Advertisement
အင်္ဂါသားသမီးများအတွက် ဧပရယ်လ တစ်လစာဟောစတမ်း 2
၁ ။ ဆွမ်းပွဲ ၉ပွဲ ပြင်​ပါ ။
၃ ။ သကြား ၁ဇွန်း စီ ထည့်​ပါ ။
(ဥုံ အရဟံ အသောကာဝ ဝိဇ္ဇာစရဏသမ္ပန္နံ မဟံနံ္တ ဝိသာရဒတံ သြောင်း ဣဒ္ဓိဝိဒံ ဒိဗ္ဗသောတံ ပရိစိတ္တ ဝိဇာနနံ ပုဗ္ဗေနိဝါ သာနု ဿ တိ ဒိဗ္ဗစက္ခုတိ ပဉ္စမာ အာသဝက္ခယာဝတံ ဟောတု)
#လင်းညို့တာရာ
www.facebook.com/moekyawlzin
ဗေဒင် ယတြာများ မေးမြန်းလိုပါက ဉာဏ်ပူဇော်ခပေးချေ၍ Viber 09970959464 ကို ဆက်သွယ်ပါ။
Wechat၊Whatsapps ၊ telegram ၊ Zalo အကောင့်များအသုံးပြုပါက 09440037640 နံပါတ်ဖြင့် ဆက်သွယ်နိုင်ပါသည်။
ဟောခန်းကို လာရောက်မေးမြန်းလိုပါက ဇာမဏီ ဓာတ်နန်း – အမှတ် (၂၀၂) ၊ တိုက်အမှတ် (၄၅) ၊ စွယ်တော်လမ်း ၊ ကျန်စစ်သားအိမ်ယာ ၊ (၆)ရပ်ကွက် ၊ ဈေးလေးမှတ်တိုင် ၊ လှိုင်သာယာမြို့နယ်။ မလာခင်ကြိုဖုန်းဆက်ပေးပါ။
မလာခင် 09440037640 ၊ 09784964082 ဖုန်းဆက်ပေးပါ။ သင်္ကြန်ကာလအတွင်း ခရီးထွက်မည်ဖြစ်သောကြောင့် မေးမြန်းလိုသောအကြောင်းအရာများရှိပါက Viber သို့ Messenger တွင်သာ မေးမြန်းပေးပါ။
အဆောင်များ ၊ ပီယအဆောင်များ ၊ အန္တရာယ်ကင်းအဆောင်များ နှင့် မိမိတို့လိုအပ်သောအဆောင်ပစ္စည်းများ မှာယူနိုင်ပါသည်။
====================
အင်္ဂါသားသမီးများအတွက် ဧပရယ်လ တစ်လစာဟောစတမ်း
ဟောစတမ်းလေးကို ဖတ်ရှုပြီးသည်နှင့် ကွန်မန့်တွင် မိမိဖတ်မိလိုက်သောအချိန်ကို မန့်ပါ။ ပြီးရင် ရှယ်ပေးပါ။ ထိုနေ့အတွက် ထို အချိန်ကာလရှိ ဂဏန်းကို လာဘ်ခေါ်သည့် ဂဏန်းအဖြစ် အသုံးချလိုက်ပါ။
ဒီလအတွင်းမှာ စိတ်မောလူမော ဖြစ်နေရမည့် အချိန်လေးပါ။ အလုပ်အကိုင်များ ပုံမှန်လေးပါပဲ ပြုလုပ်နေရမည်။ အထက်လူကြီးနဲ့ ပြောဆိုပါက အဆင်မပြေသေးပါဘူး။
ငွေကြေးကိစ္စများ ငွေကတော့ ရစရာတွေ ဘယ်မှာနေမှန်းမသိပေမဲ့ ဒီလထဲမှာ ကုန်စရာတွေက အများကြီးပါ။ ငွေဝင်မည့် လမ်းစပေါ်မည်။ ငွေကြေးကိစ္စများတွေမှာ အဆင်ပြေနေမည်။ စက်ပစ္စည်းများဝင်မည်။
ဘာသာရေးကိစ္စများ လုပ်ဆောင်ရမည်။ နိုင်ငံခြား ကိစ္စများ ပညာရေးကိစ္စများ အောင်မြင်လာမည်။ ထီကံစမ်းလိုက်ပါ။ လုပ်ငန်းတွေ တိုးချဲ့သင့်ပါသည်။ အကောင်းပြောခံရခြင်း ၊ ချီးကျူးခံရခြင်း ၊ နာမည်ဂုဏ်သတင်း ကျော်စောခြင်းများဖြင့် ဖြစ်တတ်ပါသည်။
