အိပ္ေပ်ာ္ျခင္းကိုအားေပးေသာ အစာမ်ား

ညဘက္မွာ ဘာေၾကာင့္မွန္းမသိဘဲ အိပ္မေပ်ာ္တာေတြ ရွိသလို အေတြးေတြ လြန္ၿပီး အိပ္မေပ်ာ္တာေတြလည္း ရွိတတ္ပါတယ္။

တကယ္ေတာ့ လူတစ္ေယာက္ဟာ က်န္းမာေရး ေကာင္းမြန္ေနေစဖို႔အတြက္ အိပ္ခ်ိန္ လိုအပ္ပါတယ္။

အိပ္ေရးဝဝ အိပ္ေပးဖို႔ အရမ္းအေရးႀကီးပါတယ္။

ဒီလိုဆိုရင္ေတာ့ ညဘက္အိပ္ေပ်ာ္ေစႏိုင္မယ့္ နည္းလမ္းေတြကို လုပ္ေဆာင္ရမွာ ျဖစ္သလို အိပ္ေပ်ာ္ဖုိ႔ အစားအစာေတြလည္း စားေပးရပါမယ္။

ဗာဒံေစ့

ဗာဒံေစ့ကေတာ့ ညဘက္အိပ္မေပ်ာ္တဲ့သူေတြ စားေပးသင့္တဲ့ အေစ့အဆံ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။

ဗာဒံေစ့မွာ ေဖာ့စေဖာ့ရပ္၊ မဂၢနီဆီယမ္ေတြ လံုလံုေလာက္ေလာက္ ပါဝင္တာေၾကာင့္ နာတာရွည္ေရာဂါေတြ ျဖစ္တဲ့

ဆီးခ်ိဳေရာဂါနဲ႔ ႏွလံုးေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ေပးတဲ့ျပင္ အမွ်င္ဓါတ္လည္း ပါဝင္တာမိုိ႔ အဆီလည္း နည္းပါတယ္။

အဓိကကေတာ့ ဗာဒံေစ့ တစ္ေအာင္စမွာ ခႏၶာကိုယ္က လိုအပ္တဲ့ မဂၢနီဆီယမ္ (၁၉%) ကို ေပးစြမ္းႏိုင္တာေၾကာင့္ အိပ္ေပ်ာ္ေစပါတယ္။

ညဘက္ စားသံုးေပးမယ္ဆိုရင္ စိတ္ဖိစီးမႈေတြေၾကာင့္ အိပ္မေပ်ာ္တာေတြ သက္သာေစႏုိင္ပါတယ္။

ကီဝီသီး

ကီဝီသီးကေတာ့ ကယ္လိုရီအရမ္းနည္းၿပီး အာဟာရ ျပည့္ဝတဲ့ အသီးတစ္မ်ိဳးပါပဲ။

ကီဝီသီးမွာ ေန႔စဥ္လိုအပ္တဲ့ ဗီတာမင္ စီနဲ႔ ဗီတာမင္ေကဓါတ္ေတြလည္း ပါဝင္ပါေသးတယ္။

ကီဝီသီးဟာ အစာေျခဖ်က္ႏိုင္စြမ္းကိုလည္း အေထာက္အကူျပဳတာေၾကာင့္ ရင္ျပည့္တာေတြ ျဖစ္ၿပီး အိပ္မေပ်ာ္တာေတြ မျဖစ္ေစႏိုင္ဘူး။

ေလ့လာသူေတြကေတာ့ ညဘက္ ေကာင္းေကာင္း အိပ္မေပ်ာ္ဘူးဆိုရင္ ကီဝီသီးစားဖို႔ အၾကံဥာဏ္ ေပးထားပါတယ္။

ဘာလို႔လဲဆိုေတာ့ ကီဝီသီးမွာ ပါဝင္တဲ့ အာဟာရဓါတ္ေတြဟာ ေကာင္းေကာင္းအိပ္ေပ်ာ္ေစႏိုင္တာေၾကာင့္ပါ။

Fatty acid ပါဝင္တဲ့ ငါးမ်ား

ညဘက္ေကာင္းေကာင္း အိပ္မေပ်ာ္ဘူးဆိုရင္ေတာ့ fatty acid ပါဝင္တဲ့ ငါးေတြ စားသံုးၿပီး အိပ္တာမ်ိဳး လုပ္သင့္ပါတယ္။

Fatty acid က ႏွလံုးေရာဂါနဲ႔ ေသြးလည္ပတ္မႈကို အားေကာင္းေစတာေၾကာင့္ အိပ္မေပ်ာ္ျခင္းနဲ႔ စိတ္ဖိစီးမႈ မ်ားတာေတြကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

