲ႔ေငြ
( ရန္ေအာင္ ထြန္းအိႁႏၵာဗို လူမင္း )

၁၉၉၉- ခ်စ္ႏွင္းေဝေဝ
( စိုးသူ ေမသန္းႏု ထြန္းအိႁႏၵာဗို )

– ရင္ထဲကေဆာင္းရာသီ
( လြင္မိုး ထြန္းအိႁႏၵာဗို အိျဖဴ စိုး )

– ေႏွာင္းတေျမ့ေျမ့
( ရန္ေအာင္ စိုးသူ ထြန္းအိႁႏၵာဗို )

– ငယ္သူငယ္ခ်င္းသံုးေယာက္ရွိေလသည္
( စိုးသူ ရဲေအာင္ ထြန္းအိႁႏၵာဗို တင့္တင့္ထြန္း )

၂၀၀၀
– မခ်စ္တတ္ေသာမိန္းမ အခ်စ္ငတ္ေသာေယာက်ာ္း
( လြင္မိုး ထြန္းအိႁႏၵာဗို )

– ၾကည္ျပာေရာင္ နဂၢတစ္မ်ား
( လြင္မိုး ထြန္းအိႁႏၵာဗို )

– ေမာင့္မူပိုင္ရွင္
( ေဒြး လြင္မိုး ထြန္းအိႁႏၵာဗို ထက္ထက္မိုးဦး )

၂၀၀၁- အခ်စ္ျဖတ္သန္းရာေဒသ
( မင္းေမာ္ကြန္း ထြန္းအိႁႏၵာဗို စိုးျမတ္နႏၵာ )

– အခ်စ္ကိုေမြးဖြားျခင္း
( ရန္ေအာင္ လူမင္း ထြန္းအိႁႏၵာဗို စိုးျမတ္နႏၵာ )

– ပံုလာလာေျပာတိုင္းယံု
( လြင္မိုး ထြန္းအိႁႏၵာဗို )

၂၀၀၂- သင္ခ်စ္လ်ွင္ က်ြႏု္ပ္မမုန္းပါ
( လြင္မိုး ထြန္းအိႁႏၵာဗို )

– မေျပာင္းလဲေသာ အေၾကာင္းတရားမ်ား
( လြင္မိုး ေနေအာင္ ထြန္းအိႁႏၵာဗို အိႁႏၵာေက်ာ္ဇင္ )

– စပ်စ္ခ်ိဴ ႏွင့္ခ်ယ္ရီဝိုင္
( လူမင္း ထြန္းအိႁႏၵာဗို စိုးျမတ္နႏၵာ )

– ဒဏ္ရာမ်ားနဲ႔အခ်စ္
( ရန္ေအာင္ လူမင္း ထြန္းအိႁႏၵာဗို စိုးျမတ္နႏၵာ
ၾကည္လဲ့လဲ့ဦး )

– တစ္ဦးတည္းေသာသား
( လူမင္း ခင္သန္းႏု ထြန္းအိႁႏၵာဗို )

၂၀၀၃
– ပိေတာက္ပင္လယ္
( ရာဇာေနဝင္း ထြန္းအိႁႏၵာဗို )

– သူမြဲထသစၥာ
( လူမင္း သီဟတင္စိုး ထြန္းအိႁႏၵာဗို ေမသန္းႏု
အိႁႏၵာေက်ာ္ဇင္ )

– ျပိဳင္ဘက္မရွိ
( ေဒြး ထြန္းအိႁႏၵာဗို ၾကည္လဲ့လဲ့ဦး )

– အခ်စ္ႏွင့္သူ၏ဂုဏ္သိကၡာ
( ရန္ေအာင္ ေဒြး ထြန္းအိႁႏၵာဗို နႏၵာလႈိင္ )

– ႏွစ္ေယာက္မရွိဘူး
( လြင္မိုး ထြန္းအိႁႏၵာဗို )

– ညႈိ႕ေသာပင္လယ္ ဆြဲငင္ေသာလမင္း
( ေဒြး ထြန္းအိႁႏၵာဗို )

၂၀၀၄
– အိပ္မက္နတ္သမီး
( ေဒြး ထြန္းအိႁႏၵာဗို အိႁႏၵာေက်ာ္ဇင္ )

– ျပံဳးေနရင္သတိထား
( ေဒြး ေက်ာ္ရဲေအာင္ ထြန္းအိႁႏၵာဗို ျမင့္ျမင့္ခိုင္
ခိုင္ႏွင္းေဝ )

– ေယာက္ဖေတာ္ခါနီးရင္ စဥ္းစားဖို့လိုတယ္
( ရန္ေအာင္ လြင္မိုး ရာဇာေနဝင္း ထြန္းအိႁႏၵာဗို
နႏၵာလႈိင္ )

– ဆံုစည္းေစ
( ရာဇာေနဝင္း ျဖိဳးေငြစိုး ထြန္းအိႁႏၵာဗို အိႁႏၵာေက်ာ္ဇင္ )

– အေမ့ႏုိ႔ဖိုး
( မင္းေမာ္ကြန္း ေက်ာ္သူ ထြန္းအိႁႏၵာဗို ခ် ိဳ ျပံဳး )

၂၀၀၅
– တစ္ခါကဧရာဝတီညမ်ား
( လြင္မိုး ထြန္းအိႁႏၵာဗို ေမသန္းႏု )

– မိုးကုပ္စက္ဝိုင္းကိုေက်ာ္လြန္၍
( လြင္မိုး ထြန္းအိႁႏၵာဗို ခိုင္သင္းၾကည္ )

၂၀၀၆
– ဂုဏ္ရွိန္ျပင္းတဲ့ ခ်စ္ျခင္းသိကၡာ
( ရန္ေအာင္ ထြန္းအိႁႏၵာဗို စိုင္းစိုင္းခမ္းလႈိင္
သက္မြန္ျမင့္ )

– ဆ႒ဂံ
( လြင္မိုး ေဝဠဳေက်ာ္ ထြန္းထြန္းဝင္း ထြန္းအိႁႏၵာဗို
စိုးျမတ္နႏၵာ မ်ိဴ းသႏၲာထြန္း ခင္ဇာျခည္ေက်ာ္ ျမင့္ျမင့္ခိုင္)

– ရတနာ
( ေက်ာ္သူ ဖိုးေသာၾကာ ထြန္းအိႁႏၵာဗို ေမသန္းႏု
ပုလဲဝင္း )

