Advertisement
‌သောကြာသားသမီးလေး​တွေ အ​ကြောင်း
‌သောကြာသားသမီးလေး​တွေ အ​ကြောင်း 2
မှန်​ရင်​ Like ၊ share
#ဦးဘုန်း
===========================
သောကြာ သားသမီးတွေဟာ လူ့လောကကို စရောက်ပြီ ဆိုကတည်းက အငိုသန်တယ်။ သွေးအေးအေးနဲ့ စိတ်ကြီး တတ်တယ်။ အနေအေးတဲ့ လူအများစု ဖြစ်ကြပေမဲ့ ကိုယ်ခင်ရတဲ့သူ အရင်းနှီးဆုံး လူတွေနဲ့ စကားပြောရင်တော့ အင်မတန်မှ စကားများတယ်။ လေကြော မပြတ်နိုင်ဘူး။ သူများ အကြောင်းထက် ကိုယ့်အကြောင်းတွေကို ပိုပြီး ပြောပြလေ့ ရှိတယ်။
ရည်မှန်းချက် တစ်ခုကို အကောင်အထည် ဖော်ရင် စိတ်ရှည်တယ်။ သီးခံတယ်။ ကိုယ်မကြိုက်တဲ့ အရာ ကိုယ်မနှစ်သက်သော လူတွေ ဆိုရင်တော့ ဘယ်တော့မှ ဂရုမစိုက် တတ်ဘူး။ ကိုယ်မှန်တယ် လို့ ထင်ရင်လည်း ဘယ်သူပြောပြော ဂရုမစိုက်တတ်တာ သောကြာပါ။ လူမှုရေး နဲ့ ပတ်သက်ပြီး ဆက်ဆံရင် ဖော်ရွေတတ်တာ သောကြာပါ။
ကိုယ်ခင်တဲ့ မိတ်ဆွေတွေရဲ့ လူမှုရေးပွဲတွေ အတွက်ဆိုရင် သောကြာတွေဟာ မပျက်မကွက် သွားရောက်တတ်ပါတယ်။ အပြင်မှာ အေးစက်စက်နဲ့ မာနကြီးတယ်လို့ ထင်ရပေမဲ့ ကိုယ်ခင်တဲ့ လူတွေအပေါ်မှာ ဆိုရင်တော့ ပွင့်ပွင့်လင်းလင်းနဲ့ပြောဆို ဆက်ဆံတတ်တာ သောကြာပါ။
ကလေးတွေကိုလည်း ကြင်နာစွာနဲ့ ချစ်တတ်တယ်။ စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေ ရှိရင် တစ်ယောက်ထဲ အေးဆေး တွေးတောနေရတာကိုပိုပြီး နှစ်သက်တာ သောကြာ။ သောကြာတွေဟာ ကိုယ့်အနားမှာ ရှိနေတဲ့ သူတွေကို အရင်းနီးဆုံး ခင်မင်စွာ နေတတ်ပေမဲ့ စိတ်ထဲမှာ သိပ်ပြီး အစွဲအလန်း မထားတတ်ဘူး။
ခင်မင်ရတဲ့ လူအချို့ကို အချိန်တွေကြာသွားလည်း အမှတ်ရနေတတ်တဲ့သူတွေ ဖြစ်ပေမဲ့ အစွဲအလန်းကြီးစွာနဲ့ သတတနဲ့ သတိရနေတတ်တဲ့ လူတွေတော့ မဟုတ်ဘူး။ အချစ်ရေးကိစ္စမှာ သောကြာတွေဟာ အရှက်ကြီးတယ်။ ကိုယ့်ရဲ့ အချစ်ရေး အချစ်ရာ အကြောင်းတွေကို သူငယ်ချင်းတွေအပေါ်မှာ အကြောင်းစုံ သိပ်ပြီးပြောပြလေ့ မရှိဘူး။ လျို့ဝှက်တတ်တဲ့ နေရာမှာ သိပ်တော်တာ သောကြာပါ။
