ရာသီဥတု ၾကမ္းတမ္းလာျခင္းေၾကာင့္ [အပူဒဏ္အႏၱရာယ္ ကာကြယ္ေရးႏႈိးေဆာ္ခ်က္

အပူဒဏ္အႏၱရာယ္ကာကြယ္ေရးႏႈိးေဆာ္ခ်က္]

ေႏြရာသီတြင္ ရာသီဥတုပူျပင္းလာၿပီျဖစ္သျဖင့္ ခႏၶာကိုယ္အတြင္းရွိ ေရႏွင့္ ဓာတ္ဆားဓာတ္မ်ား ဆုံး႐ႈံးမႈပိုမိုမ်ားျပားလာၿပီး အပူဒဏ္အႏၲရာယ္ေၾကာင့္ မိတ္ႏွင့္ ယားဖုမ်ား ထြက္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ မူးေဝျခင္း၊ ေခါင္းကိုက္ ျခင္း၊ ၾကြက္တက္ျခင္း၊ ေခြၽးေျခာက္ျခင္း၊ ကိုယ္အပူခ်ိန္ ျမင့္တက္ျခင္း၊ သတိလစ္ျခင္းတို႔အျပင္ ျပင္းထန္ပါက အသက္အႏၲရာယ္စိုးရိမ္ရေသာ အေျခအေနအထိ ျဖစ္ႏိုင္သည္။

သို႔ျဖစ္ပါ၍ ျပည္သူမ်ားအေနျဖင့္ အပူဒဏ္အႏၲရာယ္ေၾကာင့္ မလိုလားအပ္ေသာအက်ဳိးဆက္မ်ား မျဖစ္ေပၚေစေရးအတြက္ ေအာက္ပါအခ်က္မ်ားကို လိုက္နာၾကပါရန္ တိုက္တြန္းႏႈိးေဆာ္ထားသည္။

၁။ ကေလးသူငယ္မ်ား၊ သက္ႀကီးရြယ္အိုမ်ားႏွင့္ ဆီးခ်ဳိေရာဂါ၊ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါအခံရွိသူမ်ားအေနျဖင့္ ေန႔လယ္ေန႔ခင္းအခ်ိန္တြင္ အရိပ္ရ ေအးျမ၍ ေလဝင္ေလထြက္ေကာင္းေသာေနရာမ်ားတြင္ နားေနပါ။

၂။ ပူျပင္းသည့္ေနေရာင္ေအာက္တြင္ ပင္ပန္းစြာအလုပ္လုပ္ျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈျပဳလုပ္ျခင္းတို႔ကို ေရွာင္ၾကဥ္ပါ။

၃။ ပူျပင္းသည့္ေနေရာင္ေအာက္တြင္ သြားလာလႈပ္ရွားရန္၊ အလုပ္လုပ္ရန္ လိုအပ္ပါကလည္း အရိပ္လုံေလာက္စြာ ရႏိုင္သည့္ ထီး၊ ဦးထုပ္မ်ား ေဆာင္းသြားပါ။ အရိပ္ရေအးျမသည့္ေနရာမ်ားတြင္ ေခတၱအနားယူျခင္းကိုလည္း မၾကာခဏျပဳလုပ္ပါ။

၄။ အလင္းျပန္ေသာ အျဖဴေရာင္(သို႔မဟုတ္) အေရာင္ေဖ်ာ့ေသာ ပြပြေခ်ာင္ေခ်ာင္ခ်ည္ထည္မ်ားကို ဝတ္ဆင္ပါ။

၅။ ေနပူထဲမွ ျပန္လာၿပီး ခ်က္ခ်င္းေရခ်ဳိးျခင္းႏွင့္ မနက္ ၁ဝ နာရီမွ ညေန ၅ နာရီအတြင္း လြင္တီးေခါင္ျပင္၊ ျမစ္ကမ္းနား၊ ေရခ်ဳိးဆိပ္မ်ား၌ အဝတ္ေလွ်ာ္ဖြပ္ျခင္း၊ ေရခ်ဳိးျခင္းစသည္တို႔ကို ေရွာင္ၾကဥ္ပါ။

၆။ အရက္ေသစာေသာက္သုံးျခင္းေၾကာင့္ အပူဒဏ္အႏၲရာယ္ကို ပိုမိုခံစားရေစႏိုင္ၿပီး ျဖစ္ပြားပါက ပိုမိုျပင္းထန္စြာ ခံစားရႏိုင္သျဖင့္ ေရွာင္ၾကဥ္ပါ။

၇။ ခႏၶာကိုယ္အတြင္းေရႏွင့္ ဓာတ္ဆားဓာတ္မ်ားဆုံး႐ႈံးမႈမျဖစ္ေပၚေစရန္ ေရႏွင့္ဓာတ္ဆားရည္ကို လုံေလာက္ေအာင္ ေသာက္သုံးပါ။

