ေလးစားပါတယ္ သမီးရယ္

ေလးစားပါတယ္ သမီးရယ္

သမီးရဲ႕ခင္ပြန္းစစ္သားေလး တု္ိက္ပဲြမွာက်ဆုံးခဲ႕ရင္ အိမ္ေထာင္သည္လုိင္း

ခန္းကေန ၃ လအတြင္းဖယ္ေပးရမယ္ဆုိတာ

သိသိျကီးနဲ႕ လက္တြဲရဲတဲ႕ သမီးရဲ႕စိတ္ဓါတ္နဲ႕ ေလးစားပါတယ္။

အသက္ရွင္ေနေသးျပီး ဘီလ်ံနာျဖစ္ေနတဲ႕

စစ္ဗုိလ္ခ်ဴ ပ္ေတြ တစ္လကုိ သိန္းတစ္ရာ

သိန္း၅၀ ေထာက္ပံ႕ေျကးရျပီး စစ္သားေတြ

က်ဆုံးခဲ႕ရင္ တစ္လကုိ ေသာင္းဂဏန္း

ေလာက္သာ ေထာက္ပံ႕ေျကးရတာကုိသိသိ

ျကီးနဲ႕လက္တြဲရဲတဲ႕သမီးရဲ႕စိတ္ဓါတ္ကုိေလးစားပါတယ္။

တုိင္းျပည္ကုိ ခ်စ္တာခ်င္းတူေပမဲ႕ ခံစားရတာ

ျခင္းက ကြာျခားတာကုိသိသိျကီးနဲ႕လက္တြဲရဲ

တဲ႕ သမီးရဲ႕စိတ္ဓါတ္ကုိေလးစားပါတယ္။

ဗုိလ္ခ်ဴ ပ္သားသမီးေျမးေတြနုိင္ငံျခားမွာေက်ာင္းသြား

တက္ေနစဥ္မွာ သမီးရဲ႕ေမြးဖါြးလာမဲ႕သားသမီးအတြက္ က်ဴ ရွင္ထားရဖုိ႕ ေျပာင္းဖူးျပဳပ္ေရာင္းစားေနရတဲ႕

စိတ္ဓါတ္ကုိေလးစားပါတယ္။

အသက္ အာမခံေျကးဆုိတာ ဘာမွန္းမသိ

ကရုဏာေျကးသာ ေမ်ွာ္ကုိးလုိ႕ရတာကုိသိသိ

ျကီးနဲ႕လက္တြဲရဲတဲ႕စိတ္ဓါတ္ကုိလည္းေလးစားရျပန္တယ္။

သမီးရဲ႕ခင္ပြန္းအသက္ရွင္စဥ္ အိမ္ေထာင္

သည္လုိင္းခန္းက်ဥ္းက် ဥ္းေလးမွာ မြန္းသိပ္စြါ

ေနရေပမဲ႕ လင့္တစ္မ်က္နွာ တရြာပင္မက

တစ္ကမၻာလုိ႕ေတာင္ထင္ေနတဲ႕သမီးရဲ႕စိတ္ဓါတ္ကုိ ေလးစားပါတယ္။

အားမငယ္ပါနဲ႕ သမီးရယ္ ဦးပုိင္ကုမၸဏီ

က စစ္သားေတြအတြက္ရည္ရြယ္ျပီးဖြင့္ထား

တာပါ စစ္သားတစ္ဦးအတြက္အနည္ဆုံး

သိန္းတစ္ေထာင္ေလာက္ရနုိင္တယ္ တဲ႕။

သြားျပီးအကူညီေတာင္းျကည့္ေပါ့ကြယ္။

သူတုိ႕လည္း ဗုဒၶရဲ႕ သားတပည့္ေတြဘဲစာနာစိတ္ေတာ့ ရွိမွာပါ။

Credit – ေတ ဇ ေအာင္

=============

လေးစားပါတယ် သမီးရယ်

သမီးရဲ့ခင်ပွန်းစစ်သားလေး တု်ိက်ပွဲမှာကျဆုံးခဲ့ရင် အိမ်ထောင်သည်လိုင်း

ခန်းကနေ ၃ လအတွင်းဖယ်ပေးရမယ်ဆိုတာ

သိသိကြီးနဲ့ လက်တွဲရဲတဲ့ သမီးရဲ့စိတ်ဓါတ်နဲ့ လေးစားပါတယ်။

အသက်ရှင်နေသေးပြီး ဘီလျံနာဖြစ်နေတဲ့

စစ်ဗိုလ်ချူ ပ်တွေ တစ်လကို သိန်းတစ်ရာ

သိန်း၅၀ ထောက်ပံ့ကြေးရပြီး စစ်သားတွေ

ကျဆုံးခဲ့ရင် တစ်လကို သောင်းဂဏန်း

လောက်သာ ထောက်ပံ့ကြေးရတာကိုသိသိ

ကြီးနဲ့လက်တွဲရဲတဲ့သမီးရဲ့စိတ်ဓါတ်ကိုလေးစားပါတယ်။

တိုင်းပြည်ကို ချစ်တာချင်းတူပေမဲ့ ခံစားရတာ

ခြင်းက ကွာခြားတာကိုသိသိကြီးနဲ့လက်တွဲရဲ

တဲ့ သမီးရဲ့စိတ်ဓါတ်ကိုလေးစားပါတယ်။

ဗိုလ်ချူ ပ်သားသမီးမြေးတွေနိုင်ငံခြားမှာကျောင်းသွား

တက်နေစဉ်မှာ သမီးရဲ့မွေးဖါွးလာမဲ့သားသမီးအတွက် ကျူ ရှင်ထားရဖို့ ပြောင်းဖူးပြုပ်ရောင်းစားနေရတဲ့

စိတ်ဓါတ်ကိုလေးစားပါတယ်။

အသက် အာမခံကြေးဆိုတာ ဘာမှန်းမသိ

ကရုဏာကြေးသာ မျှော်ကိုးလို့ရတာကိုသိသိ

ကြီးနဲ့လက်တွဲရဲတဲ့စိတ်ဓါတ်ကိုလည်းလေးစားရပြန်တယ်။

သမီးရဲ့ခင်ပွန်းအသက်ရှင်စဉ် အိမ်ထောင်

သည်လိုင်းခန်းကျဉ်းကျ ဉ်းလေးမှာ မွန်းသိပ်စွါ

နေရပေမဲ့ လင့်တစ်မျက်နှာ တရွာပင်မက

တစ်ကမ္ဘာလို့တောင်ထင်နေတဲ့သမီးရဲ့စိတ်ဓါတ်ကို လေးစားပါတယ်။

အားမငယ်ပါနဲ့ သမီးရယ် ဦးပိုင်ကုမ္ပဏီ

က စစ်သားတွေအတွက်ရည်ရွယ်ပြီးဖွင့်ထား

တာပါ စစ်သားတစ်ဦးအတွက်အနည်ဆုံး

သိန်းတစ်ထောင်လောက်ရနိုင်တယ် တဲ့။

သွားပြီးအကူညီတောင်းကြည့်ပေါ့ကွယ်။

သူတို့လည်း ဗုဒ္ဓရဲ့ သားတပည့်တွေဘဲစာနာစိတ်တော့ ရှိမှာပါ။

Credit – တေ ဇ အောင်