ေလ့လာမႈ တစ္ခုမွာေတာ့ တပတ္ကို (၃) ႀကိမ္ fatty acid ပါတဲ့ ငါးေတြကို (၆) လေလာက္ စားသံုးသူေတြဟာ ၾကက္သား၊ ဝက္သားေတြ စားတဲ့သူထက္ ပိုၿပီး အိပ္ေပ်ာ္ေစတယ္လို႔ ဆိုထားပါတယ္။

ထမင္းျဖဴ

ထမင္းျဖဴကေတာ့ လူတိုင္းစားၾကတဲ့ အစားအစာျဖစ္တာေၾကာင့္ သူရဲ႕ အာနိသင္ေတြကို အထူးတလည္ေတာင္ ေျပာျပစရာ လိုမယ္မထင္ပါဘူး။

ကိုယ္ဟာ ညဘက္ ေကာင္းေကာင္း အိပ္မေပ်ာ္တတ္တဲ့သူဆိုရင္ေတာ့ ေန႔လည္ခင္း အခ်ိန္ေတြမွာ ထမင္းမ်ားမ်ား စားပါ။

ဒါမွမဟုတ္ ညအိပ္ရာ မဝင္ခင္မွာ ထမင္းစားပါ။ ေပါင္မုန္႔၊ ေခါက္ဆြဲ စားတဲ့သူနဲ႔ ထမင္းျဖဴ စားတဲ့သူေတြကို စမ္းသပ္ခဲ့ရာမွာ

ထမင္းျဖဴ စားတဲ့သူက ညဘက္မွာ အိပ္မေပ်ာ္တာေတြ မျဖစ္ဘဲ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္တာေတြ ျဖစ္ေစပါတယ္။

အိပ္ရာမဝင္ခင္ တစ္နာရီအလိုေလာက္မွာ ထမင္းစားပါ။

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ tryptophan ပါဝင္တဲ့အျပင္ မဂၢနီဆီယမ္လည္း မ်ားမ်ား ပါဝင္တာေၾကာင့္ အိပ္ေပ်ာ္ေစပါတယ္။

ဒါေၾကာင့္ ညဘက္ အိပ္မေပ်ာ္ဘူးဆိုရင္ေတာ့ ငွက္ေပ်ာသီးေလးေတြ စားေပးႏိုင္ပါတယ္။

ညဘက္အိပ္မေပ်ာ္တာေတြနဲ႔ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္တာေတြ ျဖစ္ေနတယ္ဆိုရင္ေတာ့ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အစားအစာေလးေတြ စားၿပီး အိပ္ၾကည့္ေပးပါေနာ္။

အိပ္ေရးဝဝ အိပ္ျဖစ္ေစမွာမို႔ က်န္းမာလွပလာမွာ ေသခ်ာပါတယ္။

Credit to Hello Health Group

နည္းစနစ္က်က်အေတြးအေခၚ မွ။

Unicode >>>

အိပ်ပျော်ခြင်းကိုအားပေးသော အစာများ။

ညဘက်မှာ ဘာကြောင့်မှန်းမသိဘဲ အိပ်မပျော်တာတွေ ရှိသလို အတွေးတွေ လွန်ပြီး အိပ်မပျော်တာတွေလည်း ရှိတတ်ပါတယ်။

တကယ်တော့ လူတစ်ယောက်ဟာ ကျန်းမာရေး ကောင်းမွန်နေစေဖို့အတွက် အိပ်ချိန် လိုအပ်ပါတယ်။

အိပ်ရေးဝဝ အိပ်ပေးဖို့ အရမ်းအရေးကြီးပါတယ်။

ဒီလိုဆိုရင်တော့ ညဘက်အိပ်ပျော်စေနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်ရမှာ ဖြစ်သလို အိပ်ပျော်ဖို့ အစားအစာတွေလည်း စားပေးရပါမယ်။

ဗာဒံစေ့

ဗာဒံစေ့ကတော့ ညဘက်အိပ်မပျော်တဲ့သူတွေ စားပေးသင့်တဲ့ အစေ့အဆံ တစ်မျိုးပဲ ဖြစ်ပါတယ်။

ဗာဒံစေ့မှာ ဖော့စဖော့ရပ်၊ မဂ္ဂနီဆီယမ်တွေ လုံလုံလောက်လောက် ပါဝင်တာကြောင့် နာတာရှည်ရောဂါတွေ ဖြစ်တဲ့

ဆီးချိုရောဂါနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးတဲ့ပြင် အမျှင်ဓါတ်လည်း ပါဝင်တာမိို့ အဆီလည်း နည်းပါတယ်။