နိုင်ငံခြား၊ လူမျိုးခြားကိစ္စတွေလည်း အကျိုးထူးမယ်။ ခရီးကောင်းတွေလည်း သွားရတတ်ပါတယ်။ အလှူမင်္ဂလာအစီအစဉ်တွေ အောင်မြင်မယ်။ အထည်၊ ထီး၊ ဖိနပ်၊ ကား၊ ကျောက်၊ လျှပ်စစ်ပစ္စည်း၊ ကွန်ပျူတာ၊ ကင်မရာလုပ်ငန်းတွေ အကျိုးပေးအောင်မြင်နိုင်ပါသည်။
မိမိ်မျှော်မှန်း နေသော ကိစ္စများ အဆင်မပြေသေးပါ။ ခရီးတွေကတော့ အခု အချိန်မှာ မသွားတာ ကောင်းပါသည်။ သူတစ်ပါး ကိစ္စများမှာလည်း ပါဝင်ကူညီရမည်။ မိမိရည်မှန်းထားသည်များ လက်တွေ့အကောင်အထည်ဖော်နိုင်မည်။ ကြန့်ကြာနေသည်များ ဖြေရှင်းအဆင်ပြေမည်။
မိမိအပေါ် ဒုက္ခပေးသူများ၊ စိတ်အနှောင့်အယှက်ပေးသူများ၏ ရန်မှ ကင်းစင်သွားမည်။ ဆုံးရှုံးနစ်နာထား သည်များ လက်ဝယ်ပြန်ရမည်။ ပျိုရွယ်သူများ အလွန်စန်းပွင့်မည်။ မိမိလေ့လာတတ်မြောက်ထားသည်များ အသုံးချ၍ အောင်မြင်မှုများ ရရှိမည်။ ပြောရေး ဆိုရေး အောင်မြင်မည်။
လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။ ရန်အပြိုင် အတိုက်အခံကြားမှ ဘဝတိုးတက်မှု ရရှိမည်။ ဦးတည်လိုက်တိုင်း နေရာတိုင်း အနှောင့်အယှက်များနှင့်ကြုံမည်။ မဖြစ်မနေလုပ်ကိုင်မှုကြောင့် အဆုံး တွင်အောင်မြင်မည်။
စိတ်ဆန္ဒကိုဦးစားပေးခြင်းထက် အခြေအနေမှန်ကို သဘောပေါက်၍ ဆောင်ရွက်လိုက်သည်များမှ ကောင်းသောအကျိုးဆက်ရရှိမည်။ ကံအခွင့်အရေးထူးများ ကြုံရပါလိမ့်မည်။ လူဟောင်း၊ ကွဲကွာနေသူများ၊ မိတ်ဆွေဟောင်းများ ပြန်ဆုံ ရမည်။ ခရီးထူး နှစ်ကြိမ်၊ နှစ်ဆင့် ပေါ်မည်။
လျှပ်စစ်ပစ္စည်း အပြောင်းအလဲ အသစ်ဖြစ်မည်။ အမျိုးသမီးအကြီးအကဲနှင့် စကား အဆင်မပြေဖြစ်တတ်သည်။ ဆွေမျိုးအမျိုးသမီး ကျန်းမာရေးကိစ္စကူညီရမည်။ ငွေလက်လွန်ခြင်း၊ အလုပ်တွင်မြုပ်ခြင်း ဂရုစိုက်ပါ။ ငယ်သူကိစ္စ ကူညီ ရမည်။ စာရွက်စာတမ်းအထား မှားတတ်သည်။
မိမိမွေးနေ့တွင် ဆေးရုံသတင်းမေးခြင်း ရှောင်ပါ။ မိသားစုအတွက်တော့ စိတ်ချမ်းသာစရာများကြုံမည်။ အဝေးမှပစ္စည်းလက်ဆောင်၊ သတင်း ကောင်း အဆက်အသွယ်ရမည်။ အလုပ်တိုးချဲ့ခြင်း၊ တာဝန်ဝင်ငွေတိုးခြင်း၊ အထူးကြုံရ မည်။
