ရေသန့်‌ဘူးဖြင့်‌ ပစ်‌ခံလိုက်‌ရသည့်‌ကိစ္စနှင့်‌ ပတ်‌သက်‌၍ နီနီခင်‌‌ဇော်‌ကို မုံရွာပရိသတ်‌များ ‌တောင်းပန်‌

ယမန်နေ့ ဧပြီလ ၁၅ ရက်‌‌နေ့၊ မုံရွာ ချင်းတွင်းသင်္ကြန်‌မဏ္ဍပ်တွင်‌ အဆို‌တော်‌ နီနီခင်‌‌ဇော်‌မှ ‌‌တေးသီချင်းများဖြင့်‌ ‌ဖျော်‌‌ဖြေသီဆို‌ပေး‌နေစဉ်‌ စင်‌‌ပေါ်သို့ ‌ရေသန့်‌ဘူးဖြင့်‌ လှမ်းပစ်‌ခံလိုက်‌ရသည့်‌ကိစ္စနှင့်‌ ပတ်‌သက်‌၍ နီနီခင်‌‌ဇော်‌ကို မုံရွာပရိသတ်‌များ ‌တောင်းပန်‌လျက်‌ ရှိကြ‌ကြောင်း နီနီခင်‌‌ဇော်‌၏ ‌ဖေ့စ်‌ဘွတ်‌ပို့စ်‌‌အောက်‌တွင်‌ ‌ရေးသားထားကြသည်‌ကို ‌တွေ့ရှိရသည်‌။

 

 

နီနီခင်‌‌ဇော်‌သည်‌ မုံရွာချင်းတွင်း သင်္ကြန်‌မဏ္ဍပ်တွင်‌ ‌တေးသီချင်းများဖြင့်‌ ‌ဖျော်‌‌ဖြေတင်‌ဆက်‌‌ပေး‌နေစဉ်‌ ‌ရေသန့်‌ဘူးဖြင့်‌ လှမ်းပစ်‌ခြင်း ခံလိုက်‌ရပြီး နီနီခင်‌‌ဇော်‌မှ မိမိကို ထိ‌စေချင်‌လျှင်‌ မိမိကိုယ်‌တိုင်‌ ‌ခေါင်းကွဲသွား‌အောင်‌ ရိုက်‌ခွဲပြ‌ပေးမှာ ဖြစ်‌‌ကြောင်း၊ ယခု‌ဖျော်‌‌ဖြေပွဲကို Live လွှင့်‌ပြီး တစ်‌နိုင်‌ငံအတိုင်းအတာဖြင့်‌ ကြည့်‌ရှု‌နေကြသည့်‌အတွက်‌ ယခုလို လုပ်‌ရပ်‌မျိုး မပြုလုပ်‌သင့်‌‌ကြောင်း တုံ့ပြန်‌‌‌ပြောကြားကာ ‌တေးသီချင်းများဖြင့်‌ ပြန်‌လည်‌‌ဖျော်‌‌ဖြေ‌ပေးသွားခဲ့ပါသည်‌။

 

 

အဆိုပါ ဖြစ်‌ရပ်‌နှင့်‌ပတ်‌သက်‌၍ နီနီခင်‌‌ဇော်‌ တင်‌ထားခဲ့သည့်‌ မုံရွာချင်းတွင်းသင်္ကြန်‌ ‌ဖျော်‌‌ဖြေ‌ပေး‌ခဲ့သည့်‌ ဓာတ်‌ပုံပို့စ်‌‌အောက်‌တွင်‌ မုံရွာပရိသတ်‌များမှ ‌စင်‌အနီးရှိ သွပ်‌ဆူးကြိုး‌ပေါ် လှမ်းတက်‌လာသူ တစ်‌ဦးကို ‌ရေသန့်‌ဘူးဖြင့်‌ လှမ်း‌ပေါက်‌လိုက်ရာတွင်‌ လွဲ‌ချော်‌ပြီး စင်‌‌‌ပေါ်သို့ ကျသွားခဲ့တာ ဖြစ်‌နိုင်‌‌ကြောင်း၊ လူမိုက်‌တစ်‌ဦး‌အတွက်‌‌ကြောင့်‌နှင့်‌ စိတ်‌မဆိုး‌စေလို‌ကြောင်း၊ ယခုလို ဖြစ်‌ရပ်‌မျိုး ဖြစ်‌ပွားခဲ့ရသည့်‌အတွက်‌ မုံရွာမြို့ကိုယ်‌စား ‌တောင်းပန်‌ပါ‌ကြောင်း မုံရွာပရိသတ်‌များမှ ‌ပြောကြားသွားခဲ့သည်‌။

 

ယင်းဓာတ်‌ပုံပို့စ်‌‌အောက်‌တွင်‌ပင်‌ နီနီခင်‌‌ဇော်‌ဘက်‌မှလည်း မိမိအ‌နေနှင့်‌ ‌နားလည်‌ပါ‌ကြောင်း၊ ‌ရေသန့်‌ဘူး မထိမှန်‌သည့်‌အတွက်‌ စိတ်‌မဆိုးပါ‌ကြောင်း ‌ပြောကြားသွားခဲ့သည်‌။

 

နီနီခင်‌‌ဇော်‌သည်‌ ၂၀၀၈ ခုနစ်‌၊ Melody World သီချင်းဆိုပြိုင်‌ပွဲတွင်‌ အနိုင်‌ရရှိခဲ့သူတစ်‌ဦးဖြစ်‌ပြီး ‌တေးအယ်‌လ်‌ဘမ်‌ သုံးချပ်‌ ထုတ်‌‌ဝေထားလျက်‌ရှိကာ ပြီးခဲ့သည့်‌ ဧပြီလ ၇ ရက်‌‌နေ့နှင့်‌ ၈ ရက်‌‌နေ့တို့တွင်‌ ၎င်း၏ အနုပညာ သက်‌တမ်း ဆယ်‌နှစ်‌ပြည့်‌ အမှတ်‌တရအ‌နေဖြင့်‌ ဒုတိယအကြိမ်‌‌မြောက်‌ တစ်‌ကိုယ်‌‌တော်‌‌ဖျော်‌‌ဖြေပွဲကို ‌ဖျော်‌‌ဖြေတင်‌ဆက်‌ခွင့်‌ ရရှိခဲ့သည်‌အထိ ‌အောင်‌မြင်‌မှုများစွာ ရရှိလျက်‌ရှိ‌သော အမျိုးသမီး အဆို‌တော်‌တစ်‌ဦးလည်း ဖြစ်‌သညိ။

By – ‌ထော်‌‌ထော်‌ / MUNA

Photo – နီနီခင်‌‌ဇော်‌

 

ဧပှီ ၁၆


 

 


 




