ဘဝမွာ က်ရွံုးမႈေတြနဲ႔ ရင္မဆိုင္ရေသးခင္ အထူးဂ႐ုစိုက္ရမယ့္ အခ်က္ ( ၁၀ ) ခ်က္

က်ရွံုးမႈဆိုတာ အလြန္စြမ္းအားႀကီးမားတဲ့ အရာျဖစ္ပါတယ္။ သူဟာ အၾကံ့ခိုင္ဆံုးေသာသူေတြကိုေတာင္ ေတြးမိရံုနဲ႔ တုန္လႈပ္သြားေစတာပါ။ ဒါေပမယ့္ က်ရွံုးမႈဟာ ဘဝရဲ႕ မပါမျဖစ္တဲ့ အစိတ္အပိုင္း ျဖစ္ပါတယ္။ က်ရွံုးမႈကို မၾကံဳေတြ႕ဖူးနဲ႔ေတာ့ ေအာင္ျမင္မႈရဖို႔ဆိုတာ ဘယ္လိုမွ မျဖစ္ႏိုင္ပါဘူး။ က်ရွံူးမႈက ကြ်န္ေတာ္တို႔ကို သင္ခန္းစာေတြ အမ်ားႀကီးရေစပါတယ္။ ကမ႓ာႀကီးမွာ ဘယ္သူမွ ၿပီးျပည့္တယ္ဆိုတာ မရွိပါဘူး။ ကြ်န္ေတာ္တို႔အားလံုး က်ရွံုးမႈေတြကို ၾကံဳေတြ႕ဖူးၿပီးသားျဖစ္ၾကမွာပါ။ ယခုအခါမွာေတာ့ က်ရွံုးမႈဆီကို ဦးတည္သြားေစတဲ့ အျပဳအမူေတြကို ေဖာ္ျပေပးသြားပါမယ္။ အထူးအာရံုထား ဖတ္ရႈသင့္တဲ့ အေၾကာင္းအရာေလးျဖစ္လို႔ ၾကည့္ၾကရေအာင္

၁။ အလုပ္ကို အာရံုမစိုက္ဘူး
လူတိုင္းလူတိုင္း ဒီအခ်က္ကို ၾကံဳဖူးၾကမွာပါ။ မိသားစု ကိစၥ၊ relationship ကိစၥေတြ၊ အျခား အလုပ္နဲ႔ မသက္ဆိုင္တဲ့ ကိစၥေတြကို အလုပ္ဆီသယ္လာတယ္။ အဲ့သည္အခါ အလုပ္ကို အျပည့္အာရံုမစိုက္ေတာ့ဘူး။ ေခ်ာင္ခိုကပ္လာမယ္။ Social media ေတြကို သံုးလာမယ္၊ အျခား အလုပ္နဲ႔ မသက္ဆိုင္တဲ့ အရာေတြေပၚမွာဘဲ အာ႐ုံမ်ားလာတယ္။ အက်ိဳးဆက္အေနနဲ႔ကေတာ့ အလုပ္ကထုတ္ခံရမယ္၊ မိမိကိုယ္ပိုင္အလုပ္ဆိုရင္ က်ရွံုးမယ္။ အလုပ္မွာ အာရံုစူးစိုက္မႈနည္းလာတဲ့အခါ အေကာင္းဆံုး ေျဖရွင္းနည္းကေတာ့ အျခားစိတ္ျပန္႔လြင့္ေစတဲ့အရာေတြနဲ႔ အေဝးမွာေနၿပီး Motivation ရေအာင္၊ စိတ္ဝင္စားမႈရေအာင္ ျပန္လည္ႀကိဳးစားျခင္းျဖစ္ပါတယ္။