အလုပ်အကိုင်များတွင် အထက်လူကြီးများနဲ့ ပက်သက်ပြီး အခက်ကြုံနေရမည်။ တနင်္လာနံ ပစ္စည်းများ ဝင်လာမည်။ ခရီးသွားလာမှှုများကို ဂရုစိုက်ပါ။ ခရီးယာယီ တွေသွားမယ် ဆိုရင် မိမိရဲ့ အဖော်နဲ့ သွားပါ အကျိုးရှိပါသည်။
အချစ်ရေးကိစ္စအတွက်တော့ ကြားစကားရှုပ်ထွေးခြင်းကြောင့် ပြေလည်အောင် ဖြေရှင်းရတတ်သည်။ အထင်အမြင် လွဲမှားခံရခြင်း ဂရုစိုက်ပါ။ အချစ်ရေးအတွက် မိတ်ဆွေ ဟောင်း ကြီးကဲသောအမျိုးသမီး ကူညီပါလိမ့်မည်။ ကျန်းမာရေးအတွက် စိုးရမ်စရာမရှိသော်လည်း အစားမှားခြင်း၊ ရေချိုးမှားခြင်း၊ အထူး ဂရုစိုက်ပါ။
ကံကောင်းစေသောအရောင်မှာ လိမ္မော်ရောင် ၊ အစိမ်းရောင် ၊ မရမ်းရောင်ဖြစ်ပြီး ကံကောင်းစေသော ဂဏန်းမှာ (2 ၊ 9 ၊ 0 ၊ 6) ဖြစ်သည်။
သင်္ကြန်ကာလဖြစ်ခြင်းကြောင့်မို့ ခေါင်းဆေးမင်္ဂလာပြုလုပ်ရမည် ကိစ္စအား ပြောပါရစေ။
အင်္ဂါသားသမီးများအနေဖြင့် ခေါင်းဆေးမင်္ဂလာကို ၁၃၈၀-ခု ၊ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ ၊ ၁၇-၄-၂၀၁၈ – အင်္ဂါနေ့ မနက် ၉ နာရီ မှ ၁ဝနာရီခွဲ အတွင်းပြုလုပ်ရမည်ဖြစ်ပါသည်။ တနင်္ဂနွေသားသမီးက ကူညီဆောင်ရွက်ပေးရမည်ဖြစ်ပါသည်။
အင်္ဂါသားသမီးများသည် အနောက်တောင် အရပ်သို့ မျက်နှာမူ၍ ညာခြေဖြင့် သရက် (၆) ရွက် ၊ ဘယ်ခြေဖြင့် မေမြို့့(၅)ပွင့်ကို နင်းထားပါ။ အနီးတွင် ကလပ်သို့ မဟုတ် လင်ဗန်းထဲ၌ နှင်းဆီ (၇)ပွင့် ၊ ရွက်လှ (၄)ညွန့် ၊အုန်းညွန့် (၁)ညွန့်ကို ထည့်ပြီး အမြင့် တစ်နေရာတွင် တင်ထားပါ။
တရော်ကင်ပွန်းဖြင့် ခေါင်းလျှော်ပြီးနောက် ရေးဆေးချပြီးလျှင် ရေသန့်သွားသောအခါ ဆံပင်မှ ထိုရေတို့ကို လင်ဗန်းထဲမှ ပန်းများပေါ်သို့ ညှစ်ချရင်း ကံဇာတာ ထွန်းပစေရန် ဆုတောင်းပါ။ ခြေဖြင့် နင်းခဲ့သော ပန်းများကို ယူပြီး အနောက်မြောက် အရပ်သို့ သွား၍ စွန့်ပါ။
မိမိကမူ လင်ဗန်းထဲမှ ပန်းများကို အနောက်တောင်အရပ်သို့ သွား၍ စွန့်ပါလေ။ ပြီးနောက် အဝတ်အစားလဲကာ မြတ်ဘုရားတွင် အမွှေးတိုင် (၆)တိုင် ဖယောင်းတိုင် (၆) တိုင် လှူဒါန်းပြီး ကံဇာတာ ပွင့်လန်းစေရန် ဆုတောင်းရပါမည်။
