မိမိေၾကာင့္ ေက်ာင္းနားခဲ့ရတဲ့ မိခင္ကို လက္ေဆာင္ျပန္ေပးတဲ့ သားတစ္ေယာက္ရဲ႕ အေမကိုေပးတဲ့ လက္ေဆာင္

မိမိေၾကာင့္ေက်ာင္းနားခဲ့ရတဲ့မိခင္ကို အေကာင္းဆံုးလက္ေဆာင္ျပန္ေပးခဲ့တဲ့ ဆယ္ေက်ာ္သက္

ၿပီးခဲ့တဲ့အႏွစ္(၂၀) ၀န္းက်င္တုန္းက တကၠဆက္ျပည္မွၿမီးေကာင္ေပါက္ေကာင္မေလးတစ္ေယာက္ဟာ အိမ္မွာသူမရဲ႕ကလးကိုျပဳစုေစာင့္ေရွာက္ေနရတဲ့အတြက္ေၾကာင့္ ေနာက္ဆံုးေန႔ေက်ာင္းပေဒသာကပြဲကိုမတက္ေရာက္ႏိုင္ခဲ့တဲ့အျပင္ ေက်ာင္းကပါနားလိုက္ရပါတယ္။

အဆိုပါေက်ာင္းကပြဲဟာ ေက်ာင္းႀကီးမပိတ္ခင္ေနာက္ဆံုးက်င္းပတဲ့ကပြဲတစ္ခုျဖစ္ပါတယ္။ ကပြဲမွာ ေက်ာင္းသားေက်ာင္းသူေတြက သူ႔ထက္ငါအၿပိဳင္အဆိုင္၀တ္ေကာင္းစားလွေတြ၀တ္ဆင္ၿပီး အတြဲကိုယ္စီနဲ႔ကခုန္ၿပီးေပ်ာ္ရႊင္စြာ ပါ၀င္ဆင္ႏႊဲၾကေလ့ရွိပါတယ္။

ေက်ာင္းသူဘ၀မွာ တစ္ခါပဲပေဒသာကပြဲဆင္ႏႊဲခြင့္အေတြ႔အၾကံဳရမယ့္ အဆိုပါေကာင္မေလးဟာ သားျဖစ္သူကိုငဲ့ၿပီး ကပြဲကိုမဆင္ႏႊဲႏိုင္ခဲ့ပါဘူး။ အခုေတာ့ သူမရဲ႕သားေလးဟာ အသက္(၁၈) ႏွစ္အရြယ္ ဂ်ိဳးမိုရန္ႏိုအမည္ရွိ အထက္တန္းေက်ာင္းသားႀကီးျဖစ္ေနၿပီး မိုရန္ႏိုကေက်ာင္းၿပီးတဲ့ အထိမ္းအမွတ္ေနာက္ဆံုးပေဒသာကပြဲကို သြားေရာက္ခြင့္ရခဲ့ပါတယ္။

မိုရန္ႏိုက မိခင္ျဖစ္သူဟာအသက္(၁၇) ႏွစ္အရြယ္နဲ႔သူ႔ကိုေမြးခဲ့ၿပီး အနီးကပ္ျပဳစုေစာင့္ေရွာက္ရတဲ့အတြက္ တစ္သက္မွာတစ္ခါပဲဆင္ႏႊဲခြင့္ရမယ့္ သူမတို႔ေခတ္ကေက်ာင္းကပြဲနဲ႔လြတ္သြားခဲ့တာကို စိတ္မေကာင္းျဖစ္ေနပါတယ္။ ဒါေၾကာင့္ မိုရန္ႏိုကမိခင္ကိုသူ႔ရဲ႕ ဒိတ္အေနနဲ႔ေက်ာင္းကပြဲဆီေခၚသြားခဲ့ဖို႔ အၾကံရခဲ့ပါတယ္။ ေက်ာင္းကပြဲရဲ႕ ေပ်ာ္ရႊင္ၾကည္ႏူးစရာေကာင္းတဲ့အေတြ႔အၾကံဳကို မိခင္ႀကီးျပန္လည္ခံစားေစႏိုင္ဖို႔ သားလိမၼာတစ္ဦးပီပီေက်ာင္းကိုေခၚလာခဲ့တာျဖစ္ပါတယ္။