၂။ အလြယ္တကူ အေလ်ာ့ေပးတယ္
အသက္အရြယ္ရလာတာနဲ႔အမွ် အရာအားလံူးဟာ ခက္ခဲလာပါတယ္။ ၿပီး ေအာင္ျမင္မႈရဖို႔ဆိုရင္ ျပင္းျပင္းထန္ထန္ႀကိဳးစားဖို႔ လိုအပ္လာတယ္။ ယွဥ္ၿပိဳင္မႈေတြ မ်ားျပားလာတယ္။ သင့္အိမ္မက္က ႀကီးမားေလေလ က်ရွံုးမႈေတြကို ၾကံဳေတြ႕ရေလေလပါ။ ဒါ့ေၾကာင့္ လဲက်ရင္ ျပန္ထပါ၊ ထပ္ႀကိဳးစားပါ၊ ပိုေကာင္းေအာင္ ျပင္ဆင္ပါ။ ဘယ္ေတာ့မွ အရွံုးမေပးပါနဲ႔၊ လက္မေလွ်ာ့ပါနဲ႔။

၃။ အခ်ိန္ဆြဲတယ္
က်ရွံုးရတဲ့ အေၾကာင္းအရင္းေတြထဲက တခုကေတာ့ အခ်ိန္ဆြဲျခင္းပါဘဲ။ အခ်ိန္မွီ မျပဳျပင္ႏိုင္ဘူးဆိုရင္ အက်င့္တခုလို ျဖစ္လာၿပီး ေန႔စဥ္အလုပ္ေတြကိုပါ ထိခိုက္လာေစပါတယ္။ ဒါ့ေၾကာင့္ ဘာဘဲလုပ္လုပ္ အခ်ိန္မဆြဲပါနဲ႔၊ လုပ္စရာရွိရင္ ခ်က္ခ်င္းလုပ္ပါ၊ ေန႔ဆြဲညဆြဲမလုပ္ပါနဲ႔

၄ ။ ျဖစ္လိုစိတ္၊ ေအာင္ျမင္လိုစိတ္ မျပင္းျပဘူူး
ေအာင္ျမင္ဖို႔ဆိုရင္ ေအာင္ျမင္လိုစိတ္၊ ျဖစ္လိုစိတ္ ျပင္းျပရပါတယ္။ ျဖစ္လိုစိတ္မရွိမွေတာ့ သင့္ကိုဘယ္သူေတြဘဲ ဆြဲေခၚေနပါေစ ခ်ီးေျမႇာက္ေနပါေစ ေအာင္ျမင္မွာ မဟုတ္ပါဘူး။ ၿပီး ျပႆနာေတြ ၾကံဳေတြ႕လာရတဲ့အခါ စိတ္ဓာတ္ေတြက်လာတယ္၊ ဖိအားေတြ ဝင္လာတယ္။

၅။ မရႈပ္ေထြးတဲ့အရာေတြကို ရႈပ္ေထြးေစတယ္
သင္ဟာ မၿပီးေသးတဲ့ အလုပ္ေတြနဲ႔ပတ္သတ္ၿပီး အေတြးလြန္တဲ့သူတေယာက္လား? အေျဖက ဟုတ္တယ္ဆိုရင္ေတာ့ သင္ျပႆနာေတြကို ၾကံဳေတြ႕ေနရတာဟာ ဒီအခ်က္ေၾကာင့္လည္း ပါပါတယ္။ အေတြးလြန္ျခင္းဟာ မလိုလားအပ္တဲ့ စိတ္ဖိအားေတြကို ျဖစ္ေပၚေစပါတယ္။ ၿပီး နာရီပိုင္းအတြင္းၿပီးရမယ့္ အလုပ္တခုဆို နာရီေပါင္းမ်ားစြာ ၾကာသြားေစပါတယ္။ သိထားရမွာက ဘာဘဲလုပ္လုပ္ အလုပ္မွာေကာ ဘဝမွာပါ ႐ိုး႐ိုးရွင္းရွင္းလုပ္ပါ၊ သိုသိုသိပ္သိပ္ေနထိုင္ပါ။ မရႈပ္ေထြးေစပါနဲ႔။ ျပႆနာေတြ၊ အခက္အခဲေတြ ၾကံဳလာရင္ ထင္သေလာက္ခက္ခဲမွာမဟုတ္ဘူး လို႔ မိမိကိုယ္ကို သတိေပးပါ။ စိုးရိမ္စိတ္မမ်ားပါနဲ႔၊ အလုပ္ႀကိဳးစားပါ။