သောကြာတွေဟာ ပစ္စုပ္ပါန်ထက် အနာဂတ်ကိုပိုပြီး စိတ်ကူးယဉ် တွေးတောလေ့ ရှိတယ်။ သောကြာတွေရဲ့မျက်ဝန်းဟာ စွဲဆောင်မှုရှိသလို စကားပြောရင်လည်း စွဲဆောင်မှု အပြည့်အဝ ပိုင်ဆိုင်ထားတာသောကြာတွေပါ။ သောကြာ တွေရဲ့အချစ်ရေးကတော့ အချစ်ဦးနဲ့ လွဲနေပေမဲ့ အချစ်စစ်နဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အနေအထားလေးပါ။
​သောကြာ သားသမီး​လေး​တွေက​တော့ အရိုးသားဆုံး သူ​လေး​တွေပါ။ သူတို့ဟာ အရာရာကို အ​လေးအနက်​ထားတတ်​ကြတယ်​။ အပျင်​းမကြီးတတ်​ဘူး။ အစားမမက်​ဘူး။ မိသားစုအ​ပေါ် အမြဲအနစ်​ နာခံတတ်​တဲ့သူ​တွေပါသူတို့ဟာ ဘဝကို ရဲရဲဝင်​့ဝင့် ရင်​ဆိုင်​ရဲကြတယ်​။ ​စိတ်​တိုလွယ်​သလို စိတ်​​ပြေလည်​း လွယ်​တယ်။​ ​ဒေါသမကြီး​ပေမဲ့ အငြိုးအ​တေး ကြီးတတ်​ကြတယ်။
တစ်​ခုခုဆို ခံစား လွန်​းတတ်​တယ်။ ​မျက်​ရည်​လွယ်​တယ်​။ ကိုယ်​ခံစားရတာ​တွေကို ဘယ်​သူ့မှ ​ပြောမပြဘဲ တစ်​​ယောက်​ထဲ ကျိတ်​ခံစားတတ်​တဲ့သူမျိုး။ သိုသိုသိပ်​သိပ် ​​နေတတ်​ကြတယ်။ ​​လောဘမကြီးဘူး။ အချစ်​ကြီးသလောက်​ အချစ်​​ရေးမှာ ကံမ​ကောင်​းဘူး။ ကိုယ်​ချစ်​တဲ့သူ​က ကိုယ်​့ကို အမြဲစိတ်​ဆင်​းရဲ ​စေတတ်​တယ်။ ​ခေတ်​မှီမှီ​ နေခြင်​းထက်​ ရိုးရိုး​လေး​နေတာကို ပို သ​ဘောကျတတ်​တယ်။ ​ဒါ​ပေမဲ့ သူ့​နေရာနဲ့သူ။ ဝတ်​တတ်​စားတတ်​တယ်။ ​မုသား မ​ပြောတတ်​ဘူး။
သူငယ်​ချင်​း​တွေ ထဲမှာလည်​း အမြဲအနစ်​နာ ခံတတ်​တယ်။ ​ချစ်​သူပဲဖြစ်​ ဖြစ်​ မိသားစုပဲဖြစ်​ဖြစ်​ သူငယ်​ချင်​းအ​ပေါင်​းအသင်​းပဲ ဖြစ်​ဖြစ်​ အမြဲသူတို့​။ ကပဲ အနစ်​နာခံတတ်​ကြတယ်။
အချစ်​ဦးမှာ ကံအရမ်​း ဆိုးတတ်​တယ်။​ ​တစ်​​ယောက်​တည်​း ​နေရတာကို သ​ဘောကျတယ်​။ သီချင်​း​လေး​တွေ ကသာ သူတို့ရဲ့ အ​ဖော်​ဖြစ်​တယ်​။ စိတ်​ကူးယဉ်​ တတ်​တယ်​။ တစ်​ခုခုဆိုလဲ အရမ်​း စိုးရိမ်​လွန်​တတ်​တယ်။​ ​သောကြာ သားသမီး​လေး​တွေရဲ့ အထူးခြားဆုံးက အနစ်​နာ ​ခံနိုင်​တာပါ။
မှန်​ရင်​ Like ၊ share
#ဦးဘုန်​း