ရေမိုးချိုး အဝတ်အစားအသစ်လဲပြီး အိမ်ကဘုရားကျောင်းဆောင်ကို သန့်ရှင်းရေးပြုလုပ်ပါ ဘုရားရှင်ကို ရေသပ္ပါယ်ပါ မျက်နှာသုတ်ပဝါအသစ်ဖြင့် ရေတွေကို ခြောက်သွေ့အောင်သုတ်ပါ ဘုရားရှင်အား ပန်း ( ၈ ) မျိုး သို့မဟုတ် ပန်း ( ၈ ) ပွင့်ကို ခြွေခင်းပြီး လှူဒါန်းပါ။ ထို့နောက် အောက်ပါယတြာအား ပြုလုပ်ပေးပါ။
၁ ။ ဆွမ်​းပွဲ ၉ပွဲ ပြင်​ပါ ။
၂ ။ အုန်​းသီး ၁စိပ်​ စီ ထည်​့ပါ ။
၃ ။ သကြား ၁ဇွန်​း စီ ထည်​့ပါ ။
၄ ။ အခွံခွာထားတဲ့ ငှက်​​ပျောသီး ၁လုံး စီ ထည်​့ပါ ။
၅ ။ ဆီစိမ်​ထားတဲ့ လက်​ဖက်​ သန်​့သန်​့ ၁ပုံ စီ ထည်​့ပါ ။
အဲဒီ ဆွမ်​းပွဲ ၉ပွဲ ကို ထည်​့ပြီး ဘုရားစင်​ ​ရှေ့မှာ ထားပါ ၊ အလယ်​ ဆွမ်​းပွဲ ဟာ ဘုရား ကို လှူ တာ ဖြစ်​ပါတယ်​ ၊ ကျန်​ ၈ပွဲ က ထွက်​ရပ်​​ပေါက်​ပုဂ္ဂိုလ်​​တွေကို လှူ တာ ဖြစ်​တယ်​ ဘုရား ကို လှူ တဲ့ ဆွမ်​းပွဲ မှ အစပြု၍ ကျန်​ဆွမ်​းပွဲ အားလုံး ကိုလည်​း တစ်​ပွဲ ချင်​း လက်​နှစ်​ဖက်​ဖြင်​့ ကိုင်​​မြှောက်​ ပြီး လိုရာ ဆု​တောင်​းပါ ။
{ အို ဘုရား – ပ​စ္စေကဗုဒါ္ဓ ရဟန္တာလည်​း ၊ ပညာဓိက ၊ သဒါ္ဓဓိက ၊ ဝီရိယာဓိက တည်​းဟူ​သော ပု​ဗ္ဗေနိဝါသရဉာဏ်​ ၊ ဒိဗ္ဗစက္ခု ဉာဏ်​ ၊ အာသဝက္ခယဉာဏ်​ ၊ ဤ ဥဏ်​​တော်​ သုံးပါး ဖြင်​့ ဘုရားသခင်​ ​စေ​တော်​မူသည်​ ၊ အိုဝိဇ္ဇာ ၊ ဓိဝိဇ္ဇာ ၊ သဗ္ဗဝိဇ္ဇာ ဧဟိ ၊ စတုသမ႓ိန္ဒဝိဇ္ဇာ ၊ ​ဆေးဝိဇ္ဇာ ၊ ပြဒါးဝိဇ္ဇာ ၊ သံဝိဇ္ဇာ ၊ အင်​းဝိဇ္ဇာ ၊ စမဝိဇ္ဇာ ၊ မ​နောမယဝိဇ္ဇာ ၊ ဝိဇ္ဇာ အ​ပေါင်​း ​ထောင်​​သောင်​း လာ၍ အကျွနု်​ပ်​ (….) သား အား တစ်​​နေ့မပျက်​ ​စောင်​့​ရှောက်​ မ စ​တော်​မူပါ ။ } လို့ ရွတ်​ဆိုပြီး ဆွမ်​း​တော်​ကပ်​​ပေးပါ။။
ညနေပိုင်းတွင်း အုန်းသီးအခွံချွတ် တစ်လုံးကို မျက်စိပေါက်တစ်ပေါက်ဖောက်၍ အုန်းရည်တွေကို သွန်ပစ်ပါ ဆံပင် ခြေသည်း လက်သည်း အနည်းငယ်အုန်းသီးထဲ ထည့်ပြီး ရေသန့် အပြည့် ပြန်ထည့်ပါ ပြီးရင် မျက်စိပေါက်ကို ဖယောင်းဖြင့်ပိတ်ပစ်ပြီး ရေစီးနေတဲ့ မြစ် ( သို့ ) ချောင်းထဲသို့ ရေမျောပြီး ဆုတောင်းလိုက်ပါ။
ခေါင်းဆေးယတြာ နှင့် ဣစ္ဆာသယယတြာကြီးအားပြုလုပ်သောသူများအနေဖြင့် အောက်ပါအကျိုးကျေးဇူးများ ရရှိစေနိုင်ပါသည်။ တစ်နှစ်တာလုံးအတွက် ကံအညံ့များ အခိုက်များ ကင်းစင်ပြေပျောက်ကာ ကျက်သရေမင်္ဂလာ အောင်ခြင်းအဖြာဖြာ တိုးပွားစေတတ်ပါသည်။