၆။ ေငြေၾကးစီမံခန္႔ခြဲမႈအပိုင္းမွာ ညံ့ဖ်င္းတယ္
လူအမ်ားစု မွားတတ္ၾကတဲ့ အမွားျဖစ္ပါတယ္။ ေငြေၾကးစီမံခန္႔ခြဲမႈညံ့ဖ်င္းတဲ့အခါ အေႂကြးတင္လာမယ္၊ အေရးေပၚကိစၥေတြအတြက္ သံုးေငြမရွိဘူး၊ အၿငိမ္းစားယူတဲ့အခါ သံုးဖို႔ေငြအလံုအေလာက္မရွိဘူး။ ဒါ့ေၾကာင့္ ေငြေၾကးသံုးစြဲမႈအပိုင္းကို အထူးဂ႐ုျပဳပါ၊ ေငြစုပါ၊ ရင္းႏွီးျမႇပ္ႏွံပါ။

၇။ မေကာင္းတဲ့သူေတြနဲ႔ ဝန္းရံထားတယ္
လူတေယာက္က ဘယ္သူလဲ? ဆိုတဲ့အခ်က္ကို သူဘယ္သူနဲ႔ေပါင္းလဲ? ဆိုတာကိုၾကည့္ၿပီး ဆံုးျဖတ္ႏိုင္ပါတယ္။ ဘဝမွာ ေအာင္ျမင္ခ်င္ရင္ အေပါင္းအသင္းကို အထူးဂ႐ုစိုက္ပါ။ မိမိအိမ္မက္ကိုယံုၾကည္တဲ့သူေတြ၊ အိမ္မက္တူ ရည္မွန္းခ်က္တူတဲ့သူေတြ၊ ေအာင္ျမင္တဲ့သူေတြနဲ႔ မိတ္ေဆြဖြဲ႕ပါ။ အေပါင္းအသင္းမွားတာနဲ႔ သင့္ဘဝႀကီး ပ်က္စီးသြားမယ္ဆိုတာကို ေခါင္းထဲထည့္ထားပါ။

၈။ အတိတ္က အမွားေတြဆီကေန မသင္ယူဘူး
အမွားေတြ၊ဆံုးျဖတ္ခ်က္အမွားေတြဆီကေန သင္ခန္းစာယူဖို႔ အလြန္အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ ေနာက္တႀကိမ္ႀကိဳးစားတဲ့အခါ အမွားတခုထဲကိုဘဲ ထပ္ခါတလဲလဲမမွားႏိုင္ေအာင္လို႔ပါ။ ၿပီး အျခားသူေတြရဲ႕ အမွားေတြဆီကေနလည္း သင္ခန္းစာယူရမယ္။ မိမိအမွားကိုသိလို႔ အမွန္ကိုျပင္ၿပီး ထပ္မံႀကိဳးစားတဲ့ခါ သင္ပိုၿပီး ရင့္က်က္လာမယ္၊ ပိုၿပီး စိတ္ဓာတ္ေတြ တတ္ႂကြလာမယ္။ အမွားလုပ္မိရင္ စိတ္ဓာတ္မက်ပါနဲ႔၊ အမွားဆီကေန သင္ခန္းကိုရေအာင္ယူပါ။

၉။ အခ်ိန္စီမံခန္႔ခြဲမႈ ညံ့ဖ်င္းတယ္
ဆံုးရွံုးဖို႔ အလြယ္ကူဆံုးအရာျဖစ္တဲ့ အခ်ိန္ကို စီမံခန္႔ခြဲတတ္ဖို႔ အလြန္အေရးႀကီးပါတယ္။ ဘဝမွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ အခ်ိန္ကို ေကာင္းစြာ စီမံခန္႔ခြဲတတ္ရပါမယ္။ အခ်ိန္စီမံဖို႔ အေကာင္းဆံုး နည္းလမ္းကေတာ့ ေန႔စဥ္အခ်ိန္ဇယားဆြဲၿပီး တိတိက်က်လိုက္နာျခင္းပါဘဲ။