၂၀၀၉
– ၾကိဳးတန္း
(ေက်ာ္ဟိန္း ေက်ာ္ရဲေအာင္ စိုးျမတ္သူဇာ ထြန္းအိႁႏၵာဗို)

– အမ်ားနဲ႔မသက္ဆိုင္ေသာသူ
( ခန့္စည္သူ ထြန္းအိႁႏၵာဗို )

– ခ်စ္ကံပြင့္နဲ႔မေခ်ာေလးဆယ္
( ရန္ေအာင္ ဟိန္းေဝယံ ထြန္းအိႁႏၵာဗို အိႁႏၵာေက်ာ္ဇင္)

၂၀၁၀
– ေက်ာက္စက္ေရ
( ျမင့္ျမတ္ ေမသန္းႏု စိုးျမတ္သူဇာ ထြန္းအိႁႏၵာဗို )

– ဘာမီတြန္
( ေနတိုး ရန္ေအာင္ သက္မြန္ျမင့္ ထြန္းအိႁႏၵာဗို )

၂၀၁၁
– ဟတ္ထိတယ္ ၂
( ရန္ေအာင္ ရဲေအာင္ သူထူးစံ မိုးေအာင္ရင္ ေမသန္းႏု
ထြန္းအိႁႏၵာဗို သင္ဇာဝင့္ေက်ာ္ မိုးယုစံ )

၂၀၁၂
– ဝဋ္ေၾကြး
( ခန့္စည္သူ သက္မြန္ျမင့္ ထြန္းအိႁႏၵာဗို )

၂၀၁၃
-ျပံဳးျပံဳးေပ်ာ္ေပ်ာ္ေထာ္ေလာ္ကန့္လန့္
( ဟိန္းေဝယံ ရဲေအာင္ ေမသန္းႏု ထြန္းအိႁႏၵာဗို
ေအးျမတ္သူ )

– တိမ္မင္းသမီးရဲ႕ဒ႑ာရီ
( ဟိန္းေဝယံ ေနေအာင္ နဝရတ္ ထြန္းအိႁႏၵာဗို )

၂၀၁၄
့- အခ်စ္မ်ားနဲ႔ဖန္ဆင္းမယ္
( ဟိန္းေဝယံ ရန္ေအာင္ ရဲေအာင္ စိုးျပည့္သဇင္
ေမသန္းႏု ထြန္းအိႁႏၵာဗို )

– ေမာ္ဒန္ရာဇဝင္
( ေျပတီဦး ခန္႔စည္သူ ဝတ္မႈန္ေရႊရည္ ထြန္းအိႁႏၵာဗို )

၂၀၁၅
– ခ်စ္စံအိမ္ ၂၀၂၈
( လူမင္း ေျပတီဦး ေနတိုး မင္းေမာ္ကြန္း ျမင့္ျမတ္
ထြန္းထြန္း ေနမင္း ထြန္းအိႁႏၵာဗို အိႁႏၵာေက်ာ္ဇင္
မိုးေဟကို ဝတ္မႈန္ေရႊရည္ စိုးျပည့္သဇင္ သင္ဇာ
ဝင့္ေက်ာ္ ခ်စ္သုေဝ )

၂၀၁၆
– ရပ္ကြက္ဘုရင္မ ၂
( မို႔မို႔ျမင့္ေအာင္ စိုးျမတ္သူဇာ ထြန္းအိႁႏၵာဗို
ခိုင္သင္းၾကည္ ေအးျမတ္သူ )

၂၀၁၇
– သူငယ္
( ေက်ာ္ထက္ေအာင္ စိုးျမတ္သူဇာ ထြန္းအိႁႏၵာဗို
ခိုင္သင္းၾကည္ )

– ေနဝင္အိပ္တန္းတက္
( ေျပတီဦး ပိုင္ျဖိဳးသု ထြန္းအိႁႏၵာဗို )

– ရင္ဘတ္ထဲကဓား
( ေျပတီဦး အိႁႏၵာေက်ာ္ဇင္ ထြန္းအိႁႏၵာဗို ေမကဗ်ာ )

ထြန္းအိႁႏၵာဗို အႏုပညာသက္တမ္းတေလ်ွာက္ ထြက္ရွိခဲ့ေသာ ေတးစီးရီးမ်ား

SOLO ALBUMS

၁. မင္းအတြက္ပဲ

၂. နားလည္သင့္ျပီ

၃. အိပ္မက္ညမ်ား

၄. ဆိုရင္…

၅. 1999

၆. ရည္းစားဦး

၇. ေနရာေလးတစ္ခု

၈. ႏွစ္ေယာက္မရွိဘူး

၉. ဆႏၵရွိေသာအေဟာင္းမ်ား

၁၀. တမ္းတေနဆဲ

၁၁. ဒိုင္ယာရီ

DUET ALBUMS

၁. ကႏၲာရကဖီး ( +ရင္ဂို +အဲလက္စ္ )

၂. ဆံုႏုိင္ခြင့္ ( +အဲလက္စ္ )

၃. သံုးေယာက္စကား ( +တင္ဇာေမာ္ +မဒီ )

၄. မုန္းလို႔မရတဲ့ခ်စ္သူ ( + ေဒြး )

၅. မ်က္စိမွိတ္ျပီးခ်စ္လိုက္ပါ ( +တင္ဇာေမာ္ )

၆. တကယ္မခ်စ္ဘဲနဲ႔ ( + မ်ိဴ းေက်ာ့ျမိဳင္ )

COLLABORATIVE ALBUMS

၁. အပိုင္းအစ ၁.၅

၂. အျဖဴ ေရာင္တမ္းခ်င္းသို႔

၃. မိေတာ့မမိဘူး ( L ခြန္းရီ Live Show )

၄. ဟန္းနီးမြန္းခရီး

၅ မင္းအတြက္

၆. Alphine သၾကၤန္

၇. Lu Min Wedding

၈. Romanson Live Show

၉. City FM

ထြန္းအိႁႏၵာဗို၏ အႏုပညာသက္တမ္းတစ္ေလ်ွာက္ ရရွိခဲ့ေသာ ထူးခ်ြန္ဆုမ်ား

၁. အေကာင္းဆံုးအမ်ိဴ းသမီးဇာတ္ေဆာင္ဆု – ေႏွာင္းတေျမ့ေျမ့ ( ၁၉၉၉ )