ရာထူးတက်ရန်၊ ရန်အပြိုင်အဆိုင်များနေ၍ အောင်နိုင်လိုသောအခါ၊ ကျန်းမာရေး ညံ့နေသောအခါ၊ ဆေးမတိုးသောအခါ၊ လာဘ်လာဘများပိတ်နေသောအခါ ဒုက္ခအခက်အခဲ အဆင်မပြေမူ့များ တစ်ခုပြီးတစ်ခု ကြုံနေရသောအခါ စသည်စသည် တို့၌လည်း ဒီခေါင်းဆေးမင်္ဂလာပြုလုပ်လိုက်ခြင်းဖြင့် အခက်အခဲများ ကင်းပျောက်ကာ ဆန်းများတိုးတက်လိမ့်မည် ဖြစ်ပါသည်။
ညအချိန်ကာလသို့ရောက်သောအခါတွင် အောက်ပါသိကြားမင်းမန္တန်တော်အား ပုတီး (၇) ပတ် သို့ သက်စေ့ ရွတ်ဆိုပုတီးစိပ်ကာ ဒီကနေ့ ပြုလုပ်သောကုသိုလ်များကို သိကြားမင်းကြီးအစချီသော နတ်အပေါင်းများကို စတင်ကာ ငရဲဘုံသားအထိ မေတ္တာပို့ အမျှဝေငှပေးပါ။ အောက်ပါမန္တန်တော်အား နောက်နေ့များတွင် တစ်နေ့ ပုတီးသုံးပတ်စိပ်ပေးခြင်းဖြင့် ပိုမိုကောင်းမွန်ပြီး လူနတ်ဗြဟ္မာချစ်ခင်မြတ်နိုးစေတတ်ပါသည်။
(ဥုံ အရဟံ အသောကာဝ ဝိဇ္ဇာစရဏသမ္ပန္နံ မဟံန္တံ ဝိသာရဒတံ သြောင်း ဣဒ္ဓိဝိဒံ ဒိဗ္ဗသောတံ ပရိစိတ္တ ဝိဇာနနံ ပုဗ္ဗေနိဝါ သာနု ဿ တိ ဒိဗ္ဗစက္ခုတိ ပဥ္စမာ အာသဝက္ခယာဝတံ ဟောတု)
ငွေမထွက်​ချင်​ရင်​ သစ်​​စေး​သုတ်​ ထားတဲ့ ကလပ်​​ကလေး မှာ ​ငွေကိုးကျပ်​ ကို ​ခေါက်​ပြီး ​ကော်​နဲ့ ကပ်​ထားပါ ။
အဲဒီ အ​ပေါ်မှာ ​ရွှေပြားချထားတဲ့ ​ကြေး​ခေါင်​း​လောင်​း​လေးကို တင်​ထားပါ။ မနက်​ ​စော​စော တစ်​​ခေါက်​ ၊ ည အိပ်​ခါနီး တစ်​​ခေါက်​ ​ငွေမြဲပါ​စေ လို့ ဆု​တောင်​းပြီး ​ခေါင်​း​လောင်​း​လေးကို ကိုး​ခေါက်​ တီးပါ။ အ​ကြောင်​းမရှိပဲ အလကား ​ငွေမထွက်​​တော့ပါဘူး။
အပြိုင်အဆိုင်ကင်းစေရန်ယတြာကတော့ ဓားတစ်ချောင်းပေါ်နေ့စဉ်ဖယောင်းတိုင် အနီတစ်တိုင်ထွန်းရင်း အတိုက်အခံ၊ အပြိုင်အဆိုင် ကင်းစေရန်ဆုတောင်းပါ။
အချစ်ရေး၌အနှောင့်အယှက်ကြုံလျှင်လုပ်ရန်ယတြာ ကတော့ အင်္ဂါညနေ၌ စွယ်တော်တစ်ရွက်ပေါ်တွင် သူ့နာမည်နှင့် ကိုယ့်နာမည်ရေးကာနတ်ရဲသစ်ပင်၌သွားလှူ၍လိုရာဆုတောင်းပါ။
အားလုံး နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ချမ်းသာဖြင့် ကောင်းမှုအတိတို့ဖြင့် ပြည့်စုံကြပါစေသတည်း။ နှစ်ဦးမို့ နှစ်ဦးသီးသန့်ယတြာကိုသာ ဖော်ပြပေးလိုက်ရပါသည်။
#လင်းညို့တာရာ