ပျားမုဆိုးတို့၏အဆောင်ဆေး လူအများသိတဲ့ ကျောက်ချဉ်
အဆောင်ဆေး ကျောက်ချဉ်
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြုံးကြပါစေ…။
မဟာမြိုင်တောကြီးထဲတွင် ပျားအုံကြီးများ များစွာရှိ၏။ ပျားကြီးအုံဖွပ််သူတို့နှင့်တွေ့ရှိစဉ်ခင်ဗျားတို့ တောပျားအုံကြီး တွေဖွပ်တာ ပျားမတုပ်ဖူးလား..မေးမိ၏
ကျွန်တော်ကြားဖူးတာတော့ တောကြီးပျားတုပ်ခံရရင် အဆိပ်ပြင်း လွန်းလို့ဖျားပြီး သေတာတောင်ရှိတယ် ကြားဖူးလို့ မေးကြည့်တာ…။
ကိုနီဆိုသူက “ကျုပ်တို့လည်း ဘာသားနဲ့ထုထားလို့ လဲဗျာ.. တောကြီးပျားတွေတုပ်ရင်ဖျားတယ်၊သေတတ်တယ်ဆိုတာအမှန်ပဲ”..။
” ဒီတော့ကျွန်တော်တို့ ပျားမုဆိုးတွေအားလုံး အဆောင်ဆေးရှိတယ်။ ပျားတုပ်ခံရပြီဆိုတာနဲ့ ချက်ချင်းအဆောင်ဆေးနဲ့ ကုသရတာပ။” ဟုယောသံဝဲဝဲနှင့်ပြော သောစကားကိုကြားမိ၏။
အဆောင်ဆေး ကျောက်ချဉ်
အဆောင်ဆေးက ပရဆေးဆိုင်တွေမှာရောင်း တဲ့ကျောက်ချဉ်ပဲ…ပျားတုပ်သည်နှင့်အနီးဝန်းကျင်ရှိ ကျောက်တုံးကျောက်ခဲကောက်ယူပြီး ကျောက်ချဉ်သွေးကာ ပျားတုပ်ခံရသောနေရာအား လူးလိမ်း ပေးလိုက်ခြင်းဖြစ်သည် ဆိုပါသည်။ချက်ချင်းကို အဆိပ်ပြေ ပျောက်ပြီး ဖျားခြင်းနာခြင်းမရှိတော့ဟုဆိုပါသည်။
မကြာသေးမီကပင် ပျားတုပ်ခြင်းခံရ၍ ကျောက်ချဉ်ကို ရေဖြင့်သွေးပြီး လိမ်းကြည့်ရာ ပျားဆိပ်မတက်ကြောင်း လက်တွေ့ကြုံဖူးလေသည်။
ထိုပြင်ကျောက်ချဉ်သည် ကင်းမလက်မည်း၊ကင်းခြေများ၊ပိတုန်း၊ ပဒူကောင်တို့ ထိုးခြင်ခံရပါက ကျောက်ချဉ် ကိုသွေးလူးခြင်းဖြင့် လက်တွေ့ပျောက်ကင်းစေကြောင်း ပျားမုဆိုးတို့ထံမှ သုတမှန်တစ်ခုရရှိပါ၍ ပြန်လည်ဝေငှလိုက်ပါသည်။
လိုသူတို့သုံး စိတ်နှလုံးရွှင်ပြံုးကြပါစေ…။
ရဲမျိုးသူ(ဗောဓိမြိုင်)