၂. အေကာင္းဆံုးအမ်ိဴ းသမီးဇာတ္ေဆာင္ဆု – အေမ့ႏုိ႔ဖိုး ( ၂၀၀၃ )

၃. အေကာင္းဆံုးအမ်ိဴ းသမီးဇာတ္ေဆာင္ဆု – မိုးကုပ္စက္ဝိုင္းကိုေက်ာ္လြန္၍ ( ၂၀၀၅ )

၄. City FM 2002 – ေရပန္းအစားဆံုးအမ်ိဴ းသမီးစတူဒီယိုေတးသံရွင္ဆု

၅. City FM 2003 – အေရာင္းရဆံုးစတူဒီယိုေတးအယ္ဘမ္ဆု ( ႏွစ္ေယာက္မရွိဘူး )

၆. City FM 2003 – ေရပန္းအစားဆံုး အမ်ိဴးသမီးစ တူဒီယိုေတးသံရွင္ဆု

၇. City FM 2004 – အေရာင္းရဆံုး စတူဒီယို ေတးအယ္ဘမ္ဆု ( ဒိုင္ယာရီ )

၈. City FM 2004 – ေရပန္းအစားဆံုးအမ်ိဴ းသမီးစတူဒီယိုေတးသံရွင္ဆု

၉. City FM 2005 – ေရပန္းအစားဆံုးအမ်ိဴ းသမီးစတူဒီယိုေတးသံရွင္ဆု္။

သရုပ္ေဆာင္ ပိုင္းမွာ အရမ္းပီျပင္လြန္းလွတဲ႔ မင္းသမီး တေယာက္ပါ။

မခိုင္ႀကီးသရုပ္ေဆာင္ခ်က္ေတြကို ႀကိဳက္ႀကရဲ႕လား? သီခ်င္းေတြဟာလည္း ခုခ်ိန္ထိ လူႀကိဳက္မ်ားရွင္သန္ေနဆဲေနာ္ ခ်စ္ေသးရဲ႕လား?

Share from Lwin Pyin

===============================

သင်မသိသေးသော ထွန်းအိန္ဒြာဗို အကြောင်း

အကယ်ဒမီ သုံးဆုရှင် ထွန်းအိန္ဒြာဗို ဆိုတာ? ၁၉၉၀ နှောင်းပိုင်း များမှစတင်၍ ယနေ့အချိန်အထိ ထွန်းအိန္ဒြာဗို မှာ မြန်မာ့ ရုပ်ရှင် ၌သာမက တေးဂီတလောက၌ပါ အအောင်မြင်ဆုံး အမျ ိုးသမီး အနုပညာရှင် များထဲတွင်တစ်ဦးအပါအဝင် ဖြစ်နေဆဲဖြစ်သည်။ ၁၉၆၆ခုနှစ် မေလ ၁ ရက်တွင် ဖခင် ဦးခင်မောင်သိန်းနှင့် မိခင်ဒေါ်ခင်မြမြတို့မှ မိုးကုတ်မြို့တွင်မွေးဖွားခဲ့သည်။ ငယ်နာ မည်မှာ မိမိခိုင်ဖြစ်ပြီး အကိုတစ်ဦး၊ ညီမတစ်ဦးရှိသည်။ သူမ၏မိသားစုမှာ ကျောက်မျက်ရတနာလုပ်ငန်းကို လုပ် ကိုင်သော်လည်း ထွန်းအိန္ဒြာဗို မှာ ငယ်စဉ်ကတည်းက အနုပညာ ၌သာ ဝါသနာ ပါခဲ့သည်။ ရှေ့နေ့ဘာသာ (Law) ဖြင့် ဘွဲ့ရရှိဖြင့် Law Major ၏ Queen ဖြစ်ခဲ့ဖူးသည်။

အသက်လေးနှစ်အရွယ်မှစ၍ မြန်မာသီချင်း များစတင်သီဆို တတ်လာပြီး အသက် ၁၁ နှစ်အရွယ်တွင် stage များ၌စတင်သီဆိုဖျော်ဖြေခဲ့သည်။ ၁၉၈၀ ခုနှစ်ကာလများတွင် နာမည်ကျော် အဆိုတော် ဇော်ဝင်ရှိန် ၏ ရှိုးပွဲ များ၌ ကော်နီ၊ ခင်မြတ်မွန်တို့နှင့်အတူ နောက်ခံဟာမိုနီအဖြစ်သီဆိုရင်း တေးဂီတလောကသို့စတင်ဝင်ရောက်လာခဲ့သည်။ အဆိုတော် တစ်ဦးအဖြစ်အောင်မြင်မှုရရှိရန်ခက်ခဲနေစဉ်အတွင်း ထွန်းအိန္ဒြာဗိုမှာ မိတ်ဆွေ သူငယ်ချင်း များ၏ တိုက်တွန်းမှုအရ ရုပ်ရှင် ဘက်သို့စတင်ကူး ပြောင်းရန်ပြင်ဆင်ခဲ့သည်။ သရုပ်ဆောင်တစ်ဦးအဖြစ်၁၉၉၁ ခုနှစ်တွင် စူပါမင်းသား ရန်အောင်နှင့် တွဲဖက်၍ ‘ကြေးစားနှလုံးသား’ ဗီဒီယို ဇာတ်ကား တွင် စတင် သရုပ်ဆောင် ခဲ့သည်။

ဆက်လက်၍ ကိုကိုနဲ့ပဲနေချင်တယ် (၁၉၉၂) ၊ ရင်လှိုင်းခတ်သံ (၁၉၉၂) ၊ အမုန်းလိပ်ပြာ (၁၉၉၃) မိုးယံသို့လွင့်ပျံသော (၁၉၉၃)၊ အရာရာမင်းပါမေ(၁၉၉၄) စသည့် ဗီဒီယိုဇာတ်ကားများဖြင့် လူသိများလာခဲ့သည်။ မင်းသမီး တစ်ယောက်အဖြစ် အထိုက်အလျောက်အောင် မြင်မှုရပြီးသည့်အချိန်ကျမှ တေးဂီတလောက၌ နေရာတခုရရှိအောင်ပြန်လည်ကြိုးစားသည့်အနေဖြင့် ၁၉၉၃ခုနှစ် တွင် ‘မင်းအတွက်ပဲ’ တစ်ကိုယ်တော် အယ်ဘမ် ကိုပထမဆုံးအကြိမ်ထုတ်ဝေခဲ့သည်။ မင်းအတွက်ပဲ စီးရီးသည်အထူးအောင်မြင်မှုရရှိခဲ့ပြီး မြန်မာခေတ်ပေါ်တေးဂီတလောကတွင် ‘ထွန်းအိန္ဒြာဗို’ ဟူ၍ နာမည်တ စ်လုံးကိုခိုင်ခိုင်မာ မာထူထောင်ပေးခဲ့သည်။