ကပြဲအၿပီး ေနာက္တစ္ေန႔မွာေတာ့ ေပ်ာ္ရႊင္ေနတဲ့မိခင္ျဖစ္သူနဲ႔ ကခုန္ေနတဲ့သားအမိႏွစ္ေယာက္ဓာတ္ပံုေတြကို မိုရန္ႏိုဟာတြစ္တာေပၚမွာတင္ခဲ့ပါတယ္။ ဒါ့အျပင္ မိုရန္ႏိုက “ကြ်န္ေတာ့္အေမက အသက္(၁၇)ႏွစ္နဲ႔ကြ်န္ေတာ့္ကိုကိုယ္၀န္ရွိလာတာေၾကာင့္ ေက်ာင္းနားခဲ့ရပါတယ္။ ေက်ာင္းနားၿပီး ကြ်န္ေတာ့္တစ္္ေယာက္တည္းကိုပဲအာရံုစိုက္ၿပီး ျပဳစုေစာင့္ေရွာက္လာခဲ့တာပါ။ မေန႔ညတုန္းကေတာ့ အေမ့အတြက္တစ္ခါမွမၾကံဳဖူးတဲ့ ပေဒသာကပြဲအေတြ႔အၾကံဳေလးကို ကြ်န္ေတာ္ေပးခဲ့တယ္။” လို႔ေရးသားထားခဲ့ပါေသးတယ္။

ဓာတ္ပံုေတြမွာေတြ႔ရမွာေတာ့ မိုရန္ႏိုနဲ႔အေမျဖစ္သူ ဗနက္ဆာတို႔ရိုက္ကူးထားတဲ့ဓာတ္ပံုေတြပဲျဖစ္ပါတယ္။ ဓာတ္ပံုတစ္ပံုမွာေတာ့ အေနာက္တိုင္း၀တ္စံုအျပည့္အစုံနဲ႔ အနီေရာင္လည္စည္း၀တ္ထားတဲ့ မိုရန္ႏိုဟာ အနက္နဲ႔ေရႊေရာင္၀တ္စံု၀တ္ဆင္ထားတဲ့မိခင္ႀကီးကိုေဘးမွာထားၿပီး ဂုဏ္ယူစြာနဲ႔မတ္တပ္ရပ္ေနတာကိုေတြ႔ရမွာျဖစ္ပါတယ္။ မိုရန္ႏိုရဲ႕ မိခင္ကိုအေလးအျမတ္ထားတဲ့စာသားေတြနဲ႔ဓာတ္ပံုေတြဟာ ဆိုရွယ္မီဒီယာေတြေပၚမွာခ်က္ခ်င္းဆိုသလိုျပန္႔ႏွံ႔ခဲ့ပါတယ္။ ဆိုရွယ္မီဒီယာအသံုးျပဳသူေတြကေတာ့ မိုရန္ႏိုကို မိဘကိုရိုေသတတ္ၿပီး ေက်းဇူးသိတတ္တဲ့သားတစ္ေယာက္အျဖစ္ ခ်ီးမြမ္းေျပာဆိုခဲ့ၾကေၾကာင္းသိရပါတယ္။

Credit – လင္းလင္း (ShweMom)

============

မိမိကြောင့်ကျောင်းနားခဲ့ရတဲ့မိခင်ကို အကောင်းဆုံးလက်ဆောင်ပြန်ပေးခဲ့တဲ့ ဆယ်ကျော်သက်

ပြီးခဲ့တဲ့အနှစ်(၂၀) ဝန်းကျင်တုန်းက တက္ကဆက်ပြည်မှမြီးကောင်ပေါက်ကောင်မလေးတစ်ယောက်ဟာ အိမ်မှာသူမရဲ့ကလးကိုပြုစုစောင့်ရှောက်နေရတဲ့အတွက်ကြောင့် နောက်ဆုံးနေ့ကျောင်းပဒေသာကပွဲကိုမတက်ရောက်နိုင်ခဲ့တဲ့အပြင် ကျောင်းကပါနားလိုက်ရပါတယ်။

အဆိုပါကျောင်းကပွဲဟာ ကျောင်းကြီးမပိတ်ခင်နောက်ဆုံးကျင်းပတဲ့ကပွဲတစ်ခုဖြစ်ပါတယ်။ ကပွဲမှာ ကျောင်းသားကျောင်းသူတွေက သူ့ထက်ငါအပြိုင်အဆိုင်ဝတ်ကောင်းစားလှတွေဝတ်ဆင်ပြီး အတွဲကိုယ်စီနဲ့ကခုန်ပြီးပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြလေ့ရှိပါတယ်။