၁၀။ မိမိကိုယ္ကိုေလးစားမႈ နည္းပါတယ္
မိမိကိုယ္ကိုေလးစားမႈ မရွိဘူးဆိုရင္ ဘဝမွာ က်ရွံုးမွာပါဘဲ။ ဒါ့ေၾကာင့္ အၿမဲ မိမိကိုယ္ကို ေရွ႕တန္းတင္ၿပီး ေလးစားမႈအျပည့္ထားပါ။ မိမိကိုယ္ကိုေလးစားမႈအျပည့္ရွိရင္ ယံုၾကည္မႈရွိရင္ ဘယ္အရာကိုမဆို ေအာင္ျမင္ႏိုင္ပါတယ္။

Credit – Toptenteam

Unicode Readဘဝမှာ ကျရှုံးမှုတွေနဲ့ ရင်မဆိုင်ရသေးခင် အထူးဂရုစိုက်ရမယ့် အချက် ( ၁၀ ) ချက်

ကျရှုံးမှုဆိုတာ အလွန်စွမ်းအားကြီးမားတဲ့ အရာဖြစ်ပါတယ်။ သူဟာ အကြံ့ခိုင်ဆုံးသောသူတွေကိုတောင် တွေးမိရုံနဲ့ တုန်လှုပ်သွားစေတာပါ။ ဒါပေမယ့် ကျရှုံးမှုဟာ ဘဝရဲ့ မပါမဖြစ်တဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ကျရှုံးမှုကို မကြုံတွေ့ဖူးနဲ့တော့ အောင်မြင်မှုရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကျရှူံးမှုက ကျွန်တော်တို့ကို သင်ခန်းစာတွေ အများကြီးရစေပါတယ်။ ကမ်ဘာကြီးမှာ ဘယ်သူမှ ပြီးပြည့်တယ်ဆိုတာ မရှိပါဘူး။ ကျွန်တော်တို့အားလုံး ကျရှုံးမှုတွေကို ကြုံတွေ့ဖူးပြီးသားဖြစ်ကြမှာပါ။ ယခုအခါမှာတော့ ကျရှုံးမှုဆီကို ဦးတည်သွားစေတဲ့ အပြုအမူတွေကို ဖော်ပြပေးသွားပါမယ်။ အထူးအာရုံထား ဖတ်ရှုသင့်တဲ့ အကြောင်းအရာလေးဖြစ်လို့ ကြည့်ကြရအောင်

၁။ အလုပ်ကို အာရုံမစိုက်ဘူး
လူတိုင်းလူတိုင်း ဒီအချက်ကို ကြုံဖူးကြမှာပါ။ မိသားစု ကိစ္စ၊ relationship ကိစ္စတွေ၊ အခြား အလုပ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို အလုပ်ဆီသယ်လာတယ်။ အဲ့သည်အခါ အလုပ်ကို အပြည့်အာရုံမစိုက်တော့ဘူး။ ချောင်ခိုကပ်လာမယ်။ Social media တွေကို သုံးလာမယ်၊ အခြား အလုပ်နဲ့ မသက်ဆိုင်တဲ့ အရာတွေပေါ်မှာဘဲ အာရုံများလာတယ်။ အကျိုးဆက်အနေနဲ့ကတော့ အလုပ်ကထုတ်ခံရမယ်၊ မိမိကိုယ်ပိုင်အလုပ်ဆိုရင် ကျရှုံးမယ်။ အလုပ်မှာ အာရုံစူးစိုက်မှုနည်းလာတဲ့အခါ အကောင်းဆုံး ဖြေရှင်းနည်းကတော့ အခြားစိတ်ပြန့်လွင့်စေတဲ့အရာတွေနဲ့ အဝေးမှာနေပြီး Motivation ရအောင်၊ စိတ်ဝင်စားမှုရအောင် ပြန်လည်ကြိုးစားခြင်းဖြစ်ပါတယ်။