ထွန်းအိန္ဒြာဗို ၏ သရုပ်ဆော င်ပိုင်းအစောပိုင်းကာလတွင် စူပါစတား မင်းသမီး မို့မို့မြင့်အောင်နှင့် ခပ်ဆင်ဆင်တူသည့် မင်းသမီး ဟု ပရိသတ် များကသတ်မှတ်ခဲ့ကြသည်။ သူမကိုယ်တိုင်လည်း မင်းသမီး မဖြစ်ခင်ကပင် မို့မို့မြင့်အောင် ၏ ပရိသတ် ဖြစ်ခဲ့သောကြောင့် မို့မို့မြင့်အောင် နှင့်ဆင်တူသည်ဟု အပြောခံရသည်ကို ဂုဏ်ယူနေခဲ့သည်။ ထွန်းအိန္ဒြာဗို ၏ အစောပိုင်းကာလဇာတ်ကားအများစုတွင် မို့မို့မြင့်အောင် ၏အိုက်တင်အတိုင်းတု ပသရုပ်ဆောင်သည်ကိုတွေ့နိုင်သည်။ သို့သော် ကျော်ဟိန်းက ‘သူများ၏အမူအရာကို တုပရင်ထိပ်ဆုံးကိုဘယ် တော့မှမရောက်နိုင်ဘူး၊ ဒုတိယလူသည် ပထမ မဖြစ်နိုင်ဘူး’ ဟုဆို၍ ထွန်းအိန္ဒြာ၏အမူအရာကိုပြောင်းလဲပစ်ရန် ရန်တိုက်တွန်းခဲ့သည်။

ကျော်ဟိန်း ၏ စကားအတိုင်းပင်သူမသည် သရုပ်ဆောင်ပိုင်းရော ဖက်ရှင်ပိုင်း ပါ အခြား မင်းသမီး များနှင့် လုံးဝမတူအောင် စတင်ခွဲထွက်ခဲ့သည်။ ထိုခေတ် မင်းသမီး အများစုက ဆံပင်ရှည်ရှည်ထား၍မြန်မာဆန်ဆန်ဝတ်စားနေချိန် ထွန်းအိန္ဒြာဗိုက အနောက်တိုင်းဆန်ဆန် ဆံပင်ပုံစံများ ဖက်ရှင်များဖြင့် ထိုးဖောက်ဝင်ရောက်လာသည်။ ခြား မင်းသမီး များကရိုးသားသိမ် မွေ့သောအသနားခံဇာတ်ရုပ်များ သရုပ်ဆောင်နေချိန် သူမက ဂျစ်ကန်ကန်နိုင်သော အထက်စီးဆန်သော ဇာတ်ရုပ်များရွေးချယ် သရုပ်ဆောင် ခဲ့သည်။

အထူးသဖြင့်စာရေးဆရာမလွန်းထားထား၏ ဇာတ်ရုပ် အမာများကို ဒွေး နှင့် ထွန်းအိန္ဒြာဗို တို့က အများဆုံးသရုပ်ဆောင်ကြသည်။ လွန်ထားထား၏ နာမည်ကျော် ဝတ္ထု ကို ပုံဖော်ရိုက်ကူးသည့်မာယာရထား ရုပ်ရှင်တွင် ထွန်းအိန္ဒြာဗို ၏ နက်နက်နွယ် အဖြစ် ဗီလိန် ဇာတ်ရုပ် ကို ပီပြင်အောင်သရုပ်ဆောင်ခဲ့မှု ကြောင့်ပရိသတ် အထူးလက်ခံအားပေးခဲ့ကြသည်။ ထွန်းအိန္ဒြာဗို သည် မြန်မာ့ရုပ်ရှင်နှင့်ဖက်ရှင်ရေစီးကြောင်းကိုတစ်ခေတ်ဆန်းစေခဲ့သည့် မင်းသမီးဟု မီဒီယာအများစုကသတ်မှတ်ကြသည်။ ၁၉၉၀ နှောင်းပိုင်းအရောက်တွင်ထွန်းအိန္ဒြာဗို၏ သီချင်းဗီစီဒီများ ၊ ရုပ်ရှင်ကားများ၌တွေ့ရလေ့ရှိသော အဆင်အပြင်များ ၊ ကိုယ်ပိုင်ဟန်ပန်အမူအရာများမှာ မြန်မာ့ အမျ ိုးသမီးထု ကို အတော်ပင်လွှမ်းမိုးနိုင်ခဲ့သည်။

၁၉၉၄ခုနှစ်တွင်သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မယ် ခိုင် ရုပ်ရှင်ကား ၌ မို့မို့မြင့်အောင်၏ ညီမ နိုင် ဇာတ်ကောင်နေရာကပါဝင်ခဲ့သည်။ ထိုနှစ်မှာပင် ကျော်သူ၊မို့မို့မြင့်အောင်နှင့်တွဲဖက်၍ ပန်းအိပ်မက် ရုပ်ရှင်ကား၌ ဒုတိယနေရာကသရုပ်ဆောင်ခဲ့ပြန်သည်။ ဇာတ်ကားနှစ်ကားလုံးတွင် သူမ၏ idol ဖြစ်သည့် မို့မို့မြင့်အောင်နှင့် တွဲဖက်ရိုက်ကူးရသည့်အတွက် အလွန်ပျော်ရွှင်မိကြောင်း ၊ မို့မို့မြင့်အောင်လောက် မလှသလို အိုက်တင်ပိုင်း၌လည်း လိုအပ်ချက်များရှိသေးသည့်အတွက် ပရိသတ်များ ဖြည့်စွက်ကြည့်ပေးကြပါရန် ထွန်းအိန္ဒြာဗိုက ထိုခေတ်အင်တာဗျူ းတစ်ခုတွင်ဖြေဆိုဖူးသည်။ဗီဒီယို ဇာတ် ကားများဖြင့်အောင်မြင်မှုရရှိပြီး ရုပ်ရှင် ဇာတ်ကား များစွာ၌ခေါင်းဆောင်မင်းသမီးအဖြစ် သရုပ်ဆောင်ခဲ့ရာ ၁၉၉၉ခုနှစ်တွင် နှောင်းတမြေ့မြေ့ ရုပ်ရှင်ကားဖြင့် သူမဘဝ၏ ပထမဦးဆုံး အမျိုးသမီး ဇာတ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့သည်။

