Advertisement
ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို ကျွန်တော်တို့ကိုယ်တိုင်တားဆီးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ 2
( ၁ )
(၂ )
(၃)
ငြင်းတယ်ဆိုတာ အစပိုင်းမှာ သက်တောင့်သက်သာ မရှိလှပေမယ့် နောက်ပိုင်းမှာ မိမိအလုပ်တွေအတွက် အချိန်ပိုပေးလာနိုင်တယ်၊ မိမိအတွက် အရေးကြီးတဲ့ အရာတွေအတွက် ပို အာရုံစိုက်နိုင်လာတယ်စတဲ့ အကျိုးကျေးဇူးတွေကို ရရှိလာစေပါတယ်
Entrepreneur
Credit – Toptenteam
Unucode Read
ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို ကျွန်တော်တို့ကိုယ်တိုင်တားဆီးနေတဲ့ အချက်တွေက ဘာတွေဖြစ်မလဲ?
မအောင်မြင်ရခြင်းရဲ့အဓိက အကြောင်းအရင်းတွေက ပြင်ပအခြေအနေတွေကြောင့်၊ ကံတရားမကောင်းမှုကြောင့်လို့ ဆိုကြပါတယ်။ ဆုံးဖြတ်ချက်မှားသွားလို့၊ အချိန်၊ငွေ စီမံတဲ့အပိုင်းမှာ အားနည်းမှုရှိလို့ဆိုပြီး ပြောကြပြန်တယ်။
ဒါပေမယ့် တခါတလေမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့အောင်မြင်မှုအတွက် အကြီးမားဆုံးသော ရန်သူဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်က အောင်မြင်မှုကို ကျွန်တော်တို့နဲ့ဝေးရာကို ပို့နေတယ်ဆိုတာ ဘယ်လိုအချက်တွေကြည့်သိနိုင်တာလဲ? ကြည့်ကြရအောင်
( ၁ )
ကျွန်တော်တို့ မစွန့်လွှတ်နိုင်တဲ့တစုံတရာရှိနေတယ်
စီးပွားရေးလုပ်တဲ့အခါဘဲဖြစ်ဖြစ် ဘာဘဲလုပ်လုပ် ခေါင်းမမာပါနဲ့။ မိမိသွားနေတဲ့လမ်းကြောင်းမှာ လိုအပ်တာတွေကို သယ်သွားရမှာဖြစ်ပြီး မလိုအပ်တဲ့အရာတွေကို ပြတ်ပြတ်သားသား စွန့်လွှတ်ရမှာပါ။
မိမိရဲ့ နှလုံးသားကို နားထောင်ပြီး နှလုံးသားစေခိုင်းရာကို လုပ်ပါ။ အမှားတွေလုပ်တဲ့အခါ စိတ်ဓာတ်မကျပါနဲ့။ အမှားတွေဆီကနေ သင်ခန်းစာယူပြီး ရှေ့ကို ခရီးဆက်ပါ ။
(၂ )
ကျွန်တော်တို့ရဲ့ စွမ်းဆောင်ရည်ကို သံသယဖြစ်တယ် မိမိကိုယ်ကို ယုံကြည်မှုမရှိရင် ဘာဘဲလုပ်လုပ် မအောင်မြင်ပါဘူး။ မိမိကိုယ်ကို သံသယဝင်နေရင် ယုံကြည်မှုမရှိရင် ဘယ်သူမှ ကျွန်တော်တို့ကို ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကိူ လမ်းညွှန်ပြပေးမယ့်သူကို ရှာဖွေဖို့ လိုအပ်ပါတယ်
(၃)
ငြင်းပယ်ဖို့ ဝန်လေးနေတယ်၊ အလွန်အားနာတတ်တယ်မိမိကိုယ်ကို အထိခိုက်ခံပြီးတော့ သူတပါးကို ကူညီတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဘာဘဲလုပ်လုပ် မိမိကိုယ်ကို အမြဲဦးစားပေးပါ။ အတ္တကြီးတာ မဟုတ်ပါဘူး၊မိမိကိုယ်ကို လေးစားခြင်းဖြစ်ပါတယ်။ ကူညီနိုင်ရင် ကူညီလိုက်ပါ၊ တကယ်မအားတဲ့အခါ မိမိမှာလဲ ပြဿနာတွေရှိတဲ့အခါ ပြတ်ပြတ်သားသားငြင်းပါ။
ငြင်းတယ်ဆိုတာ အစပိုင်းမှာ သက်တောင့်သက်သာ မရှိလှပေမယ့် နောက်ပိုင်းမှာ မိမိအလုပ်တွေအတွက် အချိန်ပိုပေးလာနိုင်တယ်၊ မိမိအတွက် အရေးကြီးတဲ့ အရာတွေအတွက် ပို အာရုံစိုက်နိုင်လာတယ်စတဲ့ အကျိူးကျေးဇူးတွေကို ရရှိလာစေပါတယ်
Entrepreneur
Credit – Toptenteam