၂။ အလွယ်တကူ အလျော့ပေးတယ်
အသက်အရွယ်ရလာတာနဲ့အမျှ အရာအားလူံးဟာ ခက်ခဲလာပါတယ်။ ပြီး အောင်မြင်မှုရဖို့ဆိုရင် ပြင်းပြင်းထန်ထန်ကြိုးစားဖို့ လိုအပ်လာတယ်။ ယှဉ်ပြိုင်မှုတွေ များပြားလာတယ်။ သင့်အိမ်မက်က ကြီးမားလေလေ ကျရှုံးမှုတွေကို ကြုံတွေ့ရလေလေပါ။ ဒါ့ကြောင့် လဲကျရင် ပြန်ထပါ၊ ထပ်ကြိုးစားပါ၊ ပိုကောင်းအောင် ပြင်ဆင်ပါ။ ဘယ်တော့မှ အရှုံးမပေးပါနဲ့၊ လက်မလျှော့ပါနဲ့။

၃။ အချိန်ဆွဲတယ်
ကျရှုံးရတဲ့ အကြောင်းအရင်းတွေထဲက တခုကတော့ အချိန်ဆွဲခြင်းပါဘဲ။ အချိန်မှီ မပြုပြင်နိုင်ဘူးဆိုရင် အကျင့်တခုလို ဖြစ်လာပြီး နေ့စဉ်အလုပ်တွေကိုပါ ထိခိုက်လာစေပါတယ်။ ဒါ့ကြောင့် ဘာဘဲလုပ်လုပ် အချိန်မဆွဲပါနဲ့၊ လုပ်စရာရှိရင် ချက်ချင်းလုပ်ပါ၊ နေ့ဆွဲညဆွဲမလုပ်ပါနဲ့

၄ ။ ဖြစ်လိုစိတ်၊ အောင်မြင်လိုစိတ် မပြင်းပြဘူူး
အောင်မြင်ဖို့ဆိုရင် အောင်မြင်လိုစိတ်၊ ဖြစ်လိုစိတ် ပြင်းပြရပါတယ်။ ဖြစ်လိုစိတ်မရှိမှတော့ သင့်ကိုဘယ်သူတွေဘဲ ဆွဲခေါ်နေပါစေ ချီးမြှောက်နေပါစေ အောင်မြင်မှာ မဟုတ်ပါဘူး။ ပြီး ပြဿနာတွေ ကြုံတွေ့လာရတဲ့အခါ စိတ်ဓာတ်တွေကျလာတယ်၊ ဖိအားတွေ ဝင်လာတယ်။

၅။ မရှုပ်ထွေးတဲ့အရာတွေကို ရှုပ်ထွေးစေတယ်
သင်ဟာ မပြီးသေးတဲ့ အလုပ်တွေနဲ့ပတ်သတ်ပြီး အတွေးလွန်တဲ့သူတယောက်လား? အဖြေက ဟုတ်တယ်ဆိုရင်တော့ သင်ပြဿနာတွေကို ကြုံတွေ့နေရတာဟာ ဒီအချက်ကြောင့်လည်း ပါပါတယ်။ အတွေးလွန်ခြင်းဟာ မလိုလားအပ်တဲ့ စိတ်ဖိအားတွေကို ဖြစ်ပေါ်စေပါတယ်။ ပြီး နာရီပိုင်းအတွင်းပြီးရမယ့် အလုပ်တခုဆို နာရီပေါင်းများစွာ ကြာသွားစေပါတယ်။ သိထားရမှာက ဘာဘဲလုပ်လုပ် အလုပ်မှာကော ဘဝမှာပါ ရိုးရိုးရှင်းရှင်းလုပ်ပါ၊ သိုသိုသိပ်သိပ်နေထိုင်ပါ။ မရှုပ်ထွေးစေပါနဲ့။ ပြဿနာတွေ၊ အခက်အခဲတွေ ကြုံလာရင် ထင်သလောက်ခက်ခဲမှာမဟုတ်ဘူး လို့ မိမိကိုယ်ကို သတိပေးပါ။ စိုးရိမ်စိတ်မများပါနဲ့၊ အလုပ်ကြိုးစားပါ။