ပရိသတ်များ ၊ မီဒီယာ များက အိမ်ထောင်ရေး ဒရာမ ဇာတ်ကား ‘ရင်ထဲကဆောင်းရာသီ’ ဖြင့် အကယ်ဒမီ တစ်ကြိုပေးခဲ့သော်လည်း နှောင်းတမြေ့မြေ့ဖြင် မမျှော်လင့်ဘဲ အကယ်ဒမီ ရသွားသည့်အတွက် သရုပ်ဆောင် မကောင်းဘဲရသွားသလို ခံစားခဲ့မိသည်ဟု ထွန်းအိန္ဒြာဗို က၂၀၁၆ ခုနှစ် Lets Talk အစီအစဉ်တွင် ပြန်လည်ပြောပြခဲ့သည်။နှောင်းတမြေ့မြေ့ ဇာတ်ကားသည် ထွန်းအိန္ဒြာဗို ၏သရုပ်ဆောင် လမ်းကြောင်းတွင် မှတ်တိုင်တစ်ခုစိုက် ထူပေးခဲ့သလို ရင်ထဲကဆောင်းရာသီ ဇာတ်ကား သည်သူမအားအနုပညာ အရည်အသွေးပြည့်ဝသောထိပ်တန်း ခေါင်းဆောင်မင်းသမီးတစ်လက်အဖြစ် ခိုင်ခိုင်မာမာထူ ထောင်ပေးခဲ့သော ဇာတ်ကားဖြစ်သည်။

မင်းသမီး အဖြစ်အောင်မြင်မှုရရှိနေချိန် တစ်ဖက်တွင်လည်း အိပ်မက်ညများ ၊ ရည်းစားဦး စသည့် တေးစီးရီးများမှာ ပရိသတ်များအကြား ရေပန်းစားအောင်မြင်ခဲ့သည်။ ၁၉၉၉ ခုနှစ်တွင်1999 အမည်ရှိတေးအယ်ဘမ်ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံးတေးစီးရီးတစ်ခုဖြစ်ခဲ့သည်။

ထိုကာလတလျှောက် ထွန်းအိန္ဒြာဗို မှာ ရုပ်ရှင်ရော တေးဂီတဘက်၌ပါ ကြီးမားသော အောင်မြင်မှု ရရှိနေချိန်ဖြစ်သည်။ အောင်မြင်မှုအမြင့်ဆုံးအချိန်တွင် တေးသံရှင် မျိူ းကျော့မြိုင်နှင် ့ချစ်ကြိုးသွယ်ခဲ့ကြပြီး မကြာမီပင်နှစ်ဦးတူသဘောတူလမ်းခွဲခဲ့သည်။ထွန်းအိန္ဒြာဗိုနှင့်မျိူ းကျော့မြိုင်တို့ လမ်းမခွဲ မီအချေအတင်း စကားများကြသည့် အသံဖိုင် မှာ ထိုခေတ်ကပြည်သူများအကြား အတော်ပင် ဂယက်ထသွားသေးသည်။

သို့သော်နောက်ပိုင်းတွင်လက်ရှိ ခင်ပွန်း ဖြစ်သူ ကိုအောင်မင်းထွန်းနှင့် လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာအိမ် ထောင်တစ်ခုကိုတည်ဆောက်နိုင်ခဲ့သည်။၂၀၀၀ ကာလအတွင်း မို့မို့မြင့်အောင် မှာ အနုပညာ လှုပ်ရှာမှုနည်းနေပြီး မေသန်းနု မှာ အမေ ဇာတ်ရုပ် များ၌ စတင်သရုပ်ဆောင်နေပြီးဖြစ်သော်လည်း ထွန်းအိန္ဒြာဗိုမှာ ခေါင်းဆောင် မင်းသမီး တစ်လက်အဖြစ် ထက်ထက်မိုးဦး ၊ နန္ဒာလှိုင်စသည့် နောင်တက်မင်းသမီးများနှင့်အပြိုင် ဇာတ်ကား များစွာ၌ သရုပ်ဆောင်နေဆဲဖြစ်သည်။ ထို့အပြင် ၂၀၀၀ ဆယ်စုနှစ်၏ အထင်ကရဇာတ်ကားများဖြစ်သော အမေ့နို့ဖိုး ၊ တစ်ခါကဧရာဝတီညများ မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍ စသည့် ဇာတ်ကား များ၌လည်းပါဝင် သရုပ်ဆောင် ထားသည်။ ထို့အပြင်၂၀၀၃ ခုနှစ်တွင် ဒိုင်ယာရီ တစ်ကိုယ်တော် Live Show ကျင်းပခဲ့ပြီးမြန်မာ့တေးဂီတ လောကတွင်စံချိန်သစ်တင်ရလောက်အောင် လက်မှတ်ရောင်းချမှုအများဆုံးနှင့် ဝင်ငွေအများ ဆုံးရရှိသော Concert တစ်ခုဖြစ်ခဲ့သည်။

အဆိုပါ Live Show ကို အခွေအဖြစ် ပြန်လည်ရောင်းချရာတွင်လည်းအချပ်ရေပေါင်းသန်းနှင့်ချီ၍ ရောင်းချရသည့်အပြင် ထိုနှစ်၏City FM ဆုပေးပွဲတွင်ရောင်းအားအကောင်းဆုံး တေးအယ်ဘမ်ဆုနှင့် ရေပန်းအစားဆုံးအမျိူ းသမီးတေးသံရှင်ဆုရရှိခဲ့သည် ။၂၀၀၃ ခုနှစ်တွင် အမေ့နို့ဖိုးရုပ်ရှင်ကားဖြင့် ဒုတိယအကြိမ် အမျိူးသမီးဇတ်ဆောင်ဆုရရှိသည်။ ဆက်လက်၍ ၂၀၀၅ခုနှစ်တွင် မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ဇာတ်ကားဖြင့် တတိယအကြိမ် အမျိူ းသမီးဇာတ်ဆောင်ဆုရရှိသည်။မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍ ရုပ်ရှင်တွင် ပညာတတ် စိတ္တဇ ရောဂါဝေဒနာရှင်တစ်ဦးအဖြစ် သရုပ်ဆောင်ဟန်မှာမြန်မာ့ရုပ်ရှင်၏ အကောင်းဆုံးသရုပ်ဆောင်ချက်များအနက် တစ်ခု အပါအဝင်ဖြစ်သလို အလွန်ခက် ခဲသော ဇာတ်ရုပ်တစ်ခုဟုလည်း ရုပ်ရှင်ပညာရှင်အများစု်ကသတ်မှတ်ကြသည်။