အဓိကကတော့ ဗာဒံစေ့ တစ်အောင်စမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ မဂ္ဂနီဆီယမ် (၁၉%) ကို ပေးစွမ်းနိုင်တာကြောင့် အိပ်ပျော်စေပါတယ်။

ညဘက် စားသုံးပေးမယ်ဆိုရင် စိတ်ဖိစီးမှုတွေကြောင့် အိပ်မပျော်တာတွေ သက်သာစေနိုင်ပါတယ်။

ကီဝီသီး

ကီဝီသီးကတော့ ကယ်လိုရီအရမ်းနည်းပြီး အာဟာရ ပြည့်ဝတဲ့ အသီးတစ်မျိုးပါပဲ။

ကီဝီသီးမှာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် စီနဲ့ ဗီတာမင်ကေဓါတ်တွေလည်း ပါဝင်ပါသေးတယ်။

ကီဝီသီးဟာ အစာခြေဖျက်နိုင်စွမ်းကိုလည်း အထောက်အကူပြုတာကြောင့် ရင်ပြည့်တာတွေ ဖြစ်ပြီး အိပ်မပျော်တာတွေ မဖြစ်စေနိုင်ဘူး။

လေ့လာသူတွေကတော့ ညဘက် ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင် ကီဝီသီးစားဖို့ အကြံဉာဏ် ပေးထားပါတယ်။

ဘာလို့လဲဆိုတော့ ကီဝီသီးမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ ကောင်းကောင်းအိပ်ပျော်စေနိုင်တာကြောင့်ပါ။

Fatty acid ပါဝင်တဲ့ ငါးများ

ညဘက်ကောင်းကောင်း အိပ်မပျော်ဘူးဆိုရင်တော့ fatty acid ပါဝင်တဲ့ ငါးတွေ စားသုံးပြီး အိပ်တာမျိုး လုပ်သင့်ပါတယ်။

Fatty acid က နှလုံးရောဂါနဲ့ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် အိပ်မပျော်ခြင်းနဲ့ စိတ်ဖိစီးမှု များတာတွေကို လျှော့ချပေးနိုင်ပါတယ်။

လေ့လာမှု တစ်ခုမှာတော့ တပတ်ကို (၃) ကြိမ် fatty acid ပါတဲ့ ငါးတွေကို (၆) လလောက် စားသုံးသူတွေဟာ ကြက်သား၊ ဝက်သားတွေ စားတဲ့သူထက် ပိုပြီး အိပ်ပျော်စေတယ်လို့ ဆိုထားပါတယ်။

ထမင်းဖြူ

ထမင်းဖြူကတော့ လူတိုင်းစားကြတဲ့ အစားအစာဖြစ်တာကြောင့် သူရဲ့ အာနိသင်တွေကို အထူးတလည်တောင် ပြောပြစရာ လိုမယ်မထင်ပါဘူး။

ကိုယ်ဟာ ညဘက် ကောင်းကောင်း အိပ်မပျော်တတ်တဲ့သူဆိုရင်တော့ နေ့လည်ခင်း အချိန်တွေမှာ ထမင်းများများ စားပါ။

ဒါမှမဟုတ် ညအိပ်ရာ မဝင်ခင်မှာ ထမင်းစားပါ။ ပေါင်မုန့်၊ ခေါက်ဆွဲ စားတဲ့သူနဲ့ ထမင်းဖြူ စားတဲ့သူတွေကို စမ်းသပ်ခဲ့ရာမှာ

ထမင်းဖြူ စားတဲ့သူက ညဘက်မှာ အိပ်မပျော်တာတွေ မဖြစ်ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တာတွေ ဖြစ်စေပါတယ်။

အိပ်ရာမဝင်ခင် တစ်နာရီအလိုလောက်မှာ ထမင်းစားပါ။

ငှက်ပျောသီး

ငှက်ပျောသီးမှာ tryptophan ပါဝင်တဲ့အပြင် မဂ္ဂနီဆီယမ်လည်း များများ ပါဝင်တာကြောင့် အိပ်ပျော်စေပါတယ်။

ဒါကြောင့် ညဘက် အိပ်မပျော်ဘူးဆိုရင်တော့ ငှက်ပျောသီးလေးတွေ စားပေးနိုင်ပါတယ်။

ညဘက်အိပ်မပျော်တာတွေနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်နေတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အစားအစာလေးတွေ စားပြီး အိပ်ကြည့်ပေးပါနော်။

အိပ်ရေးဝဝ အိပ်ဖြစ်စေမှာမို့ ကျန်းမာလှပလာမှာ သေချာပါတယ်။

Credit to Hello Health Group

နည်းစနစ်ကျကျအတွေးအခေါ် မှ။