၈။ မိတ္ႏွင့္ ယားဖုမ်ားထြက္ပါက ေရေအးဝတ္ကပ္ျခင္း၊ သနပ္ခါးလိမ္းျခင္းတို႔ကိုျပဳလုပ္ပါ။

၉။ အပူဒဏ္အႏၲရာယ္ခံစားရေသာလူနာအား အရိပ္ရေအးျမ၍ ေလဝင္ေလထြက္ေကာင္းေသာ ေနရာတြင္ ထားရွိျခင္း၊ ေရႏွင့္ဓာတ္ဆားရည္မ်ား ေသာက္သုံးေစျခင္း၊ လူနာ၏ခႏၶာကိုယ္အပူခ်ိန္အျမန္က်ဆင္းေစရန္ နဖူး၊ လည္ပင္း၊ ခ်ဳိင္းၾကား ႏွစ္ဖက္ႏွင့္ ေပါင္ၿခံ ႏွစ္ဖက္တို႔အား ေရေအးပတ္တိုက္ေပးျခင္း စသည္တို႔အားဦးစြာ ေဆာင္ရြက္၍ နီးစပ္ရာ ေဆး႐ုံ၊ ေဆးခန္း၊ က်န္းမာေရးဌာနသို႔ အျမန္ဆုံးသြားေရာက္ျပသ၍ ကုသမႈခံယူေစပါ။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန

#TheMandalayNewsJournal

=============

[အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်]

နွေရာသီတွင် ရာသီဥတုပူပြင်းလာပြီဖြစ်သဖြင့် ခန္ဓာကိုယ်အတွင်းရှိ ရေနှင့် ဓာတ်ဆားဓာတ်များ ဆုံးရှုံးမှုပိုမိုများပြားလာပြီး အပူဒဏ်အန္တရာယ်ကြောင့် မိတ်နှင့် ယားဖုများ ထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးဝေခြင်း၊ ခေါင်းကိုက် ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ခြင်း၊ ကိုယ်အပူချိန် မြင့်တက်ခြင်း၊ သတိလစ်ခြင်းတို့အပြင် ပြင်းထန်ပါက အသက်အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်နိုင်သည်။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် အပူဒဏ်အန္တရာယ်ကြောင့် မလိုလားအပ်သောအကျိုးဆက်များ မဖြစ်ပေါ်စေရေးအတွက် အောက်ပါအချက်များကို လိုက်နာကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

၁။ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများအနေဖြင့် နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေဝင်လေထွက်ကောင်းသောနေရာများတွင် နားနေပါ။

၂။ ပူပြင်းသည့်နေရောင်အောက်တွင် ပင်ပန်းစွာအလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

၃။ ပူပြင်းသည့်နေရောင်အောက်တွင် သွားလာလှုပ်ရှားရန်၊ အလုပ်လုပ်ရန် လိုအပ်ပါကလည်း အရိပ်လုံလောက်စွာ ရနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းသွားပါ။ အရိပ်ရအေးမြသည့်နေရာများတွင် ခေတ္တအနားယူခြင်းကိုလည်း မကြာခဏပြုလုပ်ပါ။

၄။ အလင်းပြန်သော အဖြူရောင်(သို့မဟုတ်) အရောင်ဖျော့သော ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ပါ။

၅။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းနှင့် မနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ်ကမ်းနား၊ ရေချိုးဆိပ်များ၌ အဝတ်လျှော်ဖွပ်ခြင်း၊ ရေချိုးခြင်းစသည်တို့ကို ရှောင်ကြဉ်ပါ။

၆။ အရက်သေစာသောက်သုံးခြင်းကြောင့် အပူဒဏ်အန္တရာယ်ကို ပိုမိုခံစားရစေနိုင်ပြီး ဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရနိုင်သဖြင့် ရှောင်ကြဉ်ပါ။

၇။ ခန္ဓာကိုယ်အတွင်းရေနှင့် ဓာတ်ဆားဓာတ်များဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့်ဓာတ်ဆားရည်ကို လုံလောက်အောင် သောက်သုံးပါ။

၈။ မိတ်နှင့် ယားဖုများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါးလိမ်းခြင်းတို့ကိုပြုလုပ်ပါ။

၉။ အပူဒဏ်အန္တရာယ်ခံစားရသောလူနာအား အရိပ်ရအေးမြ၍ လေဝင်လေထွက်ကောင်းသော နေရာတွင် ထားရှိခြင်း၊ ရေနှင့်ဓာတ်ဆားရည်များ သောက်သုံးစေခြင်း၊ လူနာ၏ခန္ဓာကိုယ်အပူချိန်အမြန်ကျဆင်းစေရန် နဖူး၊ လည်ပင်း၊ ချိုင်းကြား နှစ်ဖက်နှင့် ပေါင်ခြံ နှစ်ဖက်တို့အား ရေအေးပတ်တိုက်ပေးခြင်း စသည်တို့အားဦးစွာ ဆောင်ရွက်၍ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနသို့ အမြန်ဆုံးသွားရောက်ပြသ၍ ကုသမှုခံယူစေပါ။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

#TheMandalayNewsJournal