၂၀၀၀ နှောင်းပိုင်းမှစ၍ ၂၀၁၀ ဆယ်စုနှစ်အတွင်းတွင်သဘာဝမင်းသမီးတလက် အဖြစ်ကူးပြောင်းခဲ့ပြီးကျောက်စက်ရေ၊ ကြိုးတန်း၊ နေဝင်အိပ်တန်း တက် အစရှိသည့် အောင်မြင်သော ဇာတ်ကားများစွာ၌ သရုပ်ဆောင်ခဲ့ပြီး မျိူးဆက်သစ်အနုပညာရှင်များ၏ လေးစားစံပြုရသော ဝါရင့်မင်းသမီးကြီးတစ်လက််အဖြစ်တည် ရှိနေဆဲဖြစ်သည်။

ထွန်းအိန္ဒြာဗိုသည် မြန်မာ့အနုပညာလောက၏ လွှမ်းမိုးမှုအရှိဆုံးနှင့် အထူးချွန်ဆုံးအမျိူးသမီးစူပါစတားများအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ သရုပ်ဆောင် ပိုင်း၌သာမက တေးဂီတလောက၌ပါ အောင်မြင်မှုခိုင်ခိုင်မာမာစိုက်ထူထားနိုင်သည့်အပြင်အများနှင့်မတူသောကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန်များဖြင့် ထိုးဖောက်ဝင်ရောက်လာသူလည်းဖြစ်သည်။ သူမ၏ ရုပ်ရှင်ကားများ၌သာမက အပြင်လောက၌ပါ တွေ့ရလေ့ရှိသော ယုံကြည်မှုမြင့်မားသော ပညာတတ်မိန်းမတစ်ဦးအဖြစ် မှန်တယ် ထင်ရာကိုရဲဝံ့စွာလုပ်ကိုင်တတ်မှု ၊ professional ဆန်သောပြုမူပြောဆိုဆက်ဆံမှုများကြောင့် ပညာတတ်အမျိူ း သမီးအများစု၏ idol တစ်ဦးလည်းဖြစ်သည်။
မျိူ းဆက်သစ်အနုပညာရှင်များ၏ လေးစားအတုယူခြင်းခံရသော အနုပညာရှင်တစ်ဦးဖြစ်သလို သူမ၏ အပျိူ စင်ဘဝ၌သာမက အိမ်ထောင်သည်ဘဝ၊ မိခင်ဘဝတိုင်အောင်ရှည်လျားလှသော အောင်မြင်မှုများကြောင့် မြန်မာ့အနုပညာလောက၏ Evergreen ဟု သတ်မှတ်ခံထားရသူလည်း ဖြစ်သည်။ထွန်းအိန္ဒြာဗို၏ အောင်မြင်မှုအမြင့်ဆုံးအချိန်၌မြန်မာ့ရုပ်ရှင်လောက၏ သရုပ်ဆောင်ကြေးအမြင့်ဆုံးမင်းသမီးဖြစ်သလို ဇာတ်ဂျီးအများဆုံး မင်းသမီးများတွင်လည်းတစ်ဦးအပါအဝင်ဖြစ်သည်။ ထွန်းအိန္ဒြာဗို၏အား သာချက်မှာမတူညီသော ဇာတ်ရုပ်ပေါင်းများစွာကိုသဘာဝနှင့်အနီးစပ်ဆုံးပုံဖော်သရုပ်ဆောင်နိုင်သလို ထူးခြားသောဇာတ်ရုပ်များကိုလည်း စိန်ခေါ်သရုပ်ဆောင်လေ့ရှိသည်။ သူမ၏ ကြာရှည်သောအောင်မြင်မှုသက်တမ်း၊ပရိသတ်အပေါ်လွှမ်းမိုးမှု ၊ ထူးခြားသော အနုပညာအရည်အသွေးများကြောင့် ထွန်းအိန္ဒြာဗိုမှာလည်း မြန်မာ့ရုပ်ရှင်ရော ဂီတဘက်၌ပါ မှတ်တမ်းတင်အပ်သည့် အနုပညာရှင်တစ်ဦးဖြစ်သည်။

ထွန်းအိန္ဒြာဗို၏ အနုပညာသက်တမ်းတစ်လျှောက်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားများ

၁၉၉၄- သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်
( ကျော်သူ မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗို )

– ပန်းအိပ်မက်
( ကျော်သူ မို့မို့မြင့်အောင် ထွန်းအိန္ဒြာဗို )

၁၉၉၅- ကိုကိုကောလိပ်ဂျင်
( ကျော်ရဲအောင် ထွန်းအိန္ဒြာဗို )

၁၉၉၆- သိပ်ချစ်တယ်ဒီက
( စိုးသူ ရန်အောင် မေသဥ္ဇာဦး ထွန်းအိန္ဒြာဗို )

၁၉၉၇- ကြေမွသွားသော တိမ်တိုက်များအကြောင်း
( ဒွေး ချ ို ပြုံး ထွန်းအိန္ဒြာဗို )

– သူတို့ခေတ်နှင့် သူတို့အရွယ်( ကျော်သူ ရန်အောင် ရဲအောင် ကျော်ရဲအောင် လွင်မိုး
မို့မို့မြင့်အောင် မေသန်းနု စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို
ထက်ထက်မိုးဦး )

– ရင်ခွင်နန်းတော် ( ဒွေး ထွန်းအိန္ဒြာဗို နန္ဒာလှိုင် )

၁၉၉၈- မာယာရထား
( လွင်မိုး ထွန်းအိန္ဒြာဗို နန္ဒာလှိုင် )

– ကျွန်တော် ကျွန်မတို့သည်
(ထွန်းအိန္ဒြာဗို မျ ိုးသန္တာထွန်း ရီဝေယံ အိန္ဒြာကျော်ဇင်)

