Advertisement

မိန္းမတစ္ေယာက္ရဲ႕ နားလည္ႏိုင္မႈကို သင္ခဏခဏ မစမ္းသပ္ပါနဲ႔

မိန္းမတစ္ေယာက္ရဲ႕ နားလည္ႏိုင္မႈကို သင္ခဏခဏ မစမ္းသပ္ပါနဲ႔ 2

မိန္းမတစ္ေယာက္ရဲ႕ နားလည္ႏိုင္မႈကို သင္ခဏခဏ မစမ္းသပ္ပါနဲ႔

သူနားမလည္ႏိုင္ေတာ့တဲ့အခ်ိန္ေရာက္ရင္

သင္ ႐ွင္းျပခြင့္ေတာင္ ရလိမ့္မယ္ မထင္နဲ႔ မိန္းမေတြရဲ႕ ႏွလံုးသားက

ဖေယာင္းခ်က္နဲ႔ ပံုေဖာ္ထားတဲ့ ဖေယာင္း႐ုပ္တစ္ခုလိုပါပဲ

ႏွဴးညံျခင္းၿပီးရင္ မာေၾကာတတ္လာၾကတယ္

ခ်စ္တယ္ေျပာၿပီး ပစ္ထားခံရတဲ့အခ်ိန္မ်ားလာရင္

လြမ္းတယ္ေျပာၿပီး လ်စ္လ်ဴ႐ွဴထားတဲ့အခ်ိန္မ်ားလာခဲ့ရင္

ခမ္းေျခာက္သြားတဲ့ မ်က္ရည္စေတြၾကား သူမရင့္္က်က္သြားခဲ့ရင္

အရင္ကလို သင္ရဲ႕ဂ႐ုစိုက္မႈကိုလိုအပ္ေတာ့မွာ မဟုတ္ဘူး

သင့္ရဲ႕လ်စ္လ်ဴ႐ွဴမႈေတြကသူမရဲ႕ ခံႏိုင္ရည္စြမ္းကို

႐ုိက္ခ်ဳိးခဲ့ၿပီးေလသင္ရဲ႕ပစ္ပယ္ထားမႈက သူမကို

အထိုက္အေလ်ာက္ေနသားက်ေစသြားၿပီးေလ

သင္မေပးခဲ့တဲ့ အခ်ိန္ေတြအတြက္က်ခဲ့တဲ့ မ်က္ရည္ေတြအစား

သူမရဲ႕အခ်ိန္ေတြကိုသူမရဲ႕ဘဝအတြက္

အေရးႀကီးတယ္ထင္တဲ့ အလုပ္ေတြကိုႀကိဳးပမ္းသြားေတာ့မွာပါ

သင္မျမင္ႏိုင္တဲ့ သူမရဲ႕တန္ဖိုးကိုတစ္ျခားတစ္ေယာက္က ျမင္ၿပီး

တန္ဖိုးထားခဲ့မယ္ဆိုရင္သင္ မနာလိုမျဖစ္ပါနဲ႔ေတာ့

မိန္းမတစ္ေယာက္ရဲ႕ အရင့္က်က္ဆံုးအခ်ိန္ဟာ

သင္တို႔ နားလည္ႏိုင္စြမ္းရဲ႕နံရံတစ္ဖက္ အစြန္းမွာပါ

Credit

==================================

မိန်းမတစ်ယောက်ရဲ့ နားလည်နိုင်မှုကို သင်ခဏခဏ မစမ်းသပ်ပါနဲ့

သူနားမလည်နိုင်တော့တဲ့အချိန်ရောက်ရင်

သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့ မိန်းမတွေရဲ့ နှလုံးသားက

ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့ ဖယောင်းရုပ်တစ်ခုလိုပါပဲ

နှူးညံခြင်းပြီးရင် မာကြောတတ်လာကြတယ်

ချစ်တယ်ပြောပြီး ပစ်ထားခံရတဲ့အချိန်များလာရင်

လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့အချိန်များလာခဲ့ရင်

ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမရင့််ကျက်သွားခဲ့ရင်

အရင်ကလို သင်ရဲ့ဂရုစိုက်မှုကိုလိုအပ်တော့မှာ မဟုတ်ဘူး

သင့်ရဲ့လျစ်လျူရှူမှုတွေကသူမရဲ့ ခံနိုင်ရည်စွမ်းကို

ရိုက်ချိုးခဲ့ပြီးလေသင်ရဲ့ပစ်ပယ်ထားမှုက သူမကို

အထိုက်အလျောက်နေသားကျစေသွားပြီးလေ

သင်မပေးခဲ့တဲ့ အချိန်တွေအတွက်ကျခဲ့တဲ့ မျက်ရည်တွေအစား

သူမရဲ့အချိန်တွေကိုသူမရဲ့ဘဝအတွက်

အရေးကြီးတယ်ထင်တဲ့ အလုပ်တွေကိုကြိုးပမ်းသွားတော့မှာပါ

သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကိုတစ်ခြားတစ်ယောက်က မြင်ပြီး

တန်ဖိုးထားခဲ့မယ်ဆိုရင်သင် မနာလိုမဖြစ်ပါနဲ့တော့

မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်ဟာ

သင်တို့ နားလည်နိုင်စွမ်းရဲ့နံရံတစ်ဖက် အစွန်းမှာပါ

Credit