၆။ ငွေကြေးစီမံခန့်ခွဲမှုအပိုင်းမှာ ညံ့ဖျင်းတယ်
လူအများစု မှားတတ်ကြတဲ့ အမှားဖြစ်ပါတယ်။ ငွေကြေးစီမံခန့်ခွဲမှုညံ့ဖျင်းတဲ့အခါ အကြွေးတင်လာမယ်၊ အရေးပေါ်ကိစ္စတွေအတွက် သုံးငွေမရှိဘူး၊ အငြိမ်းစားယူတဲ့အခါ သုံးဖို့ငွေအလုံအလောက်မရှိဘူး။ ဒါ့ကြောင့် ငွေကြေးသုံးစွဲမှုအပိုင်းကို အထူးဂရုပြုပါ၊ ငွေစုပါ၊ ရင်းနှီးမြှပ်နှံပါ။

၇။ မကောင်းတဲ့သူတွေနဲ့ ဝန်းရံထားတယ်
လူတယောက်က ဘယ်သူလဲ? ဆိုတဲ့အချက်ကို သူဘယ်သူနဲ့ပေါင်းလဲ? ဆိုတာကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။ ဘဝမှာ အောင်မြင်ချင်ရင် အပေါင်းအသင်းကို အထူးဂရုစိုက်ပါ။ မိမိအိမ်မက်ကိုယုံကြည်တဲ့သူတွေ၊ အိမ်မက်တူ ရည်မှန်းချက်တူတဲ့သူတွေ၊ အောင်မြင်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ အပေါင်းအသင်းမှားတာနဲ့ သင့်ဘဝကြီး ပျက်စီးသွားမယ်ဆိုတာကို ခေါင်းထဲထည့်ထားပါ။

၈။ အတိတ်က အမှားတွေဆီကနေ မသင်ယူဘူး
အမှားတွေ၊ဆုံးဖြတ်ချက်အမှားတွေဆီကနေ သင်ခန်းစာယူဖို့ အလွန်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နောက်တကြိမ်ကြိုးစားတဲ့အခါ အမှားတခုထဲကိုဘဲ ထပ်ခါတလဲလဲမမှားနိုင်အောင်လို့ပါ။ ပြီး အခြားသူတွေရဲ့ အမှားတွေဆီကနေလည်း သင်ခန်းစာယူရမယ်။ မိမိအမှားကိုသိလို့ အမှန်ကိုပြင်ပြီး ထပ်မံကြိုးစားတဲ့ခါ သင်ပိုပြီး ရင့်ကျက်လာမယ်၊ ပိုပြီး စိတ်ဓာတ်တွေ တတ်ကြွလာမယ်။ အမှားလုပ်မိရင် စိတ်ဓာတ်မကျပါနဲ့၊ အမှားဆီကနေ သင်ခန်းကိုရအောင်ယူပါ။

၉။ အချိန်စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်
ဆုံးရှုံးဖို့ အလွယ်ကူဆုံးအရာဖြစ်တဲ့ အချိန်ကို စီမံခန့်ခွဲတတ်ဖို့ အလွန်အရေးကြီးပါတယ်။ ဘဝမှာ အောင်မြင်ချင်တယ်ဆိုရင် အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်ရပါမယ်။ အချိန်စီမံဖို့ အကောင်းဆုံး နည်းလမ်းကတော့ နေ့စဉ်အချိန်ဇယားဆွဲပြီး တိတိကျကျလိုက်နာခြင်းပါဘဲ။

၁၀။ မိမိကိုယ်ကိုလေးစားမှု နည်းပါတယ်
မိမိကိုယ်ကိုလေးစားမှု မရှိဘူးဆိုရင် ဘဝမှာ ကျရှုံးမှာပါဘဲ။ ဒါ့ကြောင့် အမြဲ မိမိကိုယ်ကို ရှေ့တန်းတင်ပြီး လေးစားမှုအပြည့်ထားပါ။ မိမိကိုယ်ကိုလေးစားမှုအပြည့်ရှိရင် ယုံကြည်မှုရှိရင် ဘယ်အရာကိုမဆို အောင်မြင်နိုင်ပါတယ်။

Treasure_For_Youth
Credit – Toptenteam