– ညမင်းသား
( ရန်အောင် ထွန်းအိန္ဒြာဗို )

– မိန်းမနဲ့ငွေ
( ရန်အောင် ထွန်းအိန္ဒြာဗို လူမင်း )

၁၉၉၉- ချစ်နှင်းဝေဝေ
( စိုးသူ မေသန်းနု ထွန်းအိန္ဒြာဗို )

– ရင်ထဲကဆောင်းရာသီ
( လွင်မိုး ထွန်းအိန္ဒြာဗို အိဖြူ စိုး )

– နှောင်းတမြေ့မြေ့
( ရန်အောင် စိုးသူ ထွန်းအိန္ဒြာဗို )

– ငယ်သူငယ်ချင်းသုံးယောက်ရှိလေသည်
( စိုးသူ ရဲအောင် ထွန်းအိန္ဒြာဗို တင့်တင့်ထွန်း )

၂၀၀၀
– မချစ်တတ်သောမိန်းမ အချစ်ငတ်သောယောကျာ်း
( လွင်မိုး ထွန်းအိန္ဒြာဗို )

– ကြည်ပြာရောင် နဂ္ဂတစ်များ
( လွင်မိုး ထွန်းအိန္ဒြာဗို )

– မောင့်မူပိုင်ရှင်
( ဒွေး လွင်မိုး ထွန်းအိန္ဒြာဗို ထက်ထက်မိုးဦး )

၂၀၀၁- အချစ်ဖြတ်သန်းရာဒေသ
( မင်းမော်ကွန်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ )

– အချစ်ကိုမွေးဖွားခြင်း
( ရန်အောင် လူမင်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ )

– ပုံလာလာပြောတိုင်းယုံ
( လွင်မိုး ထွန်းအိန္ဒြာဗို )

၂၀၀၂- သင်ချစ်လျှင် ကျွနု်ပ်မမုန်းပါ
( လွင်မိုး ထွန်းအိန္ဒြာဗို )

– မပြောင်းလဲသော အကြောင်းတရားများ
( လွင်မိုး နေအောင် ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် )

– စပျစ်ချိူ နှင့်ချယ်ရီဝိုင်
( လူမင်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ )

– ဒဏ်ရာများနဲ့အချစ်
( ရန်အောင် လူမင်း ထွန်းအိန္ဒြာဗို စိုးမြတ်နန္ဒာ
ကြည်လဲ့လဲ့ဦး )

– တစ်ဦးတည်းသောသား
( လူမင်း ခင်သန်းနု ထွန်းအိန္ဒြာဗို )

၂၀၀၃
– ပိတောက်ပင်လယ်
( ရာဇာနေဝင်း ထွန်းအိန္ဒြာဗို )

– သူမွဲထသစ္စာ
( လူမင်း သီဟတင်စိုး ထွန်းအိန္ဒြာဗို မေသန်းနု
အိန္ဒြာကျော်ဇင် )

– ပြိုင်ဘက်မရှိ
( ဒွေး ထွန်းအိန္ဒြာဗို ကြည်လဲ့လဲ့ဦး )

– အချစ်နှင့်သူ၏ဂုဏ်သိက္ခာ
( ရန်အောင် ဒွေး ထွန်းအိန္ဒြာဗို နန္ဒာလှိုင် )

– နှစ်ယောက်မရှိဘူး
( လွင်မိုး ထွန်းအိန္ဒြာဗို )

– ညှို့သောပင်လယ် ဆွဲငင်သောလမင်း
( ဒွေး ထွန်းအိန္ဒြာဗို )

၂၀၀၄
– အိပ်မက်နတ်သမီး
( ဒွေး ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် )

– ပြံုးနေရင်သတိထား
( ဒွေး ကျော်ရဲအောင် ထွန်းအိန္ဒြာဗို မြင့်မြင့်ခိုင်
ခိုင်နှင်းဝေ )

– ယောက်ဖတော်ခါနီးရင် စဉ်းစားဖို့လိုတယ်
( ရန်အောင် လွင်မိုး ရာဇာနေဝင်း ထွန်းအိန္ဒြာဗို
နန္ဒာလှိုင် )

– ဆုံစည်းစေ
( ရာဇာနေဝင်း ဖြိုးငွေစိုး ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင် )

– အမေ့နို့ဖိုး
( မင်းမော်ကွန်း ကျော်သူ ထွန်းအိန္ဒြာဗို ချ ို ပြံုး )

၂၀၀၅
– တစ်ခါကဧရာဝတီညများ
( လွင်မိုး ထွန်းအိန္ဒြာဗို မေသန်းနု )

– မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍
( လွင်မိုး ထွန်းအိန္ဒြာဗို ခိုင်သင်းကြည် )

၂၀၀၆
– ဂုဏ်ရှိန်ပြင်းတဲ့ ချစ်ခြင်းသိက္ခာ
( ရန်အောင် ထွန်းအိန္ဒြာဗို စိုင်းစိုင်းခမ်းလှိုင်
သက်မွန်မြင့် )

– ဆဋ္ဌဂံ
( လွင်မိုး ဝေဠုကျော် ထွန်းထွန်းဝင်း ထွန်းအိန္ဒြာဗို
စိုးမြတ်နန္ဒာ မျိူ းသန္တာထွန်း ခင်ဇာခြည်ကျော် မြင့်မြင့်ခိုင်)

– ရတနာ
( ကျော်သူ ဖိုးသောကြာ ထွန်းအိန္ဒြာဗို မေသန်းနု
ပုလဲဝင်း )

၂၀၀၉
– ကြိုးတန်း
(ကျော်ဟိန်း ကျော်ရဲအောင် စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို)

– အများနဲ့မသက်ဆိုင်သောသူ
( ခန့်စည်သူ ထွန်းအိန္ဒြာဗို )

– ချစ်ကံပွင့်နဲ့မချောလေးဆယ်
( ရန်အောင် ဟိန်းဝေယံ ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင်)

၂၀၁၀
– ကျောက်စက်ရေ
( မြင့်မြတ် မေသန်းနု စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို )

– ဘာမီတွန်
( နေတိုး ရန်အောင် သက်မွန်မြင့် ထွန်းအိန္ဒြာဗို )

၂၀၁၁
– ဟတ်ထိတယ် ၂
( ရန်အောင် ရဲအောင် သူထူးစံ မိုးအောင်ရင် မေသန်းနု
ထွန်းအိန္ဒြာဗို သင်ဇာဝင့်ကျော် မိုးယုစံ )

