Advertisement

ဘေးဥပါဒ်ကင်းတဲ့ ကိုယ်တိုင်လုပ် ဟင်းခတ်ကြက်သားမှုန့်

ဘေးဥပါဒ်ကင်းတဲ့ ကိုယ်တိုင်လုပ် ဟင်းခတ်ကြက်သားမှုန့် 2




၎/ဆား 30g

၅/ ကြက်သွန်ဖြူ ၅ မွှာ

၆/ နေကြာဆီ-10g



ဘေးဥပါဒ်ကင်းတဲ့ ကိုယ်တိုင်လုပ် ဟင်းခတ်ကြက်သားမှုန့် 3





ဘေးဥပါဒ်ကင်းတဲ့ ကိုယ်တိုင်လုပ် ဟင်းခတ်ကြက်သားမှုန့် 4





=========================

၁/ ကြက်သား အစိမ်း 200 g ( ရင်ပုံသား အရေခွံမပါ)

၂/နံနံပင် အပင်ကြီး ၃ ပင်

၃/ နံနံစေ့ လက်ဖက်စားဇွန်း တဇွန်း

၄/ဆား 30g

၅/ ကြက်သွန်ဖြူ ၅ မွှာ

၆/ နေကြာဆီ-10g

ပထမဦးဆုံး ကြက်သားကိုအတုံးခပ်သေးသေးတုံးရပါမယ်, ပြီးတော့မှ ကျန်နေတဲ့ နံနံပင်+ကြက်သွန်ဖြူ+နံနံစေ့ တို့ကိုညက်အောင် ရောကြိတ်ရပါမယ်.. ပြီးသွားတဲ့အခါ

ကြက်သားနဲ့ ကြိတ်ပြီးသား အားလုံးကို ရောပြီး ကြိတ်စက်မှာ ရောကြိတ်ရပါတယ်..

တော်တော်လေးညက်လာတဲ့အခါ non sticky frying pan ထဲ ဆီ 10 g ထည့်ပြီး ပူလာတဲ့အခါ ရောကြိတ်ထားတာတွေထည့်ပြီး မီး အေးအေးနဲ့

ခြောက်အောင်လှော်ပေးရပါတယ်ရှင်..ဆား 30 g လဲ အဲဒီအခါတပါထဲ ထည့်ရပါတယ်..အတော်လေးရေစစ်ခြောက်သွားတဲ့အခါမှ ကြိတ်စက်ထဲထည့်ပြီး

ထပ်ကြိတ်ရပါတယ်..လုံးဝညက်သွားတဲ့ အခါမှာတော့ ခု supermarkets တွေမှာ ရောင်းနေသော ကြက်သားမှုန့်နဲ့ ဘာမှမဆိုင်ပဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဘာ chemical မှ

မပါတဲ့ ဘေးအန္တရာယ်ကင်း လတ်ဆတ်တဲ့ ကြက်သားမှုန့်ကို ရရှိပါတော့တယ်..ရေခဲသေတ္တာထဲထားစားရင် ၃ ပတ်ထိခံပါတယ်..ကြက်သားမှုန့် 5 g

တဇွန်းမှာပါတဲ့ calories ကတော့ 12 ဖြစ်ပါတယ်ရှင်..ဒီကြက်သားမှုန့်တမျိုးထဲနဲ့ ဟင်းတွေစချက်နေပါပြီ..ဆားလဲ ထပ်သုံးစရာမလိုတော့ဘူးလေ..ဘယ် ဟင်းချက်ချက်

ဟင်းခတ်မှုန့်မပါလို့မှ မဖြစ်တာဆိုတော့ ကိုယ်တိုင်လုပ်ကြည့်တဲ့အခါ လွယ်ကူသလို စိတ်ရှင်းရှင်းထားစားနိုင်တယ်လေ..

လက်တွေ့လုပ်ပြဖို့ကြိုးစားနေပါတယ်ရှင့်..မျက်စိနဲ့မြင်ရတာပို လွယ်ကူမြန်ဆန်ပါတယ်…ကျမရဲ့ ချစ်လှစွာသော အမ , ညီမတွေကို ကိုယ်တိုင်ထပ်လုပ်ပြီး ပေးပါမယ်ရှင်..

(မေပုလဲ​အောင်​​ကိုဖေ့ဘုတ်​မှ ​ဖော်​ပြပါသည်​)