ကျောင်းသူဘဝမှာ တစ်ခါပဲပဒေသာကပွဲဆင်နွှဲခွင့်အတွေ့အကြုံရမယ့် အဆိုပါကောင်မလေးဟာ သားဖြစ်သူကိုငဲ့ပြီး ကပွဲကိုမဆင်နွှဲနိုင်ခဲ့ပါဘူး။ အခုတော့ သူမရဲ့သားလေးဟာ အသက်(၁၈) နှစ်အရွယ် ဂျိုးမိုရန်နိုအမည်ရှိ အထက်တန်းကျောင်းသားကြီးဖြစ်နေပြီး မိုရန်နိုကကျောင်းပြီးတဲ့ အထိမ်းအမှတ်နောက်ဆုံးပဒေသာကပွဲကို သွားရောက်ခွင့်ရခဲ့ပါတယ်။

မိုရန်နိုက မိခင်ဖြစ်သူဟာအသက်(၁၇) နှစ်အရွယ်နဲ့သူ့ကိုမွေးခဲ့ပြီး အနီးကပ်ပြုစုစောင့်ရှောက်ရတဲ့အတွက် တစ်သက်မှာတစ်ခါပဲဆင်နွှဲခွင့်ရမယ့် သူမတို့ခေတ်ကကျောင်းကပွဲနဲ့လွတ်သွားခဲ့တာကို စိတ်မကောင်းဖြစ်နေပါတယ်။ ဒါကြောင့် မိုရန်နိုကမိခင်ကိုသူ့ရဲ့ ဒိတ်အနေနဲ့ကျောင်းကပွဲဆီခေါ်သွားခဲ့ဖို့ အကြံရခဲ့ပါတယ်။ ကျောင်းကပွဲရဲ့ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့အတွေ့အကြုံကို မိခင်ကြီးပြန်လည်ခံစားစေနိုင်ဖို့ သားလိမ္မာတစ်ဦးပီပီကျောင်းကိုခေါ်လာခဲ့တာဖြစ်ပါတယ်။

ကပွဲအပြီး နောက်တစ်နေ့မှာတော့ ပျော်ရွှင်နေတဲ့မိခင်ဖြစ်သူနဲ့ ကခုန်နေတဲ့သားအမိနှစ်ယောက်ဓာတ်ပုံတွေကို မိုရန်နိုဟာတွစ်တာပေါ်မှာတင်ခဲ့ပါတယ်။ ဒါ့အပြင် မိုရန်နိုက “ကျွန်တော့်အမေက အသက်(၁၇)နှစ်နဲ့ကျွန်တော့်ကိုကိုယ်ဝန်ရှိလာတာကြောင့် ကျောင်းနားခဲ့ရပါတယ်။ ကျောင်းနားပြီး ကျွန်တော့်တစ််ယောက်တည်းကိုပဲအာရုံစိုက်ပြီး ပြုစုစောင့်ရှောက်လာခဲ့တာပါ။ မနေ့ညတုန်းကတော့ အမေ့အတွက်တစ်ခါမှမကြုံဖူးတဲ့ ပဒေသာကပွဲအတွေ့အကြုံလေးကို ကျွန်တော်ပေးခဲ့တယ်။” လို့ရေးသားထားခဲ့ပါသေးတယ်။

ဓာတ်ပုံတွေမှာတွေ့ရမှာတော့ မိုရန်နိုနဲ့အမေဖြစ်သူ ဗနက်ဆာတို့ရိုက်ကူးထားတဲ့ဓာတ်ပုံတွေပဲဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံမှာတော့ အနောက်တိုင်းဝတ်စုံအပြည့်အစုံနဲ့ အနီရောင်လည်စည်းဝတ်ထားတဲ့ မိုရန်နိုဟာ အနက်နဲ့ရွှေရောင်ဝတ်စုံဝတ်ဆင်ထားတဲ့မိခင်ကြီးကိုဘေးမှာထားပြီး ဂုဏ်ယူစွာနဲ့မတ်တပ်ရပ်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ မိုရန်နိုရဲ့ မိခင်ကိုအလေးအမြတ်ထားတဲ့စာသားတွေနဲ့ဓာတ်ပုံတွေဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာချက်ချင်းဆိုသလိုပြန့်နှံ့ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာအသုံးပြုသူတွေကတော့ မိုရန်နိုကို မိဘကိုရိုသေတတ်ပြီး ကျေးဇူးသိတတ်တဲ့သားတစ်ယောက်အဖြစ် ချီးမွမ်းပြောဆိုခဲ့ကြကြောင်းသိရပါတယ်။

Credit – လင်းလင်း (ShweMom)