၂၀၁၂
– ဝဋ်ကြွေး
( ခန့်စည်သူ သက်မွန်မြင့် ထွန်းအိန္ဒြာဗို )

၂၀၁၃
-ပြံုးပြံုးပျော်ပျော်ထော်လော်ကန့်လန့်
( ဟိန်းဝေယံ ရဲအောင် မေသန်းနု ထွန်းအိန္ဒြာဗို
အေးမြတ်သူ )

– တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ
( ဟိန်းဝေယံ နေအောင် နဝရတ် ထွန်းအိန္ဒြာဗို )

၂၀၁၄
့- အချစ်များနဲ့ဖန်ဆင်းမယ်
( ဟိန်းဝေယံ ရန်အောင် ရဲအောင် စိုးပြည့်သဇင်
မေသန်းနု ထွန်းအိန္ဒြာဗို )

– မော်ဒန်ရာဇဝင်
( ပြေတီဦး ခန့်စည်သူ ဝတ်မှုန်ရွှေရည် ထွန်းအိန္ဒြာဗို )

၂၀၁၅
– ချစ်စံအိမ် ၂၀၂၈
( လူမင်း ပြေတီဦး နေတိုး မင်းမော်ကွန်း မြင့်မြတ်
ထွန်းထွန်း နေမင်း ထွန်းအိန္ဒြာဗို အိန္ဒြာကျော်ဇင်
မိုးဟေကို ဝတ်မှုန်ရွှေရည် စိုးပြည့်သဇင် သင်ဇာ
ဝင့်ကျော် ချစ်သုဝေ )

၂၀၁၆
– ရပ်ကွက်ဘုရင်မ ၂
( မို့မို့မြင့်အောင် စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို
ခိုင်သင်းကြည် အေးမြတ်သူ )

၂၀၁၇
– သူငယ်
( ကျော်ထက်အောင် စိုးမြတ်သူဇာ ထွန်းအိန္ဒြာဗို
ခိုင်သင်းကြည် )

– နေဝင်အိပ်တန်းတက်
( ပြေတီဦး ပိုင်ဖြိုးသု ထွန်းအိန္ဒြာဗို )

– ရင်ဘတ်ထဲကဓား
( ပြေတီဦး အိန္ဒြာကျော်ဇင် ထွန်းအိန္ဒြာဗို မေကဗျာ )

ထွန်းအိန္ဒြာဗို အနုပညာသက်တမ်းတလျှောက် ထွက်ရှိခဲ့သော တေးစီးရီးများ

SOLO ALBUMS

၁. မင်းအတွက်ပဲ

၂. နားလည်သင့်ပြီ

၃. အိပ်မက်ညများ

၄. ဆိုရင်…

၅. 1999

၆. ရည်းစားဦး

၇. နေရာလေးတစ်ခု

၈. နှစ်ယောက်မရှိဘူး

၉. ဆန္ဒရှိသောအဟောင်းများ

၁၀. တမ်းတနေဆဲ

၁၁. ဒိုင်ယာရီ

DUET ALBUMS

၁. ကန္တာရကဖီး ( +ရင်ဂို +အဲလက်စ် )

၂. ဆုံနိုင်ခွင့် ( +အဲလက်စ် )

၃. သုံးယောက်စကား ( +တင်ဇာမော် +မဒီ )

၄. မုန်းလို့မရတဲ့ချစ်သူ ( + ဒွေး )

၅. မျက်စိမှိတ်ပြီးချစ်လိုက်ပါ ( +တင်ဇာမော် )

၆. တကယ်မချစ်ဘဲနဲ့ ( + မျိူ းကျော့မြိုင် )

COLLABORATIVE ALBUMS

၁. အပိုင်းအစ ၁.၅

၂. အဖြူ ရောင်တမ်းချင်းသို့

၃. မိတော့မမိဘူး ( L ခွန်းရီ Live Show )

၄. ဟန်းနီးမွန်းခရီး

၅ မင်းအတွက်

၆. Alphine သင်္ကြန်

၇. Lu Min Wedding

၈. Romanson Live Show

၉. City FM

ထွန်းအိန္ဒြာဗို၏ အနုပညာသက်တမ်းတစ်လျှောက် ရရှိခဲ့သော ထူးချွန်ဆုများ

၁. အကောင်းဆုံးအမျိူ းသမီးဇာတ်ဆောင်ဆု – နှောင်းတမြေ့မြေ့ ( ၁၉၉၉ )

၂. အကောင်းဆုံးအမျိူ းသမီးဇာတ်ဆောင်ဆု – အမေ့နို့ဖိုး ( ၂၀၀၃ )

၃. အကောင်းဆုံးအမျိူ းသမီးဇာတ်ဆောင်ဆု – မိုးကုပ်စက်ဝိုင်းကိုကျော်လွန်၍ ( ၂၀၀၅ )

၄. City FM 2002 – ရေပန်းအစားဆုံးအမျိူ းသမီးစတူဒီယိုတေးသံရှင်ဆု

၅. City FM 2003 – အရောင်းရဆုံးစတူဒီယိုတေးအယ်ဘမ်ဆု ( နှစ်ယောက်မရှိဘူး )

၆. City FM 2003 – ရေပန်းအစားဆုံး အမျိူးသမီးစ တူဒီယိုတေးသံရှင်ဆု

၇. City FM 2004 – အရောင်းရဆုံး စတူဒီယို တေးအယ်ဘမ်ဆု ( ဒိုင်ယာရီ )

၈. City FM 2004 – ရေပန်းအစားဆုံးအမျိူ းသမီးစတူဒီယိုတေးသံရှင်ဆု

၉. City FM 2005 – ရေပန်းအစားဆုံးအမျိူ းသမီးစတူဒီယိုတေးသံရှင်ဆု်။

သရုပ်ဆောင် ပိုင်းမှာ အရမ်းပီပြင်လွန်းလှတဲ့ မင်းသမီး တယောက်ပါ။

မခိုင်ကြီးသရုပ်ဆောင်ချက်တွေကို ကြိုက်ကြရဲ့လား? သီချင်းတွေဟာလည်း ခုချိန်ထိ လူကြိုက်များရှင်သန်နေဆဲနော် ချစ်သေးရဲ့လား?

Share from Lwin Pyin